ဆော်ဒီ အာရေဗျကလပ် အယ်လ်ဟီလာလ်အသင်းဟာ ယခုနှစ်နှောင်းပိုင်းမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် လီယွန်နယ် မက်ဆီအတွက် ကြောက်မက်ဖွယ်ငွေကြေးသုံးစွဲသွားချင်တဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
လီဂူးဝမ်းချန်ပီယံတွေဟာ အာဂျင်တီးနားကြယ်ပွင့်ကို အသင်းမှာ ဆက်နေစေချင်ပေမယ့်လည်း လီယွန်နယ် မက်ဆီအနေနဲ့ ငြင်းလို့ မရနိုင်တာဖြစ်ကောင်းဖြစ်နိုင်တဲ့ ကမ်းလှမ်းမှု ရှိလာနိုင်တာ ဖြစ်ပါတယ်။
အယ်လ်ဟီလာလ်အသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အယ်လ်နာဆာအသင်းက ပေးချေနေတဲ့ လစာပမာဏထက် ၂ ဆကျော် များပြားတဲ့ တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၄၀၀ ကနေ ၄၅၀ အထိ လီယွန်နယ် မက်ဆီကို ကမ်းလှမ်းသွားချင်တဲ့ဆန္ဒရှိနေတာဖြစ်ပါတယ်။
ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ နိုဝင်ဘာလမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ အငြင်းပွားဖွယ် ထွက်ခွာခဲ့ပြီးနောက်ပိုင်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အရှေ့အလယ်ပိုင်းကို စိတ်လှုပ်ရှားဖွယ် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ် ကစားသမားဟာ အယ်လ်နာဆာအသင်းမှာ တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၂၀၀ ကျော် ရရှိနေတာကြောင့် ကမ္ဘာပေါ်မှာ လစာအမြင့်မားဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပြီး ၎င်းရဲ့ ကာလရှည်ပြိုင်ဘက် လီယွန်နယ် မက်ဆီက ပီအက်စ်ဂျီမှာ တစ်နှစ်လုပ်ခလစာ ယူရို ၆၅ သန်းဝန်းကျင်နဲ့ တတိယ လစာအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဘလွန်ဒေါ ၇ ဆုရှင်ဟာ ဥရောပကို စွန့်ခွာပြီး အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ၎င်းရဲ့ ကာလရှည်ပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ လစာပမာဏထက် အများကြီး သာလွန်သွားနိုင်ပြီး ဆော်ဒီ ပရိုလိဂ်ထိပ်သီးအသင်းကြီးဖြစ်တဲ့ အယ်လ်ဟီလာလ်က အာဂျင်တီးနားကြယ်ပွင့်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။
Foot Mercato ရဲ့ ဖော်ပြချက်အရ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ လက်ရှိမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုဖို့ များနေပေမယ့်လည်း စာချုပ်သစ် ချုပ်ဆိုဖို့ကိစ္စကို လုံးလုံးလျားလျား ငြင်းပယ်ထားတာမျိုးတော့မရှိဘူးလို့ သိရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ေဆာ္ဒီ အာေရဗ်ကလပ္ အယ္လ္ဟီလာလ္အသင္းဟာ ယခုႏွစ္ေႏွာင္းပိုင္းမွာ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ လီယြန္နယ္ မက္ဆီအတြက္ ေၾကာက္မက္ဖြယ္ေငြေၾကးသုံးစြဲသြားခ်င္တဲ့ဆႏၵရွိေနတယ္လို႔ သိရပါတယ္။
လီဂူးဝမ္းခ်န္ပီယံေတြဟာ အာဂ်င္တီးနားၾကယ္ပြင့္ကို အသင္းမွာ ဆက္ေနေစခ်င္ေပမယ့္လည္း လီယြန္နယ္ မက္ဆီအေနနဲ႔ ျငင္းလို႔ မရႏိုင္တာျဖစ္ေကာင္းျဖစ္ႏိုင္တဲ့ ကမ္းလွမ္းမႈ ရွိလာႏိုင္တာ ျဖစ္ပါတယ္။
အယ္လ္ဟီလာလ္အသင္းဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို အယ္လ္နာဆာအသင္းက ေပးေခ်ေနတဲ့ လစာပမာဏထက္ ၂ ဆေက်ာ္ မ်ားျပားတဲ့ တစ္ႏွစ္လုပ္ခလစာ ယူ႐ိုသန္း ၄၀၀ ကေန ၄၅၀ အထိ လီယြန္နယ္ မက္ဆီကို ကမ္းလွမ္းသြားခ်င္တဲ့ဆႏၵရွိေနတာျဖစ္ပါတယ္။
ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးဟာ ႏိုဝင္ဘာလမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကေန အျငင္းပြားဖြယ္ ထြက္ခြာခဲ့ၿပီးေနာက္ပိုင္း ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ အေရွ႕အလယ္ပိုင္းကို စိတ္လႈပ္ရွားဖြယ္ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။
အသက္ ၃၈ ႏွစ္အ႐ြယ္ ကစားသမားဟာ အယ္လ္နာဆာအသင္းမွာ တစ္ႏွစ္လုပ္ခလစာ ယူ႐ိုသန္း ၂၀၀ ေက်ာ္ ရရွိေနတာေၾကာင့္ ကမာၻေပၚမွာ လစာအျမင့္မားဆုံးကစားသမားျဖစ္လာခဲ့တာျဖစ္ၿပီး ၎ရဲ႕ ကာလရွည္ၿပိဳင္ဘက္ လီယြန္နယ္ မက္ဆီက ပီအက္စ္ဂ်ီမွာ တစ္ႏွစ္လုပ္ခလစာ ယူ႐ို ၆၅ သန္းဝန္းက်င္နဲ႔ တတိယ လစာအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ဘလြန္ေဒါ ၇ ဆုရွင္ဟာ ဥေရာပကို စြန႔္ခြာၿပီး အေရွ႕အလယ္ပိုင္းကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ ၎ရဲ႕ ကာလရွည္ၿပိဳင္ဘက္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ လစာပမာဏထက္ အမ်ားႀကီး သာလြန္သြားႏိုင္ၿပီး ေဆာ္ဒီ ပ႐ိုလိဂ္ထိပ္သီးအသင္းႀကီးျဖစ္တဲ့ အယ္လ္ဟီလာလ္က အာဂ်င္တီးနားၾကယ္ပြင့္ကို ေခၚယူခ်င္ေနတာျဖစ္ပါတယ္။
Foot Mercato ရဲ႕ ေဖာ္ျပခ်က္အရ အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ လက္ရွိမွာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုဖို႔ မ်ားေနေပမယ့္လည္း စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ကိစၥကို လုံးလုံးလ်ားလ်ား ျငင္းပယ္ထားတာမ်ိဳးေတာ့မရွိဘူးလို႔ သိရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.