Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၂၄.၉.၂၀၂၀

– ဂိုးသမားသစ္ ေအဒူယာ မန္ဒီအေနနဲ႔ ခ်ဲလ္ဆီးအသင္းကို ေပါင္ ၂၂ သန္းတန္ ေျပာင္းေရႊ႕မွဳ အၿပီးသတ္ခဲ့အၿပီးမွာ လမ္းပတ္နဲ႔ နည္းျပ အဖြဲ႕ဝင္ေတြ အားလုံးနဲ႔ လက္တြဲလုပ္ေဆာင္ဖို႔ စိတ္လွဳပ္ရွားေနၿပီလို႔ ေျပာလုိက္ၿပီး လစ္လပ္ေနတဲ့ ေက်ာနံပါတ္ ၁၆ က သူ႕အတြက္ ျဖစ္လာဖို႔ ရွိေန။

– ခ်ဲလ္ဆီးအသင္းနဲ႔ ပထမဆုံး လူစားဝင္ပြဲထြက္ခြင့္မွာ တုိက္စစ္မွဴး ဂ်ီ႐ူးသြင္းယူဖို႔ ျဖတ္တင္ေဘာတစ္လုံးကို လွလွပပ ဖန္တီးေပးႏုိင္ခဲ့တဲ့ ေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္က ပထမဆုံးပြဲမွာ အသင္းကို အက်ဳိးျပဳႏုိင္ခဲ့လုိ႔ ဝမ္းေျမာက္ေၾကာင္းေျပာၾကား။

– အာဆင္နယ္အသင္းအေနနဲ႔ ခ်ဲလ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ညဳိကို ခ်ိတ္ဆက္ေနတယ္လုိ႔ သတင္းေတြ ထြက္လာခဲ့အၿပီးမွာ သူဟာ ေသာမတ္စ္ ပါေတး မဟုတ္လို႔ သူ႕အတြက္ ေငြမျဖဳန္းဖို႔နဲ႔ ရွိတဲ့သူနဲ႔ပဲ ေရွ႕ဆက္ဖို႔ ပရိသတ္ေတြ တိုက္တြန္း။

– ခ်ဲလ္ဆီးအသင္းကေန ထြက္ခြာဖို႔ သတင္းေတြ ေျပးေနခဲ့တဲ့ ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါကို ပီအက္စ္ဂ်ီအသင္းက တစ္ရာသီအငွားနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး လန္ဒန္ကလပ္ ဝက္စ္ဟမ္းအသင္းကလည္း ခ်ိတ္ဆက္စုံစမ္းေန။

– လမ္းပတ္ရဲ႕ စိတ္ႀကဳိက္ကစားသမားတစ္ဦးမဟုတ္တဲ့ ေဂ်ာ္ဂ်င္ညဳိကို ကမ္းလွမ္းမွဳ ရခဲ့ရင္ ေရာင္းထုတ္သြားဖို႔ ခ်ဲလ္ဆီးျပင္ဆင္ေနၿပီး ဒက္ကလန္ ႐ိုက္စ္ကို ေခၚယူရာမွာ အသုံးျပဳႏိုင္ဖို႔ မာရီနာ ဂရာေနာ့ဗ္စကားယာ စဥ္းစားေန။

– ခ်ဲလ္ဆီးကြင္းလယ္လူ တီမူး ဘာကာယုိကို,ကို ေခၚယူဖို႔အတြက္ ပီအက္စ္ဂ်ီအသင္းရဲ႕ နည္းစနစ္ပုိင္းဆုိင္ရာ တာဝန္ရွိသူေတြၾကားထဲမွာ သေဘာထားကြဲလြဲေနၾကၿပီး အမ်ားစုက ေခၚယူလိုေနတဲ့ အားကစားဒါ႐ိုက္တာ လီယိုနာဒိုရဲ႕ ဆႏၵကုိ ဆန္႔က်င္ခဲ့ၾက။

– မန္ခ်က္စတာယူႏုိက္တက္ေနာက္ခံလူ ခရစၥ စေမာလင္းအတြက္ ေဈးညႇိဖို႔ ခက္ခဲေနတဲ့ ႐ိုးမားအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ကစားသမားေဟာင္း ႐ူဒီဂါကို ခ်ဲလ္ဆိီးကေန ျပန္လည္ေခၚယူဖို႔ ေစာင့္ၾကည့္ေနၿပီး အငွားနဲ႔ ႀကဳိးစားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဂိုးသမားသစ် အေဒူယာ မန်ဒီအနေနဲ့ ချဲလ်ဆီးအသင်းကို ပေါင် ၂၂ သန်းတန် ပြောင်းရွှေ့မှု အပြီးသတ်ခဲ့အပြီးမှာ လမ်းပတ်နဲ့ နည်းပြ အဖွဲ့ဝင်တွေ အားလုံးနဲ့ လက်တွဲလုပ်ဆောင်ဖို့ စိတ်လှုပ်ရှားနေပြီလို့ ပြောလိုက်ပြီး လစ်လပ်နေတဲ့ ကျောနံပါတ် ၁၆ က သူ့အတွက် ဖြစ်လာဖို့ ရှိနေ။

– ချဲလ်ဆီးအသင်းနဲ့ ပထမဆုံး လူစားဝင်ပွဲထွက်ခွင့်မှာ တိုက်စစ်မှူး ဂျီရူးသွင်းယူဖို့ ဖြတ်တင်ဘောတစ်လုံးကို လှလှပပ ဖန်တီးပေးနိုင်ခဲ့တဲ့ နောက်ခံလူ ဘန် ချေးလ်ဝဲလ်က ပထမဆုံးပွဲမှာ အသင်းကို အကျိုးပြုနိုင်ခဲ့လို့ ဝမ်းမြောက်ကြောင်းပြောကြား။

– အာဆင်နယ်အသင်းအနေနဲ့ ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ညိုကို ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်လာခဲ့အပြီးမှာ သူဟာ သောမတ်စ် ပါတေး မဟုတ်လို့ သူ့အတွက် ငွေမဖြုန်းဖို့နဲ့ ရှိတဲ့သူနဲ့ပဲ ရှေ့ဆက်ဖို့ ပရိသတ်တွေ တိုက်တွန်း။

– ချဲလ်ဆီးအသင်းကနေ ထွက်ခွာဖို့ သတင်းတွေ ပြေးနေခဲ့တဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါကို ပီအက်စ်ဂျီအသင်းက တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လန်ဒန်ကလပ် ဝက်စ်ဟမ်းအသင်းကလည်း ချိတ်ဆက်စုံစမ်းနေ။

– လမ်းပတ်ရဲ့ စိတ်ကြိုက်ကစားသမားတစ်ဦးမဟုတ်တဲ့ ဂျော်ဂျင်ညိုကို ကမ်းလှမ်းမှု ရခဲ့ရင် ရောင်းထုတ်သွားဖို့ ချဲလ်ဆီးပြင်ဆင်နေပြီး ဒက်ကလန် ရိုက်စ်ကို ခေါ်ယူရာမှာ အသုံးပြုနိုင်ဖို့ မာရီနာ ဂရာနော့ဗ်စကားယာ စဉ်းစားနေ။

– ချဲလ်ဆီးကွင်းလယ်လူ တီမူး ဘာကာယိုကို,ကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအသင်းရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေကြားထဲမှာ သဘောထားကွဲလွဲနေကြပြီး အများစုက ခေါ်ယူလိုနေတဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုရဲ့ ဆန္ဒကို ဆန့်ကျင်ခဲ့ကြ။

– မန်ချက်စတာယူနိုက်တက်နောက်ခံလူ ခရစ္စ စမောလင်းအတွက် ဈေးညှိဖို့ ခက်ခဲနေတဲ့ ရိုးမားအသင်းအနေနဲ့ သူတို့ရဲ့ ကစားသမားဟောင်း ရူဒီဂါကို ချဲလ်ဆီးကနေ ပြန်လည်ခေါ်ယူဖို့ စောင့်ကြည့်နေပြီး အငှားနဲ့ ကြိုးစားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.