La Liga

ပီးရက်ဇ်ဆီကနေ ကတိတစ်ခုရရင် ရီးရဲလ်ကို တတိယအကြိမ်ပြန်ကိုင်မယ့် ဇီဒန်း

ဇီဒန်းဟာ ဖလော်ရန်တီနို ပီးရက်ဇ်အနေနဲ့ ရာယန် ချာကီကို ခေါ်ယူပေးဖို့ ကတိပေးနိုင်မယ်ဆိုရင် ရီးရဲလ်မက်ဒရစ်အသင်းကို ပြန်လာချင်တဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

စပိန်သတင်းဌာန Sport ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းဟာ ပြင်သစ်လူငယ်ကြယ်ပွင့်နဲ့ အလုပ်လုပ်ချင်တဲ့ဆန္ဒရှိနေပြီး ဖလော်ရန်တီနို ပီးရက်ဇ်ကို ရာယန် ချာကီကိုသာ ခေါ်ပေးမယ်လို့ အာမခံရင် အန်ချယ်လော့တီရဲ့နေရာမှာ နည်းပြအဖြစ် တာဝန်ယူသွားဖို့ စဉ်းစားမယ့်အကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

ချာကီဟာ လက်ရှိအချိန် ဥရောပမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသူဖြစ်ပြီး ဇီဒန်းက နေရာစုံကစားနိုင်တဲ့ တိုက်စစ်ကစားသမားကို အလွန်နှစ်သက်သဘောကျနေတာဖြစ်ပါတယ်။

အန်ချယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်က အနာဂတ်ဟာ မရေမရာဖြစ်နေပုံပေါ်နေပြီဖြစ်ပြီး အီတလီလူမျိုးနည်းပြကြီးဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းကို လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလား ရရှိအောင် နည်းပြပေးခဲ့တာဖြစ်ပါတယ်။

စပိန်လာလီဂါထိပ်သီအသင်းကြီးဟာ ယခုရာသီမှာ လာလီဂါမှတ်ပေးဇယားထိပ်ဆုံးက အဓိကပြိုင်ဘက် ဘာစီလိုနာအသင်းနဲ့ ၈ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေရတာဖြစ်ပြီး လက်ရှိ ဥရောပချန်ပီယံတွေဟာ စပိန်စူပါဖလားချန်ပီယံဘွဲ့ကိုလည်း အယ်လ်ကလက်စီကိုပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရာမှာ ရှုံးနိမ့်ပြီး မကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖလော်ရန်တီနို ပီးရက်ဇ်ဟာ သိပ်မကြာခင် ရလဒ်တွေ တိုးတက်လာခြင်းမရှိဘူးဆိုရင် အန်ချယ်လော့တီနဲ့ လမ်းခွဲသွားဖို့ စဉ်းစားသွားမှာဖြစ်တယ်လို့ နားလည်ရပြီး အီတလီလူမျိုးနည်းပြကြီးဟာ ဘရာဇီးလ်လက်ရွေးစင်နည်းပြဖြစ်လာဖို့အတွက် ခေါင်းငြိမ့်ခဲ့တယ်လို့ ESPN Brazil က ယမန်နေ့က ဖော်ပြခဲ့ပါတယ်။

ဇီဒန်းဟာ လက်ရှိအချိန်အထိ ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ်နဲ့ ၂ ကြိမ်ကိုင်တွယ်ခဲ့ထားခဲ့ဖူးပြီး ဘာနေဗျူးမှာ နည်းပြတစ်ယောက်အဖြစ်နဲ့ အောင်မြင်မှုတွေ အများအပြား ရရှိခဲ့သူဖြစ်ပါတယ်။ ပြင်သစ်လူမျိုးနည်းပြဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်အပါအဝင် စုစုပေါင်း ဆုဖလားပေါင်း ၁၁ လုံးအထိ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပြီး ချာကီဟာ အသက် ၁၉ နှစ်အရွယ်သာရှိသေးပေမယ့် လီယွန်အတွက် ၈၅ ပွဲအထိ ကစားပေးထားပြီးဖြစ်တာကြောင့် ပြင်သစ်ဘောလုံးလောကမှာ မီဂါစတားဖြစ်လာမယ်သူလို့ ယူဆခြင်း ခံနေရတာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ဇီဒန္းဟာ ဖေလာ္ရန္တီႏို ပီးရက္ဇ္အေနနဲ႔ ရာယန္ ခ်ာကီကို ေခၚယူေပးဖို႔ ကတိေပးႏိုင္မယ္ဆိုရင္ ရီးရဲလ္မက္ဒရစ္အသင္းကို ျပန္လာခ်င္တဲ့ဆႏၵရွိေနတယ္လို႔ သိရပါတယ္။

စပိန္သတင္းဌာန Sport ရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္း ဇီဒန္းဟာ ျပင္သစ္လူငယ္ၾကယ္ပြင့္နဲ႔ အလုပ္လုပ္ခ်င္တဲ့ဆႏၵရွိေနၿပီး ဖေလာ္ရန္တီႏို ပီးရက္ဇ္ကို ရာယန္ ခ်ာကီကိုသာ ေခၚေပးမယ္လို႔ အာမခံရင္ အန္ခ်ယ္ေလာ့တီရဲ႕ေနရာမွာ နည္းျပအျဖစ္ တာဝန္ယူသြားဖို႔ စဥ္းစားမယ့္အေၾကာင္း ရွင္းရွင္းလင္းလင္း ေျပာၾကားခဲ့တယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။

ခ်ာကီဟာ လက္ရွိအခ်ိန္ ဥေရာပမွာ စိတ္လႈပ္ရွားစရာအေကာင္းဆုံး လူငယ္ကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ျခင္း ခံထားရသူျဖစ္ၿပီး ဇီဒန္းက ေနရာစုံကစားႏိုင္တဲ့ တိုက္စစ္ကစားသမားကို အလြန္ႏွစ္သက္သေဘာက်ေနတာျဖစ္ပါတယ္။

အန္ခ်ယ္ေလာ့တီရဲ႕ ရီးရဲလ္မက္ဒရစ္က အနာဂတ္ဟာ မေရမရာျဖစ္ေနပုံေပၚေနၿပီျဖစ္ၿပီး အီတလီလူမ်ိဳးနည္းျပႀကီးဟာ ၿပီးခဲ့တဲ့ရာသီမွာ အသင္းကို လာလီဂါဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလား ရရွိေအာင္ နည္းျပေပးခဲ့တာျဖစ္ပါတယ္။

စပိန္လာလီဂါထိပ္သီအသင္းႀကီးဟာ ယခုရာသီမွာ လာလီဂါမွတ္ေပးဇယားထိပ္ဆုံးက အဓိကၿပိဳင္ဘက္ ဘာစီလိုနာအသင္းနဲ႔ ၈ မွတ္အကြာ အဆင့္ ၂ ေနရာမွာ ရပ္တည္ေနရတာျဖစ္ၿပီး လက္ရွိ ဥေရာပခ်န္ပီယံေတြဟာ စပိန္စူပါဖလားခ်န္ပီယံဘြဲ႕ကိုလည္း အယ္လ္ကလက္စီကိုၿပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္ရာမွာ ရႈံးနိမ့္ၿပီး မကာကြယ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဖေလာ္ရန္တီႏို ပီးရက္ဇ္ဟာ သိပ္မၾကာခင္ ရလဒ္ေတြ တိုးတက္လာျခင္းမရွိဘူးဆိုရင္ အန္ခ်ယ္ေလာ့တီနဲ႔ လမ္းခြဲသြားဖို႔ စဥ္းစားသြားမွာျဖစ္တယ္လို႔ နားလည္ရၿပီး အီတလီလူမ်ိဳးနည္းျပႀကီးဟာ ဘရာဇီးလ္လက္ေ႐ြးစင္နည္းျပျဖစ္လာဖို႔အတြက္ ေခါင္းၿငိမ့္ခဲ့တယ္လို႔ ESPN Brazil က ယမန္ေန႔က ေဖာ္ျပခဲ့ပါတယ္။

ဇီဒန္းဟာ လက္ရွိအခ်ိန္အထိ ရီးရဲလ္မက္ဒရစ္နည္းျပအျဖစ္နဲ႔ ၂ ႀကိမ္ကိုင္တြယ္ခဲ့ထားခဲ့ဖူးၿပီး ဘာေနဗ်ဴးမွာ နည္းျပတစ္ေယာက္အျဖစ္နဲ႔ ေအာင္ျမင္မႈေတြ အမ်ားအျပား ရရွိခဲ့သူျဖစ္ပါတယ္။ ျပင္သစ္လူမ်ိဳးနည္းျပဟာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ လာလီဂါဖလား ၂ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၃ ႀကိမ္အပါအဝင္ စုစုေပါင္း ဆုဖလားေပါင္း ၁၁ လုံးအထိ ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာျဖစ္ၿပီး ခ်ာကီဟာ အသက္ ၁၉ ႏွစ္အ႐ြယ္သာရွိေသးေပမယ့္ လီယြန္အတြက္ ၈၅ ပြဲအထိ ကစားေပးထားၿပီးျဖစ္တာေၾကာင့္ ျပင္သစ္ေဘာလုံးေလာကမွာ မီဂါစတားျဖစ္လာမယ္သူလို႔ ယူဆျခင္း ခံေနရတာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.