International Ligue1 World Cup

မက်ဆီမပါလို့ ရွာလည်ခဲ့တဲ့ အသင်းဖော်တွေကို သတင်းစကားပါးလိုက်တဲ့ အမ်ဘာပေ

ခီလီယန် အမ်ဘာပေက မိုနာကိုအသင်းကို စနေနေ့ညမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းမှာ စည်းလုံးညီညွတ်မှုရှိကြဖို့အတွက် တောင်းဆိုခဲ့ပါတယ်။

လိဂန်းထိပ်သီးအသင်းကြီးဟာ စနေနေ့မှာ ပထမအသင်းကစားသမားအများအပြား မပါဝင်ဘဲ မိုနာကိုနဲ့ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ရလဒ်အနေနဲ့ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အမ်ဘာပေဟာ ယခုအပတ်မှာ ပီအက်စ်ဂျီအသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့တဲ့ ကစားသမားတွေထဲမှာ အပါအဝင်ဖြစ်ခဲ့ပြီး ပြင်သစ်လိဂန်းချန်ပီယံတွေဟာ အဓိကကစားသမားတွေမပါဝင်ချိန်မှာ ရလဒ်ကောင်းတွေ မယူဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

နေမာ ဦးဆောင်ခဲ့တဲ့ အရန်အသင်းဟာ ပီအက်စ်ဂျီ ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သူတွေရဲ့ အပြင်းအထန် ပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရတာ ဖြစ်ပြီး မိုနာကိုအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဂယ်လ်တီယေးရဲ့အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်ဖြတ်ထားနိုင်ဆဲဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ အသင်းလိုဂိုနဲ့အတူ အသင်းဖော်တွေကို စည်းလုံးညီညွတ်ကြဖို့အတွက် အင်စတာဂရမ်မှာ တောင်းဆိုတဲ့ သတင်းစကား ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

“စည်းစည်းလုံးလုံးနဲ့ ဆက်ပြီး သန်သန်မာမာရှိကြစို့”လို့ အမ်ဘာပေက ရေးသားခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းဟာ ယခုအပတ် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘွန်ဒက်စ်လီဂါ ထိပ်သီးအသင်းကြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမယ့် ပွဲကြီးပွဲကောင်းလည်း ရှိနေတာဖြစ်ပါတယ်။ အာဂျင်တီးနားဂိုးသမား အီမီလီယာနို မာတီနက်ဇ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အောင်ပွဲခံဟန်တွေကြောင့် ဝေဖန်မှုတွေ များစွာခံခဲ့ရသူဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ အနာဂတ်မှာ ဘလွန်ဒေါဆုတွေ အများကြီးရရှိမယ့်ကစားသမားလို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

မာတီနက်ဇ်က ပီအက်စ်ဂျီကြယ်ပွင့်အနေနဲ့ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားဖြစ်နေဆဲဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်းဖော် ကစားသမားဘဝကနေ အနားယူမယ့်အချိန်ကိုသာ စောင့်ဆိုင်းဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ မာတီနက်ဇ်က အမ်ဘာပေနဲ့ပတ်သက်ပြီး ကြွေးကြော်မှုတွေနဲ့ အောင်ပွဲခံခဲ့မှုတွေအကြောင်း ပြောကြားခဲ့ရာမှာ ပြိုင်ဘက်တွေကို လှောင်ပြောင်ပြီး အောင်ပွဲခံတာက သာမန်ကိစ္စပဲလို့ ပြောကြားခဲ့ပါတယ်။

“အဲဒါက အဝတ်လဲခန်းထဲက ကိစ္စပါ။ အဲဒါက ဘယ်တုန်းကမှ အပြင်ကို ထွက်မလာသင့်ပါဘူး။ ၂၀၁၈ ခုနှစ်တုန်းက ပြင်သစ်တွေ ကျွန်တော်တို့ကို အနိုင်ယူခဲ့တဲ့အချိန်တုန်းက မက်ဆီနဲ့ပတ်သက်ပြီး အော်ဟစ်ခဲ့ကြတာကို ကျွန်တော် မှတ်မိသေးတယ်။ တကယ်လို့ အသင်းတစ်သင်းက ဘရာဇီးလ်ကို အနိုင်ယူခဲ့မယ်ဆိုရင် သူတို့တွေ နေမာအကြောင်း သီဆိုကြပါလိမ့်မယ်။ အမ်ဘာပေနဲ့ပတ်သက်ပြီး ဘာမှ ပုဂ္ဂိုလ်ရေးတွေ မရှိပါဘူး။ ကျွန်တော် သူ့ကို အများကြီးလေးစားပါတယ်။ လူတွေက သူနဲ့ပတ်သက်ပြီး ဒါမှမဟုတ် နေမာနဲ့ပတ်သက်ပြီး သီဆိုခဲ့ရင် သူတို့တွေက ထိပ်တန်းကစားသမားတွေဖြစ်နေတာကြောင့်ပါပဲ”

“ဗိုလ်လုပွဲအပြီးမှာ သူနဲ့ ရင်ဆိုင်ကစားရတာ ဝမ်းမြောက်စရာကောင်းခဲ့တယ်လို့ သူ့ကို ပြောခဲ့ပါတယ်။ သူက သူ့ဘာသာ ပွဲကို အနိုင်ရအောင် လုပ်နိုင်လုနီးပါးဖြစ်ခဲ့တယ်။ သူ့မှာ ကြီးမားတဲ့ အရည်အချင်းရှိနေတာကို ကျွန်တော် အတည်ပြုနိုင်ခဲ့တယ်။ မက်ဆီ အနားယူတဲ့အချိန်ကျရင် ခီလီယန်က ဘလွန်ဒေါဆုတွေ အများကြီးရလိမ့်မယ်ဆိုတာ ကျွန်တော် သေချာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ခီလီယန္ အမ္ဘာေပက မိုနာကိုအသင္းကို စေနေန႔ညမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီအသင္းမွာ စည္းလုံးညီၫြတ္မႈရွိၾကဖို႔အတြက္ ေတာင္းဆိုခဲ့ပါတယ္။

လိဂန္းထိပ္သီးအသင္းႀကီးဟာ စေနေန႔မွာ ပထမအသင္းကစားသမားအမ်ားအျပား မပါဝင္ဘဲ မိုနာကိုနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ၿပီး ရလဒ္အေနနဲ႔ ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။ အမ္ဘာေပဟာ ယခုအပတ္မွာ ပီအက္စ္ဂ်ီအသင္းအတြက္ ပါဝင္ကစားေပးႏိုင္ျခင္းမရွိခဲ့တဲ့ ကစားသမားေတြထဲမွာ အပါအဝင္ျဖစ္ခဲ့ၿပီး ျပင္သစ္လိဂန္းခ်န္ပီယံေတြဟာ အဓိကကစားသမားေတြမပါဝင္ခ်ိန္မွာ ရလဒ္ေကာင္းေတြ မယူေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ေနမာ ဦးေဆာင္ခဲ့တဲ့ အရန္အသင္းဟာ ပီအက္စ္ဂ်ီ ပရိသတ္ေတြနဲ႔ ေဘာလုံးေဝဖန္သူေတြရဲ႕ အျပင္းအထန္ ျပစ္တင္ေဝဖန္ျခင္းကို ခံခဲ့ရတာ ျဖစ္ၿပီး မိုနာကိုအသင္းကို ရႈံးနိမ့္ခဲ့ေပမယ့္လည္း ဂယ္လ္တီေယးရဲ႕အသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္ျဖတ္ထားႏိုင္ဆဲျဖစ္ပါတယ္။ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပဟာ အသင္းလိုဂိုနဲ႔အတူ အသင္းေဖာ္ေတြကို စည္းလုံးညီၫြတ္ၾကဖို႔အတြက္ အင္စတာဂရမ္မွာ ေတာင္းဆိုတဲ့ သတင္းစကား ေပးပို႔ခဲ့တာ ျဖစ္ပါတယ္။

“စည္းစည္းလုံးလုံးနဲ႔ ဆက္ၿပီး သန္သန္မာမာရွိၾကစို႔”လို႔ အမ္ဘာေပက ေရးသားခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းဟာ ယခုအပတ္ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ဘြန္ဒက္စ္လီဂါ ထိပ္သီးအသင္းႀကီးျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမယ့္ ပြဲႀကီးပြဲေကာင္းလည္း ရွိေနတာျဖစ္ပါတယ္။ အာဂ်င္တီးနားဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ေအာင္ပြဲခံဟန္ေတြေၾကာင့္ ေဝဖန္မႈေတြ မ်ားစြာခံခဲ့ရသူျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉး အမ္ဘာေပဟာ အနာဂတ္မွာ ဘလြန္ေဒါဆုေတြ အမ်ားႀကီးရရွိမယ့္ကစားသမားလို႔ ေဟာကိန္းထုတ္ခဲ့ပါတယ္။

မာတီနက္ဇ္က ပီအက္စ္ဂ်ီၾကယ္ပြင့္အေနနဲ႔ အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီက ကမာၻေပၚမွာ အေကာင္းဆုံးကစားသမားျဖစ္ေနဆဲျဖစ္တာေၾကာင့္ ပီအက္စ္ဂ်ီအသင္းေဖာ္ ကစားသမားဘဝကေန အနားယူမယ့္အခ်ိန္ကိုသာ ေစာင့္ဆိုင္းဖို႔ လိုအပ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ မာတီနက္ဇ္က အမ္ဘာေပနဲ႔ပတ္သက္ၿပီး ေႂကြးေၾကာ္မႈေတြနဲ႔ ေအာင္ပြဲခံခဲ့မႈေတြအေၾကာင္း ေျပာၾကားခဲ့ရာမွာ ၿပိဳင္ဘက္ေတြကို ေလွာင္ေျပာင္ၿပီး ေအာင္ပြဲခံတာက သာမန္ကိစၥပဲလို႔ ေျပာၾကားခဲ့ပါတယ္။

“အဲဒါက အဝတ္လဲခန္းထဲက ကိစၥပါ။ အဲဒါက ဘယ္တုန္းကမွ အျပင္ကို ထြက္မလာသင့္ပါဘူး။ ၂၀၁၈ ခုႏွစ္တုန္းက ျပင္သစ္ေတြ ကြၽန္ေတာ္တို႔ကို အႏိုင္ယူခဲ့တဲ့အခ်ိန္တုန္းက မက္ဆီနဲ႔ပတ္သက္ၿပီး ေအာ္ဟစ္ခဲ့ၾကတာကို ကြၽန္ေတာ္ မွတ္မိေသးတယ္။ တကယ္လို႔ အသင္းတစ္သင္းက ဘရာဇီးလ္ကို အႏိုင္ယူခဲ့မယ္ဆိုရင္ သူတို႔ေတြ ေနမာအေၾကာင္း သီဆိုၾကပါလိမ့္မယ္။ အမ္ဘာေပနဲ႔ပတ္သက္ၿပီး ဘာမွ ပုဂၢိဳလ္ေရးေတြ မရွိပါဘူး။ ကြၽန္ေတာ္ သူ႔ကို အမ်ားႀကီးေလးစားပါတယ္။ လူေတြက သူနဲ႔ပတ္သက္ၿပီး ဒါမွမဟုတ္ ေနမာနဲ႔ပတ္သက္ၿပီး သီဆိုခဲ့ရင္ သူတို႔ေတြက ထိပ္တန္းကစားသမားေတြျဖစ္ေနတာေၾကာင့္ပါပဲ”

“ဗိုလ္လုပြဲအၿပီးမွာ သူနဲ႔ ရင္ဆိုင္ကစားရတာ ဝမ္းေျမာက္စရာေကာင္းခဲ့တယ္လို႔ သူ႔ကို ေျပာခဲ့ပါတယ္။ သူက သူ႔ဘာသာ ပြဲကို အႏိုင္ရေအာင္ လုပ္ႏိုင္လုနီးပါးျဖစ္ခဲ့တယ္။ သူ႔မွာ ႀကီးမားတဲ့ အရည္အခ်င္းရွိေနတာကို ကြၽန္ေတာ္ အတည္ျပဳႏိုင္ခဲ့တယ္။ မက္ဆီ အနားယူတဲ့အခ်ိန္က်ရင္ ခီလီယန္က ဘလြန္ေဒါဆုေတြ အမ်ားႀကီးရလိမ့္မယ္ဆိုတာ ကြၽန္ေတာ္ ေသခ်ာပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.