Match Report Premier League

ဒဏ္ရာေတြနဲ႔ အရန္အင္အားနည္းပါးေနလုိ႔ အိမ္ကြင္းမွာ ႐ုန္းကန္ခဲ့ရၿပီးမွ ႏုိင္ပြဲရတဲ့ စီးတီး

မန္ခ်က္စတာစီးတီးအသင္းဟာ ဒီေန႔မွာေတာ့ လူငယ္ကစားသမားအမ်ားစုကို အသုံးျပဳလာခဲ့ၿပီး အသင္းကို ထိန္းေက်ာင္းဖို႔အတြက္ကေတာ့ ေနာက္ခံလူ ခိုင္လ္ ေဝၚလ္ကာကို အသင္းေခါင္းေဆာင္အျဖစ္နဲ႔ ထည့္သြင္းခဲ့သလို အသင္းႀကီးရဲ႕ ႐ိုဒရီ၊ မာရက္ဇ္၊ ဖိုဒန္၊ ေတာရက္စ္တို႔ကို အသုံးျပဳခဲ့ၿပီး က်န္တဲ့အပုိင္းမွာေတာ့ အရန္ေတြနဲ႔ ပြဲထြက္ခဲ့ပါတယ္။

ကြင္းလယ္နဲ႔ တုိက္စစ္က လူငယ္ေတြရဲ႕ ေျခစြမ္းမဆုိးေပမယ့္ ဒီေန႔ပြဲမွာမွ ျပန္ကစားတဲ့ အဲရစ္ ဂါစီယာနဲ႔ လူငယ္ ဟားဝုဒ္-ဘဲလစၥတို႔ရဲ႕ ဖ်က္အားကေတာ့ သိပ္မေကာင္းခဲ့သလို ဘယ္ေနာက္ခံမွာ ကစားတဲ့ အက္ဒရီယန္ ဘာနာဘီကေတာ့ သိပ္ၿပီး အဆင့္မမီတဲ့ ပုံစံမ်ဳိးကိုပဲ ျပသခဲ့လို႔ ဘုန္းေမာက္ကို ရင္ဆုိင္ရာမွာ အသင္းအေနနဲ႔ ႐ုန္းကန္ေနခဲ့ရတာကိုလည္း ေတြ႕ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ ကြင္းလယ္ကေန ဖိုဒန္ ထိုးေပးလုိက္တဲ့ ေဘာလုံးကို စတုတ္စီးတီးကစားသမားေဟာင္း လက္ပစ္ေဘာရွင္ ႐ိုရီ ဒီလက္ပ္ရဲ႕ သားျဖစ္သူ တုိက္စစ္မွဴး လီယမ္ ဒီလက္ပ္က ေျပးထြက္လာတဲ့ ဂိုးသမားရဲ႕ အေပၚေထာင့္ကို ကန္သြင္းၿပီး လွလွပပ အဆုံးသတ္ႏုိင္ခဲ့လုိ႔ သူ႕ရဲ႕ မန္စီးတီးအတြက္ ပြဲဦးထြက္မွာပဲ ဂိုးသြင္းႏုိင္ခဲ့ၿပီး အဖြင့္ဂိုး ရရွိခဲ့ပါတယ္။

ဒီဦးေဆာင္မွဳကေတာ့ သိပ္ၾကာၾကာ မခံခဲ့ဘဲ ပြဲခ်ိန္ ၂၂ မိနစ္မွာ ဘုန္းေမာက္တုိက္စစ္မွဴး ဆာရစ္ခ်္က ဘာနာဘီနဲ႔ ဟားဝုဒ္-ဘဲလစၥတုိ႔ရဲ႕ အျခမ္းကေန ဆြဲယူၿပီး အနိမ့္ေဘာ အျပင္းကန္သြင္းခဲ့တာမွာ အေမရိကန္လူငယ္ဂိုးသမား ဇက္ခ္ စတက္ဖင္ မကာကြယ္ႏုိင္ခဲ့ဘဲ ေခ်ပဂိုးျပန္ေပးခဲ့ရတာပါ။

တုိက္စစ္က မာရက္ဇ္ကေတာ့ ကိုဗစ္ကူးစက္မွဳကေန ေပ်ာက္ကင္းခဲ့တဲ့ေနာက္ပုိင္း ပထမဆုံး ျပန္ကစားတဲ့ ပြဲမွာ ပုံစံေကာင္း သိပ္မရေသးဘဲ ေျခမွန္ျပန္ရဖို႔ ႀကဳိးစားေနရၿပီး ဘယ္ျခမ္းက ေတာရက္စ္ကေတာ့ ပိတ္ဆုိ႔ကစားခဲ့တဲ့ ဘုန္းေမာက္ခံစစ္ကို သိပ္ၿပီး မတုိးႏုိင္ခဲ့လုိ႔ ပထမပုိင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ မန္စီးတီးဘက္က ကြင္းလယ္လူ ဒြဳိင္းလ္အစား စတာလင္၊ ႐ိုဒရီအစား ဒီဘ႐ိုင္းနားတုိ႔ကို ထည့္သြင္းခဲ့ၿပီး တုိက္စစ္ျမႇင့္တင္လာခဲ့ရာမွာေတာ့ ပြဲခ်ိန္ ၇၅ မိနစ္မွာ ညာျခမ္းကေန အလယ္ဝင္ၿပီး ဝမ္းတူး႐ိုက္ကန္သြင္းတဲ့ မာရက္ဇ္ရဲ႕ တိုင္ထိထြက္လာခဲ့တဲ့ ေဘာလုံးကို ဖိုဒန္က ေျမေထာက္ပိတ္သြင္းၿပီး အႏုိင္ဂိုးကို ရယူႏုိင္ခဲ့ပါတယ္။

ဒီေန႔ပြဲကို အႏိုင္ရရွိခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လာမယ့္ စက္တင္ဘာလ ၃၀ ရက္ေန႔မွာ ကာရာေဘာင္းဖလားရဲ႕ စတုတၳအဆင့္ပြဲစဥ္အျဖစ္ ပရီးမီးယားလိဂ္ကလပ္ ဘန္ေလအသင္းကို အေဝးကြင္း တာ့ဖ္ေမာရ္မွာ သြားေရာက္ကစားရမွာလည္းျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL, MANCHESTER CITY TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းဟာ ဒီနေ့မှာတော့ လူငယ်ကစားသမားအများစုကို အသုံးပြုလာခဲ့ပြီး အသင်းကို ထိန်းကျောင်းဖို့အတွက်ကတော့ နောက်ခံလူ ခိုင်လ် ဝေါ်လ်ကာကို အသင်းခေါင်းဆောင်အဖြစ်နဲ့ ထည့်သွင်းခဲ့သလို အသင်းကြီးရဲ့ ရိုဒရီ၊ မာရက်ဇ်၊ ဖိုဒန်၊ တောရက်စ်တို့ကို အသုံးပြုခဲ့ပြီး ကျန်တဲ့အပိုင်းမှာတော့ အရန်တွေနဲ့ ပွဲထွက်ခဲ့ပါတယ်။

ကွင်းလယ်နဲ့ တိုက်စစ်က လူငယ်တွေရဲ့ ခြေစွမ်းမဆိုးပေမယ့် ဒီနေ့ပွဲမှာမှ ပြန်ကစားတဲ့ အဲရစ် ဂါစီယာနဲ့ လူငယ် ဟားဝုဒ်-ဘဲလစ္စတို့ရဲ့ ဖျက်အားကတော့ သိပ်မကောင်းခဲ့သလို ဘယ်နောက်ခံမှာ ကစားတဲ့ အက်ဒရီယန် ဘာနာဘီကတော့ သိပ်ပြီး အဆင့်မမီတဲ့ ပုံစံမျိုးကိုပဲ ပြသခဲ့လို့ ဘုန်းမောက်ကို ရင်ဆိုင်ရာမှာ အသင်းအနေနဲ့ ရုန်းကန်နေခဲ့ရတာကိုလည်း တွေ့ခဲ့ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာတော့ ကွင်းလယ်ကနေ ဖိုဒန် ထိုးပေးလိုက်တဲ့ ဘောလုံးကို စတုတ်စီးတီးကစားသမားဟောင်း လက်ပစ်ဘောရှင် ရိုရီ ဒီလက်ပ်ရဲ့ သားဖြစ်သူ တိုက်စစ်မှူး လီယမ် ဒီလက်ပ်က ပြေးထွက်လာတဲ့ ဂိုးသမားရဲ့ အပေါ်ထောင့်ကို ကန်သွင်းပြီး လှလှပပ အဆုံးသတ်နိုင်ခဲ့လို့ သူ့ရဲ့ မန်စီးတီးအတွက် ပွဲဦးထွက်မှာပဲ ဂိုးသွင်းနိုင်ခဲ့ပြီး အဖွင့်ဂိုး ရရှိခဲ့ပါတယ်။

ဒီဦးဆောင်မှုကတော့ သိပ်ကြာကြာ မခံခဲ့ဘဲ ပွဲချိန် ၂၂ မိနစ်မှာ ဘုန်းမောက်တိုက်စစ်မှူး ဆာရစ်ချ်က ဘာနာဘီနဲ့ ဟားဝုဒ်-ဘဲလစ္စတို့ရဲ့ အခြမ်းကနေ ဆွဲယူပြီး အနိမ့်ဘော အပြင်းကန်သွင်းခဲ့တာမှာ အမေရိကန်လူငယ်ဂိုးသမား ဇက်ခ် စတက်ဖင် မကာကွယ်နိုင်ခဲ့ဘဲ ချေပဂိုးပြန်ပေးခဲ့ရတာပါ။

တိုက်စစ်က မာရက်ဇ်ကတော့ ကိုဗစ်ကူးစက်မှုကနေ ပျောက်ကင်းခဲ့တဲ့နောက်ပိုင်း ပထမဆုံး ပြန်ကစားတဲ့ ပွဲမှာ ပုံစံကောင်း သိပ်မရသေးဘဲ ခြေမှန်ပြန်ရဖို့ ကြိုးစားနေရပြီး ဘယ်ခြမ်းက တောရက်စ်ကတော့ ပိတ်ဆို့ကစားခဲ့တဲ့ ဘုန်းမောက်ခံစစ်ကို သိပ်ပြီး မတိုးနိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်စီးတီးဘက်က ကွင်းလယ်လူ ဒွိုင်းလ်အစား စတာလင်၊ ရိုဒရီအစား ဒီဘရိုင်းနားတို့ကို ထည့်သွင်းခဲ့ပြီး တိုက်စစ်မြှင့်တင်လာခဲ့ရာမှာတော့ ပွဲချိန် ၇၅ မိနစ်မှာ ညာခြမ်းကနေ အလယ်ဝင်ပြီး ဝမ်းတူးရိုက်ကန်သွင်းတဲ့ မာရက်ဇ်ရဲ့ တိုင်ထိထွက်လာခဲ့တဲ့ ဘောလုံးကို ဖိုဒန်က မြေထောက်ပိတ်သွင်းပြီး အနိုင်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲကို အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ လာမယ့် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ကာရာဘောင်းဖလားရဲ့ စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ် ဘန်လေအသင်းကို အဝေးကွင်း တာ့ဖ်မောရ်မှာ သွားရောက်ကစားရမှာလည်းဖြစ်ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL, MANCHESTER CITY TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.