Premier League

အဲဗာတန်တသင်းလုံးကို ဒေါသထွက်စေပြီး ကြီးမားတဲ့ရန်ပွဲကြီး ဖန်တီးခဲ့တဲ့ ရောဘတ်ဆန်

လီဗာပူးလ်နောက်ခံလူ ရောဘတ်ဆန်ဟာ အဲဗာတန်ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်နဲ့ အချင်းများပြီးနောက် ပြင်းထန်တဲ့ရန်ပွဲဖြစ်လာစေခဲ့ပြီး မာဆေးဆိုဒ်ဒါဘီကို ပွဲဆူစေခဲ့ပါတယ်။

လီဗာပူးလ်ဟာ ယခုရာသီကုန်မှာ ထိပ်ဆုံး ၄ နေရာအတွင်း ရာသီကုန်ဆုံးနိုင်ဖို့ အခွင့်အရေး ရချင်တယ်ဆိုရင် ဒေသတွင်းပြိုင်ဘက် အဲဗာတန်ကို အနိုင်ကစားရမယ်ဆိုတဲ့စိတ်နဲ့ အန်းဖီးမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဝုလ်ဗ်စ်နဲ့ပွဲစဉ်မှာ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည် ပြသခဲ့ပြီးနောက် နည်းပြ ကလော့ပ်ဟာ ပရိသတ်တွေနည်းတူ တုံ့ပြန်မှုတွေ ပြုလုပ်ပြဖို့ ကစားသမားတွေကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဲဗာတန်အသင်းကို မဖြစ်မနေ နိုင်ပွဲရရှိဖို့ လိုအပ်တဲ့ မာဆေးဆိုဒ် ဒါဘီပွဲစဉ်မှာ အနိုင်ရရှိအောင် မိုဟာမက် ဆာလား၊ ကိုဒီ ဂက်ခ်ပိုတို့က ဂိုးတွေ သွင်းယူပေးပြီး ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲကစားချိန် ပြီးဆုံးခါနီးမှာ ရန်ပွဲကြီးကို စတင် မီးမွှေးခဲ့ပြီးနောက် ရောဘတ်ဆန်က ပရိသတ်တွေကြားမှာ ပြောစရာ ဖြစ်လာခဲ့တာဖြစ်ပြီး လီဗာပူးလ်က ၂-၀ နဲ့ ဦးဆောင်ထားချိန်မှာ စကော့တလန်လက်ရွေးစင်အသင်းခေါင်းဆောင်က အဲဗာတန်ကို အလွတ်တည်ကန်ဘော ကန်ဖို့ ဒိုင်လူကြီးက ဝီစီမှုတ်ခဲ့ပြီးနောက် အချိန်အနည်းငယ်ဖြုန်းတီးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ရောဘတ်ဆန်ရဲ့ အပြုအမူကို အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်က သဘောမကျခဲ့ဘဲ လီဗာပူးလ်နောက်ခံလူကို ထိပ်တိုက်ရင်ဆိုင်ဖို့ ပင်နယ်တီဧရိယာထဲကနေ ပြေးထွက်လာခဲ့တာဖြစ်ပြီး စကော့တလန်နောက်ခံလူက အင်္ဂလန်လက်ရွေးစင်ဂိုးသမားရဲ့မျက်နှာရှေ့တည့်တည့်မှာ ထီမထင်တဲ့ပုံစံနဲ့ ရယ်မောခဲ့တာဖြစ်ပါတယ်။

အဲဒီလုပ်ရပ်ကြောင့် ကော်နာ ကိုဒီဟာ ဒေါသတကြီးနဲ့ ရောဘတ်ဆန်ရဲ့ လုပ်ရပ်ကို ဘယ်လို ခံစားရလဲဆိုတာကို ပြောဖို့ ရောက်ရှိလာစေခဲ့ပြီး အချင်းများမှုဟာ ပြီးတဲ့နောက်မှာ နှစ်ဖက်အသင်း အရန်လူတွေပါ ပါဝင်လာတာကြောင့် ရန်ပွဲကြီးအသွင် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

အဲဗာတန်ကွင်းလယ်လူ အမာဒူ အိုနာနာဟာ လီဗာပူးလ်နောက်ခံလူ ဆီမီကတ်စ်ကို လုံးဝကို ဒေါသထွက်နေခဲ့တာဖြစ်ပြီး ဗန်ဒိုက်က အခြေအနေတွေအားလုံး အေးအေးဆေးဆေးဖြစ်သွားအောင် လိုက်ထိန်းနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ ရောဘတ်ဆန်ရဲ့ အပြုအမူကို လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ခဲ့ကြပြီး “အန်ဒီ ရောဘတ်ဆန်က စက်ဆုပ်စရာကောင်းလိုက်တဲ့လူပဲ”လို့ ပရိသတ်တစ်ဦးက ပြောဆိုခဲ့ပြီး “ရောဘတ်ဆန်က ပစ်ဖို့ဒ်ရဲ့ မျက်နှာတည့်တည့်ကို ရယ်မောပြီး အဲဗာတန်တစ်သင်းလုံးကို ဒေါသအိုးပေါက်ကွဲအောင် လုပ်နိုင်ခဲ့တယ်”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္ေနာက္ခံလူ ေရာဘတ္ဆန္ဟာ အဲဗာတန္ဂိုးသမား ေဂ်ာ္ဒန္ ပစ္ဖို႔ဒ္နဲ႔ အခ်င္းမ်ားၿပီးေနာက္ ျပင္းထန္တဲ့ရန္ပြဲျဖစ္လာေစခဲ့ၿပီး မာေဆးဆိုဒ္ဒါဘီကို ပြဲဆူေစခဲ့ပါတယ္။

လီဗာပူးလ္ဟာ ယခုရာသီကုန္မွာ ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီကုန္ဆုံးႏိုင္ဖို႔ အခြင့္အေရး ရခ်င္တယ္ဆိုရင္ ေဒသတြင္းၿပိဳင္ဘက္ အဲဗာတန္ကို အႏိုင္ကစားရမယ္ဆိုတဲ့စိတ္နဲ႔ အန္းဖီးမွာ ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့အပတ္က ဝုလ္ဗ္စ္နဲ႔ပြဲစဥ္မွာ စိတ္ပ်က္ဖြယ္ စြမ္းေဆာင္ရည္ ျပသခဲ့ၿပီးေနာက္ နည္းျပ ကေလာ့ပ္ဟာ ပရိသတ္ေတြနည္းတူ တုံ႔ျပန္မႈေတြ ျပဳလုပ္ျပဖို႔ ကစားသမားေတြကို ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

အဲဗာတန္အသင္းကို မျဖစ္မေန ႏိုင္ပြဲရရွိဖို႔ လိုအပ္တဲ့ မာေဆးဆိုဒ္ ဒါဘီပြဲစဥ္မွာ အႏိုင္ရရွိေအာင္ မိုဟာမက္ ဆာလား၊ ကိုဒီ ဂက္ခ္ပိုတို႔က ဂိုးေတြ သြင္းယူေပးၿပီး ၂-၀ နဲ႔ အႏိုင္ရရွိသြားခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပြဲကစားခ်ိန္ ၿပီးဆုံးခါနီးမွာ ရန္ပြဲႀကီးကို စတင္ မီးေမႊးခဲ့ၿပီးေနာက္ ေရာဘတ္ဆန္က ပရိသတ္ေတြၾကားမွာ ေျပာစရာ ျဖစ္လာခဲ့တာျဖစ္ၿပီး လီဗာပူးလ္က ၂-၀ နဲ႔ ဦးေဆာင္ထားခ်ိန္မွာ စေကာ့တလန္လက္ေ႐ြးစင္အသင္းေခါင္းေဆာင္က အဲဗာတန္ကို အလြတ္တည္ကန္ေဘာ ကန္ဖို႔ ဒိုင္လူႀကီးက ဝီစီမႈတ္ခဲ့ၿပီးေနာက္ အခ်ိန္အနည္းငယ္ျဖဳန္းတီးဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ေရာဘတ္ဆန္ရဲ႕ အျပဳအမူကို အဲဗာတန္ဂိုးသမား ပစ္ဖို႔ဒ္က သေဘာမက်ခဲ့ဘဲ လီဗာပူးလ္ေနာက္ခံလူကို ထိပ္တိုက္ရင္ဆိုင္ဖို႔ ပင္နယ္တီဧရိယာထဲကေန ေျပးထြက္လာခဲ့တာျဖစ္ၿပီး စေကာ့တလန္ေနာက္ခံလူက အဂၤလန္လက္ေ႐ြးစင္ဂိုးသမားရဲ႕မ်က္ႏွာေရွ႕တည့္တည့္မွာ ထီမထင္တဲ့ပုံစံနဲ႔ ရယ္ေမာခဲ့တာျဖစ္ပါတယ္။

အဲဒီလုပ္ရပ္ေၾကာင့္ ေကာ္နာ ကိုဒီဟာ ေဒါသတႀကီးနဲ႔ ေရာဘတ္ဆန္ရဲ႕ လုပ္ရပ္ကို ဘယ္လို ခံစားရလဲဆိုတာကို ေျပာဖို႔ ေရာက္ရွိလာေစခဲ့ၿပီး အခ်င္းမ်ားမႈဟာ ၿပီးတဲ့ေနာက္မွာ ႏွစ္ဖက္အသင္း အရန္လူေတြပါ ပါဝင္လာတာေၾကာင့္ ရန္ပြဲႀကီးအသြင္ ေျပာင္းလဲသြားခဲ့တာ ျဖစ္ပါတယ္။

အဲဗာတန္ကြင္းလယ္လူ အမာဒူ အိုနာနာဟာ လီဗာပူးလ္ေနာက္ခံလူ ဆီမီကတ္စ္ကို လုံးဝကို ေဒါသထြက္ေနခဲ့တာျဖစ္ၿပီး ဗန္ဒိုက္က အေျခအေနေတြအားလုံး ေအးေအးေဆးေဆးျဖစ္သြားေအာင္ လိုက္ထိန္းေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ ေရာဘတ္ဆန္ရဲ႕ အျပဳအမူကို လ်င္လ်င္ျမန္ျမန္ပဲ တုံ႔ျပန္ခဲ့ၾကၿပီး “အန္ဒီ ေရာဘတ္ဆန္က စက္ဆုပ္စရာေကာင္းလိုက္တဲ့လူပဲ”လို႔ ပရိသတ္တစ္ဦးက ေျပာဆိုခဲ့ၿပီး “ေရာဘတ္ဆန္က ပစ္ဖို႔ဒ္ရဲ႕ မ်က္ႏွာတည့္တည့္ကို ရယ္ေမာၿပီး အဲဗာတန္တစ္သင္းလုံးကို ေဒါသအိုးေပါက္ကြဲေအာင္ လုပ္ႏိုင္ခဲ့တယ္”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.