Match Report Premier League

အဆင့်မရှိဘဲ ရန်လိုတဲ့ ဒိုင်ကို ကျော်လွှားပြီး စိန့်ကို အနိုင်ယူခဲ့တဲ့ ဝုလ်ဗ်စ်

နည်းပြသစ် လိုပီတီဂီနဲ့အတူ ပုံစံကောင်း ပြန်ရနေတဲ့ ဝုလ်ဗာဟမ့်ပ်တန်တို့အနေနဲ့ ဒီနေ့မှာလည်း အဝေးကွင်းမှာ သွားရောက်ကစားခဲ့ရစဉ်မှာ အိမ်ရှင် ဆောက်သမ်တန်ကို အဆင့်မရှိဘဲ ရန်လိုတဲ့ ဩစတေးလျသား ဒိုင်လူကြီး ဂျရတ် ဂျီးလက်ရဲ့ ထုတ်ပယ်မှုကြောင့် ဆယ်ယောက်ကျန် လူစာရင်းနဲ့ တစ်နာရီကျော်လောက် ယှဉ်ပြိုင်ကစားပြီး နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ဒီနေ့မှာ ဝုလ်ဗ်စ်တို့အနေနဲ့ ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ ဒေါ်ဆန်၊ ကေးလ်မန်း၊ ဆီမီဒိုနဲ့ အိုက်နူရီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရူဘင် နာဗက်စ်၊ လီမီနာ၊ ဂျာအို မော်တင်ညို၊ မက်သီယူးစ် နူးနက်စ်နဲ့ ဆာရားဘီးယားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မက်သီယူးစ် ကွန်ညာ တစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။

အဆင့် ၂၀ က ကြမ်းကပ် အိမ်ရှင် ဆောက်သမ်တန်တို့ကတော့ ဂိုးသမား ဘာဇူးနူး၊ ခံစစ်မှာ ဘက်ဒ်နာရက်ခ်၊ ဆာလီဆူး၊ မိတ်လန်း-နိုင်းလ်စ်၊ ဘရီးနဲ့ ပေရိုတို့ကို ငါးယောက်တန်း အသုံးပြုလာခဲ့သလို ကွင်းလယ်မှာတော့ လာဗီယာ၊ ဝါ့ဒ်-ပရောက်စ်နဲ့ အယ်လ်ကာရက်ဇ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အိုနူအာချူနဲ့ ဆူလေမာနာတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂ မိနစ်မှာ ညာခြမ်းက ဖြတ်တင်ဘောကနေ လွတ်ထွက်လာတာကို ပေရို ကန်ရာမှာ ဒေါ်ဆန်က ဂိုးစည်းရှေ့က ရှင်းထုတ်သွားခဲ့ပြီး ဝုလ်ဗ်စ်တို့အနေနဲ့ အိမ်ကွင်းမှာ ဘာပညာမှ မပါဘဲ ကြံ့ခိုင်မှုသုံးကစားနေတဲ့ ဆောက်သမ်တန်တို့ကို ထိန်းချုပ်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့တော့ ကစားနိုင်ခဲ့တာပါ။

ပွဲချိန် ၂၄ မိနစ်မှာ ဆောက်သမ်တန်တို့ အဖွင့်ဂိုး ရယူသွားခဲ့ကြပြီး ဖရီးကစ်ကနေ ဝါ့ဒ်-ပရောက်စ် ကန်တင်ပေးရာမှာ ဧရိယာထဲကနေ ဝုလ်ဗ်စ်တို့ ရှင်းထုတ်ရာက ပြန်ကျလာတဲ့ ဘောလုံးကို အယ်လ်ကာရက်ဇ်က နှစ်ဆင့်ကန်သွင်းခဲ့ရာမှာ တိုင်ထိပြီး ဝင်သွားခဲ့လို့ ဂိုးသမား ဂျိုဆေးဆား ဘာမှ မတတ်နိုင်ခဲ့ဘဲ ခွင့်ပြုလိုက်ရတာဖြစ်ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာတော့ ဒိုင်လူကြီး ဂျီးလက်က သူ့ဆီကို စောဒကတက်ဖို့ ပြေးလာခဲ့တဲ့ လီမီနာရဲ့ ပုံစံက ရန်လိုတယ်လို့ စွပ်စွဲပြီး ပထမတစ်ဝါ ထိထားတဲ့ ဝုလ်ဗ်စ်ကွင်းလယ်လူကို ဒုတိယ အဝါကတ်နဲ့ မဆင်မခြင် ထုတ်ပယ်ခဲ့သလို ဂါဘွန်သားအနေနဲ့ ဆောက်သမ်တန်ကွင်းလယ်လူတွေရဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားတာကို ခံခဲ့ရပေမယ့် လျစ်လျူရှုခံခဲ့ရချိန်မှာ ဒီလိုမျိုး ကျက်သရေမရှိတဲ့ ဉာဏ်နည်းမှုက ဖြစ်ပွားခဲ့လို့ ပရီးမီးယားလိဂ်အတွက် အရုပ်ဆိုး အကျည်းတန်ခဲ့ရတာပါ။

ပထမပိုင်းမှာ ဆောက်သမ်တန်တို့ တစ်ယောက်အသာနဲ့ ဖိကစားခဲ့ပေမယ့် ဝုလ်ဗ်စ်တို့ရဲ့ အစကတည်းက ကွင်းလယ်လူ ၅ ယောက်အထိ ထည့်သွင်းထားတဲ့ ကစားကွက်နဲ့ ခံစစ်ကို မကျော်နိုင်ခဲ့လို့ ပထမပိုင်းက တစ်ဂိုး-ဂိုးမရှိနဲ့ဖြစ်နေအပြီးမှာ ဧည့်သည်နည်းပြကတော့ ဒုတိယပိုင်းအစမှာ ဂျာအို မော်တင်ညိုနဲ့ အိုက်နူရီတို့အစား အဒါမာ ထရာအိုရေးနဲ့ ဟူဂို ဘွေနိုတို့ကို ထည့်သွင်းလာခဲ့ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာ နောက်ခံလူ ကေးလ်မန်းရဲ့ မထိတထိ ပြန်ပေးတဲ့ ဘောလုံးကို ဆူလေမာနာက ဖြတ်ယူပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် သူ့ထက် မြန်တဲ့ ဂိုးသမား ဂျိုဆေးဆားက ဒိုက်ပစ်ပြီး ခြေထဲကနေ ဘောလုံးကို ထိုးထုတ်သွားနိုင်ခဲ့လို့ ဝုလ်ဗ်စ်တို့ ပြန်လာနိုင်ဖို့ အခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်ခဲ့သလို ကွန်ညာနဲ့ နူးနက်စ်တို့အစား ဒီယေဂို ကော်စတာနဲ့ ဂျာအို ဂိုမက်စ်တို့ကို ထပ်လဲခဲ့တာပါ။

ပွဲချိန် ၇၂ မိနစ်မှာတော့ ဝုလ်ဗ်စ်တို့ ချေပဂိုးသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက နောက်ခံလူ ဘွေနို ထိုးဖောက်လာပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ ထရာအိုရေးက ပိတ်သွင်းဖို့ ကြိုးစားခဲ့တဲ့ ဘောလုံးက ရှုပ်ယှက်ခတ်ပြီး ပြန်ထွက်လာတုန်းမှာ ဒူးချောင်နေပုံရတဲ့ စိန့်နောက်ခံလူ ဘက်ဒ်နာရက်ခ်က ကယိုင်ကတိုင်နဲ့ လဲမလို ပြိုမလို အနေအထားကနေ ဘောလုံးကို ဂိုးထဲ တိုက်သွင်းလိုက်လို့ တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

ဒီနောက်မှာတော့ ဆောက်သမ်တန်တို့ဘက်က ပေရို၊ အိုနူအာချူ၊ အယ်လ်ကာရက်ဇ်နဲ့ ဘရီးတို့အစား လီယန်ကို၊ ရှေအက်ဒမ်စ်၊ အရီဘိုနဲ့ အီဒိုဇီတို့ကို လူစားလဲသွားခဲ့ပြီး ဝုလ်ဗ်စ်တို့ကတော့ အဝါထိထားတဲ့ နောက်ခံလူ ဆီမီဒိုအား ဂျွန်နီ အော့တိုကို လဲပြီး ထိန်းကစားဖို့ ပြင်ဆင်လာခဲ့တာပါ။

ပွဲချိန် ၈၇ မိနစ်မှာတော့ ဝုလ်ဗ်စ်တို့ပဲ တစ်ယောက်လျော့ အနေအထားကနေ အနိုင်ဂိုး ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဆောက်သမ်တန်ကွင်းလယ်မှာ ဆူလေမာနာနဲ့ မိတ်လန်း-နိုင်းလ်စ်တို့ နှစ်ယောက် ဝင်ဆောင့်မိပြီး လွတ်ထွက်လာတဲ့‌ ဘောလုံးကို ဂျာအို ဂိုမက်စ်က ဧရိယာအစပ်က ကန်သွင်းရာမှာ ဘက်ဒ်နာရက်ခ် ပိတ်ဆို့နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတာကို နောက်တစ်ကြိမ် ကန်ရာမှာတော့ ဂိုးပိုက်နဲ့ မိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဝုလ်ဗာဟမ့်ပ်တန်တို့က ဆောက်သမ်တန်တို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး သူတို့အပေါ် ရန်လိုခဲ့တဲ့ ဒိုင်လူကြီးကိုပါ နိုင်ပွဲနဲ့အတူ လီမီနာကိုယ်စား လှောင်ပြောင်သွားနိုင်ခဲ့ကြသလို ဝံပုလွေအနေနဲ့ တန်းဆင်းဇုန်က ရုန်းထွက်ပြီး အဆင့် ၁၅ အထိ ရောက်လာခဲ့ချိန်မှာ ကြမ်းကပ်စိန့်တို့ကတော့ ဒီရာသီ ၁၅ ပွဲမြောက် ရှုံးပွဲနဲ့အတူ ၁၅ မှတ်သာ ရရှိသေးပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နည္းျပသစ္ လိုပီတီဂီနဲ႔အတူ ပုံစံေကာင္း ျပန္ရေနတဲ့ ဝုလ္ဗာဟမ့္ပ္တန္တို႔အေနနဲ႔ ဒီေန႔မွာလည္း အေဝးကြင္းမွာ သြားေရာက္ကစားခဲ့ရစဥ္မွာ အိမ္ရွင္ ေဆာက္သမ္တန္ကို အဆင့္မရွိဘဲ ရန္လိုတဲ့ ဩစေတးလ်သား ဒိုင္လူႀကီး ဂ်ရတ္ ဂ်ီးလက္ရဲ႕ ထုတ္ပယ္မႈေၾကာင့္ ဆယ္ေယာက္က်န္ လူစာရင္းနဲ႔ တစ္နာရီေက်ာ္ေလာက္ ယွဥ္ၿပိဳင္ကစားၿပီး ႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။

ဒီေန႔မွာ ဝုလ္ဗ္စ္တို႔အေနနဲ႔ ဂိုးသမား ဂ်ိဳေဆးဆား၊ ခံစစ္မွာ ေဒၚဆန္၊ ေကးလ္မန္း၊ ဆီမီဒိုနဲ႔ အိုက္ႏူရီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ူဘင္ နာဗက္စ္၊ လီမီနာ၊ ဂ်ာအို ေမာ္တင္ညိဳ၊ မက္သီယူးစ္ ႏူးနက္စ္နဲ႔ ဆာရားဘီးယားတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ မက္သီယူးစ္ ကြန္ညာ တစ္ဦးတည္းကို အေထာင္ထားလာခဲ့တာပါ။

အဆင့္ ၂၀ က ၾကမ္းကပ္ အိမ္ရွင္ ေဆာက္သမ္တန္တို႔ကေတာ့ ဂိုးသမား ဘာဇူးႏူး၊ ခံစစ္မွာ ဘက္ဒ္နာရက္ခ္၊ ဆာလီဆူး၊ မိတ္လန္း-ႏိုင္းလ္စ္၊ ဘရီးနဲ႔ ေပ႐ိုတို႔ကို ငါးေယာက္တန္း အသုံးျပဳလာခဲ့သလို ကြင္းလယ္မွာေတာ့ လာဗီယာ၊ ဝါ့ဒ္-ပေရာက္စ္နဲ႔ အယ္လ္ကာရက္ဇ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ အိုႏူအာခ်ဴနဲ႔ ဆူေလမာနာတို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂ မိနစ္မွာ ညာျခမ္းက ျဖတ္တင္ေဘာကေန လြတ္ထြက္လာတာကို ေပ႐ို ကန္ရာမွာ ေဒၚဆန္က ဂိုးစည္းေရွ႕က ရွင္းထုတ္သြားခဲ့ၿပီး ဝုလ္ဗ္စ္တို႔အေနနဲ႔ အိမ္ကြင္းမွာ ဘာပညာမွ မပါဘဲ ႀကံ့ခိုင္မႈသုံးကစားေနတဲ့ ေဆာက္သမ္တန္တို႔ကို ထိန္းခ်ဳပ္ဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ေတာ့ ကစားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၂၄ မိနစ္မွာ ေဆာက္သမ္တန္တို႔ အဖြင့္ဂိုး ရယူသြားခဲ့ၾကၿပီး ဖရီးကစ္ကေန ဝါ့ဒ္-ပေရာက္စ္ ကန္တင္ေပးရာမွာ ဧရိယာထဲကေန ဝုလ္ဗ္စ္တို႔ ရွင္းထုတ္ရာက ျပန္က်လာတဲ့ ေဘာလုံးကို အယ္လ္ကာရက္ဇ္က ႏွစ္ဆင့္ကန္သြင္းခဲ့ရာမွာ တိုင္ထိၿပီး ဝင္သြားခဲ့လို႔ ဂိုးသမား ဂ်ိဳေဆးဆား ဘာမွ မတတ္ႏိုင္ခဲ့ဘဲ ခြင့္ျပဳလိုက္ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ဒိုင္လူႀကီး ဂ်ီးလက္က သူ႔ဆီကို ေစာဒကတက္ဖို႔ ေျပးလာခဲ့တဲ့ လီမီနာရဲ႕ ပုံစံက ရန္လိုတယ္လို႔ စြပ္စြဲၿပီး ပထမတစ္ဝါ ထိထားတဲ့ ဝုလ္ဗ္စ္ကြင္းလယ္လူကို ဒုတိယ အဝါကတ္နဲ႔ မဆင္မျခင္ ထုတ္ပယ္ခဲ့သလို ဂါဘြန္သားအေနနဲ႔ ေဆာက္သမ္တန္ကြင္းလယ္လူေတြရဲ႕ ၾကမ္းၾကမ္းတမ္းတမ္း ကစားတာကို ခံခဲ့ရေပမယ့္ လ်စ္လ်ဴရႈခံခဲ့ရခ်ိန္မွာ ဒီလိုမ်ိဳး က်က္သေရမရွိတဲ့ ဉာဏ္နည္းမႈက ျဖစ္ပြားခဲ့လို႔ ပရီးမီးယားလိဂ္အတြက္ အ႐ုပ္ဆိုး အက်ည္းတန္ခဲ့ရတာပါ။

ပထမပိုင္းမွာ ေဆာက္သမ္တန္တို႔ တစ္ေယာက္အသာနဲ႔ ဖိကစားခဲ့ေပမယ့္ ဝုလ္ဗ္စ္တို႔ရဲ႕ အစကတည္းက ကြင္းလယ္လူ ၅ ေယာက္အထိ ထည့္သြင္းထားတဲ့ ကစားကြက္နဲ႔ ခံစစ္ကို မေက်ာ္ႏိုင္ခဲ့လို႔ ပထမပိုင္းက တစ္ဂိုး-ဂိုးမရွိနဲ႔ျဖစ္ေနအၿပီးမွာ ဧည့္သည္နည္းျပကေတာ့ ဒုတိယပိုင္းအစမွာ ဂ်ာအို ေမာ္တင္ညိဳနဲ႔ အိုက္ႏူရီတို႔အစား အဒါမာ ထရာအိုေရးနဲ႔ ဟူဂို ေဘြႏိုတို႔ကို ထည့္သြင္းလာခဲ့ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာ ေနာက္ခံလူ ေကးလ္မန္းရဲ႕ မထိတထိ ျပန္ေပးတဲ့ ေဘာလုံးကို ဆူေလမာနာက ျဖတ္ယူၿပီး ဂိုးသြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ သူ႔ထက္ ျမန္တဲ့ ဂိုးသမား ဂ်ိဳေဆးဆားက ဒိုက္ပစ္ၿပီး ေျခထဲကေန ေဘာလုံးကို ထိုးထုတ္သြားႏိုင္ခဲ့လို႔ ဝုလ္ဗ္စ္တို႔ ျပန္လာႏိုင္ဖို႔ အခြင့္အေရးကို ဆုပ္ကိုင္ထားႏိုင္ခဲ့သလို ကြန္ညာနဲ႔ ႏူးနက္စ္တို႔အစား ဒီေယဂို ေကာ္စတာနဲ႔ ဂ်ာအို ဂိုမက္စ္တို႔ကို ထပ္လဲခဲ့တာပါ။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ဝုလ္ဗ္စ္တို႔ ေခ်ပဂိုးသြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းက ေနာက္ခံလူ ေဘြႏို ထိုးေဖာက္လာၿပီး ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ထရာအိုေရးက ပိတ္သြင္းဖို႔ ႀကိဳးစားခဲ့တဲ့ ေဘာလုံးက ရႈပ္ယွက္ခတ္ၿပီး ျပန္ထြက္လာတုန္းမွာ ဒူးေခ်ာင္ေနပုံရတဲ့ စိန႔္ေနာက္ခံလူ ဘက္ဒ္နာရက္ခ္က ကယိုင္ကတိုင္နဲ႔ လဲမလို ၿပိဳမလို အေနအထားကေန ေဘာလုံးကို ဂိုးထဲ တိုက္သြင္းလိုက္လို႔ တစ္ဂိုးစီသေရျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ ေဆာက္သမ္တန္တို႔ဘက္က ေပ႐ို၊ အိုႏူအာခ်ဴ၊ အယ္လ္ကာရက္ဇ္နဲ႔ ဘရီးတို႔အစား လီယန္ကို၊ ေရွအက္ဒမ္စ္၊ အရီဘိုနဲ႔ အီဒိုဇီတို႔ကို လူစားလဲသြားခဲ့ၿပီး ဝုလ္ဗ္စ္တို႔ကေတာ့ အဝါထိထားတဲ့ ေနာက္ခံလူ ဆီမီဒိုအား ဂြၽန္နီ ေအာ့တိုကို လဲၿပီး ထိန္းကစားဖို႔ ျပင္ဆင္လာခဲ့တာပါ။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ဝုလ္ဗ္စ္တို႔ပဲ တစ္ေယာက္ေလ်ာ့ အေနအထားကေန အႏိုင္ဂိုး ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေဆာက္သမ္တန္ကြင္းလယ္မွာ ဆူေလမာနာနဲ႔ မိတ္လန္း-ႏိုင္းလ္စ္တို႔ ႏွစ္ေယာက္ ဝင္ေဆာင့္မိၿပီး လြတ္ထြက္လာတဲ့‌ ေဘာလုံးကို ဂ်ာအို ဂိုမက္စ္က ဧရိယာအစပ္က ကန္သြင္းရာမွာ ဘက္ဒ္နာရက္ခ္ ပိတ္ဆို႔ႏိုင္ခဲ့ေပမယ့္ ျပန္ထြက္လာတာကို ေနာက္တစ္ႀကိမ္ ကန္ရာမွာေတာ့ ဂိုးပိုက္နဲ႔ မိတ္ဆက္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဝုလ္ဗာဟမ့္ပ္တန္တို႔က ေဆာက္သမ္တန္တို႔ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး သူတို႔အေပၚ ရန္လိုခဲ့တဲ့ ဒိုင္လူႀကီးကိုပါ ႏိုင္ပြဲနဲ႔အတူ လီမီနာကိုယ္စား ေလွာင္ေျပာင္သြားႏိုင္ခဲ့ၾကသလို ဝံပုေလြအေနနဲ႔ တန္းဆင္းဇုန္က ႐ုန္းထြက္ၿပီး အဆင့္ ၁၅ အထိ ေရာက္လာခဲ့ခ်ိန္မွာ ၾကမ္းကပ္စိန႔္တို႔ကေတာ့ ဒီရာသီ ၁၅ ပြဲေျမာက္ ရႈံးပြဲနဲ႔အတူ ၁၅ မွတ္သာ ရရွိေသးပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.