ဘန်ဝှိုက်ယုံ စုံလုံးကန်းတဲ့ အာဆင်နယ်
အင်္ဂလန်က ရန်ဖြစ်ပြီး ပြန်လာတဲ့ နောက်ခံလူကို မန်ယူနဲ့ပွဲမှာ ရက်ရှ်ဖို့က အနိုင်ကျင့်လွှတ်လိုက်လို့ ၄၅ မိနစ်နဲ့ တွင်းအောင်းသွားခဲ့ရသလို နောက်ပိုင်း ပွဲစဉ်တွေမှာလည်း သူ့ရဲ့ ခြေစွမ်းက ကလေးအဆင့်ကို ကျဆင်းသွားခဲ့တာပါ။ ဘန်ဝှိုက်အနေနဲ့ ရာသီအစမှ လျင်မြန်မှု၊ အကွက်မြင်မှု၊ မာကျောမှု တစ်ခုမှ မရှိတော့ဘဲ တိုက်စစ်ရော ခံစစ်မှာပါ စုတ်ပြတ်နေခဲ့သလို သူ့ကို ကူကစားပေးနေရတဲ့ ဆာလီဘာကပါ ရုန်းကန်ခဲ့ရပြီး တစ်ဖက်ကစားသမားတွေ လုပ်ချင်တိုင်းလုပ်နေခဲ့တဲ့ ဘယ်တောင်ပံက အာဆင်နယ်တို့ကို ပထမပိုင်းမှာတင် နှစ်ဂိုးလောက် ပေးခဲ့ရနိုင်တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း သူ့ကို လူစားလဲဖို့ အာဆင်နယ်ပရိသတ်တွေက မျှော်လင့်ခဲ့ကြပေမယ့် နည်းပြ အာတီတာကတော့ ပွဲအစအဆုံး သုံးစွဲသွားခဲ့ပြီး ပေးလိုက်ရတဲ့ ဂိုးက သူ့ညာခြမ်းမှာပဲ ဖြစ်နေသလို အဆုံးသတ်ရလဒ်ကတော့ နှစ်ပွဲဆက် နိုင်ပွဲပျောက်ခြင်းပဲ ဖြစ်ခဲ့ရတာပါ။
Nice Kick About Boys ပဲလား
အာဆင်နယ်ခံစစ်ကတော့ ဒီနေ့မှာ အိုင်ဗန် တိုနီအဖို့ အရူးလုပ်လို့ လွယ်လွန်းနေခဲ့ပါတယ်။ Jumping ကောင်းလွန်းလှတဲ့ အင်္ဂလန်သားဟာ ဒီနေ့မှာ ဂါဘရီယယ်လ်ကိုရော ဆာလီဘာကိုပါ ကောင်းကောင်း ဒုက္ခပေးသွားခဲ့ပြီး သူ့ကို ထိန်းဖို့ တာဝန်ကျတဲ့ ပြင်သစ်လူငယ်ကိုတော့ အနေအထား အမျိုးမျိုးကနေ ပြစ်ဒဏ်ဘောဖြစ်အောင်လုပ်ပြီး သူချည်း အသာစီး တောင်းစားသွားခဲ့တာပါ။ အမှန်တကယ် လေထဲမှာ ကြမ်းပေးမယ့် ဗန်ဒိုက်လို လူမျိုးနဲ့ တွေ့မှသာ ထိန်းချုပ်နိုင်မယ့် တိုနီကို လက်နဲ့ကာဖို့ ကြိုးစားတိုင်း ဖောင်းဖြစ်နေခဲ့ပြီး ဘရန့်ဖို့ဒ်တို့ရဲ့ သွင်းဂိုးကလည်း ဘာမှ မဟုတ်တဲ့ အနေအထားကနေ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပြီး ကလေးတွေ မကာကွယ်နိုင်လို့ ဂိုးဖြစ်သွားခဲ့ပါတယ်။
ဗျူဟာပြောင်းဖို့ အဆင်သင့် မရှိတဲ့ အာတီတာ
တစ်ခါလာလည်း လူစာရင်းကို မိတ္တူဆွဲယူလာတာလားလို့ ပရိသတ်တွေ မေးကုန်ကြပါပြီ။ ဒါပေမယ့် အာတီတာရဲ့ လူစာရင်းကတော့ မပြောင်းမလဲပါပဲ။ ဒီလိုနဲ့ ပြိုင်ဘက်တွေက အာဆင်နယ် ဘာလုပ်တတ်တယ်ဆိုတာ သိလာပြီး ဆာကာနဲ့ မာတီနယ်လီကို တောင်ပံမှာ နှစ်ယောက်ပိတ်ပြီး တစ်ယောက်က နောက်ကနေ ထောက်ထားလိုက်တော့ စမုံတုန်းကုန်ကြပါတယ်။ ဒီအချိန်မှာ သူတို့ကို Wing Back တွေနဲ့ ကူရမယ့်အစား Inverted Full Back တွေနဲ့ အလယ်က လိုက်ထောက်ပေးထားနေတာက ငိုအားထက် ရယ်အားသန်စေပြီး ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုတို့အစား တီယာနီနဲ့ တိုမီယာစုတို့ကို ထည့်ရမှာဖြစ်ပေမယ့် အာတီတာကတော့ မဟုတ်တဲ့ တိုက်ရိုက်လူစားလဲမှုတွေကိုပဲ လုပ်ပြီး နိုင်ပွဲနဲ့ မထိုက်တန်ခဲ့ဘူးလို့ပဲ ဆိုရမှာပါ။
ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ VAR
အာဆင်နယ်တို့ရဲ့ ချန်ပီယံ ခရီးလမ်းကို တားဆီးဖို့အတွက် ပရီးမီးယားလိဂ်နဲ့ VAR ရဲ့ လုပ်ကြံသွားမှုကလေးကတော့ လှပခဲ့သလို မြန်မာတွေရဲ့ ဥပမာအရတော့ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းသွားခဲ့တာလို့ပဲ ဆိုရမှာပါ။ VAR နဲ့ ဂိုးအတွက် အတည်ပြုဖို့ သမာသမတ်ကျကြောင်း သက်သေထူ ရုပ်ပြစားဖို့အတွက် ဘာမှ မဆိုင်တဲ့ ပင်းနော့ခ် လူကျွံသလားဆိုတာ ရှုထောင့်အမျိုးမျိုးက ပြုလုပ်ခဲ့ပေမယ့် တိုနီ ခေါင်းတိုက်မသွင်းခင် နောက်ဆုံးပေးပို့မှုကို ပြုလုပ်ခဲ့တဲ့ နော်ဂါ့ဒ် လူကျွံနေတာကိုတော့ အကွက်ရွှေ့ပြီး ဖျောက်ထားခဲ့တာက တကယ်တမ်းမှာတော့ ဥပမာ ပေးတဲ့ စကားပုံထက်တောင်မှ ပိုပြီး ပါးပါးနပ်နပ်နဲ့ ကောက်ကျစ်သွားခဲ့တာဖြစ်ပါတယ်။
မပျော်နိုင်ခဲ့တဲ့ ဂိုးသွင်းရှင် ထရော့ဆတ်
ထရော့ဆတ်အနေနဲ့ ဒီနေ့ပွဲရဲ့ ပွဲချိန် ၆၂ မိနစ်မှာ မာတီနယ်လီအစား လူစားဝင်လာခဲ့ပြီး ၄ မိနစ်အကြာမှာပဲ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့သလို သူ့သားမှာထားတဲ့အတိုင်း မှန်ပြောင်းပုံစံ မျက်စိရှေ့မှာလုပ်ပြီး အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ အာဆင်နယ်တို့ ဒီနေ့ပွဲမှာ ရခဲ့တဲ့ တစ်ခုတည်းသော Clear Cut Chance ဖြစ်ပြီး ဆာကာရဲ့ ဖန်တီးမှုကို လာဘ်မြင်မြင်နဲ့ အဆုံးသတ် ကန်သွင်းသွားနိုင်ခဲ့တာပါ။ သူ့ရဲ့ ဦးဆောင်ဂိုးကတော့ ၈ မိနစ်သာ ခံလိုက်ပြီး အာဆင်နယ်တို့အနေနဲ့ စိတ်ပျက်စရာ ခံစစ်အမှားကနေ ဂိုးပြန်ပေးခဲ့ရသလို VAR မှားခဲ့တယ်ဆိုပေမယ့် မမှားခင်ကတည်းက သူတို့တွေအနေနဲ့ ရှင်းထုတ်နိုင်သင့်ခဲ့ချိန်မှာ ဘယ်လ်ဂျီယမ်သားရဲ့ အပျော်လေး ပျောက်ဆုံးသွားခဲ့ရပါတယ်။
တစ်ခါပုတ် တစ်ခါပေး ရမ်းစ်ဒေးလ်
ဂိုးသမား ရမ်းစ်ဒေးလ်ရဲ့ လက်စွမ်းကတော့ ၂၀၂၃ ထဲမှာ တော်တော်လေး ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တွေမှာ လွဲချော်နေသလို ဘောလုံးဖမ်းယူမှုအပိုင်းတွေမှာလည်း ကျားကုတ်ကျားခဲ ကြိုးစားရမယ့်အစား “ဒီလောက်ဆိုရင်တော့ ငါလဲ မတတ်နိုင်ဘူး၊ တာဝန်ကျေနေပြီလေ”ဆိုတဲ့ ပုံစံနဲ့ တချို့ဂိုးတွေကို ပေးခဲ့ရပြီး အာဆင်နယ်ပရိသတ်တွေအနေနဲ့တော့ ဘာမဆိုင် ညာမဆိုင် အမုန်းဆုံးအသင်းက ဂိုးသမား ဒဟေးယားနဲ့တောင် နှိုင်းယှဉ်ပြီး ရင်နာနေကြမှာပါ။ မန်ယူနဲ့ ပွဲမှာလည်း ပုရွက်ဆိတ်သာသာ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်အတွက် ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကို ခေါင်းတိုက်သွင်းဖို့ လှလှပပ ပုတ်ချပေးခဲ့သလို ဒီနေ့မှာလည်း မျက်စိစုံမှိတ်ပြီး နော်ဂါ့ဒ်ရှေ့ကို ဘောလုံးမထိအောင် ထွက်ပုတ်ပုံက စိတ်ကုန်စရာဖြစ်ခဲ့ရပါတယ်။
အပြစ်ပေးသင့် ပေးရဲရမယ့် အာတီတာ
လီဗာပူးလ်နဲ့ အိမ်ကွင်းနိုင်ပွဲနောက်ပိုင်းမှာ အာဆင်နယ်တို့ ခြေစွမ်းကျဆင်းပြီး လိဒ်စ်ကို အသည်းအသန်ကန်၊ ဆောက်သမ်တန်ကို သရေကျသွားခဲ့တာ မှတ်မိကြဦးမှာပါ။ အဲ့ဒီတုန်းက တိုမီယာစုကို အံမဝင်တဲ့ ဘယ်နောက်ခံနေရာမှာ ညံ့မှန်းသိသိကြီးနဲ့ အသုံးပြုခဲ့လို့ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ညံ့နေတဲ့ ဘန်ဝှိုက်ကို သိသိကြီးနဲ့ သုံးပြီး ဂျပန်သားကို မထည့်ရဲတဲ့ နောက်ထပ် အမှားကို အာတီတာက ကျူးလွန်နေပြီး ပွဲထွက်နေရာက ထုတ်ပယ်ဖို့ကို လက်တွန့်နေခဲ့တာဖြစ်ပါတယ်။ ဒီအတိုင်းပဲ လက်စွမ်းကျဆင်းနေတဲ့ ရမ်းစ်ဒေးလ်ကို ခေါက်ထားပြီး မန်စီးတီးနဲ့ပွဲမှာ တည်တည်ငြိမ်ငြိမ် လက်စွမ်းပြခဲ့တဲ့ မတ်တာနာကို နေရာပေးဖို့လည်း နှောင့်နှေးဦးမယ်လို့ ထင်မြင်ရပြီး စွမ်းဆောင်ရည်အရ ပွဲထွက်ခွင့်ကို ပြောင်းလဲတတ်ဖို့ စပိန်သား နည်းပြတစ်ယောက် လိုအပ်ချက် ကြီးကြီးမားမား ရှိနေသေးတာပါ။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ဘန္ဝႈိက္ယုံ စုံလုံးကန္းတဲ့ အာဆင္နယ္
အဂၤလန္က ရန္ျဖစ္ၿပီး ျပန္လာတဲ့ ေနာက္ခံလူကို မန္ယူနဲ႔ပြဲမွာ ရက္ရွ္ဖို႔က အႏိုင္က်င့္လႊတ္လိုက္လို႔ ၄၅ မိနစ္နဲ႔ တြင္းေအာင္းသြားခဲ့ရသလို ေနာက္ပိုင္း ပြဲစဥ္ေတြမွာလည္း သူ႔ရဲ႕ ေျခစြမ္းက ကေလးအဆင့္ကို က်ဆင္းသြားခဲ့တာပါ။ ဘန္ဝႈိက္အေနနဲ႔ ရာသီအစမွ လ်င္ျမန္မႈ၊ အကြက္ျမင္မႈ၊ မာေက်ာမႈ တစ္ခုမွ မရွိေတာ့ဘဲ တိုက္စစ္ေရာ ခံစစ္မွာပါ စုတ္ျပတ္ေနခဲ့သလို သူ႔ကို ကူကစားေပးေနရတဲ့ ဆာလီဘာကပါ ႐ုန္းကန္ခဲ့ရၿပီး တစ္ဖက္ကစားသမားေတြ လုပ္ခ်င္တိုင္းလုပ္ေနခဲ့တဲ့ ဘယ္ေတာင္ပံက အာဆင္နယ္တို႔ကို ပထမပိုင္းမွာတင္ ႏွစ္ဂိုးေလာက္ ေပးခဲ့ရႏိုင္တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာလည္း သူ႔ကို လူစားလဲဖို႔ အာဆင္နယ္ပရိသတ္ေတြက ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ နည္းျပ အာတီတာကေတာ့ ပြဲအစအဆုံး သုံးစြဲသြားခဲ့ၿပီး ေပးလိုက္ရတဲ့ ဂိုးက သူ႔ညာျခမ္းမွာပဲ ျဖစ္ေနသလို အဆုံးသတ္ရလဒ္ကေတာ့ ႏွစ္ပြဲဆက္ ႏိုင္ပြဲေပ်ာက္ျခင္းပဲ ျဖစ္ခဲ့ရတာပါ။
Nice Kick About Boys ပဲလား
အာဆင္နယ္ခံစစ္ကေတာ့ ဒီေန႔မွာ အိုင္ဗန္ တိုနီအဖို႔ အ႐ူးလုပ္လို႔ လြယ္လြန္းေနခဲ့ပါတယ္။ Jumping ေကာင္းလြန္းလွတဲ့ အဂၤလန္သားဟာ ဒီေန႔မွာ ဂါဘရီယယ္လ္ကိုေရာ ဆာလီဘာကိုပါ ေကာင္းေကာင္း ဒုကၡေပးသြားခဲ့ၿပီး သူ႔ကို ထိန္းဖို႔ တာဝန္က်တဲ့ ျပင္သစ္လူငယ္ကိုေတာ့ အေနအထား အမ်ိဳးမ်ိဳးကေန ျပစ္ဒဏ္ေဘာျဖစ္ေအာင္လုပ္ၿပီး သူခ်ည္း အသာစီး ေတာင္းစားသြားခဲ့တာပါ။ အမွန္တကယ္ ေလထဲမွာ ၾကမ္းေပးမယ့္ ဗန္ဒိုက္လို လူမ်ိဳးနဲ႔ ေတြ႕မွသာ ထိန္းခ်ဳပ္ႏိုင္မယ့္ တိုနီကို လက္နဲ႔ကာဖို႔ ႀကိဳးစားတိုင္း ေဖာင္းျဖစ္ေနခဲ့ၿပီး ဘရန႔္ဖို႔ဒ္တို႔ရဲ႕ သြင္းဂိုးကလည္း ဘာမွ မဟုတ္တဲ့ အေနအထားကေန ျပစ္ဒဏ္ေဘာ ကန္ခြင့္ရခဲ့ၿပီး ကေလးေတြ မကာကြယ္ႏိုင္လို႔ ဂိုးျဖစ္သြားခဲ့ပါတယ္။
ဗ်ဴဟာေျပာင္းဖို႔ အဆင္သင့္ မရွိတဲ့ အာတီတာ
တစ္ခါလာလည္း လူစာရင္းကို မိတၱဴဆြဲယူလာတာလားလို႔ ပရိသတ္ေတြ ေမးကုန္ၾကပါၿပီ။ ဒါေပမယ့္ အာတီတာရဲ႕ လူစာရင္းကေတာ့ မေျပာင္းမလဲပါပဲ။ ဒီလိုနဲ႔ ၿပိဳင္ဘက္ေတြက အာဆင္နယ္ ဘာလုပ္တတ္တယ္ဆိုတာ သိလာၿပီး ဆာကာနဲ႔ မာတီနယ္လီကို ေတာင္ပံမွာ ႏွစ္ေယာက္ပိတ္ၿပီး တစ္ေယာက္က ေနာက္ကေန ေထာက္ထားလိုက္ေတာ့ စမုံတုန္းကုန္ၾကပါတယ္။ ဒီအခ်ိန္မွာ သူတို႔ကို Wing Back ေတြနဲ႔ ကူရမယ့္အစား Inverted Full Back ေတြနဲ႔ အလယ္က လိုက္ေထာက္ေပးထားေနတာက ငိုအားထက္ ရယ္အားသန္ေစၿပီး ဘန္ဝႈိက္နဲ႔ ဇင္ခ်န္ကိုတို႔အစား တီယာနီနဲ႔ တိုမီယာစုတို႔ကို ထည့္ရမွာျဖစ္ေပမယ့္ အာတီတာကေတာ့ မဟုတ္တဲ့ တိုက္႐ိုက္လူစားလဲမႈေတြကိုပဲ လုပ္ၿပီး ႏိုင္ပြဲနဲ႔ မထိုက္တန္ခဲ့ဘူးလို႔ပဲ ဆိုရမွာပါ။
ဆိတ္ေခါင္းခ်ိတ္ၿပီး ေခြးသားေရာင္းတဲ့ VAR
အာဆင္နယ္တို႔ရဲ႕ ခ်န္ပီယံ ခရီးလမ္းကို တားဆီးဖို႔အတြက္ ပရီးမီးယားလိဂ္နဲ႔ VAR ရဲ႕ လုပ္ႀကံသြားမႈကေလးကေတာ့ လွပခဲ့သလို ျမန္မာေတြရဲ႕ ဥပမာအရေတာ့ ဆိတ္ေခါင္းခ်ိတ္ၿပီး ေခြးသားေရာင္းသြားခဲ့တာလို႔ပဲ ဆိုရမွာပါ။ VAR နဲ႔ ဂိုးအတြက္ အတည္ျပဳဖို႔ သမာသမတ္က်ေၾကာင္း သက္ေသထူ ႐ုပ္ျပစားဖို႔အတြက္ ဘာမွ မဆိုင္တဲ့ ပင္းေနာ့ခ္ လူကြၽံသလားဆိုတာ ရႈေထာင့္အမ်ိဳးမ်ိဳးက ျပဳလုပ္ခဲ့ေပမယ့္ တိုနီ ေခါင္းတိုက္မသြင္းခင္ ေနာက္ဆုံးေပးပို႔မႈကို ျပဳလုပ္ခဲ့တဲ့ ေနာ္ဂါ့ဒ္ လူကြၽံေနတာကိုေတာ့ အကြက္ေ႐ႊ႕ၿပီး ေဖ်ာက္ထားခဲ့တာက တကယ္တမ္းမွာေတာ့ ဥပမာ ေပးတဲ့ စကားပုံထက္ေတာင္မွ ပိုၿပီး ပါးပါးနပ္နပ္နဲ႔ ေကာက္က်စ္သြားခဲ့တာျဖစ္ပါတယ္။
မေပ်ာ္ႏိုင္ခဲ့တဲ့ ဂိုးသြင္းရွင္ ထေရာ့ဆတ္
ထေရာ့ဆတ္အေနနဲ႔ ဒီေန႔ပြဲရဲ႕ ပြဲခ်ိန္ ၆၂ မိနစ္မွာ မာတီနယ္လီအစား လူစားဝင္လာခဲ့ၿပီး ၄ မိနစ္အၾကာမွာပဲ အသင္းအတြက္ ဂိုးသြင္းယူႏိုင္ခဲ့သလို သူ႔သားမွာထားတဲ့အတိုင္း မွန္ေျပာင္းပုံစံ မ်က္စိေရွ႕မွာလုပ္ၿပီး ေအာင္ပြဲခံႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါဟာ အာဆင္နယ္တို႔ ဒီေန႔ပြဲမွာ ရခဲ့တဲ့ တစ္ခုတည္းေသာ Clear Cut Chance ျဖစ္ၿပီး ဆာကာရဲ႕ ဖန္တီးမႈကို လာဘ္ျမင္ျမင္နဲ႔ အဆုံးသတ္ ကန္သြင္းသြားႏိုင္ခဲ့တာပါ။ သူ႔ရဲ႕ ဦးေဆာင္ဂိုးကေတာ့ ၈ မိနစ္သာ ခံလိုက္ၿပီး အာဆင္နယ္တို႔အေနနဲ႔ စိတ္ပ်က္စရာ ခံစစ္အမွားကေန ဂိုးျပန္ေပးခဲ့ရသလို VAR မွားခဲ့တယ္ဆိုေပမယ့္ မမွားခင္ကတည္းက သူတို႔ေတြအေနနဲ႔ ရွင္းထုတ္ႏိုင္သင့္ခဲ့ခ်ိန္မွာ ဘယ္လ္ဂ်ီယမ္သားရဲ႕ အေပ်ာ္ေလး ေပ်ာက္ဆုံးသြားခဲ့ရပါတယ္။
တစ္ခါပုတ္ တစ္ခါေပး ရမ္းစ္ေဒးလ္
ဂိုးသမား ရမ္းစ္ေဒးလ္ရဲ႕ လက္စြမ္းကေတာ့ ၂၀၂၃ ထဲမွာ ေတာ္ေတာ္ေလး က်ဆင္းလာခဲ့တာျဖစ္ပါတယ္။ ဆုံးျဖတ္ခ်က္ေတြမွာ လြဲေခ်ာ္ေနသလို ေဘာလုံးဖမ္းယူမႈအပိုင္းေတြမွာလည္း က်ားကုတ္က်ားခဲ ႀကိဳးစားရမယ့္အစား “ဒီေလာက္ဆိုရင္ေတာ့ ငါလဲ မတတ္ႏိုင္ဘူး၊ တာဝန္ေက်ေနၿပီေလ”ဆိုတဲ့ ပုံစံနဲ႔ တခ်ိဳ႕ဂိုးေတြကို ေပးခဲ့ရၿပီး အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ေတာ့ ဘာမဆိုင္ ညာမဆိုင္ အမုန္းဆုံးအသင္းက ဂိုးသမား ဒေဟးယားနဲ႔ေတာင္ ႏႈိင္းယွဥ္ၿပီး ရင္နာေနၾကမွာပါ။ မန္ယူနဲ႔ ပြဲမွာလည္း ပု႐ြက္ဆိတ္သာသာ ေနာက္ခံလူ လီဆန္ဒ႐ို မာတီနက္ဇ္အတြက္ ပထမဆုံး ပရီးမီးယားလိဂ္ဂိုးကို ေခါင္းတိုက္သြင္းဖို႔ လွလွပပ ပုတ္ခ်ေပးခဲ့သလို ဒီေန႔မွာလည္း မ်က္စိစုံမွိတ္ၿပီး ေနာ္ဂါ့ဒ္ေရွ႕ကို ေဘာလုံးမထိေအာင္ ထြက္ပုတ္ပုံက စိတ္ကုန္စရာျဖစ္ခဲ့ရပါတယ္။
အျပစ္ေပးသင့္ ေပးရဲရမယ့္ အာတီတာ
လီဗာပူးလ္နဲ႔ အိမ္ကြင္းႏိုင္ပြဲေနာက္ပိုင္းမွာ အာဆင္နယ္တို႔ ေျခစြမ္းက်ဆင္းၿပီး လိဒ္စ္ကို အသည္းအသန္ကန္၊ ေဆာက္သမ္တန္ကို သေရက်သြားခဲ့တာ မွတ္မိၾကဦးမွာပါ။ အဲ့ဒီတုန္းက တိုမီယာစုကို အံမဝင္တဲ့ ဘယ္ေနာက္ခံေနရာမွာ ညံ့မွန္းသိသိႀကီးနဲ႔ အသုံးျပဳခဲ့လို႔ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ ညံ့ေနတဲ့ ဘန္ဝႈိက္ကို သိသိႀကီးနဲ႔ သုံးၿပီး ဂ်ပန္သားကို မထည့္ရဲတဲ့ ေနာက္ထပ္ အမွားကို အာတီတာက က်ဴးလြန္ေနၿပီး ပြဲထြက္ေနရာက ထုတ္ပယ္ဖို႔ကို လက္တြန႔္ေနခဲ့တာျဖစ္ပါတယ္။ ဒီအတိုင္းပဲ လက္စြမ္းက်ဆင္းေနတဲ့ ရမ္းစ္ေဒးလ္ကို ေခါက္ထားၿပီး မန္စီးတီးနဲ႔ပြဲမွာ တည္တည္ၿငိမ္ၿငိမ္ လက္စြမ္းျပခဲ့တဲ့ မတ္တာနာကို ေနရာေပးဖို႔လည္း ေႏွာင့္ေႏွးဦးမယ္လို႔ ထင္ျမင္ရၿပီး စြမ္းေဆာင္ရည္အရ ပြဲထြက္ခြင့္ကို ေျပာင္းလဲတတ္ဖို႔ စပိန္သား နည္းျပတစ္ေယာက္ လိုအပ္ခ်က္ ႀကီးႀကီးမားမား ရွိေနေသးတာပါ။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.