Analysis Article Match Report Premier League

လိဒ်စ်ကို အနိုင်ယူပြီး မန်ယူတို့ ဇယားထိပ်ကို ခြိမ်းခြောက်တဲ့ပွဲက ပြောစရာများ

ပရိသတ်တွေကို မျက်လုံးပြူးအောင်လုပ်တဲ့ တန်ဟတ်
နည်းပြ အဲရစ် တန်ဟတ်အနေနဲ့ ဒီနေ့ပွဲမှာ ခံစစ်ကို ဟာရီ မက်ဂွိုင်းယား (ခေါ်) မြို့မေတ္တာ ခေါင်းကြီးနဲ့ အထိုင်ချခဲ့ပြီး သူနဲ့ တွဲကစားမယ့် ဗဟိုခံစစ်တွဲဖက်အဖြစ် လုခ်ရှောကို ထားခဲ့သလို တောင်ပံတွေမှာလည်း ကစားပုံ အမှန်မရှိသေးတဲ့ ဒါလော့နဲ့ မာလာစီယာတို့ကို ထားခဲ့ပြီး ပွဲထွက်လာခဲ့လို့ လိဒ်စ်တို့ရဲ့ တိုက်စစ်ပိုင်းက ကောင်တာတွေရဲ့ ဒဏ်ကို မကြာခဏ ခံခဲ့ရတာဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ ရောင်းအားကောင်းတဲ့ ခေါင်းကြီးကြောင့် ရင်တမမ ဖြစ်ခဲ့ရချိန်မှာ ဒုတိယပိုင်းကျမှ လီဆန်ဒရို မာတီနက်ဇ်နဲ့ ဝန်ဘစ်ဆာကာတို့ကို ထည့်သွင်းခဲ့လို့ သက်မချနိုင်ခဲ့ပြီး အနိုင်ဂိုးတွေကိုလည်း ပုံစံတကျ ပြန်လည်သွင်းယူနိုင်ခဲ့တာပါ။

ရက်ရှ်ဖို့ဒ်မှ ရွှေရက်ရှ်ဖို့ဒ်လို့ ဆိုရတော့မလား
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဘယ်ညာအလယ် ကြိုက်တဲ့ နေရာမှာ ကစားနိုင်ပြီး ဘယ်ခြမ်းနဲ့ အလယ်ကို ကြုံသလို စိတ်ကြိုက် မွှေနှောက်ခွင့်ရရင် ပိုမိုခြေစွမ်းပြနိုင်တဲ့ ရက်ရှ်ဖို့ဒ်အနေနဲ့ ဒီနေ့ပွဲမှာတော့ ထုံးစံအတိုင်းပဲ သူ့အတွက် မထူးဆန်းလှတဲ့ ဂိုးတွေကို သွင်းယူရင်း အသင်းအတွက် နိုင်ပွဲကို စတင်ဖန်တီးနိုင်ခဲ့တာပါ။ ပရဟိတမင်းသားလေးအနေနဲ့ တခြားပွဲတွေထက် ပိုမိုထူးခြားခဲ့တာကတော့ အရင်ပွဲတွေကလို ပိတ်သွင်းတာမျိုး၊ အဝေးကစ်တွေနဲ့ ရယူတာမျိုး မဟုတ်ဘဲ ဘယ်တောင်ပံမှာ လဒူ မာလာစီယာ ထွက်သွားလို့ ရှေ့တက်ကစားခွင့်ရခဲ့တဲ့ လုခ်ရှောရဲ့ ဖြတ်တင်ဘောကနေ ကျားစီးဖားစီး ခုန်ပြီး ခေါင်းတိုက်သွင်းခဲ့တာဖြစ်သလို သူ့အနေနဲ့ တကယ့် ဂိုးသွင်းမုဆိုးအစစ် ဖြစ်ကြောင်းကို သက်သေထူခဲ့တာ ဖြစ်ပါတယ်။

ရယ်စရာဖြစ်ခဲ့ရတဲ့ လိဒ်စ်ကွင်းလယ်
တစ်ချိန်လုံး တွဲကစားနေခဲ့တဲ့ တိုင်လာ အက်ဒမ်စ်နဲ့ မာ့ခ် ရိုကာတို့ရဲ့ ကွင်းလယ်မျိုးကို လိဒ်စ်တို့ ထိန်းသိမ်းမထားနိုင်ဘဲ မက်ကင်နီနဲ့ အက်ဒမ်စ်ကို အမေရိကန်ကွင်းလယ်အဖြစ် တွဲပေးလိုက်တော့မှ ဟန်ချက်မညီဘဲ လခွမ်းတွေ ဖြစ်ကုန်တော့တာပါ။ ကာစီမီရိုတောင် မပါသေးဘဲ ဖရက်ဒ်နဲ့ ဆာဘစ်ဇာတို့ရဲ့ ကွင်းလယ်ကိုတောင် ယှဉ်ကစားနိုင်စွမ်း မရှိခဲ့တဲ့ အမေရိကန်အတွဲမှာ အက်ဒမ်စ်က ပုံမှန်ခြေစွမ်းကို ပြသနိုင်ခဲ့ပေမယ့် ဝဝဖိုင့်ဖိုင့်ပုံစံနဲ့ မက်ကင်နီကတော့ ပရီးမီးယားလိဂ်အတွက် လေးလံလွန်းနေပြီး အမှားတွေ များနေခဲ့သလို သူ့ရဲ့ အမှားကနေပဲ ယူနိုက်တက်တို့ရဲ့ ဒုတိယဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ဂါနာချိုရဲ့ သက်ရောက်မှု
တောင်ပံအတွက် ဆန်ချို ပြန်လာပြီဆိုပေမယ့် တကယ်တမ်းမှာတော့ တန်ဟတ်က ပွဲထဲမှာ ခေါ်ပြောရလောက်အောင် အသင်းရဲ့ ကစားကွက်နဲ့ ဟန်ချက်မမိသေးဘဲဖြစ်နေခဲ့သလို သူ့ရဲ့ ညာတောင်ပံကလည်း ဘရူနို ဖာနန်ဒက်စ်ကပဲ တစ်ယောက်တည်း ရုန်းနေခဲ့ရတဲ့အထိ အလုပ်မဖြစ်ခဲ့တာပါ။ ဒါလော့နဲ့ ဆန်ချိုတို့ရဲ့ အတွဲမမိပုံကြောင့် ယူနိုက်တက်တို့ ဂိုးရဖို့ ခက်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဆန်ချိုအစား ဂါနာချိုကို ထည့်သွင်းခဲ့ရာမှာကြောင့် ကစားပေါက် ချောင်လာခဲ့သလို ရက်ရှ်ဖို့ဒ်က အဖွင့်ဂိုးကို သွင်းယူအပြီးမှာ အနိုင်သေချာစေမယ့် ဒုတိယဂိုးကိုတော့ အာဂျင်တီးနားသားလေးက ဘယ်ခြမ်း တောက်လျှောက် ဆွဲပြေးပြီးမှ အဆုံးသတ်ပြသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဗက်ဂ်ဟော့စ်က မကောင်းဘူး ဒါပေမယ့်…
ပရီးမီးယားလိဂ် ၅ ပွဲ ကစားပြီးသွားတဲ့အထိ တစ်ဂိုးမှ မရသေးတဲ့ တိုက်စစ်မှူး ဗောက် ဗက်ဂ်ဟော့စ်ကတော့ ပရိသတ်တချို့ရဲ့ အမြင်မှာ စိတ်ပျက်စရာဖြစ်နေပေမယ့် နည်းစနစ်ပိုင်းအရတော့ ကောင်းကောင်း အကျိုးပြုထားနိုင်ခဲ့တာပါ။ ဂိုးမသွင်းနိုင်လို့ ညံ့တယ်လို့ ပစ်ပစ်ခါခါ ပြောနိုင်ပေမယ့် လေထဲက ဘောလုံးတွေကို ရယူရာမှာ တစ်မျိုး၊ လုပ်အားနှုန်းကောင်းကောင်းနဲ့ Pressing လိုက်ကစားပေးရာမှာ တစ်ဖုံ အသုံးကျခဲ့သလို နေရာလွတ်တွေ ရှာဖွေပေးထားနိုင်ခဲ့ပြီး သူ့ကြောင့်ပဲ ဘရူနို ဖာနန်ဒက်စ်နဲ့ ရက်ရှ်ဖို့ဒ်တို့ ပိုပြီး လွတ်လွတ်လပ်လပ် ကစားနိုင်ခဲ့ကြတာမို့ အပြစ်တင်မစောဖို့တော့ လိုအပ်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်မှာလား

ဇယားထိပ်ကို မွှေနှောက်တော့မယ့် သရဲနီများ
မန်ယူကို မုန်းတီးသူတွေနဲ့ ပြိုင်ဘက်ပရိသတ်တွေကတော့ ငြင်းဆန်ပယ်ချလှောင်ပြောင်နေကြပေမယ့် တစ်ပွဲချင်းကို အင်တိုက်အားတိုက် ကစားနေတဲ့ အသင်းနဲ့ စနစ်တကျ ချဉ်းကပ်နေတဲ့ နည်းပြ အဲရစ် တန်ဟတ်ကြောင့် မဖြစ်နိုင်ဘူးလို့ ပြောလို့မရတာပါ။ ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးသွင်းခြေနဲ့ လပ်ကီးက ကောင်းလွန်းနေခဲ့သလို ကာစီမီရို မရှိတာတောင် သိသိသာသာ အထိုင်ပျက်မသွားတဲ့ ကွင်းလယ်ကလည်း အချိန်တန်ရင် နိုင်ပွဲရမယ်လို့ ပြောနိုင်တဲ့အထိ ယုံကြည်မှုကို ပေးစွမ်းနေပါတယ်။ ဦးဆောင်နေတဲ့ နှစ်သင်းအနေနဲ့ အမှားတွေ လုပ်တိုင်း တည်ငြိမ်မှု ပိုများတဲ့ ယူနိုက်တက်တို့ရဲ့ ထိုးနှက်ခြင်းကို ခံရမှာဖြစ်ပြီး ဇယားထိပ်ကို မွှေနှောက်ဖို့ သရဲနီတွေ အသင့်ရှိနေပြီလို့ပဲ ပြောလိုက်ပါရစေ။

ဒဟေးယားရဲ့ အဓိကကျတဲ့ လက်စွမ်း
ခံစစ်မှာ ဘောလုံးမပေးတတ်၊ မဖြန့်တတ်လို့ မော်ဒန် ဂိုးသမားကောင်းတစ်ယောက် မဖြစ်နိုင်ဘူးလို့ဆိုရင် အဲ့ဒီ ဝေဖန်ခံနေရတဲ့ ဒဟေးယား လက်စွမ်းမပြတာနဲ့ ဘာဖြစ်သွားမလဲဆိုတာ ပြန်ကြည့်လိုက်ပါ။ ဝေးဝေး မကြည့်ဘဲနဲ့ လိဒ်စ်ကို အိမ်ကွင်းမှာ သရေကျတဲ့ ပွဲကိုပဲ ကြည့်ရင် ပွဲအစပိုင်းတွေမှာ သူ့ရဲ့ အာရုံစူးစိုက်မှု တစ်ချက်လွတ်သွားတာနဲ့ ပြဿနာတက်ခဲ့ပြီး အပိုင်ရိုက်ယူရမယ့် သုံးမှတ်ကို လက်လွှတ်ခဲ့ရတာပါ။ စပိန်သားအနေနဲ့ ဒီနေ့ပွဲမှာတော့ ဂိုးပေါက်ကာကွယ်မှု ၆ ကြိမ်နဲ့ အမှားအတွက် ပေးဆပ်ခဲ့ပြီး အကောင်းဆုံး လက်စွမ်းကို ပြသနိုင်ခဲ့သလို Clean Sheet နဲ့ သုံးမှတ်ရယူပေးခဲ့တာကြောင့် ယူနိုက်တက်တို့ရဲ့ ချန်ပီယံစိန်ခေါ်မှုမှာ ဒဟေးယားကလည်း အဓိကကျတဲ့ ဟန်ချက်တစ်ခုဖြစ်နေခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရိသတ္ေတြကို မ်က္လုံးျပဴးေအာင္လုပ္တဲ့ တန္ဟတ္
နည္းျပ အဲရစ္ တန္ဟတ္အေနနဲ႔ ဒီေန႔ပြဲမွာ ခံစစ္ကို ဟာရီ မက္ဂြိဳင္းယား (ေခၚ) ၿမိဳ႕ေမတၱာ ေခါင္းႀကီးနဲ႔ အထိုင္ခ်ခဲ့ၿပီး သူနဲ႔ တြဲကစားမယ့္ ဗဟိုခံစစ္တြဲဖက္အျဖစ္ လုခ္ေရွာကို ထားခဲ့သလို ေတာင္ပံေတြမွာလည္း ကစားပုံ အမွန္မရွိေသးတဲ့ ဒါေလာ့နဲ႔ မာလာစီယာတို႔ကို ထားခဲ့ၿပီး ပြဲထြက္လာခဲ့လို႔ လိဒ္စ္တို႔ရဲ႕ တိုက္စစ္ပိုင္းက ေကာင္တာေတြရဲ႕ ဒဏ္ကို မၾကာခဏ ခံခဲ့ရတာျဖစ္ပါတယ္။ ပရိသတ္ေတြအေနနဲ႔ ေရာင္းအားေကာင္းတဲ့ ေခါင္းႀကီးေၾကာင့္ ရင္တမမ ျဖစ္ခဲ့ရခ်ိန္မွာ ဒုတိယပိုင္းက်မွ လီဆန္ဒ႐ို မာတီနက္ဇ္နဲ႔ ဝန္ဘစ္ဆာကာတို႔ကို ထည့္သြင္းခဲ့လို႔ သက္မခ်ႏိုင္ခဲ့ၿပီး အႏိုင္ဂိုးေတြကိုလည္း ပုံစံတက် ျပန္လည္သြင္းယူႏိုင္ခဲ့တာပါ။

ရက္ရွ္ဖို႔ဒ္မွ ေ႐ႊရက္ရွ္ဖို႔ဒ္လို႔ ဆိုရေတာ့မလား
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္ပိုင္းမွာ ဘယ္ညာအလယ္ ႀကိဳက္တဲ့ ေနရာမွာ ကစားႏိုင္ၿပီး ဘယ္ျခမ္းနဲ႔ အလယ္ကို ႀကဳံသလို စိတ္ႀကိဳက္ ေမႊေႏွာက္ခြင့္ရရင္ ပိုမိုေျခစြမ္းျပႏိုင္တဲ့ ရက္ရွ္ဖို႔ဒ္အေနနဲ႔ ဒီေန႔ပြဲမွာေတာ့ ထုံးစံအတိုင္းပဲ သူ႔အတြက္ မထူးဆန္းလွတဲ့ ဂိုးေတြကို သြင္းယူရင္း အသင္းအတြက္ ႏိုင္ပြဲကို စတင္ဖန္တီးႏိုင္ခဲ့တာပါ။ ပရဟိတမင္းသားေလးအေနနဲ႔ တျခားပြဲေတြထက္ ပိုမိုထူးျခားခဲ့တာကေတာ့ အရင္ပြဲေတြကလို ပိတ္သြင္းတာမ်ိဳး၊ အေဝးကစ္ေတြနဲ႔ ရယူတာမ်ိဳး မဟုတ္ဘဲ ဘယ္ေတာင္ပံမွာ လဒူ မာလာစီယာ ထြက္သြားလို႔ ေရွ႕တက္ကစားခြင့္ရခဲ့တဲ့ လုခ္ေရွာရဲ႕ ျဖတ္တင္ေဘာကေန က်ားစီးဖားစီး ခုန္ၿပီး ေခါင္းတိုက္သြင္းခဲ့တာျဖစ္သလို သူ႔အေနနဲ႔ တကယ့္ ဂိုးသြင္းမုဆိုးအစစ္ ျဖစ္ေၾကာင္းကို သက္ေသထူခဲ့တာ ျဖစ္ပါတယ္။

ရယ္စရာျဖစ္ခဲ့ရတဲ့ လိဒ္စ္ကြင္းလယ္
တစ္ခ်ိန္လုံး တြဲကစားေနခဲ့တဲ့ တိုင္လာ အက္ဒမ္စ္နဲ႔ မာ့ခ္ ႐ိုကာတို႔ရဲ႕ ကြင္းလယ္မ်ိဳးကို လိဒ္စ္တို႔ ထိန္းသိမ္းမထားႏိုင္ဘဲ မက္ကင္နီနဲ႔ အက္ဒမ္စ္ကို အေမရိကန္ကြင္းလယ္အျဖစ္ တြဲေပးလိုက္ေတာ့မွ ဟန္ခ်က္မညီဘဲ လခြမ္းေတြ ျဖစ္ကုန္ေတာ့တာပါ။ ကာစီမီ႐ိုေတာင္ မပါေသးဘဲ ဖရက္ဒ္နဲ႔ ဆာဘစ္ဇာတို႔ရဲ႕ ကြင္းလယ္ကိုေတာင္ ယွဥ္ကစားႏိုင္စြမ္း မရွိခဲ့တဲ့ အေမရိကန္အတြဲမွာ အက္ဒမ္စ္က ပုံမွန္ေျခစြမ္းကို ျပသႏိုင္ခဲ့ေပမယ့္ ဝဝဖိုင့္ဖိုင့္ပုံစံနဲ႔ မက္ကင္နီကေတာ့ ပရီးမီးယားလိဂ္အတြက္ ေလးလံလြန္းေနၿပီး အမွားေတြ မ်ားေနခဲ့သလို သူ႔ရဲ႕ အမွားကေနပဲ ယူႏိုက္တက္တို႔ရဲ႕ ဒုတိယဂိုးကို ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

ဂါနာခ်ိဳရဲ႕ သက္ေရာက္မႈ
ေတာင္ပံအတြက္ ဆန္ခ်ိဳ ျပန္လာၿပီဆိုေပမယ့္ တကယ္တမ္းမွာေတာ့ တန္ဟတ္က ပြဲထဲမွာ ေခၚေျပာရေလာက္ေအာင္ အသင္းရဲ႕ ကစားကြက္နဲ႔ ဟန္ခ်က္မမိေသးဘဲျဖစ္ေနခဲ့သလို သူ႔ရဲ႕ ညာေတာင္ပံကလည္း ဘ႐ူႏို ဖာနန္ဒက္စ္ကပဲ တစ္ေယာက္တည္း ႐ုန္းေနခဲ့ရတဲ့အထိ အလုပ္မျဖစ္ခဲ့တာပါ။ ဒါေလာ့နဲ႔ ဆန္ခ်ိဳတို႔ရဲ႕ အတြဲမမိပုံေၾကာင့္ ယူႏိုက္တက္တို႔ ဂိုးရဖို႔ ခက္ေနခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ဆန္ခ်ိဳအစား ဂါနာခ်ိဳကို ထည့္သြင္းခဲ့ရာမွာေၾကာင့္ ကစားေပါက္ ေခ်ာင္လာခဲ့သလို ရက္ရွ္ဖို႔ဒ္က အဖြင့္ဂိုးကို သြင္းယူအၿပီးမွာ အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးကိုေတာ့ အာဂ်င္တီးနားသားေလးက ဘယ္ျခမ္း ေတာက္ေလွ်ာက္ ဆြဲေျပးၿပီးမွ အဆုံးသတ္ျပသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဗက္ဂ္ေဟာ့စ္က မေကာင္းဘူး ဒါေပမယ့္…
ပရီးမီးယားလိဂ္ ၅ ပြဲ ကစားၿပီးသြားတဲ့အထိ တစ္ဂိုးမွ မရေသးတဲ့ တိုက္စစ္မႉး ေဗာက္ ဗက္ဂ္ေဟာ့စ္ကေတာ့ ပရိသတ္တခ်ိဳ႕ရဲ႕ အျမင္မွာ စိတ္ပ်က္စရာျဖစ္ေနေပမယ့္ နည္းစနစ္ပိုင္းအရေတာ့ ေကာင္းေကာင္း အက်ိဳးျပဳထားႏိုင္ခဲ့တာပါ။ ဂိုးမသြင္းႏိုင္လို႔ ညံ့တယ္လို႔ ပစ္ပစ္ခါခါ ေျပာႏိုင္ေပမယ့္ ေလထဲက ေဘာလုံးေတြကို ရယူရာမွာ တစ္မ်ိဳး၊ လုပ္အားႏႈန္းေကာင္းေကာင္းနဲ႔ Pressing လိုက္ကစားေပးရာမွာ တစ္ဖုံ အသုံးက်ခဲ့သလို ေနရာလြတ္ေတြ ရွာေဖြေပးထားႏိုင္ခဲ့ၿပီး သူ႔ေၾကာင့္ပဲ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ ပိုၿပီး လြတ္လြတ္လပ္လပ္ ကစားႏိုင္ခဲ့ၾကတာမို႔ အျပစ္တင္မေစာဖို႔ေတာ့ လိုအပ္ေနခဲ့ပါတယ္။
ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို စိန္ေခၚႏိုင္မွာလား

ဇယားထိပ္ကို ေမႊေႏွာက္ေတာ့မယ့္ သရဲနီမ်ား
မန္ယူကို မုန္းတီးသူေတြနဲ႔ ၿပိဳင္ဘက္ပရိသတ္ေတြကေတာ့ ျငင္းဆန္ပယ္ခ်ေလွာင္ေျပာင္ေနၾကေပမယ့္ တစ္ပြဲခ်င္းကို အင္တိုက္အားတိုက္ ကစားေနတဲ့ အသင္းနဲ႔ စနစ္တက် ခ်ဥ္းကပ္ေနတဲ့ နည္းျပ အဲရစ္ တန္ဟတ္ေၾကာင့္ မျဖစ္ႏိုင္ဘူးလို႔ ေျပာလို႔မရတာပါ။ ရက္ရွ္ဖို႔ဒ္ရဲ႕ ဂိုးသြင္းေျခနဲ႔ လပ္ကီးက ေကာင္းလြန္းေနခဲ့သလို ကာစီမီ႐ို မရွိတာေတာင္ သိသိသာသာ အထိုင္ပ်က္မသြားတဲ့ ကြင္းလယ္ကလည္း အခ်ိန္တန္ရင္ ႏိုင္ပြဲရမယ္လို႔ ေျပာႏိုင္တဲ့အထိ ယုံၾကည္မႈကို ေပးစြမ္းေနပါတယ္။ ဦးေဆာင္ေနတဲ့ ႏွစ္သင္းအေနနဲ႔ အမွားေတြ လုပ္တိုင္း တည္ၿငိမ္မႈ ပိုမ်ားတဲ့ ယူႏိုက္တက္တို႔ရဲ႕ ထိုးႏွက္ျခင္းကို ခံရမွာျဖစ္ၿပီး ဇယားထိပ္ကို ေမႊေႏွာက္ဖို႔ သရဲနီေတြ အသင့္ရွိေနၿပီလို႔ပဲ ေျပာလိုက္ပါရေစ။

ဒေဟးယားရဲ႕ အဓိကက်တဲ့ လက္စြမ္း
ခံစစ္မွာ ေဘာလုံးမေပးတတ္၊ မျဖန႔္တတ္လို႔ ေမာ္ဒန္ ဂိုးသမားေကာင္းတစ္ေယာက္ မျဖစ္ႏိုင္ဘူးလို႔ဆိုရင္ အဲ့ဒီ ေဝဖန္ခံေနရတဲ့ ဒေဟးယား လက္စြမ္းမျပတာနဲ႔ ဘာျဖစ္သြားမလဲဆိုတာ ျပန္ၾကည့္လိုက္ပါ။ ေဝးေဝး မၾကည့္ဘဲနဲ႔ လိဒ္စ္ကို အိမ္ကြင္းမွာ သေရက်တဲ့ ပြဲကိုပဲ ၾကည့္ရင္ ပြဲအစပိုင္းေတြမွာ သူ႔ရဲ႕ အာ႐ုံစူးစိုက္မႈ တစ္ခ်က္လြတ္သြားတာနဲ႔ ျပႆနာတက္ခဲ့ၿပီး အပိုင္႐ိုက္ယူရမယ့္ သုံးမွတ္ကို လက္လႊတ္ခဲ့ရတာပါ။ စပိန္သားအေနနဲ႔ ဒီေန႔ပြဲမွာေတာ့ ဂိုးေပါက္ကာကြယ္မႈ ၆ ႀကိမ္နဲ႔ အမွားအတြက္ ေပးဆပ္ခဲ့ၿပီး အေကာင္းဆုံး လက္စြမ္းကို ျပသႏိုင္ခဲ့သလို Clean Sheet နဲ႔ သုံးမွတ္ရယူေပးခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ရဲ႕ ခ်န္ပီယံစိန္ေခၚမႈမွာ ဒေဟးယားကလည္း အဓိကက်တဲ့ ဟန္ခ်က္တစ္ခုျဖစ္ေနခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.