International World Cup

ရွှေလက်အိတ်နဲ့အောင်ပွဲခံဟန်ကို မက်ဆီ ဘာပြောခဲ့လဲဆိုတာ ပြောပြခဲ့တဲ့ မာတီနက်ဇ်

အာဂျင်တီးနားလက်ရွေးစင်ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ဟာ ၎င်းရဲ့ ရွှေလက်အိတ်ဆုနဲ့ အငြင်းပွားဖွယ် အောင်ပွဲခံမှုကို အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ ပြောခဲ့တဲ့စကားကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံတွေဖြစ်တဲ့ ပြင်သစ်ကို စိတ်လှုပ်ရှားဖွယ် ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၂၀၂၂ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး တောင်အမေရိကအသင်းအတွက် အီမီလီယာနို မာတီနက်ဇ်က အဆုံးအဖြတ်အပေးနိုင်ဆုံးကစားသမားတွေထဲက တစ်ဦး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဆုပေးပွဲအခမ်းအနားအတွင်း မာတီနက်ဇ်ဟာ အရေးကြီးတဲ့ ကာကွယ်မှုအချို့ ပြုလုပ်ပေးနိုင်ခဲ့တဲ့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက် အကောင်းဆုံးဂိုးသမားကို ပေးအပ်တဲ့ ရွှေလက်အိတ်ဆုကို ပေးအပ်ခြင်းခံခဲ့ရတာဖြစ်ပြီး ဆုလက်ခံခဲ့ပြီးနောက် ရွှေလက်အိတ်ကို ပေါင်ခွကြားနားကို နှိမ့်ပြီး ပြင်သစ်ပရိသတ်တွေရှိတဲ့ဘက်ကို ကော့ပြခဲ့တာကြောင့် ကွင်းအတွင်းက ပရိသတ်တွေရော တကမ္ဘာလုံးက တိုက်ရိုက်ကြည့်ရှုနေတဲ့ ပရိသတ်တွေအားလုံးပါ အံ့အားသင့်ခဲ့ကြတာ ဖြစ်ပါတယ်။

အီမီလီယာနို မာတီနက်ဇ်ဟာ အဲဒီလို အပြုအမူကို ပြုလုပ်ခဲ့တဲ့အတွက် ပြစ်တင်ဝေဖန်မှုတွေ အပြင်းအထန် ခံခဲ့ရပေမယ့်လည်း ၎င်းရဲ့ လုပ်ရပ်ကို ကာကွယ်ပြောဆိုခဲ့ပြီး လီယွန်နယ် မက်ဆီကတောင် နောက်ထပ် အဲဒီလို အပြုအမူမျိုး ထပ်မလုပ်ဖို့ အကြံပေးခဲ့တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

“ကျွန်တော့် အောင်ပွဲခံဟန်နဲ့ပတ်သက်ပြီး နောင်တရလားဆိုရင် ကျွန်တော် တူညီတဲ့ပုံစံအတိုင်း ထပ်မလုပ်တော့မယ့်အရာတွေ ရှိပါတယ်။ ကျွန်တော် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ နာကျင်အောင် မလုပ်ခဲ့ပါဘူး။ ကျွန်တော့် ကစားသမားဘဝတလျှောက်လုံးမှာ ပြင်သစ်ကလူတွေနဲ့ ကစားခဲ့ပြီး ဘာပြဿနာမှ မရှိခဲ့ဘူး”

“ကျွန်တော်က ဘယ်လိုလူစားမျိုးလဲဆိုတာ ဂျီရူးကို ခင်ဗျား မေးလို့ရပါတယ်။ ကျွန်တော် ပြင်သစ်ယဉ်ကျေးမှုနဲ့ စိတ်ဓာတ်ကို တကယ်နှစ်သက်ပါတယ်။ ကျွန်တော့်ရဲ့ အကောင်းဆုံးဂိုသမားဆုနဲ့ လုပ်ခဲ့တဲ့ အပြုအမူက ကျွန်တော့် အသင်းဖော်တွေနဲ့ ဟာသလုပ်ခဲ့တာပါ”

“ကျွန်တော် အဲဒါကို ကိုပါအမေရိကမှာတုန်းကလည်း လုပ်ခဲ့ဖူးပါတယ်။ သူတို့တွေအားလုံးက နောက်ထပ် အဲဒီလို မလုပ်ပါနဲ့လို့ ပြောခဲ့တယ်။ လီယိုကတောင် ကျွန်တော့်ကို အဲဒီလို ပြောပါတယ်။ ကျွန်တော် သူတို့အတွက် လုပ်ခဲ့တာပါ။ တစ်ခြားဘာမှမရှိပါဘူး။ အဲဒါက စက္ကန့်ပိုင်းလောက်ပဲကြာပြီး အဲဒါပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားလက္ေ႐ြးစင္ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ဟာ ၎ရဲ႕ ေ႐ႊလက္အိတ္ဆုနဲ႔ အျငင္းပြားဖြယ္ ေအာင္ပြဲခံမႈကို အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီ ေျပာခဲ့တဲ့စကားကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ၂၀၁၈ ကမာၻ႔ဖလားခ်န္ပီယံေတြျဖစ္တဲ့ ျပင္သစ္ကို စိတ္လႈပ္ရွားဖြယ္ ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ၂၀၂၂ ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ၿပီး ေတာင္အေမရိကအသင္းအတြက္ အီမီလီယာႏို မာတီနက္ဇ္က အဆုံးအျဖတ္အေပးႏိုင္ဆုံးကစားသမားေတြထဲက တစ္ဦး ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ဆုေပးပြဲအခမ္းအနားအတြင္း မာတီနက္ဇ္ဟာ အေရးႀကီးတဲ့ ကာကြယ္မႈအခ်ိဳ႕ ျပဳလုပ္ေပးႏိုင္ခဲ့တဲ့အတြက္ ကမာၻ႔ဖလားၿပိဳင္ပြဲတေလွ်ာက္ အေကာင္းဆုံးဂိုးသမားကို ေပးအပ္တဲ့ ေ႐ႊလက္အိတ္ဆုကို ေပးအပ္ျခင္းခံခဲ့ရတာျဖစ္ၿပီး ဆုလက္ခံခဲ့ၿပီးေနာက္ ေ႐ႊလက္အိတ္ကို ေပါင္ခြၾကားနားကို ႏွိမ့္ၿပီး ျပင္သစ္ပရိသတ္ေတြရွိတဲ့ဘက္ကို ေကာ့ျပခဲ့တာေၾကာင့္ ကြင္းအတြင္းက ပရိသတ္ေတြေရာ တကမာၻလုံးက တိုက္႐ိုက္ၾကည့္ရႈေနတဲ့ ပရိသတ္ေတြအားလုံးပါ အံ့အားသင့္ခဲ့ၾကတာ ျဖစ္ပါတယ္။

အီမီလီယာႏို မာတီနက္ဇ္ဟာ အဲဒီလို အျပဳအမူကို ျပဳလုပ္ခဲ့တဲ့အတြက္ ျပစ္တင္ေဝဖန္မႈေတြ အျပင္းအထန္ ခံခဲ့ရေပမယ့္လည္း ၎ရဲ႕ လုပ္ရပ္ကို ကာကြယ္ေျပာဆိုခဲ့ၿပီး လီယြန္နယ္ မက္ဆီကေတာင္ ေနာက္ထပ္ အဲဒီလို အျပဳအမူမ်ိဳး ထပ္မလုပ္ဖို႔ အႀကံေပးခဲ့တယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ့္ ေအာင္ပြဲခံဟန္နဲ႔ပတ္သက္ၿပီး ေနာင္တရလားဆိုရင္ ကြၽန္ေတာ္ တူညီတဲ့ပုံစံအတိုင္း ထပ္မလုပ္ေတာ့မယ့္အရာေတြ ရွိပါတယ္။ ကြၽန္ေတာ္ ဘယ္သူတစ္ဦးတစ္ေယာက္ကိုမွ နာက်င္ေအာင္ မလုပ္ခဲ့ပါဘူး။ ကြၽန္ေတာ့္ ကစားသမားဘဝတေလွ်ာက္လုံးမွာ ျပင္သစ္ကလူေတြနဲ႔ ကစားခဲ့ၿပီး ဘာျပႆနာမွ မရွိခဲ့ဘူး”

“ကြၽန္ေတာ္က ဘယ္လိုလူစားမ်ိဳးလဲဆိုတာ ဂ်ီ႐ူးကို ခင္ဗ်ား ေမးလို႔ရပါတယ္။ ကြၽန္ေတာ္ ျပင္သစ္ယဥ္ေက်းမႈနဲ႔ စိတ္ဓာတ္ကို တကယ္ႏွစ္သက္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ အေကာင္းဆုံးဂိုသမားဆုနဲ႔ လုပ္ခဲ့တဲ့ အျပဳအမူက ကြၽန္ေတာ့္ အသင္းေဖာ္ေတြနဲ႔ ဟာသလုပ္ခဲ့တာပါ”

“ကြၽန္ေတာ္ အဲဒါကို ကိုပါအေမရိကမွာတုန္းကလည္း လုပ္ခဲ့ဖူးပါတယ္။ သူတို႔ေတြအားလုံးက ေနာက္ထပ္ အဲဒီလို မလုပ္ပါနဲ႔လို႔ ေျပာခဲ့တယ္။ လီယိုကေတာင္ ကြၽန္ေတာ့္ကို အဲဒီလို ေျပာပါတယ္။ ကြၽန္ေတာ္ သူတို႔အတြက္ လုပ္ခဲ့တာပါ။ တစ္ျခားဘာမွမရွိပါဘူး။ အဲဒါက စကၠန႔္ပိုင္းေလာက္ပဲၾကာၿပီး အဲဒါပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.