International Premier League World Cup

မက်ဆီနဲ့ ပြဿနာတက်ခဲ့တဲ့ ဗက်ဟော့စ်ကို ရက်ရက်စက်စက်နာမည်ပြောင်ပေးခဲ့တဲ့ ယူနိုက်တက်အသင်းဖော်

မန်ချက်စတာယူနိုက်တက်အဝတ်လဲခန်းဟာ ဗောက် ဗက်ဟော့စ်ကို လီယွန်နယ် မက်ဆီနဲ့ ပြဿနာတက်ခဲ့တဲ့ဖြစ်စဉ်ကနေ လွတ်မြောက်ခွင့်မပေးခဲ့ဘဲ မန်ယူနိုက်တက်အသင်းဖော်တစ်ဦးက ဒတ်ချ်တိုက်စစ်မှူးကို ‘bobo’လို့ ခေါ်ခဲ့ပါတယ်။

ဗက်ဟော့စ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဘန်လေအသင်းကနေ မန်ချက်စတာယူနိုက်တက်ကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး နယ်သာလန်နဲ့ အာဂျင်တီးနားတို့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ဒေါသထွက်စရာအခိုက်အတန့်တွေ ရှိခဲ့ပြီးနောက် မက်ဆီရဲ့ ဒေါသနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီဇင်ဘာလအစောပိုင်းတုန်းက လူဆေးလ်ကွင်းမှာ ကစားခဲ့တဲ့ နယ်သာလန်နဲ့ အာဂျင်တီးနားတို့ရဲ့ ပွဲစဉ်မှာ အဝါကတ်ပေါင်း ၁၅ ကတ်အထိ ရှိခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ ၂၀၂၁ ကိုပါအမေရိက ချန်ပီယံတွေက အနိုင်ရရှိပြီး နောက်တဆင့် တက်သွားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ပုံမှန်ပွဲကစားချိန်အတွင်း ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့်ကို ကျိန်းသေပေါက် တက်ရောက်နိုင်တော့မယ့်ပုံပေါ်ခဲ့ပေမယ့်လည်း ဗက်ဟော့စ်က အရန်ခုံကနေ ဝင်ကစားခဲ့ပြီး ချေပဂိုး ၂ ဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဗက်ဟော့စ်ရဲ့ သူရဲကောင်းဆန်တဲ့ ချေပဂိုး ၂ ဂိုးဟာ နယ်သာလန်အသင်းကို ဆီမီးဖိုင်နယ်အဆင့် ပို့ဆောင်ပေးနိုင်ဖို့အတွက် မလုံလောက်ခဲ့တာဖြစ်ပေမယ့်လည်း ပွဲအပြီးမှာတော့ အရပ်အမောင်းကောင်းတဲ့ တိုက်စစ်မှူးဟာ အားလုံးရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် ပွဲအပြီး အင်တာဗျူးအတွင်း လီယွန်နယ် မက်ဆီနဲ့ စကားများခဲ့တာကြောင့်ဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်က အင်တာဗျူးဖြေနေရင်းကနေ ‘မင်း ဘာလာကြည့်နေတာလဲ အရူး’လို့ လှမ်းပြောခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီရဲ့ ဒေါသတကြီး ပြောဆိုခဲ့မှုက ဗက်ဟော့စ်အတွက် ၎င်းရဲ့ ကလပ်အသင်းဖော်သစ်တွေထဲက တစ်ဦးအတွက် နာမည်ပြောင်ဖြစ်လာခဲ့ပြီး ပီအက်စ်ဂျီကြယ်ပွင့်နဲ့အတူ ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ လီဆန်ဒရို မာတီနက်ဇ်က ဒတ်ချ်တိုက်စ်မှူးကို ‘bobo'(အရူး)လို့ စနောက်ပြီး စတင်ခေါ်ဝေါ်ခဲ့တယ်လို့ စပိန်သတင်းဌာန Sport ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပုံမှန်အားဖြင့် ‘အရူး’လို့ ခေါ်ဝေါ်တာက ချစ်ခင်မှုကို ပြသတဲ့ပုံစံမျိုးမဟုတ်ပေမယ့်လည်း လီဆန်ဒရို မာတီနက်ဇ်က စနောက်တဲ့ပုံစံနဲ့ နာမည်ပြောင်ကို ခေါ်ဝေါ်တာဖြစ်တဲ့အတွက် ဗက်ဟော့စ်က စိတ်မဆိုးဘူးလို့ သိရပါတယ်။ ဗက်ဟော့စ်က ပွဲကြမ်းခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အပြီးမှာ လီယွန်နယ် မက်ဆီက ၎င်းနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ပြောကြားပြီး အာဂျင်တီးနားအသင်းခေါင်းဆောင်က ပြီးခဲ့တဲ့လမှာ ကမ္ဘာ့ဖလားတုန်းက လုပ်ရပ်နဲ့ပတ်သက်ပြီး နောင်တရတဲ့အကြောင်း ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဖြစ်ပျက်ခဲ့သမျှအားလုံးက သဘာဝအတိုင်းပဲ ဖြစ်ခဲ့ပါတယ်။ တကယ့်လက်တွေ့မှာ ကွင်းထဲက ကစားသမားတွေနဲ့ အများကြီး ဖြစ်ပျက်ခဲ့ပြီး အားလုံးသိတာထက် ပိုခဲ့ပါတယ်။ တင်းမာ၊ ပွတ်တိုက်မှု၊ အပြိုင်အဆိုင်ဖြစ်မှုတွေနဲ့ ပွဲက အဲဒီလိုမျိုး ဖြစ်လာတဲ့အချိန်မှာ ဒိုင်လူကြီနဲ့ပတ်သက်ပြီးလည်း ဒေါသတွေထွက်ခဲ့တယ်။ သူ(ဗက်ဟော့စ်)က Mixed Zone(နှစ်ဖက်ကစားသမားတွေ အင်တာဗျူးဖြေဆိုသည့်နေရာ)မှာရှိနေခဲ့ပြီး ပွဲက ပြီးဆုံးသွားခဲ့ပါပြီ။ ပြီးတော့ အခုပြောနေတဲ့အရာအားလုံးဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဗက်ဟော့စ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ လီယွန်နယ် မက်ဆီနဲ့ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်အပေါ်မှာ ၎င်းရဲ့ ရပ်တည်ချက်က ပျော့ပျောင်းတဲ့ပုံပေါ်ခဲ့ပြီး “ကျွန်တော် ပွဲအပြီးမှာ သူ့ကို(မက်ဆီ) လေးစားမှု ပြသချင်ခဲ့တယ်။ ဒါပေမယ့် သူက အဲဒါကို လိုလိုလားလားမရှိခဲ့ပါဘူး။ အခု သူ ကျွန်တော့်နာမည်ကို သိနေတာက ကောင်းမွန်တဲ့ ချီးကျူးမှုတစ်ခုလို့ ကျွန်တော် မြင်ပါတယ်။ ပြီးတော့ ကျွန်တော် မှန်ကန်တဲ့အရာကို လုပ်ခဲ့တယ်ဆိုတာရောပေါ့။ ဒါပေမယ့် ကျွန်တော် သူ့အပေါ်မှာ အများကြီး လေးစားမှု ရှိပါတယ်။ သူက အကောင်းဆုံး ဒါမှမဟုတ် တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ”လို့ De Telegraaf ကို ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အဝတ္လဲခန္းဟာ ေဗာက္ ဗက္ေဟာ့စ္ကို လီယြန္နယ္ မက္ဆီနဲ႔ ျပႆနာတက္ခဲ့တဲ့ျဖစ္စဥ္ကေန လြတ္ေျမာက္ခြင့္မေပးခဲ့ဘဲ မန္ယူႏိုက္တက္အသင္းေဖာ္တစ္ဦးက ဒတ္ခ်္တိုက္စစ္မႉးကို ‘bobo’လို႔ ေခၚခဲ့ပါတယ္။

ဗက္ေဟာ့စ္ဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ဘန္ေလအသင္းကေန မန္ခ်က္စတာယူႏိုက္တက္ကို အငွားနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး နယ္သာလန္နဲ႔ အာဂ်င္တီးနားတို႔ ကစားခဲ့တဲ့ ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲစဥ္မွာ ေဒါသထြက္စရာအခိုက္အတန႔္ေတြ ရွိခဲ့ၿပီးေနာက္ မက္ဆီရဲ႕ ေဒါသနဲ႔ ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။ ဒီဇင္ဘာလအေစာပိုင္းတုန္းက လူေဆးလ္ကြင္းမွာ ကစားခဲ့တဲ့ နယ္သာလန္နဲ႔ အာဂ်င္တီးနားတို႔ရဲ႕ ပြဲစဥ္မွာ အဝါကတ္ေပါင္း ၁၅ ကတ္အထိ ရွိခဲ့ၿပီး ပင္နယ္တီ အဆုံးအျဖတ္မွာ ၂၀၂၁ ကိုပါအေမရိက ခ်န္ပီယံေတြက အႏိုင္ရရွိၿပီး ေနာက္တဆင့္ တက္သြားခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ပုံမွန္ပြဲကစားခ်ိန္အတြင္း ၂-၀ နဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တာေၾကာင့္ ဆီမီးဖိုင္နယ္အဆင့္ကို က်ိန္းေသေပါက္ တက္ေရာက္ႏိုင္ေတာ့မယ့္ပုံေပၚခဲ့ေပမယ့္လည္း ဗက္ေဟာ့စ္က အရန္ခုံကေန ဝင္ကစားခဲ့ၿပီး ေခ်ပဂိုး ၂ ဂိုးကို သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။ ေနာက္ဆုံးမွာေတာ့ ဗက္ေဟာ့စ္ရဲ႕ သူရဲေကာင္းဆန္တဲ့ ေခ်ပဂိုး ၂ ဂိုးဟာ နယ္သာလန္အသင္းကို ဆီမီးဖိုင္နယ္အဆင့္ ပို႔ေဆာင္ေပးႏိုင္ဖို႔အတြက္ မလုံေလာက္ခဲ့တာျဖစ္ေပမယ့္လည္း ပြဲအၿပီးမွာေတာ့ အရပ္အေမာင္းေကာင္းတဲ့ တိုက္စစ္မႉးဟာ အားလုံးရဲ႕ အာ႐ုံစိုက္ျခင္းကို ခံခဲ့ရတာ ျဖစ္ပါတယ္။

ဘာေၾကာင့္လဲဆိုရင္ ပြဲအၿပီး အင္တာဗ်ဴးအတြင္း လီယြန္နယ္ မက္ဆီနဲ႔ စကားမ်ားခဲ့တာေၾကာင့္ျဖစ္ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္က အင္တာဗ်ဴးေျဖေနရင္းကေန ‘မင္း ဘာလာၾကည့္ေနတာလဲ အ႐ူး’လို႔ လွမ္းေျပာခဲ့တာျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီရဲ႕ ေဒါသတႀကီး ေျပာဆိုခဲ့မႈက ဗက္ေဟာ့စ္အတြက္ ၎ရဲ႕ ကလပ္အသင္းေဖာ္သစ္ေတြထဲက တစ္ဦးအတြက္ နာမည္ေျပာင္ျဖစ္လာခဲ့ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္နဲ႔အတူ ကမာၻ႔ဖလား ရရွိခဲ့တဲ့ လီဆန္ဒ႐ို မာတီနက္ဇ္က ဒတ္ခ်္တိုက္စ္မႉးကို ‘bobo'(အ႐ူး)လို႔ စေနာက္ၿပီး စတင္ေခၚေဝၚခဲ့တယ္လို႔ စပိန္သတင္းဌာန Sport ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ပုံမွန္အားျဖင့္ ‘အ႐ူး’လို႔ ေခၚေဝၚတာက ခ်စ္ခင္မႈကို ျပသတဲ့ပုံစံမ်ိဳးမဟုတ္ေပမယ့္လည္း လီဆန္ဒ႐ို မာတီနက္ဇ္က စေနာက္တဲ့ပုံစံနဲ႔ နာမည္ေျပာင္ကို ေခၚေဝၚတာျဖစ္တဲ့အတြက္ ဗက္ေဟာ့စ္က စိတ္မဆိုးဘူးလို႔ သိရပါတယ္။ ဗက္ေဟာ့စ္က ပြဲၾကမ္းခဲ့တဲ့ ကမာၻ႔ဖလား ကြာတားဖိုင္နယ္ပြဲစဥ္အၿပီးမွာ လီယြန္နယ္ မက္ဆီက ၎နဲ႔ လက္ဆြဲႏႈတ္ဆက္ဖို႔ ျငင္းဆန္ခဲ့တယ္လို႔ ေျပာၾကားၿပီး အာဂ်င္တီးနားအသင္းေခါင္းေဆာင္က ၿပီးခဲ့တဲ့လမွာ ကမာၻ႔ဖလားတုန္းက လုပ္ရပ္နဲ႔ပတ္သက္ၿပီး ေနာင္တရတဲ့အေၾကာင္း ဝန္ခံ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ျဖစ္ပ်က္ခဲ့သမွ်အားလုံးက သဘာဝအတိုင္းပဲ ျဖစ္ခဲ့ပါတယ္။ တကယ့္လက္ေတြ႕မွာ ကြင္းထဲက ကစားသမားေတြနဲ႔ အမ်ားႀကီး ျဖစ္ပ်က္ခဲ့ၿပီး အားလုံးသိတာထက္ ပိုခဲ့ပါတယ္။ တင္းမာ၊ ပြတ္တိုက္မႈ၊ အၿပိဳင္အဆိုင္ျဖစ္မႈေတြနဲ႔ ပြဲက အဲဒီလိုမ်ိဳး ျဖစ္လာတဲ့အခ်ိန္မွာ ဒိုင္လူႀကီနဲ႔ပတ္သက္ၿပီးလည္း ေဒါသေတြထြက္ခဲ့တယ္။ သူ(ဗက္ေဟာ့စ္)က Mixed Zone(ႏွစ္ဖက္ကစားသမားေတြ အင္တာဗ်ဴးေျဖဆိုသည့္ေနရာ)မွာရွိေနခဲ့ၿပီး ပြဲက ၿပီးဆုံးသြားခဲ့ပါၿပီ။ ၿပီးေတာ့ အခုေျပာေနတဲ့အရာအားလုံးျဖစ္ခဲ့တယ္ဆိုတာ ကြၽန္ေတာ္ သိပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဗက္ေဟာ့စ္က ၿပီးခဲ့တဲ့ ဒီဇင္ဘာလမွာ လီယြန္နယ္ မက္ဆီနဲ႔ ျဖစ္ပ်က္ခဲ့တဲ့ ျဖစ္စဥ္အေပၚမွာ ၎ရဲ႕ ရပ္တည္ခ်က္က ေပ်ာ့ေပ်ာင္းတဲ့ပုံေပၚခဲ့ၿပီး “ကြၽန္ေတာ္ ပြဲအၿပီးမွာ သူ႔ကို(မက္ဆီ) ေလးစားမႈ ျပသခ်င္ခဲ့တယ္။ ဒါေပမယ့္ သူက အဲဒါကို လိုလိုလားလားမရွိခဲ့ပါဘူး။ အခု သူ ကြၽန္ေတာ့္နာမည္ကို သိေနတာက ေကာင္းမြန္တဲ့ ခ်ီးက်ဴးမႈတစ္ခုလို႔ ကြၽန္ေတာ္ ျမင္ပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ္ မွန္ကန္တဲ့အရာကို လုပ္ခဲ့တယ္ဆိုတာေရာေပါ့။ ဒါေပမယ့္ ကြၽန္ေတာ္ သူ႔အေပၚမွာ အမ်ားႀကီး ေလးစားမႈ ရွိပါတယ္။ သူက အေကာင္းဆုံး ဒါမွမဟုတ္ တသက္တာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးပါ”လို႔ De Telegraaf ကို ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.