La Liga Match Report

အဝေးကွင်းမှာ ဗီလာရီးရဲလ်ကို အနိုင်ယူပြီး ရီးရဲလ်ကို ၁၁ မှတ် ဖြတ်လိုက်တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းအနေနဲ့ ဒီနေ့မှာတော့ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ အာရူဟို၊ ခရစ္စတင်ဆန်၊ ကွန်ဒီနဲ့ အဲလက်စ် ဘာလ်ဒီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒီယုံး၊ ကက်ဆီယေးနဲ့ ပက်ဒရီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ရာဖင်ညာ၊ ဂါဗီနဲ့ လီဗန်ဒေါ့ဗ်စကီးတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် ဗီလာရီးရဲလ်တို့ကတော့ ဂိုးသမား ရေးနား၊ ခံစစ်မှာ ရာအူးလ် အယ်လ်ဘီယိုလ်၊ ပေါ်တောရက်စ်၊ ဟွမ်ဖွိုက်သ်နဲ့ အယ်လ်ဘတ်တို မိုရီနိုတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ကာပူး၊ ဒါနီ ပါရီဟို၊ အဲလက်စ် ဘယ်နာနဲ့ ကိုကလန်တို့ကို စုဖွဲ့ပေးခဲ့ချိန်မှာ တိုက်စစ်မှာတော့ မိုရာလက်စ်နဲ့ ပီနိုတို့ တွဲဖက်ကစားလာခဲ့တာပါ။

အရင်ကထက် ပိုမိုလေးကွေးလာပြီး ဇရာဆိုတာကို လက်ခံရတော့မယ့် လီဗန်ဒေါ့ဗ်စကီးကတော့ အဆုံးသတ်ပိုင်းမှာ ကျဆင်းလာခဲ့သလို လာလီဂါနောက်ဆုံး ၅ ပွဲမှာ ၁ ဂိုးသာ သွင်းယူထားနိုင်တဲ့ ပုံစံက ပိုလန်သားကြီးအတွက် ဖန်တီးမှုတွေ ပိုမိုပြုလုပ်ပေးဖို့ လိုအပ်နေပြီဆိုတာနဲ့ အဆင်သင့် ဂိုးရှေ့မှာ ကောက်စားနိုင်ဖို့ နည်းပြ ဇာဗီအနေနဲ့ အဖြေရှာရတော့မယ်ဆိုတာကိုလည်း မြင်သာခဲ့ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာတော့ ဘာစီလိုနာတို့ အဖွင့်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဒီယုံး ပေးတာကို ရာဖင်ညာက ပက်ဒရီကို အပေးမှာ ပက်ဒရီက ပိတ်ဆို့ထားတဲ့ ဗီလာရီးရဲလ်ခံစစ်ကို လီဗန်ဒေါ့ဗ်စကီးနဲ့ ဝမ်းတူးရိုက်ထွက်သွားခဲ့ပြီး ဂိုးသမား ရေးနားနဲ့ တစ်ဦးချင်း အတွေ့မှာ အပိုင်ကန်သွင်း အဆုံးသတ်နိုင်ခဲ့တာပါ။

ဂိုးပေးပြီးပြီးချင်းမှာပဲ ဗီလာရီးရဲလ်တို့ တိုက်စစ်ကနေ မိုရာလက်စ် တစ်ယောက်တည်း လွတ်ထွက်သွားခဲ့ပေမယ့် ဂိုးသမားရှေ့က ဘောလုံးကို ချော်ကန်ခဲ့လို့ ဘာစီလိုနာတို့ သက်သာခဲ့ရသလို လီဗန်ဒေါ့ဗ်စကီးကတော့ အိမ်ရှင်ဂိုးသမား ရေးနားကို မကျော်နိုင်ဘဲဖြစ်နေခဲ့ပြီး ဧည့်သည်တွေရဲ့ ခံစစ် အမှားများလွန်းပုံကတော့ စိုးရိမ်စရာလည်းဖြစ်ခဲ့ရပါတယ်။

ဗီလာရီးရဲလ်တိုက်စစ်မှူး မိုရာလက်စ်ကတော့ ဒီလောက်ညံ့တဲ့သူကို ဘယ်နားက ရှာတွေ့လာသလဲလို့ မေးရမလိုဖြစ်နေပြီး ဘာစီလိုနာ ကွင်းလယ်ကနေ ခံစစ်ကို ခေါင်းတိုက်ပေးပြီး အရောင်းမှာ လွတ်ထွက်သွားခဲ့တဲ့ အပိုင်အခွင့်အရေးတစ်ကြိမ်ကို ထပ်မံလွဲချော်ခဲ့မှုကြောင့် ငိုအားထက် ရယ်အားသန်ခဲ့ရပြီး ပထမပိုင်းမှာတော့ ကာတာလန်သားတွေက တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း လူစားဝင်လာတဲ့ ချူကွယ်ဇီရဲ့ ညာခြမ်းကနေ ဗီလာရီးရဲလ်တို့ ဖိကစားခဲ့ပေမယ့် တိုက်စစ်မှူး ဂျရတ် မိုရီနို မပါနိုင်တဲ့ ဂိုးရှေ့မှာ တိုင်ပတ်နေခဲ့သလို ဘာစီလိုနာတို့ကလည်း တည်ငြိမ်မှု မရှိတဲ့ ကွင်းလယ်နဲ့ ဗဟိုခံစစ်ကနေ မကြာခဏ ရောင်းချနေခဲ့ပေမယ့် အိမ်ရှင်တွေကလည်း တစ်ခါမှ မဝယ်နိုင်ခဲ့တာကတော့ ပွဲရဲ့ အဆင့်အတန်းကို လျော့ကျစေခဲ့ပါတယ်။

အိမ်ရှင်တွေဘက်က မိုရာလက်စ်၊ အဲလက်စ် ဘယ်နာနဲ့ အယ်လ်ဘတ်တို မိုရီနိုတို့အစား ဘီအသင်းတိုက်စစ်မှူး ဖာနီညို၊ မိုဟီကာနဲ့ ထရီဂေးရော့စ်တို့ကို လဲကစားပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ဘာစီလိုနာတို့ကတော့ ရာဖင်ညာနဲ့ ကက်ဆီယေးတို့အစား ဖယ်ရန် တောရက်စ်နဲ့ ဂျော်ဒီ အယ်လ်ဘာတို့ကို ထည့်ပြီး ခံစစ်မှာ ထိန်းကစားသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဂိုးမသွင်းတတ်တဲ့ ဗီလာရီးရဲလ်တို့ကို ကန်လိုက်တိုင်း ဂိုးသမားဆီပဲ ရောက်တဲ့ လီဗန်ဒေါ့ဗ်စကီးရဲ့ ဘာစီလိုနာတို့က တစ်ဂိုး-ဂိုးမရှိနဲ့ပဲ အနိုင်ရယူသွားခဲ့ကြပြီး လာလီဂါ အမှတ်ပေးဇယားမှာ ဒုတိယနေရာက ရီးရဲလ်မက်ဒရစ်တို့ထက် တစ်ပွဲပိုကစားပြီး ၁၁ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းအေနနဲ႔ ဒီေန႔မွာေတာ့ ဂိုးသမား တာစတီဂန္၊ ခံစစ္မွာ အာ႐ူဟို၊ ခရစၥတင္ဆန္၊ ကြန္ဒီနဲ႔ အဲလက္စ္ ဘာလ္ဒီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒီယုံး၊ ကက္ဆီေယးနဲ႔ ပက္ဒရီတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ရာဖင္ညာ၊ ဂါဗီနဲ႔ လီဗန္ေဒါ့ဗ္စကီးတို႔ကို ပြဲထုတ္လာခဲ့တာ ျဖစ္ပါတယ္။

အိမ္ရွင္ ဗီလာရီးရဲလ္တို႔ကေတာ့ ဂိုးသမား ေရးနား၊ ခံစစ္မွာ ရာအူးလ္ အယ္လ္ဘီယိုလ္၊ ေပၚေတာရက္စ္၊ ဟြမ္ဖြိဳက္သ္နဲ႔ အယ္လ္ဘတ္တို မိုရီႏိုတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာပူး၊ ဒါနီ ပါရီဟို၊ အဲလက္စ္ ဘယ္နာနဲ႔ ကိုကလန္တို႔ကို စုဖြဲ႕ေပးခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ မိုရာလက္စ္နဲ႔ ပီႏိုတို႔ တြဲဖက္ကစားလာခဲ့တာပါ။

အရင္ကထက္ ပိုမိုေလးေကြးလာၿပီး ဇရာဆိုတာကို လက္ခံရေတာ့မယ့္ လီဗန္ေဒါ့ဗ္စကီးကေတာ့ အဆုံးသတ္ပိုင္းမွာ က်ဆင္းလာခဲ့သလို လာလီဂါေနာက္ဆုံး ၅ ပြဲမွာ ၁ ဂိုးသာ သြင္းယူထားႏိုင္တဲ့ ပုံစံက ပိုလန္သားႀကီးအတြက္ ဖန္တီးမႈေတြ ပိုမိုျပဳလုပ္ေပးဖို႔ လိုအပ္ေနၿပီဆိုတာနဲ႔ အဆင္သင့္ ဂိုးေရွ႕မွာ ေကာက္စားႏိုင္ဖို႔ နည္းျပ ဇာဗီအေနနဲ႔ အေျဖရွာရေတာ့မယ္ဆိုတာကိုလည္း ျမင္သာခဲ့ပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ အဖြင့္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဒီယုံး ေပးတာကို ရာဖင္ညာက ပက္ဒရီကို အေပးမွာ ပက္ဒရီက ပိတ္ဆို႔ထားတဲ့ ဗီလာရီးရဲလ္ခံစစ္ကို လီဗန္ေဒါ့ဗ္စကီးနဲ႔ ဝမ္းတူး႐ိုက္ထြက္သြားခဲ့ၿပီး ဂိုးသမား ေရးနားနဲ႔ တစ္ဦးခ်င္း အေတြ႕မွာ အပိုင္ကန္သြင္း အဆုံးသတ္ႏိုင္ခဲ့တာပါ။

ဂိုးေပးၿပီးၿပီးခ်င္းမွာပဲ ဗီလာရီးရဲလ္တို႔ တိုက္စစ္ကေန မိုရာလက္စ္ တစ္ေယာက္တည္း လြတ္ထြက္သြားခဲ့ေပမယ့္ ဂိုးသမားေရွ႕က ေဘာလုံးကို ေခ်ာ္ကန္ခဲ့လို႔ ဘာစီလိုနာတို႔ သက္သာခဲ့ရသလို လီဗန္ေဒါ့ဗ္စကီးကေတာ့ အိမ္ရွင္ဂိုးသမား ေရးနားကို မေက်ာ္ႏိုင္ဘဲျဖစ္ေနခဲ့ၿပီး ဧည့္သည္ေတြရဲ႕ ခံစစ္ အမွားမ်ားလြန္းပုံကေတာ့ စိုးရိမ္စရာလည္းျဖစ္ခဲ့ရပါတယ္။

ဗီလာရီးရဲလ္တိုက္စစ္မႉး မိုရာလက္စ္ကေတာ့ ဒီေလာက္ညံ့တဲ့သူကို ဘယ္နားက ရွာေတြ႕လာသလဲလို႔ ေမးရမလိုျဖစ္ေနၿပီး ဘာစီလိုနာ ကြင္းလယ္ကေန ခံစစ္ကို ေခါင္းတိုက္ေပးၿပီး အေရာင္းမွာ လြတ္ထြက္သြားခဲ့တဲ့ အပိုင္အခြင့္အေရးတစ္ႀကိမ္ကို ထပ္မံလြဲေခ်ာ္ခဲ့မႈေၾကာင့္ ငိုအားထက္ ရယ္အားသန္ခဲ့ရၿပီး ပထမပိုင္းမွာေတာ့ ကာတာလန္သားေတြက တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း လူစားဝင္လာတဲ့ ခ်ဴကြယ္ဇီရဲ႕ ညာျခမ္းကေန ဗီလာရီးရဲလ္တို႔ ဖိကစားခဲ့ေပမယ့္ တိုက္စစ္မႉး ဂ်ရတ္ မိုရီႏို မပါႏိုင္တဲ့ ဂိုးေရွ႕မွာ တိုင္ပတ္ေနခဲ့သလို ဘာစီလိုနာတို႔ကလည္း တည္ၿငိမ္မႈ မရွိတဲ့ ကြင္းလယ္နဲ႔ ဗဟိုခံစစ္ကေန မၾကာခဏ ေရာင္းခ်ေနခဲ့ေပမယ့္ အိမ္ရွင္ေတြကလည္း တစ္ခါမွ မဝယ္ႏိုင္ခဲ့တာကေတာ့ ပြဲရဲ႕ အဆင့္အတန္းကို ေလ်ာ့က်ေစခဲ့ပါတယ္။

အိမ္ရွင္ေတြဘက္က မိုရာလက္စ္၊ အဲလက္စ္ ဘယ္နာနဲ႔ အယ္လ္ဘတ္တို မိုရီႏိုတို႔အစား ဘီအသင္းတိုက္စစ္မႉး ဖာနီညိဳ၊ မိုဟီကာနဲ႔ ထရီေဂးေရာ့စ္တို႔ကို လဲကစားၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ ဘာစီလိုနာတို႔ကေတာ့ ရာဖင္ညာနဲ႔ ကက္ဆီေယးတို႔အစား ဖယ္ရန္ ေတာရက္စ္နဲ႔ ေဂ်ာ္ဒီ အယ္လ္ဘာတို႔ကို ထည့္ၿပီး ခံစစ္မွာ ထိန္းကစားသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဂိုးမသြင္းတတ္တဲ့ ဗီလာရီးရဲလ္တို႔ကို ကန္လိုက္တိုင္း ဂိုးသမားဆီပဲ ေရာက္တဲ့ လီဗန္ေဒါ့ဗ္စကီးရဲ႕ ဘာစီလိုနာတို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ အႏိုင္ရယူသြားခဲ့ၾကၿပီး လာလီဂါ အမွတ္ေပးဇယားမွာ ဒုတိယေနရာက ရီးရဲလ္မက္ဒရစ္တို႔ထက္ တစ္ပြဲပိုကစားၿပီး ၁၁ မွတ္ျဖတ္ ဦးေဆာင္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.