Match Report Premier League

လင္ကြန္းစီးတီးကို ဂိုးျပတ္သြင္းၿပီး အာဆင္နယ္နဲ႔ ႏွစ္ပြဲဆက္ေတြ႕ဆုံရမယ့္ လီဗာပူးလ္

လီဗာပူးလ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ကစားကြက္မွာ ပထမလူစာရင္းက ေနာက္ခံလူ ဗန္ဒိုက္တစ္ဦးတည္းကိုသာ အသုံးျပဳသြားခဲ့ၿပီး လူငယ္နဲ႔ အရန္ကစားသမားေတြရဲ႕ လိုအပ္ခ်ိန္မွာ အဆင္သင့္ရွိေနတဲ့ အင္အားကို ျပသၿပီး ခုနစ္ဂိုး-ႏွစ္ဂိုးနဲ႔ အႏုိင္ရယူႏုိင္ခဲ့သလို ကာရာေဘာင္းဖလားရဲ႕ စတုတၳ အဆင့္ကို တက္ေရာက္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၈ မိနစ္မွာကတည္းက ေတာင္ပံကစားသမား ရွာက်ီရီရဲ႕ ဖရီးကစ္နဲ႔ လီဗာပူးလ္တုိ႔ စတင္ဦးေဆာင္ႏုိင္ခဲ့ၿပီး လင္ကြန္းစီးတီး ဂိုးဧရိယာေရွ႕ ညာျခမ္းမွာ ရရွိတဲ့ တည္ကန္ေဘာကို ဆြစ္ဇာလန္သားက တည္တည္ၿငိမ္ၿငိမ္နဲ႔ တိတိက်က် အဆုံးသတ္ႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

၁၇ မိနစ္မွာေတာ့ လင္ကြန္းေနာက္တန္းက လူေပးမွားတာကို ဟာဗီ အီးလီးေယာ့ျဖတ္ယူၿပီး ေအာ္ရီဂီဆီ ေပးတာ မလြတ္ဘဲ ျပန္ထြက္လာတဲ့ ေဘာလုံးကို မီနာမီႏိုက ဝိုက္ကန္ၿပီး အဆုံးသတ္ခဲ့လို႔ ဒုတိယဦးေဆာင္ဂိုးရခဲ့ၿပီး ဂ်ပန္သားအတြက္ေတာ့ ဒီရာသီက ပုိေကာင္းမြန္တဲ့ ရာသီတစ္ခုလည္း ျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ ညာေတာင္ပံက ရီးစ္ ဝီလီယမ္စ္ရဲ႕ ျဖတ္တင္ေဘာကို ေအာ္ရီဂီက ေခါင္းတုိက္ၿပီး ျပန္ခ်ေပးတာကို ကားတစ္ ဂ်ဳံးစ္က ေနာက္ခံလူေတြကို ေခါက္ၿပီး ကန္သြင္းႏုိင္ခဲ့လုိ႔ တတိယဂိုး ရခဲ့ၿပီး ငါးမိနစ္အၾကာမွာေတာ့ သူကပဲ ဒုတိယဂိုးကို ပထမဂိုးပုံစံအတုိင္း နည္းနည္းပုိေဝးတဲ့ ေနရာက ကန္သြင္းႏုိင္ခဲ့လုိ႔ ပထမပုိင္းကို လီဗာပူးလ္တုိ႔ ေလးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ ဗန္ဒိုက္ေနရာမွာ ဖာဘင္ညဳိ လူစားဝင္ကစားခဲ့ၿပီး ပြဲျပန္စၿပီး ၁၇ စကၠန္႔မွာေတာ့ ေနာက္တန္းအမွားကေန ရရွိတဲ့ ေဘာလုံးကို လူငယ္တုိက္စစ္မွဴး အီးလီးေယာ့ ကန္သြင္းရာမွာ ဂိုးသမားနဲ႔ ထိၿပီး ျပန္ထြက္လာတာကို မီနာမီႏိုက သူ႕ရဲ႕ ဒုတိယဂိုးအျဖစ္ သြင္းယူႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ တန္ျပန္တုိက္စစ္ကေန လင္ကြန္းစီးတီးတုိ႔ ေခ်ပဂိုးတစ္ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ဘယ္ျခမ္းကေန ေတာက္ေလွ်ာက္ ဆြဲဝင္လာခဲ့တဲ့ ေတာင္ပံကစားသမား အီဒြန္က နားလည္မွဳ မရဘဲျဖစ္ေနတဲ့ ဖာဘင္ညဳိနဲ႔ ဆီမီကတ္စ္တုိ႔ရဲ႕ၾကားကေန ကန္သြင္းယူႏုိင္ခဲ့ပါတယ္။

၆၅ မိနစ္မွာေတာ့ ဆားဘီးယားကြင္းလယ္လူ ဂ႐ူယစ္ခ်္က ဂိုးဧရိယာထိပ္ကေန ကန္သြင္းရာမွာ ဂိုးသမား ကာကြယ္ပုံ ညံ့ခဲ့လို႔ ဆ႒မေျမာက္ ဦးေဆာင္ဂိုးရခဲ့ၿပီး တစ္မိနစ္အၾကာမွာေတာ့ ေထာင့္ကန္ေဘာကေန လင္ကြန္းေနာက္ခံလူ လူးဝစ္ မြန္႔စမာက ေခါင္းတုိက္ၿပီး ေခ်ပသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ လီဗာပူးလ္ရဲ႕ တန္ျပန္တုိက္စစ္ကေန မီနာမီႏိုက ညာျခမ္းကို ေမွ်ာထုိးေပးလုိက္တဲ့ ေဘာလုံးကို ေအာ္ရီဂီက အနိမ့္ေဘာေတြမွာ တစ္ခ်ိန္လုံး ညံ့ေနခဲ့တဲ့ လင္ကြန္းဂိုးသမား ပါးလ္မားရဲ႕ အေဝးတုိင္ေျခကို လွမ္းကန္ၿပီး သတၱမဂိုးကို သြင္းယူၿပီး ခုနစ္ဂိုး-ႏွစ္ဂိုးနဲ႔ ပြဲသိမ္းေစမယ့္ဂိုးကို သြင္းယူႏုိင္ခဲ့ၿပီး ေနာက္တစ္ဆင့္ တက္ေရာက္ႏုိင္ခဲ့သလုိ အာဆင္နယ္အသင္းနဲ႔ အန္းဖီးလ္ဒ္မွာ ေတြ႕ဆုံရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL, TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ ကစားကွက်မှာ ပထမလူစာရင်းက နောက်ခံလူ ဗန်ဒိုက်တစ်ဦးတည်းကိုသာ အသုံးပြုသွားခဲ့ပြီး လူငယ်နဲ့ အရန်ကစားသမားတွေရဲ့ လိုအပ်ချိန်မှာ အဆင်သင့်ရှိနေတဲ့ အင်အားကို ပြသပြီး ခုနစ်ဂိုး-နှစ်ဂိုးနဲ့ အနိုင်ရယူနိုင်ခဲ့သလို ကာရာဘောင်းဖလားရဲ့ စတုတ္ထ အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

ပွဲချိန် ၈ မိနစ်မှာကတည်းက တောင်ပံကစားသမား ရှာကျီရီရဲ့ ဖရီးကစ်နဲ့ လီဗာပူးလ်တို့ စတင်ဦးဆောင်နိုင်ခဲ့ပြီး လင်ကွန်းစီးတီး ဂိုးဧရိယာရှေ့ ညာခြမ်းမှာ ရရှိတဲ့ တည်ကန်ဘောကို ဆွစ်ဇာလန်သားက တည်တည်ငြိမ်ငြိမ်နဲ့ တိတိကျကျ အဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

၁၇ မိနစ်မှာတော့ လင်ကွန်းနောက်တန်းက လူပေးမှားတာကို ဟာဗီ အီးလီးယော့ဖြတ်ယူပြီး အော်ရီဂီဆီ ပေးတာ မလွတ်ဘဲ ပြန်ထွက်လာတဲ့ ဘောလုံးကို မီနာမီနိုက ဝိုက်ကန်ပြီး အဆုံးသတ်ခဲ့လို့ ဒုတိယဦးဆောင်ဂိုးရခဲ့ပြီး ဂျပန်သားအတွက်တော့ ဒီရာသီက ပိုကောင်းမွန်တဲ့ ရာသီတစ်ခုလည်း ဖြစ်ခဲ့တာပါ။

ပွဲချိန် ၃၁ မိနစ်မှာတော့ ညာတောင်ပံက ရီးစ် ဝီလီယမ်စ်ရဲ့ ဖြတ်တင်ဘောကို အော်ရီဂီက ခေါင်းတိုက်ပြီး ပြန်ချပေးတာကို ကားတစ် ဂျုံးစ်က နောက်ခံလူတွေကို ခေါက်ပြီး ကန်သွင်းနိုင်ခဲ့လို့ တတိယဂိုး ရခဲ့ပြီး ငါးမိနစ်အကြာမှာတော့ သူကပဲ ဒုတိယဂိုးကို ပထမဂိုးပုံစံအတိုင်း နည်းနည်းပိုဝေးတဲ့ နေရာက ကန်သွင်းနိုင်ခဲ့လို့ ပထမပိုင်းကို လီဗာပူးလ်တို့ လေးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဗန်ဒိုက်နေရာမှာ ဖာဘင်ညို လူစားဝင်ကစားခဲ့ပြီး ပွဲပြန်စပြီး ၁၇ စက္ကန့်မှာတော့ နောက်တန်းအမှားကနေ ရရှိတဲ့ ဘောလုံးကို လူငယ်တိုက်စစ်မှူး အီးလီးယော့ ကန်သွင်းရာမှာ ဂိုးသမားနဲ့ ထိပြီး ပြန်ထွက်လာတာကို မီနာမီနိုက သူ့ရဲ့ ဒုတိယဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ တန်ပြန်တိုက်စစ်ကနေ လင်ကွန်းစီးတီးတို့ ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ တောက်လျှောက် ဆွဲဝင်လာခဲ့တဲ့ တောင်ပံကစားသမား အီဒွန်က နားလည်မှု မရဘဲဖြစ်နေတဲ့ ဖာဘင်ညိုနဲ့ ဆီမီကတ်စ်တို့ရဲ့ကြားကနေ ကန်သွင်းယူနိုင်ခဲ့ပါတယ်။

၆၅ မိနစ်မှာတော့ ဆားဘီးယားကွင်းလယ်လူ ဂရူယစ်ချ်က ဂိုးဧရိယာထိပ်ကနေ ကန်သွင်းရာမှာ ဂိုးသမား ကာကွယ်ပုံ ညံ့ခဲ့လို့ ဆဋ္ဌမမြောက် ဦးဆောင်ဂိုးရခဲ့ပြီး တစ်မိနစ်အကြာမှာတော့ ထောင့်ကန်ဘောကနေ လင်ကွန်းနောက်ခံလူ လူးဝစ် မွန့်စမာက ခေါင်းတိုက်ပြီး ချေပသွားခဲ့ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ လီဗာပူးလ်ရဲ့ တန်ပြန်တိုက်စစ်ကနေ မီနာမီနိုက ညာခြမ်းကို မျှောထိုးပေးလိုက်တဲ့ ဘောလုံးကို အော်ရီဂီက အနိမ့်ဘောတွေမှာ တစ်ချိန်လုံး ညံ့နေခဲ့တဲ့ လင်ကွန်းဂိုးသမား ပါးလ်မားရဲ့ အဝေးတိုင်ခြေကို လှမ်းကန်ပြီး သတ္တမဂိုးကို သွင်းယူပြီး ခုနစ်ဂိုး-နှစ်ဂိုးနဲ့ ပွဲသိမ်းစေမယ့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သလို အာဆင်နယ်အသင်းနဲ့ အန်းဖီးလ်ဒ်မှာ တွေ့ဆုံရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL, TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.