Match Report Serie A

စီးရီးအေဖလား ကြိုပေးထားရလောက်အောင် တည်ငြိမ်နေပြီး ၁၆ မှတ်ဖြတ်လိုက်တဲ့ နာပိုလီ

စီးရီးအေ ဇယားထိပ်က ဦးဆောင်သူ နာပိုလီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မီရက်၊ ခံစစ်မှာ ရာမာနီ၊ ဂင်မင်းဂျယ်၊ ဒီလော်ရန်ဇိုနဲ့ မာရီယို ရူအီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ လိုဘော့တ်ကာ၊ ဇွမ်ဘွန်ဂီးဆာနဲ့ ဇီလင်စကီးတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ လိုဇာနို၊ ကဗာရတ်စခီလီယာနဲ့ အိုဆီမင်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အမှတ်ပေးဇယားမှာ ကြမ်းကပ်နေတဲ့ ဧည့်သည် ခရီမိုနီစီအသင်းကတော့ ဂိုးသမား ကာနီဆက်ခီ၊ ခံစစ်မှာ ချီရီချက်စ်၊ ဖယ်ရာရီနဲ့ အီဝူးတို့ကို စုဖွဲ့လာခဲ့သလို ကွင်းလယ်မှာတော့ ဘင်နက်စီ၊ မီတေး၊ ပစ်ကယ်လ်၊ ဆီမီကိုလာနဲ့ ဗားစ်ကေးဇ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဆာဂျူးနဲ့ အဖီနာ-ဂျန်တို့အတွဲကို ကစားစေခဲ့တာပါ။

ပွဲစကတည်းက နာပိုလီတို့ ဘောလုံးကိုင်ကစားပြီး ထိုးဖောက်နေခဲ့ပေမယ့် ဂိုးသွင်းဖို့တော့ အချိန်ယူခဲ့ရသလို ဧည့်သ်ည ခရီမိုနီစီတို့အနေနဲ့ အိမ်ရှင်တိုက်စစ်မှူး အိုဆီမင်ကို နှစ်ယောက်လောက် အမြဲကပ်ပြီး သတိကြီးကြီး ထားကစားခဲ့ကြတာကြောင့် စပယ်လက်တီရဲ့ လူတွေအနေနဲ့ တစ်ဖက် အလစ်အငိုက်နဲ့ ဟာကွက်တွေကို ရှာဖွေနေခဲ့ရပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာတော့ အိမ်ရှင်တွေ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ လိုဇာနို ဖြတ်တင်ပေးရာမှာ ခရီမိုနီစီခံစစ်က ရှင်းထုတ်နိုင်ခဲ့ပေမယ့် ဘယ်တောင်ပံကနေ လိုက်လံဆယ်ယူပြီး အတွင်းဝင်လာတဲ့ ကဗာရတ်စခီလီယာကို ပိတ်ဆို့ရမယ့်အစား ကန်အောင်စောင့်နေခဲ့လို့ ဂျော်ဂျီယာသားက အပေါက်ရှာပြီး အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား ကာနီဆက်ခီ ဘာမှ မတတ်နိုင်လိုက်ဘဲ နာပိုလီတို့ စတင်ဦးဆောင်နိုင်ခဲ့တာပါ။

ပထမပိုင်းမှာတော့ နာပိုလီတို့ အပိုင်အခွင့်အ‌ရေး သိပ်မရခဲ့သလို ဧရိယာအပြင်ကနေပဲ ကန်သွင်းနေရတာများပြီး အိုဆီမင်ကလည်း မာကင်မိနေခဲ့လို့ တစ်ဂိုး-ဂိုးမရှိနဲ့သာ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ ခရီမိုနီစီဘက်က သုံးယောက်တန်း ဘယ်အစွန်မှာ ကစားနေတဲ့ ညာသန် ဖာရာရီအစား ဘယ်သန် ဗယ်လာရီကို ထည့်သွင်းပြီး ခံစစ်ကို ပိုအာရုံစိုက်လာခဲ့ပါတယ်။

အရင်ပွဲတွေကထက် ပိုပြီး ခြေငြိမ်လာတဲ့ ညာခြမ်းက လိုဇာနိုရဲ့ ထိုးဖောက်မှုတွေက ကောင်းပေမယ့် အဆုံးသတ်ပိုင်းမှာတော့ ဂိုးသမားလက်ထဲပဲ ရောက်သွားခဲ့သလို ခရီမိုနီစီတို့ကတော့ တိုက်စစ်က ဆာဂျူးအစား စီယိုဖာနီနဲ့ ကွင်းလယ်က ပစ်ကယ်လ်အစား ကက်စတာညက်တီတို့ကို ထည့်ခဲ့ပြီး နာပိုလီတို့ကတော့ အပြောင်းအလဲမရှိ ဆက်ပြီး တိုက်စစ်ကစားနေခဲ့တာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ နာပိုလီတို့ ဒုတိယ ဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ညာထောင့်ကန်ဘောကနေ ဇီလင်စကီး ကန်တင်ပေးတာကို ဒီလော်ရန်ဇို ခေါင်းတိုက်တာက လွဲချော်သွားခဲ့ပေမယ့် ဘယ်ဘက်တိုင်နားမှာ ရှိနေတဲ့ ဂင်မင်းဂျယ်က အတွင်းကို ပြန်ခေါင်းတိုက်ချပေးရာမှာ အိုဆီမင်က အနီးကပ် ပိတ်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒီနောက်မှာတော့ ခရီမိုနီစီတို့ဘက်က ဗားစ်ကေးဇ်နဲ့ မီတေးတို့အစား ဂျီဂလီယိုနီနဲ့ အာချယ်လာတို့ကို ပြောင်းလဲသွားခဲ့သလို နာပိုလီဘက်ကတော့ ဇီလင်စကီးနဲ့ မာရီယို ရူအီတို့အစား အဲလ်မာ့စ်နဲ့ အိုလီဗီယေးရားတို့ကို ထည့်ပြီး တိုက်စစ်ပိုမြှင့်လာခဲ့တာကြောင့် ဧည့်သည်တွေဘက်က ကောင်တာတွေနဲ့ အခွင့်အရေးတချို့ ရလာခဲ့ပေမယ့် အဆုံးသတ်ပိုင်း ညံ့ဖျင်းနေလို့ ဂိုးပြန်ရဖို့တော့ လွဲချော်ခဲ့ရတာပါ။

ပွဲချိန် ၇၉ မိနစ်မှာတော့ အနိုင်သေချာစေမယ့် တတိယဂိုးကို နာပိုလီတို့ သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ တောက်လျှောက် ဆွဲပြေးလာတဲ့ လူစားဝင်ကစားသမား အဲလ်မာ့စ်က ဧရိယာထိပ်ရောက်မှ တစ်ချက်ရပ်ပြီး ဒီလော်ရန်ဇိုနဲ့ ဝမ်းတူးရိုက်ထွက်ခဲ့အပြီးမှာ ဘယ်ဘက်တိုင်ခြေကို အနိမ့်ဘော ကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ နာပိုလီတို့က ခရီမိုနီစီတို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့သလို ဒုတိယနေရာက အင်တာမီလန်တို့ တနင်္လာနေ့ညပွဲ မကစားခင်မှာ တစ်ပွဲပိုကစားပြီး ၁၆ မှတ်အထိ ဖြတ်ထားလိုက်သလို စီးရီးအေဖလားကို ကြိုယူထားရမလားလို့တောင် မေးနိုင်တဲ့ အနေအထားကို ရောက်သွားခဲ့ပြီး ခရီမိုနီစီတို့ကတော့ အစောဆုံး တန်းဆင်းရဖို့ နီးစပ်နေခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စီးရီးေအ ဇယားထိပ္က ဦးေဆာင္သူ နာပိုလီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား မီရက္၊ ခံစစ္မွာ ရာမာနီ၊ ဂင္မင္းဂ်ယ္၊ ဒီေလာ္ရန္ဇိုနဲ႔ မာရီယို ႐ူအီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ လိုေဘာ့တ္ကာ၊ ဇြမ္ဘြန္ဂီးဆာနဲ႔ ဇီလင္စကီးတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ လိုဇာႏို၊ ကဗာရတ္စခီလီယာနဲ႔ အိုဆီမင္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အမွတ္ေပးဇယားမွာ ၾကမ္းကပ္ေနတဲ့ ဧည့္သည္ ခရီမိုနီစီအသင္းကေတာ့ ဂိုးသမား ကာနီဆက္ခီ၊ ခံစစ္မွာ ခ်ီရီခ်က္စ္၊ ဖယ္ရာရီနဲ႔ အီဝူးတို႔ကို စုဖြဲ႕လာခဲ့သလို ကြင္းလယ္မွာေတာ့ ဘင္နက္စီ၊ မီေတး၊ ပစ္ကယ္လ္၊ ဆီမီကိုလာနဲ႔ ဗားစ္ေကးဇ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာဂ်ဴးနဲ႔ အဖီနာ-ဂ်န္တို႔အတြဲကို ကစားေစခဲ့တာပါ။

ပြဲစကတည္းက နာပိုလီတို႔ ေဘာလုံးကိုင္ကစားၿပီး ထိုးေဖာက္ေနခဲ့ေပမယ့္ ဂိုးသြင္းဖို႔ေတာ့ အခ်ိန္ယူခဲ့ရသလို ဧည့္သ္ည ခရီမိုနီစီတို႔အေနနဲ႔ အိမ္ရွင္တိုက္စစ္မႉး အိုဆီမင္ကို ႏွစ္ေယာက္ေလာက္ အၿမဲကပ္ၿပီး သတိႀကီးႀကီး ထားကစားခဲ့ၾကတာေၾကာင့္ စပယ္လက္တီရဲ႕ လူေတြအေနနဲ႔ တစ္ဖက္ အလစ္အငိုက္နဲ႔ ဟာကြက္ေတြကို ရွာေဖြေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ အိမ္ရွင္ေတြ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန လိုဇာႏို ျဖတ္တင္ေပးရာမွာ ခရီမိုနီစီခံစစ္က ရွင္းထုတ္ႏိုင္ခဲ့ေပမယ့္ ဘယ္ေတာင္ပံကေန လိုက္လံဆယ္ယူၿပီး အတြင္းဝင္လာတဲ့ ကဗာရတ္စခီလီယာကို ပိတ္ဆို႔ရမယ့္အစား ကန္ေအာင္ေစာင့္ေနခဲ့လို႔ ေဂ်ာ္ဂ်ီယာသားက အေပါက္ရွာၿပီး အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ကာနီဆက္ခီ ဘာမွ မတတ္ႏိုင္လိုက္ဘဲ နာပိုလီတို႔ စတင္ဦးေဆာင္ႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာေတာ့ နာပိုလီတို႔ အပိုင္အခြင့္အ‌ေရး သိပ္မရခဲ့သလို ဧရိယာအျပင္ကေနပဲ ကန္သြင္းေနရတာမ်ားၿပီး အိုဆီမင္ကလည္း မာကင္မိေနခဲ့လို႔ တစ္ဂိုး-ဂိုးမရွိနဲ႔သာ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းအစမွာေတာ့ ခရီမိုနီစီဘက္က သုံးေယာက္တန္း ဘယ္အစြန္မွာ ကစားေနတဲ့ ညာသန္ ဖာရာရီအစား ဘယ္သန္ ဗယ္လာရီကို ထည့္သြင္းၿပီး ခံစစ္ကို ပိုအာ႐ုံစိုက္လာခဲ့ပါတယ္။

အရင္ပြဲေတြကထက္ ပိုၿပီး ေျခၿငိမ္လာတဲ့ ညာျခမ္းက လိုဇာႏိုရဲ႕ ထိုးေဖာက္မႈေတြက ေကာင္းေပမယ့္ အဆုံးသတ္ပိုင္းမွာေတာ့ ဂိုးသမားလက္ထဲပဲ ေရာက္သြားခဲ့သလို ခရီမိုနီစီတို႔ကေတာ့ တိုက္စစ္က ဆာဂ်ဴးအစား စီယိုဖာနီနဲ႔ ကြင္းလယ္က ပစ္ကယ္လ္အစား ကက္စတာညက္တီတို႔ကို ထည့္ခဲ့ၿပီး နာပိုလီတို႔ကေတာ့ အေျပာင္းအလဲမရွိ ဆက္ၿပီး တိုက္စစ္ကစားေနခဲ့တာပါ။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ နာပိုလီတို႔ ဒုတိယ ဦးေဆာင္ဂိုးကို ရယူသြားႏိုင္ခဲ့ၾကၿပီး ညာေထာင့္ကန္ေဘာကေန ဇီလင္စကီး ကန္တင္ေပးတာကို ဒီေလာ္ရန္ဇို ေခါင္းတိုက္တာက လြဲေခ်ာ္သြားခဲ့ေပမယ့္ ဘယ္ဘက္တိုင္နားမွာ ရွိေနတဲ့ ဂင္မင္းဂ်ယ္က အတြင္းကို ျပန္ေခါင္းတိုက္ခ်ေပးရာမွာ အိုဆီမင္က အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ ခရီမိုနီစီတို႔ဘက္က ဗားစ္ေကးဇ္နဲ႔ မီေတးတို႔အစား ဂ်ီဂလီယိုနီနဲ႔ အာခ်ယ္လာတို႔ကို ေျပာင္းလဲသြားခဲ့သလို နာပိုလီဘက္ကေတာ့ ဇီလင္စကီးနဲ႔ မာရီယို ႐ူအီတို႔အစား အဲလ္မာ့စ္နဲ႔ အိုလီဗီေယးရားတို႔ကို ထည့္ၿပီး တိုက္စစ္ပိုျမႇင့္လာခဲ့တာေၾကာင့္ ဧည့္သည္ေတြဘက္က ေကာင္တာေတြနဲ႔ အခြင့္အေရးတခ်ိဳ႕ ရလာခဲ့ေပမယ့္ အဆုံးသတ္ပိုင္း ညံ့ဖ်င္းေနလို႔ ဂိုးျပန္ရဖို႔ေတာ့ လြဲေခ်ာ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို နာပိုလီတို႔ သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေတာက္ေလွ်ာက္ ဆြဲေျပးလာတဲ့ လူစားဝင္ကစားသမား အဲလ္မာ့စ္က ဧရိယာထိပ္ေရာက္မွ တစ္ခ်က္ရပ္ၿပီး ဒီေလာ္ရန္ဇိုနဲ႔ ဝမ္းတူး႐ိုက္ထြက္ခဲ့အၿပီးမွာ ဘယ္ဘက္တိုင္ေျခကို အနိမ့္ေဘာ ကန္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ နာပိုလီတို႔က ခရီမိုနီစီတို႔ကို သုံးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့သလို ဒုတိယေနရာက အင္တာမီလန္တို႔ တနလၤာေန႔ညပြဲ မကစားခင္မွာ တစ္ပြဲပိုကစားၿပီး ၁၆ မွတ္အထိ ျဖတ္ထားလိုက္သလို စီးရီးေအဖလားကို ႀကိဳယူထားရမလားလို႔ေတာင္ ေမးႏိုင္တဲ့ အေနအထားကို ေရာက္သြားခဲ့ၿပီး ခရီမိုနီစီတို႔ကေတာ့ အေစာဆုံး တန္းဆင္းရဖို႔ နီးစပ္ေနခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.