အာဆင်နယ်တို့အနေနဲ့ အဲဗာတန်၊ ဘရန့်ဖို့ဒ်တို့လို အသင်းလတ်တွေကို နှစ်ပွဲဆက်တိုက် အနိုင်မယူနိုင်ပဲ ခြောက်မှတ်ထဲက တစ်မှတ်သာ ရရှိခဲ့တဲ့ အခြေအနေမှာ သူတို့အသင်းရဲ့ ကစားပုံကတော့ တော်တော်လေးကို ဒုက္ခရောက်နေခဲ့သလို ရုန်းရသလောက် အကျိုးမရှိဘဲ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘဲ ဖြစ်နေခဲ့ပါတယ်။
တနင်္လာနေ့ညက ပိတ်ကစားဖို့ ကြိုးစားတဲ့ အဲဗာတန်တို့ လီဗာပူးလ်တို့ ဖြိုခွဲသွားပုံကို ကြည့်ရင် သူတို့တွေအနေနဲ့ အာဆင်နယ်တို့ရဲ့ သမားရိုးကျ ကစားပုံနဲ့ ဘာမှ မဆိုင်ဘူးဆိုတာကို တွေ့ရပြီး အဓိကအားဖြင့်တော့ ကောင်တာတွေနဲ့ Transition တွေမှာ လျင်မြန်လွန်းတာတွေက ရှောင်ဒိုက်ချ်ရဲ့ ဖင်ပိတ်ငြင်းတဲ့ အကွက် အလုပ်မဖြစ်ဘူးလို့ ဟားတိုက်နိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။
လီဗာပူးလ်တို့နဲ့ ဆန့်ကျင်ဘက်ဖြစ်ခဲ့တဲ့ အာဆင်နယ်တို့အနေနဲ့ နောက်ဆုံးနှစ်ပွဲမှာ ကစားကွက် ခင်းကျင်းပုံတွေက တော်တော်လေး ချူချာခဲ့သလို အထူးအားဖြင့်တော့ Transition လို့ခေါ်တဲ့ ခံစစ်ကနေ တိုက်စစ်၊ ကွင်းလယ်ကနေ တိုက်စစ်ကို သွားရာမှာ (၁) ဘောလုံးပေးပို့မှုတွေက ပြေးလိုက်ဖို့ မလိုအောင် နှေးကွေးနေခဲ့သလို (၂) တိုက်စစ်မှာ ဘောလုံးရချိန်မှာ ဂိုးရှေ့ကို အမြန်ဆုံး မသွားနိုင်ဘဲ ဖြစ်နေခဲ့တာပါ။
တိုက်စစ်မှာ ဘောလုံးရချိန်တွေမှာ ကွင်းလယ်နဲ့ ခံစစ်မှာ စိတ်ရှည်လက်ရှည် လူပတ်ပေးပြီး အချိန်ကုန်နေတဲ့ ကစားသမားတွေအနေနဲ့ တစ်ယောက်တည်းရသွားတဲ့ ကိုယ့်လူကို လိုက်ကူဖို့ အဆင်သင့် မရှိတာတွေကြောင့် လူပြန်စောင့်နေရချိန်တွေမှာ တစ်ဖက်ခံစစ်သမားတွေ နေရာယူချိန် ကောင်းကောင်းရနေပြီး နောက်ဆုံးမှာတော့ လူများပြီး ပွဲမစည်ရဲ့ မနိုင်ရလဒ်တွေပဲ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
နောက်ထပ် လွဲမှားနေတဲ့ အားနည်းချက်တစ်ချက်ကတော့ အရင်နိုင်ပွဲဆက်နေချိန်တွေတုန်းကလို Pressing ကောင်းကောင်း မလိုက်နိုင်တာ ဖြစ်ပါတယ်။ ကွင်းလယ်က ပါတေးနဲ့ အဖွဲ့ရဲ့ မောပန်းလာချိန်မှာ မာတီနယ်လီနဲ့ ဆာကာကပါ အရင်လို မကစားနိုင်တာကို တွေ့ရပြီး နကီးတီးယားရဲ့ စိတ်အားထက်သန်ခြင်း မရှိမှုတွေက အော်ဒီဂွါဒ်တစ်ယောက်တည်း Pressing လိုက်နေရသလိုဖြစ်စေခဲ့တာပါ။
ချာကာနဲ့ ဆာကာတို့က ခံစစ်ကို Cover ပေးနေချိန်မှာ ဂျေဆူးစ်ရဲ့ Pressing Forward Role ကို ဘယ်သူမှ မဝင်ခဲ့သလို ဖိဖိစီးစီးလည်း ဦးဆောင်မယ့်သူ မရှိတာကြောင့် “လာဟေ့… လုကြမယ်”လို့ မရှိဘဲ တစ်ဖက်ခံစစ်ဇုန်တွေမှာ ဘောလုံးလုယူနိုင်မှု နည်းလာခဲ့ချိန်မှာ ကိုယ့်ကွင်းဘက်ကစပြီး ပြန်လည်တည်ဆောက်ခဲ့ရတဲ့ ကစားကွက်က တစ်ဖက်အသင်းတွေကို လျင်လျင်မြန်မြန် ထိုးနှက်နိုင်ဖို့ ခက်သွားခဲ့ပြီး သူတို့ မမှားမချင်း ဂိုးမရဘဲဖြစ်လာခဲ့ပါတယ်။
အဲဗာတန်တို့ ဂွတ်ဒီဆန်ပါ့ခ်မှာ အမှားမရှိခဲ့တာကြောင့် တစ်ဂိုးမှ မရခဲ့တဲ့နောက်မှာ ဘရန့်ဖို့ဒ်တို့ကတော့ အာဆင်နယ်ကွင်းမှာ အမှားတစ်ကြိမ် ကျူးလွန်ခဲ့မိပြီး ဒီကနေ ဆာကာက Weak Spot ကို ကွက်တိဖြတ်တင်ပေးနိုင်ခဲ့လို့ ဂိုးရအပြီးမှာတော့ ဘာမှ ထပ်ဖြစ်မလာတော့ဘဲ VAR အမှားက ဂိုးပြန်ပေးအပြီးမှာ တစ်ဖက်အသင်းကို မှားအောင် ဖိအားမပေးနိုင်ဘဲ လျင်မြန်တဲ့ ခံစစ်ကို ကျော်ချပေးမှုမျိုး၊ Diagonal Pass မျိုးတွေလည်း မရှိခဲ့တာပါ။
အချုပ်အနေနဲ့ ဆိုရရင် အာဆင်နယ်တို့အနေနဲ့ လက်ရှိအနေအထားကို တိုးတက်အောင် လုပ်ဖို့ ဆိုရင် အချက် ၄ ချက်ကို အဓိက ပြင်ဆင်ရမှာ ဖြစ်ပြီး (၁) Transition မြန်မြန်သွားဖို့နဲ့ ဘောလုံးမြန်မြန်ပေးနိုင်ဖို့၊ (၂) တစ်ဖက်ဂိုးရှေ့ကို အမြန်ဆုံးသွားနိုင်တဲ့ စုဖွဲ့မှု အဆင်သင့်ရှိနေဖို့၊ (၃) Pressing ကောင်းဖို့နဲ့ တစ်ဖက်ကို မှားအောင် ဖိအားပေးနိုင်ဖို့ (၄) ခြေစွမ်းကျနေပြီး ပင်ပန်းနေသူတွေကို လူစားထိုးရဲဖို့လို့ပဲ ကောက်ချက်ချရမှာဖြစ်ပါတယ်။
အာဆင်နယ်တို့အနေနဲ့ ဘန်ဝှိုက်လို ဘောလုံးချည်း ကန်နေရတဲ့နောက် သူများကစားတဲ့ ဘောလုံးပွဲတွေကို မကြည့်တော့ဘူးဆိုတဲ့သူမျိုးကိုလည်း ပစားမပေးဖို့ လိုအပ်နေပြီး သူများတွေ ဘာလုပ်သလဲ၊ ဘောလုံးလောကမှာ ဘာတွေ ဆင့်ကဲတိုးတက်နေကြသလဲ မသိနိုင်တော့တဲ့ ပုဂ္ဂိုလ်အကောင်းစားလေးမျိုးနဲ့အတူ မီခယ်လ် အာတီတာလည်း သူများအသင်းတွေ ဘယ်လို ကစားကြသလဲဆိုတာကို မလေ့လာမိရင်တော့ ဒုက္ခများသွားပါလိမ့်မယ်။
ဒီလိုမှ မဟုတ်ရင်တော့ နကီးတီးယားကို အားကိုးနေရတဲ့ တိုက်စစ်နဲ့ ဘာမှ ဖြစ်မလာနိုင်ဘဲ ဇန်နဝါရီမှာ ကပ်စေးနှဲခဲ့တာကို ပြင်ဆင်ဖို့ ဘာမှမတတ်နိုင်တော့ချိန်မှာ နိုင်ပွဲတွေနဲ့ ပျော်ရွှင်နေတဲ့ အချိန်တုန်းကနဲ့ လက်ရှိမှာ တိုင်ပတ်နေတဲ့ အချိန် ဘာတွေ ကွာခြားနေခဲ့သလဲဆိုတာ၊ ဘာအမှားတွေ ကျူးလွန်ထားသလဲဆိုတာ နည်းပြ အာတီတာတစ်ယောက် အမြန်ဆုံးသဘောပေါက်ပြီး ပြင်ဆင်နိုင်ဖို့ အာဆင်နယ် ပရိသတ်တွေနဲ့အတူ ဆုတောင်းလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
အာဆင္နယ္တို႔အေနနဲ႔ အဲဗာတန္၊ ဘရန႔္ဖို႔ဒ္တို႔လို အသင္းလတ္ေတြကို ႏွစ္ပြဲဆက္တိုက္ အႏိုင္မယူႏိုင္ပဲ ေျခာက္မွတ္ထဲက တစ္မွတ္သာ ရရွိခဲ့တဲ့ အေျခအေနမွာ သူတို႔အသင္းရဲ႕ ကစားပုံကေတာ့ ေတာ္ေတာ္ေလးကို ဒုကၡေရာက္ေနခဲ့သလို ႐ုန္းရသေလာက္ အက်ိဳးမရွိဘဲ မွန္းခ်က္နဲ႔ ႏွမ္းထြက္ မကိုက္ဘဲ ျဖစ္ေနခဲ့ပါတယ္။
တနလၤာေန႔ညက ပိတ္ကစားဖို႔ ႀကိဳးစားတဲ့ အဲဗာတန္တို႔ လီဗာပူးလ္တို႔ ၿဖိဳခြဲသြားပုံကို ၾကည့္ရင္ သူတို႔ေတြအေနနဲ႔ အာဆင္နယ္တို႔ရဲ႕ သမား႐ိုးက် ကစားပုံနဲ႔ ဘာမွ မဆိုင္ဘူးဆိုတာကို ေတြ႕ရၿပီး အဓိကအားျဖင့္ေတာ့ ေကာင္တာေတြနဲ႔ Transition ေတြမွာ လ်င္ျမန္လြန္းတာေတြက ေရွာင္ဒိုက္ခ်္ရဲ႕ ဖင္ပိတ္ျငင္းတဲ့ အကြက္ အလုပ္မျဖစ္ဘူးလို႔ ဟားတိုက္ႏိုင္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။
လီဗာပူးလ္တို႔နဲ႔ ဆန႔္က်င္ဘက္ျဖစ္ခဲ့တဲ့ အာဆင္နယ္တို႔အေနနဲ႔ ေနာက္ဆုံးႏွစ္ပြဲမွာ ကစားကြက္ ခင္းက်င္းပုံေတြက ေတာ္ေတာ္ေလး ခ်ဴခ်ာခဲ့သလို အထူးအားျဖင့္ေတာ့ Transition လို႔ေခၚတဲ့ ခံစစ္ကေန တိုက္စစ္၊ ကြင္းလယ္ကေန တိုက္စစ္ကို သြားရာမွာ (၁) ေဘာလုံးေပးပို႔မႈေတြက ေျပးလိုက္ဖို႔ မလိုေအာင္ ေႏွးေကြးေနခဲ့သလို (၂) တိုက္စစ္မွာ ေဘာလုံးရခ်ိန္မွာ ဂိုးေရွ႕ကို အျမန္ဆုံး မသြားႏိုင္ဘဲ ျဖစ္ေနခဲ့တာပါ။
တိုက္စစ္မွာ ေဘာလုံးရခ်ိန္ေတြမွာ ကြင္းလယ္နဲ႔ ခံစစ္မွာ စိတ္ရွည္လက္ရွည္ လူပတ္ေပးၿပီး အခ်ိန္ကုန္ေနတဲ့ ကစားသမားေတြအေနနဲ႔ တစ္ေယာက္တည္းရသြားတဲ့ ကိုယ့္လူကို လိုက္ကူဖို႔ အဆင္သင့္ မရွိတာေတြေၾကာင့္ လူျပန္ေစာင့္ေနရခ်ိန္ေတြမွာ တစ္ဖက္ခံစစ္သမားေတြ ေနရာယူခ်ိန္ ေကာင္းေကာင္းရေနၿပီး ေနာက္ဆုံးမွာေတာ့ လူမ်ားၿပီး ပြဲမစည္ရဲ႕ မႏိုင္ရလဒ္ေတြပဲ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။
ေနာက္ထပ္ လြဲမွားေနတဲ့ အားနည္းခ်က္တစ္ခ်က္ကေတာ့ အရင္ႏိုင္ပြဲဆက္ေနခ်ိန္ေတြတုန္းကလို Pressing ေကာင္းေကာင္း မလိုက္ႏိုင္တာ ျဖစ္ပါတယ္။ ကြင္းလယ္က ပါေတးနဲ႔ အဖြဲ႕ရဲ႕ ေမာပန္းလာခ်ိန္မွာ မာတီနယ္လီနဲ႔ ဆာကာကပါ အရင္လို မကစားႏိုင္တာကို ေတြ႕ရၿပီး နကီးတီးယားရဲ႕ စိတ္အားထက္သန္ျခင္း မရွိမႈေတြက ေအာ္ဒီဂြါဒ္တစ္ေယာက္တည္း Pressing လိုက္ေနရသလိုျဖစ္ေစခဲ့တာပါ။
ခ်ာကာနဲ႔ ဆာကာတို႔က ခံစစ္ကို Cover ေပးေနခ်ိန္မွာ ေဂ်ဆူးစ္ရဲ႕ Pressing Forward Role ကို ဘယ္သူမွ မဝင္ခဲ့သလို ဖိဖိစီးစီးလည္း ဦးေဆာင္မယ့္သူ မရွိတာေၾကာင့္ “လာေဟ့… လုၾကမယ္”လို႔ မရွိဘဲ တစ္ဖက္ခံစစ္ဇုန္ေတြမွာ ေဘာလုံးလုယူႏိုင္မႈ နည္းလာခဲ့ခ်ိန္မွာ ကိုယ့္ကြင္းဘက္ကစၿပီး ျပန္လည္တည္ေဆာက္ခဲ့ရတဲ့ ကစားကြက္က တစ္ဖက္အသင္းေတြကို လ်င္လ်င္ျမန္ျမန္ ထိုးႏွက္ႏိုင္ဖို႔ ခက္သြားခဲ့ၿပီး သူတို႔ မမွားမခ်င္း ဂိုးမရဘဲျဖစ္လာခဲ့ပါတယ္။
အဲဗာတန္တို႔ ဂြတ္ဒီဆန္ပါ့ခ္မွာ အမွားမရွိခဲ့တာေၾကာင့္ တစ္ဂိုးမွ မရခဲ့တဲ့ေနာက္မွာ ဘရန႔္ဖို႔ဒ္တို႔ကေတာ့ အာဆင္နယ္ကြင္းမွာ အမွားတစ္ႀကိမ္ က်ဴးလြန္ခဲ့မိၿပီး ဒီကေန ဆာကာက Weak Spot ကို ကြက္တိျဖတ္တင္ေပးႏိုင္ခဲ့လို႔ ဂိုးရအၿပီးမွာေတာ့ ဘာမွ ထပ္ျဖစ္မလာေတာ့ဘဲ VAR အမွားက ဂိုးျပန္ေပးအၿပီးမွာ တစ္ဖက္အသင္းကို မွားေအာင္ ဖိအားမေပးႏိုင္ဘဲ လ်င္ျမန္တဲ့ ခံစစ္ကို ေက်ာ္ခ်ေပးမႈမ်ိဳး၊ Diagonal Pass မ်ိဳးေတြလည္း မရွိခဲ့တာပါ။
အခ်ဳပ္အေနနဲ႔ ဆိုရရင္ အာဆင္နယ္တို႔အေနနဲ႔ လက္ရွိအေနအထားကို တိုးတက္ေအာင္ လုပ္ဖို႔ ဆိုရင္ အခ်က္ ၄ ခ်က္ကို အဓိက ျပင္ဆင္ရမွာ ျဖစ္ၿပီး (၁) Transition ျမန္ျမန္သြားဖို႔နဲ႔ ေဘာလုံးျမန္ျမန္ေပးႏိုင္ဖို႔၊ (၂) တစ္ဖက္ဂိုးေရွ႕ကို အျမန္ဆုံးသြားႏိုင္တဲ့ စုဖြဲ႕မႈ အဆင္သင့္ရွိေနဖို႔၊ (၃) Pressing ေကာင္းဖို႔နဲ႔ တစ္ဖက္ကို မွားေအာင္ ဖိအားေပးႏိုင္ဖို႔ (၄) ေျခစြမ္းက်ေနၿပီး ပင္ပန္းေနသူေတြကို လူစားထိုးရဲဖို႔လို႔ပဲ ေကာက္ခ်က္ခ်ရမွာျဖစ္ပါတယ္။
အာဆင္နယ္တို႔အေနနဲ႔ ဘန္ဝႈိက္လို ေဘာလုံးခ်ည္း ကန္ေနရတဲ့ေနာက္ သူမ်ားကစားတဲ့ ေဘာလုံးပြဲေတြကို မၾကည့္ေတာ့ဘူးဆိုတဲ့သူမ်ိဳးကိုလည္း ပစားမေပးဖို႔ လိုအပ္ေနၿပီး သူမ်ားေတြ ဘာလုပ္သလဲ၊ ေဘာလုံးေလာကမွာ ဘာေတြ ဆင့္ကဲတိုးတက္ေနၾကသလဲ မသိႏိုင္ေတာ့တဲ့ ပုဂၢိဳလ္အေကာင္းစားေလးမ်ိဳးနဲ႔အတူ မီခယ္လ္ အာတီတာလည္း သူမ်ားအသင္းေတြ ဘယ္လို ကစားၾကသလဲဆိုတာကို မေလ့လာမိရင္ေတာ့ ဒုကၡမ်ားသြားပါလိမ့္မယ္။
ဒီလိုမွ မဟုတ္ရင္ေတာ့ နကီးတီးယားကို အားကိုးေနရတဲ့ တိုက္စစ္နဲ႔ ဘာမွ ျဖစ္မလာႏိုင္ဘဲ ဇန္နဝါရီမွာ ကပ္ေစးႏွဲခဲ့တာကို ျပင္ဆင္ဖို႔ ဘာမွမတတ္ႏိုင္ေတာ့ခ်ိန္မွာ ႏိုင္ပြဲေတြနဲ႔ ေပ်ာ္႐ႊင္ေနတဲ့ အခ်ိန္တုန္းကနဲ႔ လက္ရွိမွာ တိုင္ပတ္ေနတဲ့ အခ်ိန္ ဘာေတြ ကြာျခားေနခဲ့သလဲဆိုတာ၊ ဘာအမွားေတြ က်ဴးလြန္ထားသလဲဆိုတာ နည္းျပ အာတီတာတစ္ေယာက္ အျမန္ဆုံးသေဘာေပါက္ၿပီး ျပင္ဆင္ႏိုင္ဖို႔ အာဆင္နယ္ ပရိသတ္ေတြနဲ႔အတူ ဆုေတာင္းလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.