La Liga

အယ်လ်ဟီလာလ်ကို အနိုင်ယူပြီး ကလပ်ကမ္ဘာ့ဖလားကိုစံချိန်တင်ဆွတ်ခူးခဲ့တဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ စနေနေ့ညက အယ်လ်ဟီလာအသင်းကို ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ၅-၃ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကလပ်ကမ္ဘာ့ဖလားကို ၅ ကြိမ်အထိ စံချိန်တင် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဗယ်လ်ဗာဒီက ၂ ဂိုး၊ ဗင်နီးရှပ်စ် ဂျူနီယာက ၂ ဂိုး၊ ဘန်ဇီးမားက တစ်ဂိုး သွင်းယူပေးခဲ့ကြတာဖြစ်ပြီး Prince Moulay Abdallah ကွင်းမှာ တစ်ဖက်သတ်ဆန်တဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အယ်လ်ဟီလာလ်အသင်းကို ၃ ဂိုးခွင့်ပြုပေးခဲ့ရပေမယ့်လည်း ဘယ်တုန်းကမှ ထိန်းချုပ်မှုအောက်ကနေ လွတ်သွားခဲ့တဲ့ပုံမပေါ်ခဲ့ဘဲ ဆော်ဒီအာရေဗျကလပ်အသင်းအတွက် မူဆာ မာရေဂါ၊ လူစီယာနို ဒါရီယို ဗီယက်တိုက ၂ ဂိုး သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

ဥရောပချန်ပီယံတွေဟာ ပထမပိုင်း ၁၃ မိနစ်မှာပဲ အဖွင့်ဂိုးကို သွင်းယူသွားခဲ့တာကြောင့် ပွဲက စောစောစီးစီး မြိုင်ဆိုင်ခဲ့တာဖြစ်ပြီး ဗယ်လ်ဗာဒီက ဘန်ဇီးမားနဲ့ ချိတ်ဆက်ကစားပြီးနောက် ပေးပို့ခဲ့တဲ့ဘောလုံးကို ဗင်နီးရှပ်စ်က အနီးကပ်ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဗယ်လ်ဗာဒီဟာ နောက်ထပ် ၅ မိနစ်အကြာမှာပဲ ကိုယ်တိုင် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပေမယ့်လည်း အယ်လ်ဟီလာလ်အသင်းက တန်ပြန်တိုက်စစ်ကနေ မာရေဂါသွင်းယူပေးခဲ့တဲ့ ချေပဂိုး တစ်ဂိုး ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပွဲအရှိန်ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုက ၇၀ ရာခိုင်နှုန်းနီးပါးရှိခဲ့ပေမယ့်လည်း ခံစစ်မှာ အကြိမ်ပေါင်းများစွာ ပေါက်နေခဲ့တာဖြစ်ပါတယ်။ မာရေဂါနဲ့ ဗီယက်တိုတို့ဟာ ရူဒီဂွနဲ့ ကမာဗင်ဂါတို့နဲ့ တစ်ဦးချင်းရင်ဆိုင်ရာမှာ ပြဿနာတွေ ပေးနိုင်ခဲ့ပြီး ဒုတိယပိုင်း ၅၄ မိနစ်မှာ ဗင်နီးရှပ်စ်က အယ်လ်ဟီလာလ် ခံစစ်ကို အလွန်ကောင်းမွန်တဲ့ ဘောလုံးစွမ်းရည်ပြသပြီးနောက် ဘန်ဇီးမားဂိုးသွင်းယူနိုင်အောင် လှပသေသပ်တဲ့ ဖြတ်တင်ပေးပို့မှု ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ၄ မိနစ်အကြာမှာပဲ ဗယ်လ်ဗာဒီက နောက်ထပ်တစ်ကြိမ် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဦးဆောင်ဂိုးကို ကာဗာဟယ်ရဲ့ ပေးပို့မှုကို အနီးကပ်ပိတ်သွင်းယူပြီး ရယူပေးခဲ့ပြန်တာ ဖြစ်ပါတယ်။ ဗီယက်တိုဟာ ၅ မိနစ်အကြာမှာ နောက်ထပ်တစ်ကြိမ် တန်ပြန်တိုက်စစ်ကနေဆင့် အယ်လ်ဟီလာလ်အတွက် ဒုတိယချေပဂိုးကို သွင်းယူပေးခဲ့ပေမယ့် ၆၉ မိနစ်မှာ ဗင်နီးရှပ်စ်က ပြိုင်ဘက်နောက်ခံလူရဲ့ပေါင်ကြားထဲ ဘောလုံးထည့်ပြခဲ့ပြီးနောက် သေသပ်တဲ့ အဆုံးသတ်နဲ့ နောက်ထပ် ဦးဆောင်ဂိုးသွင်းယူသွားခဲ့တာကြောင့် အယ်လ်ဟီလာလ်အသင်း ပြန်လာနိုင်ဖို့ မျှော်လင့်ချက် ကုန်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဗီယက်တိုဟာ စနေနေ့ညမှာ ဒုတိယမြောက်သွင်းဂိုးကို ဗင်နီးရှပ်စ်ရဲ့ ပဉ္စမမြောက်ဦးဆောင်ဂိုးသွင်းယူအပြီး ၁၀ မိနစ်အကြာမှာ သွင်းယူနိုင်ခဲ့ပြီး မော်ရိုကို ပရိသတ်တွေအတွက် စိတ်ကျေနပ်စရာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အရင်တုန်းက ကလပ်ကမ္ဘာ့ဖလားလို့ မခေါ်တွင်မီ တိုက်ကြီးများဖလားအဖြစ် တောင်အမေရိကချန်ပီယံတွေနဲ့ ဥရောပချန်ပီယံတွေကြား ယှဉ်ပြိုင်ကစားတဲ့ဆုဖလားကို ၃ ကြိမ်အထိ အနိုင်ရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ကလပ်ကမ္ဘာ့ဖလားကို ၅ ကြိမ်မြောက် အနိုင်ရရှိခဲ့တာဖြစ်ပြီး စုစုပေါင်း ကမ္ဘာလုံးဆိုင်ရာဆုဖလား ၈ ကြိမ်အထိ ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ပြီးရင် အအောင်မြင်ဆုံးအသင်းတွေအဖြစ် အေစီမီလန်၊ ဘိုင်ယန်မြူးနစ်တို့က ဒီပြိုင်ပွဲ ၂ ခုမှာ ၄ ကြိမ် ဗိုလ်စွဲထားခဲ့တာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းဟာ စေနေန႔ညက အယ္လ္ဟီလာအသင္းကို ကလပ္ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ၅-၃ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ကလပ္ကမာၻ႔ဖလားကို ၅ ႀကိမ္အထိ စံခ်ိန္တင္ ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ဗယ္လ္ဗာဒီက ၂ ဂိုး၊ ဗင္နီးရွပ္စ္ ဂ်ဴနီယာက ၂ ဂိုး၊ ဘန္ဇီးမားက တစ္ဂိုး သြင္းယူေပးခဲ့ၾကတာျဖစ္ၿပီး Prince Moulay Abdallah ကြင္းမွာ တစ္ဖက္သတ္ဆန္တဲ့ပြဲတစ္ပြဲ ျဖစ္ခဲ့တာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ အယ္လ္ဟီလာလ္အသင္းကို ၃ ဂိုးခြင့္ျပဳေပးခဲ့ရေပမယ့္လည္း ဘယ္တုန္းကမွ ထိန္းခ်ဳပ္မႈေအာက္ကေန လြတ္သြားခဲ့တဲ့ပုံမေပၚခဲ့ဘဲ ေဆာ္ဒီအာေရဗ်ကလပ္အသင္းအတြက္ မူဆာ မာေရဂါ၊ လူစီယာႏို ဒါရီယို ဗီယက္တိုက ၂ ဂိုး သြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။

ဥေရာပခ်န္ပီယံေတြဟာ ပထမပိုင္း ၁၃ မိနစ္မွာပဲ အဖြင့္ဂိုးကို သြင္းယူသြားခဲ့တာေၾကာင့္ ပြဲက ေစာေစာစီးစီး ၿမိဳင္ဆိုင္ခဲ့တာျဖစ္ၿပီး ဗယ္လ္ဗာဒီက ဘန္ဇီးမားနဲ႔ ခ်ိတ္ဆက္ကစားၿပီးေနာက္ ေပးပို႔ခဲ့တဲ့ေဘာလုံးကို ဗင္နီးရွပ္စ္က အနီးကပ္ပိတ္သြင္းယူခဲ့တာျဖစ္ပါတယ္။ ဗယ္လ္ဗာဒီဟာ ေနာက္ထပ္ ၅ မိနစ္အၾကာမွာပဲ ကိုယ္တိုင္ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ေပမယ့္လည္း အယ္လ္ဟီလာလ္အသင္းက တန္ျပန္တိုက္စစ္ကေန မာေရဂါသြင္းယူေပးခဲ့တဲ့ ေခ်ပဂိုး တစ္ဂိုး ရရွိသြားခဲ့တာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ပြဲအရွိန္ကို ထိန္းခ်ဳပ္ထားႏိုင္ခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈက ၇၀ ရာခိုင္ႏႈန္းနီးပါးရွိခဲ့ေပမယ့္လည္း ခံစစ္မွာ အႀကိမ္ေပါင္းမ်ားစြာ ေပါက္ေနခဲ့တာျဖစ္ပါတယ္။ မာေရဂါနဲ႔ ဗီယက္တိုတို႔ဟာ ႐ူဒီဂြနဲ႔ ကမာဗင္ဂါတို႔နဲ႔ တစ္ဦးခ်င္းရင္ဆိုင္ရာမွာ ျပႆနာေတြ ေပးႏိုင္ခဲ့ၿပီး ဒုတိယပိုင္း ၅၄ မိနစ္မွာ ဗင္နီးရွပ္စ္က အယ္လ္ဟီလာလ္ ခံစစ္ကို အလြန္ေကာင္းမြန္တဲ့ ေဘာလုံးစြမ္းရည္ျပသၿပီးေနာက္ ဘန္ဇီးမားဂိုးသြင္းယူႏိုင္ေအာင္ လွပေသသပ္တဲ့ ျဖတ္တင္ေပးပို႔မႈ ျပဳလုပ္ေပးခဲ့တာ ျဖစ္ပါတယ္။

ေနာက္ထပ္ ၄ မိနစ္အၾကာမွာပဲ ဗယ္လ္ဗာဒီက ေနာက္ထပ္တစ္ႀကိမ္ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ဦးေဆာင္ဂိုးကို ကာဗာဟယ္ရဲ႕ ေပးပို႔မႈကို အနီးကပ္ပိတ္သြင္းယူၿပီး ရယူေပးခဲ့ျပန္တာ ျဖစ္ပါတယ္။ ဗီယက္တိုဟာ ၅ မိနစ္အၾကာမွာ ေနာက္ထပ္တစ္ႀကိမ္ တန္ျပန္တိုက္စစ္ကေနဆင့္ အယ္လ္ဟီလာလ္အတြက္ ဒုတိယေခ်ပဂိုးကို သြင္းယူေပးခဲ့ေပမယ့္ ၆၉ မိနစ္မွာ ဗင္နီးရွပ္စ္က ၿပိဳင္ဘက္ေနာက္ခံလူရဲ႕ေပါင္ၾကားထဲ ေဘာလုံးထည့္ျပခဲ့ၿပီးေနာက္ ေသသပ္တဲ့ အဆုံးသတ္နဲ႔ ေနာက္ထပ္ ဦးေဆာင္ဂိုးသြင္းယူသြားခဲ့တာေၾကာင့္ အယ္လ္ဟီလာလ္အသင္း ျပန္လာႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ ကုန္ဆုံးသြားခဲ့တာျဖစ္ပါတယ္။

ဗီယက္တိုဟာ စေနေန႔ညမွာ ဒုတိယေျမာက္သြင္းဂိုးကို ဗင္နီးရွပ္စ္ရဲ႕ ပၪၥမေျမာက္ဦးေဆာင္ဂိုးသြင္းယူအၿပီး ၁၀ မိနစ္အၾကာမွာ သြင္းယူႏိုင္ခဲ့ၿပီး ေမာ္႐ိုကို ပရိသတ္ေတြအတြက္ စိတ္ေက်နပ္စရာ ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ အရင္တုန္းက ကလပ္ကမာၻ႔ဖလားလို႔ မေခၚတြင္မီ တိုက္ႀကီးမ်ားဖလားအျဖစ္ ေတာင္အေမရိကခ်န္ပီယံေတြနဲ႔ ဥေရာပခ်န္ပီယံေတြၾကား ယွဥ္ၿပိဳင္ကစားတဲ့ဆုဖလားကို ၃ ႀကိမ္အထိ အႏိုင္ရရွိခဲ့တဲ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ ကလပ္ကမာၻ႔ဖလားကို ၅ ႀကိမ္ေျမာက္ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး စုစုေပါင္း ကမာၻလုံးဆိုင္ရာဆုဖလား ၈ ႀကိမ္အထိ ပိုင္ဆိုင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ၿပီးရင္ အေအာင္ျမင္ဆုံးအသင္းေတြအျဖစ္ ေအစီမီလန္၊ ဘိုင္ယန္ျမဴးနစ္တို႔က ဒီၿပိဳင္ပြဲ ၂ ခုမွာ ၄ ႀကိမ္ ဗိုလ္စြဲထားခဲ့တာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.