Premier League

ယခုအပတ်မှာ VAR အမှားများခဲ့လို့ အရေးပေါ်အစည်းအဝေးခေါ်လိုက်တဲ့ PGMOL ဥက္ကဌ

ဟောင်းဝက် ဝက်ဘ်က ယခုအပတ် ပရီးမီးယားလိဂ်မှာ ပွဲစဉ်တွေမှာ VAR ဒိုင်လူကြီးတွေရဲ့ ကြီးမားတဲ့ လူသားအမှား ၂ ခု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အရေးပေါ်အစည်းအဝေးခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

VAR ဟာ မကြာခဏ အငြင်းပွားစရာတွေကို ဖြစ်ပျက်စေခဲ့တာ ဖြစ်ပေမယ့်လည်း စနေနေ့မှာတော့ လူကျွံအနေအထားကိုတောင် မှန်ကန်အောင် မဆုံးဖြတ်နိုင်ခဲ့တာဖြစ်ပြီး အာဆင်နယ်နဲ့ ဘရိုက်တန်တို့ဟာ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ရောဘတ်တို ဒီ ဇာဘီရဲ့အသင်းဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ဦးဆောင်ဂိုးရရှိခဲ့ပြီလို့ ထင်မြင်ခဲ့တာဖြစ်ပြီး ဘရိုက်တန်နောက်ခံလူ အက်စ်တူပီနန်က အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာ အာဆင်နယ်အသင်းကလည်း တိုက်စစ် စတင်ချိန်မှာ သိသိသာသာ လူကျွံနေခဲ့ပေမယ့်လည်း အိုင်ဗန် တိုနီရဲ့ ချေပဂိုးကို ခွင့်ပြုပေးခြင်း ခံခဲ့ရပြီး နောက်ပိုင်းမှာ VAR ဒိုင် လီး မေဆန်က ဆုံးဖြတ်ချက်အတွက် လူကျွံမျဉ်းကို ဆွဲဖို့ မေ့သွားခဲ့တယ်ဖြစ်တယ်လို့ သိရပါတယ်။ အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး လုံးဝကို စိတ်ပျက်နေခဲ့ပြီး ၎င်းရဲ့ အသင်းဟောင်းဟာ ဆုဖလားပြိုင်ပွဲအတွက် ရမှတ် ၂ မှတ်အထိ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်ပွဲဒိုင်လူကြီးများအဖွဲ့ PGMOL က VAR ပြဿနာ မြင့်တက်လာနေတာကို သတိပြုမိခဲ့ပြီး PGMOL ဥက္ကဌ ဟောင်းဝက် ဝက်ဘ် စာရေးသားပေးပို့ခဲ့တဲ့အထဲမှာ ကလပ်အသင်း ၂ သင်းလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြီးခဲ့တဲ့သြဂုတ်လက အင်္ဂလန်မှာ ဒိုင်လူကြီးအရာရှိချုပ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ဟောင်းဝက် ဝက်ဘ်က ဒိုင်လူကြီးအားလုံးကို အစည်းအဝေးလုပ်ဖို့ ခေါ်ယူလိုက်ပြီလို့ Mirror က ဖော်ပြခဲ့ပါတယ်။

ဒိုင်လူကြီးတွေအားလုံးဟာ VAR ဒိုင်လူကြီးတွေ ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာဖြစ်တဲ့ စတော့ခ်လီပါ့ခ်ကို ခေါ်ယူခြင်းခံခဲ့ရပြီး အင်္ဂါနေ့မှာ ဘာတွေ မှားယွင်းသွားခဲ့လဲဆိုတာကို ဆွေးနွေးသွားကြတော့မှာ ဖြစ်ပါတယ်။ PGMOL ဥက္ကဌဟောင်း ကိသ် ဟက်ကက်က အာဆင်နယ်နဲ့ ဘရန့်တ်ဖို့ဒ်တို့ပွဲမှာ အမှားလုပ်ခဲ့တဲ့ လီး မေဆန်ကို ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ပြီး “ဟောင်းဝက် ဝက်ဘ်က အခု PGMOL မှာ တာဝန်ယူနေတယ်။ သူ ပထမဆုံးလုပ်ရမယ့်အရာတွေထဲက တစ်ခုက VAR ဒိုင်လူကြီး လီး မေဆန်ကို ထုတ်ပယ်ပစ်ဖို့ပဲ”

“ဒီအပတ်မှာ မေဆန်က ဘရန့်တ်ဖို့ဒ်ရဲ့ လူကျွံဂိုးကို ခွင့်ပြုခဲ့ပြီး တခြားဒိုင်လူကြီးတွေကို စိတ်ပျက်စေခဲ့တယ်။ ဒီဆုံးဖြတ်ချက်တွေက VAR အနေနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ခဲ့သင့်တဲ့ဆုံးဖြတ်ချက်တွေပါ။ သူက ဆက်တိုက်အမှားကျူးလွန်သူဖြစ်ပြီး သူ ရာထူးကနေ ထုတ်ပယ်ခံရသင့်တယ်။ သူက ကောင်းသင့်သလောက် ကောင်းမွန်မှုမရှိပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ေဟာင္းဝက္ ဝက္ဘ္က ယခုအပတ္ ပရီးမီးယားလိဂ္မွာ ပြဲစဥ္ေတြမွာ VAR ဒိုင္လူႀကီးေတြရဲ႕ ႀကီးမားတဲ့ လူသားအမွား ၂ ခု ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အေရးေပၚအစည္းအေဝးေခၚယူလိုက္ၿပီ ျဖစ္ပါတယ္။

VAR ဟာ မၾကာခဏ အျငင္းပြားစရာေတြကို ျဖစ္ပ်က္ေစခဲ့တာ ျဖစ္ေပမယ့္လည္း စေနေန႔မွာေတာ့ လူကြၽံအေနအထားကိုေတာင္ မွန္ကန္ေအာင္ မဆုံးျဖတ္ႏိုင္ခဲ့တာျဖစ္ၿပီး အာဆင္နယ္နဲ႔ ဘ႐ိုက္တန္တို႔ဟာ မွားယြင္းတဲ့ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

ေရာဘတ္တို ဒီ ဇာဘီရဲ႕အသင္းဟာ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ ဦးေဆာင္ဂိုးရရွိခဲ့ၿပီလို႔ ထင္ျမင္ခဲ့တာျဖစ္ၿပီး ဘ႐ိုက္တန္ေနာက္ခံလူ အက္စ္တူပီနန္က အသင္းအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

တစ္ဖက္မွာ အာဆင္နယ္အသင္းကလည္း တိုက္စစ္ စတင္ခ်ိန္မွာ သိသိသာသာ လူကြၽံေနခဲ့ေပမယ့္လည္း အိုင္ဗန္ တိုနီရဲ႕ ေခ်ပဂိုးကို ခြင့္ျပဳေပးျခင္း ခံခဲ့ရၿပီး ေနာက္ပိုင္းမွာ VAR ဒိုင္ လီး ေမဆန္က ဆုံးျဖတ္ခ်က္အတြက္ လူကြၽံမ်ဥ္းကို ဆြဲဖို႔ ေမ့သြားခဲ့တယ္ျဖစ္တယ္လို႔ သိရပါတယ္။ အာဆင္နယ္ဂႏၲဝင္ အီယန္ ႐ိုက္က အဲဒီဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး လုံးဝကို စိတ္ပ်က္ေနခဲ့ၿပီး ၎ရဲ႕ အသင္းေဟာင္းဟာ ဆုဖလားၿပိဳင္ပြဲအတြက္ ရမွတ္ ၂ မွတ္အထိ ဆုံးရႈံးခဲ့ရတာ ျဖစ္ပါတယ္။

ပေရာ္ဖက္ရွင္နယ္ပြဲဒိုင္လူႀကီးမ်ားအဖြဲ႕ PGMOL က VAR ျပႆနာ ျမင့္တက္လာေနတာကို သတိျပဳမိခဲ့ၿပီး PGMOL ဥကၠဌ ေဟာင္းဝက္ ဝက္ဘ္ စာေရးသားေပးပို႔ခဲ့တဲ့အထဲမွာ ကလပ္အသင္း ၂ သင္းလည္း ပါဝင္ခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ၿပီးခဲ့တဲ့ၾသဂုတ္လက အဂၤလန္မွာ ဒိုင္လူႀကီးအရာရွိခ်ဳပ္အျဖစ္ တာဝန္ယူေဆာင္႐ြက္ခဲ့တဲ့ ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္း ေဟာင္းဝက္ ဝက္ဘ္က ဒိုင္လူႀကီးအားလုံးကို အစည္းအေဝးလုပ္ဖို႔ ေခၚယူလိုက္ၿပီလို႔ Mirror က ေဖာ္ျပခဲ့ပါတယ္။

ဒိုင္လူႀကီးေတြအားလုံးဟာ VAR ဒိုင္လူႀကီးေတြ ဆုံးျဖတ္ခ်က္ ခ်မွတ္တဲ့ေနရာျဖစ္တဲ့ စေတာ့ခ္လီပါ့ခ္ကို ေခၚယူျခင္းခံခဲ့ရၿပီး အဂၤါေန႔မွာ ဘာေတြ မွားယြင္းသြားခဲ့လဲဆိုတာကို ေဆြးေႏြးသြားၾကေတာ့မွာ ျဖစ္ပါတယ္။ PGMOL ဥကၠဌေဟာင္း ကိသ္ ဟက္ကက္က အာဆင္နယ္နဲ႔ ဘရန႔္တ္ဖို႔ဒ္တို႔ပြဲမွာ အမွားလုပ္ခဲ့တဲ့ လီး ေမဆန္ကို ရာထူးကေန ထုတ္ပယ္ဖို႔ ေတာင္းဆိုခဲ့ၿပီး “ေဟာင္းဝက္ ဝက္ဘ္က အခု PGMOL မွာ တာဝန္ယူေနတယ္။ သူ ပထမဆုံးလုပ္ရမယ့္အရာေတြထဲက တစ္ခုက VAR ဒိုင္လူႀကီး လီး ေမဆန္ကို ထုတ္ပယ္ပစ္ဖို႔ပဲ”

“ဒီအပတ္မွာ ေမဆန္က ဘရန႔္တ္ဖို႔ဒ္ရဲ႕ လူကြၽံဂိုးကို ခြင့္ျပဳခဲ့ၿပီး တျခားဒိုင္လူႀကီးေတြကို စိတ္ပ်က္ေစခဲ့တယ္။ ဒီဆုံးျဖတ္ခ်က္ေတြက VAR အေနနဲ႔ မွန္မွန္ကန္ကန္ ဆုံးျဖတ္ခဲ့သင့္တဲ့ဆုံးျဖတ္ခ်က္ေတြပါ။ သူက ဆက္တိုက္အမွားက်ဴးလြန္သူျဖစ္ၿပီး သူ ရာထူးကေန ထုတ္ပယ္ခံရသင့္တယ္။ သူက ေကာင္းသင့္သေလာက္ ေကာင္းမြန္မႈမရွိပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.