La Liga

လာလီဂါပွဲစဉ်မတိုင်ခင် ဘာစီလိုနာနဲ့ ဇာဗီကို သတိပေးလိုက်တဲ့ ဗီလာရီးရဲလ်ကြယ်ပွင့်

ဗီလာရီးရဲလ်နောက်ခံကစားသမား ပါအူ တောရက်စ်ဟာ လာလီဂါအမှတ်ပေးဇယားဦးဆောင်သူ ဘာစီလိုနာအသင်းကို ယခုအပတ် အိမ်ကွင်းမှာ စိတ်ပျက်အောင် လုပ်နိုင်လိမ့်မယ်လို့ အကောင်းမြင်ထားပါတယ်။

ဘာစီလိုနာအသင်းဟာ တနင်္ဂနွေနေ့မှာ ယခုရာသီ လာလီဂါပွဲစဉ် ၂၁ အဖြစ် ဗီလာရီးရဲလ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဇာဗီရဲ့အသင်းဟာ နောက်ဆုံးလိဂ် ၅ ပွဲစလုံးကို အနိုင်ရရှိထားတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်အထိ ရမှတ် ၅၃ မှတ်နဲ့ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပြီး တစ်ဖက်မှာလည်း ဗီလာရီးရဲလ်အသင်းဟာ ရမှတ် ၃၁ မှတ်နဲ့ လာလီဂါအမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

အဝါရောင်ရေငုပ်သမားတွေဟာ ယခုရာသီ လာလီဂါပွဲ ၂၀ မှာ ၉ ပွဲနိုင် ၄ ပွဲသရေ ၇ ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားပြီး တနင်္ဂနွေနေ့ပွဲစဉ်ကို ၂ ပွဲဆက်တိုက်ရှုံးနိမ့်ထားတဲ့ ခြေစွမ်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ဗီလာရီးရဲလ်ရဲ့ ခြေစွမ်းပိုင်းကျဆင်းနေပေမယ့်လည်း ပါအူ တောရက်စ်က အဝါရောင်ရေငုပ်သမားတွေဟာ ဘာစီလိုနာအသင်းအတွက် ပြဿနာဖြစ်စေနိုင်မယ့်အရာတွေကို လုပ်ဆောင်နိုင်တယ်လို့ ယုံကြည်နေပြီး အမှတ်ပေးဇယား ဦးဆောင်သူတွေကို ကြောက်ရွံ့နေခြင်းမရှိဘူးလို့ သတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။

“သူတို့တွေက အခုအချိန်မှာ ကောင်းမွန်တဲ့ခြေစွမ်းရရှိနေတဲ့ အသင်းပါ။ ပွဲကစားချိန်အများစုကို လွှမ်းမိုးထားနိုင်ပြီး သူတို့တွေ ဘောလုံးကိုင်ထားရတာကို နှစ်သက်ပါတယ်။ တခြားနှစ်တွေတုန်းကထက်ပိုပြီး ထက်မြက်နေပါတယ်။ကျွန်တော်တို့ ကောင်းမွန်တဲ့ ဖိအားပေးပြီး ကျွန်တော်တို့ရဲ့ အစွမ်းတွေအားလုံးအသုံးပြုမယ်ဆိုရင် ကျွန်တော်တို့ အများကြီး ရနိုင်မှာပါ”

“ကျွန်တော်တို့ မကြောက်ပါဘူး။ သူတို့တွေက အရမ်းကောင်းတဲ့ရာသီကို ပိုင်ဆိုင်နေပြီး ပြိုင်ပွဲရဲ့ စစ်မျက်နှာအများအပြားမှာ ကျွမ်းကျင်ပိုင်နိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့လည်း ဘောလုံးလိုချင်တဲ့ ဘာစီလိုနာလိုမျိုးအသင်းတွေနဲ့ ရင်ဆိုင်ရာမှာ ကောင်းကောင်း လုပ်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ဗီလာရီးရဲလ္ေနာက္ခံကစားသမား ပါအူ ေတာရက္စ္ဟာ လာလီဂါအမွတ္ေပးဇယားဦးေဆာင္သူ ဘာစီလိုနာအသင္းကို ယခုအပတ္ အိမ္ကြင္းမွာ စိတ္ပ်က္ေအာင္ လုပ္ႏိုင္လိမ့္မယ္လို႔ အေကာင္းျမင္ထားပါတယ္။

ဘာစီလိုနာအသင္းဟာ တနဂၤေႏြေန႔မွာ ယခုရာသီ လာလီဂါပြဲစဥ္ ၂၁ အျဖစ္ ဗီလာရီးရဲလ္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ဇာဗီရဲ႕အသင္းဟာ ေနာက္ဆုံးလိဂ္ ၅ ပြဲစလုံးကို အႏိုင္ရရွိထားတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ လက္ရွိအခ်ိန္အထိ ရမွတ္ ၅၃ မွတ္နဲ႔ လာလီဂါအမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနတာျဖစ္ၿပီး တစ္ဖက္မွာလည္း ဗီလာရီးရဲလ္အသင္းဟာ ရမွတ္ ၃၁ မွတ္နဲ႔ လာလီဂါအမွတ္ေပးဇယား အဆင့္ ၆ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

အဝါေရာင္ေရငုပ္သမားေတြဟာ ယခုရာသီ လာလီဂါပြဲ ၂၀ မွာ ၉ ပြဲႏိုင္ ၄ ပြဲသေရ ၇ ပြဲရႈံး ရလဒ္ပိုင္ဆိုင္ထားၿပီး တနဂၤေႏြေန႔ပြဲစဥ္ကို ၂ ပြဲဆက္တိုက္ရႈံးနိမ့္ထားတဲ့ ေျခစြမ္းနဲ႔ ယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

ဗီလာရီးရဲလ္ရဲ႕ ေျခစြမ္းပိုင္းက်ဆင္းေနေပမယ့္လည္း ပါအူ ေတာရက္စ္က အဝါေရာင္ေရငုပ္သမားေတြဟာ ဘာစီလိုနာအသင္းအတြက္ ျပႆနာျဖစ္ေစႏိုင္မယ့္အရာေတြကို လုပ္ေဆာင္ႏိုင္တယ္လို႔ ယုံၾကည္ေနၿပီး အမွတ္ေပးဇယား ဦးေဆာင္သူေတြကို ေၾကာက္႐ြံ႕ေနျခင္းမရွိဘူးလို႔ သတိေပးေျပာၾကားလိုက္တာျဖစ္ပါတယ္။

“သူတို႔ေတြက အခုအခ်ိန္မွာ ေကာင္းမြန္တဲ့ေျခစြမ္းရရွိေနတဲ့ အသင္းပါ။ ပြဲကစားခ်ိန္အမ်ားစုကို လႊမ္းမိုးထားႏိုင္ၿပီး သူတို႔ေတြ ေဘာလုံးကိုင္ထားရတာကို ႏွစ္သက္ပါတယ္။ တျခားႏွစ္ေတြတုန္းကထက္ပိုၿပီး ထက္ျမက္ေနပါတယ္။ကြၽန္ေတာ္တို႔ ေကာင္းမြန္တဲ့ ဖိအားေပးၿပီး ကြၽန္ေတာ္တို႔ရဲ႕ အစြမ္းေတြအားလုံးအသုံးျပဳမယ္ဆိုရင္ ကြၽန္ေတာ္တို႔ အမ်ားႀကီး ရႏိုင္မွာပါ”

“ကြၽန္ေတာ္တို႔ မေၾကာက္ပါဘူး။ သူတို႔ေတြက အရမ္းေကာင္းတဲ့ရာသီကို ပိုင္ဆိုင္ေနၿပီး ၿပိဳင္ပြဲရဲ႕ စစ္မ်က္ႏွာအမ်ားအျပားမွာ ကြၽမ္းက်င္ပိုင္ႏိုင္ခဲ့ၾကပါတယ္။ ကြၽန္ေတာ္တို႔လည္း ေဘာလုံးလိုခ်င္တဲ့ ဘာစီလိုနာလိုမ်ိဳးအသင္းေတြနဲ႔ ရင္ဆိုင္ရာမွာ ေကာင္းေကာင္း လုပ္ေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.