Match Report Premier League

လန်ဒန်က အဖြူနဲ့အနက်လို့ စနေနေ့မှာ ဖောရက်စ်ကို ထုပြီး ဂုဏ်ခံတဲ့ ဖူလ်ဟမ်

ဖူလ်ဟမ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လီနို၊ ခံစစ်မှာ တင်မ် ရင်းမ်၊ ဒီယော့ပ်၊ တီတီနဲ့ ရော်ဘင်ဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဟာရစ်ဆန် ရိဒ်၊ ဂျာအို ပယ်လင်ညာ၊ အန်ဒရီးယာ့စ် ပါရဲရား၊ ဝီလီယန်နဲ့ ဒီကော်ဒိုဗာ-ရိဒ်တို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ မီထရိုဗစ်ချ်တစ်ဦးတည်းပဲ တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် နော့တင်ဟမ် ဖောရက်စ်တို့ကတော့ ဂိုးသမား ကီလော် နာဗက်စ်၊ ခံစစ်မှာ မက်ကင်နာ၊ ဘိုလီ၊ ရီနန် လိုဒီနဲ့ အူရီယေးတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ မန်ဂါလာ၊ ဖရွိုင်လာ၊ ဂစ်ဘ်စ်-ဝှိုက်၊ စကာပါနဲ့ ဂျွန်ဆန်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ခရစ္စဝုဒ်ကိုပဲ ပွဲထုတ်ခဲ့တာပါ။

ဒီနေ့ပွဲမှာ နှစ်သင်းစလုံး အမှားမခံဘဲ ကစားခဲ့ကြသလို အိမ်ရှင်တွေကတော့ ပိုမိုတိုက်စစ်ဆင်နိုင်ခဲ့ကြပြီး ဖောရက်စ်တို့ကတော့ အဝေးကွင်းမှာ တိုက်စစ်ကို ဖိကစားဖို့ထက် ကောင်တာကို ပိုအားပြုနေခဲ့လို့ ဖူလ်ဟမ်တို့အနေနဲ့ ဧရိယာအပြင်ကနေ ပိုမိုထိုးဖောက်ခဲ့ရပြီး ဂိုးပေါက်ခြိမ်းခြောက်ပေမယ့် တည့်တာကတော့ နည်းနေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာ ဖူလ်ဟမ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဖရီးကစ်ကနေ ဖောရက်စ်ဂိုးရှေ့ ဝဲနေတဲ့‌ ဘောလုံးကို ဒီကော်ဒိုဗာ-ရိဒ်က ဘယ်ခြမ်းကနေ ဖြတ်တင်ပေးရာမှာ ရီနန် လိုဒီ ခေါင်းတိုက်ရှင်းထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို ဝီလီယန်က ညာနဲ့ ကန်မလိုနဲ့ တစ်ချက်ခေါက်ပြီးမှ ဘယ်ခြေနဲ့ အဝေးတိုင်ဘက်ကို ကန်သွင်းခဲ့ရာမှာ ဂိုးသမား နာဗက်စ် ဘာမှ မတတ်နိုင်ခဲ့ဘဲ ဂိုးပေးလိုက်ရတာပါ။

ဒီနောက်မှာ ဝီလီယန် ဖန်တီးပေးတာကနေ မီထရိုဗစ်ချ် ကန်တဲ့ တစ်လုံးကို နာဗက်စ်က ပုတ်ထုတ်သွားနိုင်ခဲ့ပြီး ဒီကော်ဒိုဗာ-ရိဒ်ရဲ့ အဝေးက ကန်ချက်ကလည်း ဘားထိထွက်ခဲ့တာကြောင့် ဖူလ်ဟမ်တို့ ဂိုးထပ်မရခဲ့ဘဲ ဧည့်သည်တွေကတော့ အိမ်ရှင်တွေကို ပထမပိုင်းမှာ ယှဉ်မကစားနိုင်ခဲ့ဘဲ တစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၁ မိနစ်မှာ ဝီလီယန်ရဲ့ ဘယ်ခြမ်းကနေ အတွင်းကို ဆွဲဝင်ပြီး ကန်တဲ့ ကန်ချက်က ညာဘက်တိုင်ခြေနဲ့ ထိပြီး ထွက်ခဲ့ပြန်သလို ဖောရက်စ်တို့ကတော့ တိုက်စစ်မှာ သုံးလို့မရတဲ့ စကာပါနဲ့ ကွင်းလယ်အဖျက် မန်ဂါလာတို့အစား ဒင်းနစ်နဲ့ ရှယ်လ်ဗီတို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်တင်လာခဲ့တာပါ။

ပွဲချိန် ၅၈ မိနစ်မှာ ဖရီးကစ်ကနေ ပါရဲရားရဲ့ တိုက်ရိုက်ကန်သွင်းမှုက ဂိုးသမား နာဗက်စ် မကာကွယ်နိုင်ခဲ့ပေမယ့် ဘားထိထွက်ခဲ့ပြန်လို့ ဖောရက်စ်တို့ သက်သာခဲ့ရသလို သူတို့တွေဘက်က အထီးကျန်တိုက်စစ်မှူး ခရစ္စဝုဒ်အစား အွန်ဒရေ အာယူးကို ထည့်သွင်းလိုက်တော့ တိုက်စစ်ပိုင်းက အတွဲပြန်မိလာခဲ့ပြီး ဖူလ်ဟမ်ဂိုးသမား လီနိုကို ပြန်လည်ခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်။

ဖူလ်ဟမ်တို့ကတော့ ပွဲရလဒ်ကို ထိန်းသိမ်းနိုင်ဖို့နဲ့ အနိုင်သေချာစေဖို့ ဂိုးထပ်ရအောင် ကစားအားကျလာတဲ့ ဝီလီယန်နဲ့ ဒီနောက်ပိုင်း ပွဲတွေမှာ ဂိုးပေါက်ပျောက်နေတဲ့ မီထရိုဗစ်ချ်တို့အစား ဆော်လမွန်နဲ့ ကားလို့စ် ဗီနီးရှပ်စ်တို့ကို ထည့်သွင်းကစားခဲ့ပြီး ညာခြမ်းကနေလည်း ဖန်တီးမှုအတွက် ပိုစွမ်းမယ့် ဟာရီ ဝီလ်ဆန်ကို ဒီကော်ဒိုဗာ-ရိဒ်အစား အပြောင်းအလဲလုပ်လာခဲ့တာပါ။

ပွဲချိန် ၈၈ မိနစ်မှာတော့ ဖူလ်ဟမ်တို့ပဲ ရလဒ်ပြတ်သားစေမယ့် ဒုတိယ အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ တီတီ ချိုးပေးတာကို ပါရဲရားက ဧရိယာထဲကို ခင်းပေးခဲ့ရာမှာ ဗီနီးရှပ်စ်ရဲ့ နောက်ကနေ ဘောလုံးရသွားခဲ့တဲ့ ဆော်လမွန်က ဂိုးသမား နာဗက်စ်ရဲ့ ညာဘက်ကို အပိုင်ကန်သွင်းယူခဲ့လို့ အိမ်ရှင်တွေ အနိုင်သေချာသွားခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဖူလ်ဟမ်တို့ဘက်က ပါရဲရားနဲ့ တီတီတို့အစား လူကစ်ချ်နဲ့ ဆီးဒရစ်တို့ကို ထည့်ပြီး ခံစစ်ကစားသွားခဲ့သလို ပွဲချိန် အပြည့်မှာတော့ နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး အဆင့် ၇ နေရာကို ဆုပ်ကိုင်ထားနိုင်ခဲ့ကြသလို နော့တင်ဟမ်ဖောရက်စ်တို့ကတော့ ဒီပွဲအရှုံးကြောင့် အဆင့် ၁၄ ကို တစ်နေရာ နိမ့်ကျသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဖူလ္ဟမ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား လီႏို၊ ခံစစ္မွာ တင္မ္ ရင္းမ္၊ ဒီေယာ့ပ္၊ တီတီနဲ႔ ေရာ္ဘင္ဆန္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဟာရစ္ဆန္ ရိဒ္၊ ဂ်ာအို ပယ္လင္ညာ၊ အန္ဒရီးယာ့စ္ ပါရဲရား၊ ဝီလီယန္နဲ႔ ဒီေကာ္ဒိုဗာ-ရိဒ္တို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ မီထ႐ိုဗစ္ခ်္တစ္ဦးတည္းပဲ တင္ကစားလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ေနာ့တင္ဟမ္ ေဖာရက္စ္တို႔ကေတာ့ ဂိုးသမား ကီေလာ္ နာဗက္စ္၊ ခံစစ္မွာ မက္ကင္နာ၊ ဘိုလီ၊ ရီနန္ လိုဒီနဲ႔ အူရီေယးတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ မန္ဂါလာ၊ ဖ႐ြိဳင္လာ၊ ဂစ္ဘ္စ္-ဝႈိက္၊ စကာပါနဲ႔ ဂြၽန္ဆန္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ခရစၥဝုဒ္ကိုပဲ ပြဲထုတ္ခဲ့တာပါ။

ဒီေန႔ပြဲမွာ ႏွစ္သင္းစလုံး အမွားမခံဘဲ ကစားခဲ့ၾကသလို အိမ္ရွင္ေတြကေတာ့ ပိုမိုတိုက္စစ္ဆင္ႏိုင္ခဲ့ၾကၿပီး ေဖာရက္စ္တို႔ကေတာ့ အေဝးကြင္းမွာ တိုက္စစ္ကို ဖိကစားဖို႔ထက္ ေကာင္တာကို ပိုအားျပဳေနခဲ့လို႔ ဖူလ္ဟမ္တို႔အေနနဲ႔ ဧရိယာအျပင္ကေန ပိုမိုထိုးေဖာက္ခဲ့ရၿပီး ဂိုးေပါက္ၿခိမ္းေျခာက္ေပမယ့္ တည့္တာကေတာ့ နည္းေနခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာ ဖူလ္ဟမ္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဖရီးကစ္ကေန ေဖာရက္စ္ဂိုးေရွ႕ ဝဲေနတဲ့‌ ေဘာလုံးကို ဒီေကာ္ဒိုဗာ-ရိဒ္က ဘယ္ျခမ္းကေန ျဖတ္တင္ေပးရာမွာ ရီနန္ လိုဒီ ေခါင္းတိုက္ရွင္းထုတ္လို႔ ျပန္က်လာတဲ့ ေဘာလုံးကို ဝီလီယန္က ညာနဲ႔ ကန္မလိုနဲ႔ တစ္ခ်က္ေခါက္ၿပီးမွ ဘယ္ေျခနဲ႔ အေဝးတိုင္ဘက္ကို ကန္သြင္းခဲ့ရာမွာ ဂိုးသမား နာဗက္စ္ ဘာမွ မတတ္ႏိုင္ခဲ့ဘဲ ဂိုးေပးလိုက္ရတာပါ။

ဒီေနာက္မွာ ဝီလီယန္ ဖန္တီးေပးတာကေန မီထ႐ိုဗစ္ခ်္ ကန္တဲ့ တစ္လုံးကို နာဗက္စ္က ပုတ္ထုတ္သြားႏိုင္ခဲ့ၿပီး ဒီေကာ္ဒိုဗာ-ရိဒ္ရဲ႕ အေဝးက ကန္ခ်က္ကလည္း ဘားထိထြက္ခဲ့တာေၾကာင့္ ဖူလ္ဟမ္တို႔ ဂိုးထပ္မရခဲ့ဘဲ ဧည့္သည္ေတြကေတာ့ အိမ္ရွင္ေတြကို ပထမပိုင္းမွာ ယွဥ္မကစားႏိုင္ခဲ့ဘဲ တစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၅၁ မိနစ္မွာ ဝီလီယန္ရဲ႕ ဘယ္ျခမ္းကေန အတြင္းကို ဆြဲဝင္ၿပီး ကန္တဲ့ ကန္ခ်က္က ညာဘက္တိုင္ေျခနဲ႔ ထိၿပီး ထြက္ခဲ့ျပန္သလို ေဖာရက္စ္တို႔ကေတာ့ တိုက္စစ္မွာ သုံးလို႔မရတဲ့ စကာပါနဲ႔ ကြင္းလယ္အဖ်က္ မန္ဂါလာတို႔အစား ဒင္းနစ္နဲ႔ ရွယ္လ္ဗီတို႔ကို ထည့္သြင္းၿပီး တိုက္စစ္ျမႇင့္တင္လာခဲ့တာပါ။

ပြဲခ်ိန္ ၅၈ မိနစ္မွာ ဖရီးကစ္ကေန ပါရဲရားရဲ႕ တိုက္႐ိုက္ကန္သြင္းမႈက ဂိုးသမား နာဗက္စ္ မကာကြယ္ႏိုင္ခဲ့ေပမယ့္ ဘားထိထြက္ခဲ့ျပန္လို႔ ေဖာရက္စ္တို႔ သက္သာခဲ့ရသလို သူတို႔ေတြဘက္က အထီးက်န္တိုက္စစ္မႉး ခရစၥဝုဒ္အစား အြန္ဒေရ အာယူးကို ထည့္သြင္းလိုက္ေတာ့ တိုက္စစ္ပိုင္းက အတြဲျပန္မိလာခဲ့ၿပီး ဖူလ္ဟမ္ဂိုးသမား လီႏိုကို ျပန္လည္ၿခိမ္းေျခာက္လာႏိုင္ခဲ့ပါတယ္။

ဖူလ္ဟမ္တို႔ကေတာ့ ပြဲရလဒ္ကို ထိန္းသိမ္းႏိုင္ဖို႔နဲ႔ အႏိုင္ေသခ်ာေစဖို႔ ဂိုးထပ္ရေအာင္ ကစားအားက်လာတဲ့ ဝီလီယန္နဲ႔ ဒီေနာက္ပိုင္း ပြဲေတြမွာ ဂိုးေပါက္ေပ်ာက္ေနတဲ့ မီထ႐ိုဗစ္ခ်္တို႔အစား ေဆာ္လမြန္နဲ႔ ကားလို႔စ္ ဗီနီးရွပ္စ္တို႔ကို ထည့္သြင္းကစားခဲ့ၿပီး ညာျခမ္းကေနလည္း ဖန္တီးမႈအတြက္ ပိုစြမ္းမယ့္ ဟာရီ ဝီလ္ဆန္ကို ဒီေကာ္ဒိုဗာ-ရိဒ္အစား အေျပာင္းအလဲလုပ္လာခဲ့တာပါ။

ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ ဖူလ္ဟမ္တို႔ပဲ ရလဒ္ျပတ္သားေစမယ့္ ဒုတိယ အႏိုင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းတိုက္စစ္ကေန တီတီ ခ်ိဳးေပးတာကို ပါရဲရားက ဧရိယာထဲကို ခင္းေပးခဲ့ရာမွာ ဗီနီးရွပ္စ္ရဲ႕ ေနာက္ကေန ေဘာလုံးရသြားခဲ့တဲ့ ေဆာ္လမြန္က ဂိုးသမား နာဗက္စ္ရဲ႕ ညာဘက္ကို အပိုင္ကန္သြင္းယူခဲ့လို႔ အိမ္ရွင္ေတြ အႏိုင္ေသခ်ာသြားခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဖူလ္ဟမ္တို႔ဘက္က ပါရဲရားနဲ႔ တီတီတို႔အစား လူကစ္ခ်္နဲ႔ ဆီးဒရစ္တို႔ကို ထည့္ၿပီး ခံစစ္ကစားသြားခဲ့သလို ပြဲခ်ိန္ အျပည့္မွာေတာ့ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး အဆင့္ ၇ ေနရာကို ဆုပ္ကိုင္ထားႏိုင္ခဲ့ၾကသလို ေနာ့တင္ဟမ္ေဖာရက္စ္တို႔ကေတာ့ ဒီပြဲအရႈံးေၾကာင့္ အဆင့္ ၁၄ ကို တစ္ေနရာ နိမ့္က်သြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.