Premier League

အာဆင်နယ်ပရိသတ်တွေကို ပွဲဆူစေမယ့် သတိပေးစကားပြောကြားလိုက်တဲ့ နဗီး

ဂယ်ရီ နဗီးဟာ တွစ်တာမှာ ယခုရာသီကုန်ချိန်မှာ အာဆင်နယ်အနေနဲ့ ချန်ပီယံဖြစ်လိမ့်မယ်လို့ မထင်သေးတဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ဂန်းနားတွေကို လိဂ်ဖလားအနိုင်မရနိုင်သေးဘူးလို့ သတိပေးခဲ့ပါတယ်။

အာဆင်နယ်ဟာ နည်းပြ အာတီတာလက်အောက်မှာ စိတ်လှုပ်ရှားစရာ ရာသီကို ပိုင်ဆိုင်နေတာဖြစ်ပြီး လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ မန်ချက်စတာစီးတီးထက် ၅ မှတ်အသာနဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး အဲဒီပွဲစဉ်ဟာ ယခုရာသီကုန်မှာ ဘယ်သူက ဆုဖလားကို ကိုင်မြှောက်နိုင်မလဲဆိုတာကို အဆုံးအဖြတ်ပေးနိုင်မယ့် ပွဲစဉ်ဖြစ်လာဖို့ များနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂယ်ရီ နဗီးက ဂန်းနားတွေက ချန်ပီယံဖြစ်လိမ့်မယ်လို့ မယုံကြည်သေးတဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဂန္တဝင်က Sky Sports ရဲ့ The Overlap အစီအစဉ်မှာ ဂန်းနားတွေအပေါ် ၎င်းရဲ့အမြင်နဲ့ပတ်သက်ပြီး ဝေဖန်ခံခဲ့ရပြီးနောက် သောကြာနေ့နံနက်မှာ ၎င်းရဲ့ထင်မြင်ချက်ကို ထုတ်ဖော်ပြောကြားခဲ့တာကြောင့် လူမှုကွန်ရက်ပေါ်က အာဆင်နယ်ပရိသတ်တွေအတွက် ဒေါသထွက်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

“ကာရေဂါကို ဘာသဘောကျလဲဆိုင် သူက သတင်းအချက်အလက်အသစ်တွေနဲ့ သူ့ရဲ့ ယူဆချက်ကို ပြောင်းလဲတာပဲ။ လီဆန်ဒရို မာတီကန်ဇ်ရဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုမှုကြောင့် ငါတို့တွေအားလုံး အံ့အားသင့်ခဲ့ပြီး သဘောကျခဲ့ကြတယ်လို့ ထင်တယ်။ တစ်ဖက်က ဂယ်ရီ နဗီးလား။ တိုက်ခိုက်ဖို့လောက်ပဲသိပြီး လက်တွေ့ထက် စိတ်ခံစားချက်နဲ့ပဲ ပြောဆိုတတ်တယ်။ သူပြောတာတွေက ဘောင်မဝင်တာ ရှက်ဖို့ကောင်းတယ်”လို့ အာဆင်နယ်ပရိသတ်တစ်ဦးက တွစ်တာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ ဂယ်ရီ နဗီးက ရာသီက သွားဖို့ အဝေးကြီးကျန်သေးတယ်ဆိုတဲ့ သတိပေးပြောဆိုမှု ပြုလုပ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ဂန္တဝင်က အာဆင်နယ်ပရိသတ်ရဲ့ ပြောကြားမှုကို “ခင်ဗျားတို့ လိဂ်ဖလား မရသေးဘူးနော် မိတ်ဆွေ။ ခင်ဗျားမှာ ၁၈ ပွဲ ကစားဖို့ ကျန်သေးတယ်။ ဒီလောက်ပွဲတွေအများကြီး ကျန်နေသေးတဲ့လိဂ်ကို အနိုင်ရရှိဖို့က ဘယ်လောက်ခက်လဲဆိုတာ ခင်ဗျား သိလား။ ခင်ဗျား အဲဒါကို အနိုင်ရရှိလိမ့်မယ်လို့ ထင်တဲ့အချိန်ကျရင် ကျွန်တော့်ရဲ့ စိတ်ကို ပျော်ပျော်ကြီး ပြောင်းလဲပေးမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဂယ်ရီ နဗီးက အခုလိုမျိုး ပြောကြားခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းကမှ နောက်ဆုံးမှာ ချန်ပီယံဖြစ်သွားမယ့်အသင်းကို ခန့်မှန်းခဲ့ရာမှာ အာဆင်နယ်က အနိုင်ရရှိသွားနိုင်တယ်လို့ ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ တနင်္ဂနွေနေ့က မန်စီးတီးပွဲမှာ ရှိနေခဲ့ပြီး အသင်းလူစာရင်းထွက်လာခဲ့တဲ့အချိန်မှာ ကျွန်တော် ‘ဟင်’ဆိုပြီး ဖြစ်သွားခဲ့တယ်။ ပထမဆုံးအကြိမ် အာဆင်နယ်က လိဂ်ဖလားကို အနိုင်ရသွားနိုင်တယ်လို့ တွေးမိခဲ့တယ်။ စီးတီးရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာတော့ အဲဒါက ပါးနပ်တဲ့ပုံမပေါ်ပါဘူး။ ကျွန်တော် တွေးမိခဲ့တာက ‘သူ(ဂွါဒီယိုလာ)ပေါက်ကရတွေ လျှောက်လုပ်နေတယ်။ အရမ်း အပြောင်းအလဲတွေ လုပ်လွန်းအားကြီးသွားပြီ။ ဘာကြောင့် ကီဗင် မကစားရတာလဲ ကျွန်တော် မသိဘူး”

“ဘာကြောင့် ဂန်ဒိုဝမ်က မကစားခဲ့ရလဲဆိုတာ ကျွန်တော် မသိဘူး။ ဘာကြောင့် ဒီယက်စ်က ဗဟိုခံစစ်မှာ လာပေါ့တ်နဲ့အတူ သူတို့ကို ပိုပြီး ကျစ်လစ်အောင် ပါဝင်ကစားခွင့်မရခဲ့လဲ ကျွန်တော် မသိဘူး”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ဂယ္ရီ နဗီးဟာ တြစ္တာမွာ ယခုရာသီကုန္ခ်ိန္မွာ အာဆင္နယ္အေနနဲ႔ ခ်န္ပီယံျဖစ္လိမ့္မယ္လို႔ မထင္ေသးတဲ့အေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီးေနာက္ ဂန္းနားေတြကို လိဂ္ဖလားအႏိုင္မရႏိုင္ေသးဘူးလို႔ သတိေပးခဲ့ပါတယ္။

အာဆင္နယ္ဟာ နည္းျပ အာတီတာလက္ေအာက္မွာ စိတ္လႈပ္ရွားစရာ ရာသီကို ပိုင္ဆိုင္ေနတာျဖစ္ၿပီး လက္ရွိမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ မန္ခ်က္စတာစီးတီးထက္ ၅ မွတ္အသာနဲ႔ ဦးေဆာင္ေနတာ ျဖစ္ပါတယ္။ အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ဟာ လာမယ့္ဗုဒၶဟူးေန႔မွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားၾကမွာျဖစ္ၿပီး အဲဒီပြဲစဥ္ဟာ ယခုရာသီကုန္မွာ ဘယ္သူက ဆုဖလားကို ကိုင္ေျမႇာက္ႏိုင္မလဲဆိုတာကို အဆုံးအျဖတ္ေပးႏိုင္မယ့္ ပြဲစဥ္ျဖစ္လာဖို႔ မ်ားေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂယ္ရီ နဗီးက ဂန္းနားေတြက ခ်န္ပီယံျဖစ္လိမ့္မယ္လို႔ မယုံၾကည္ေသးတဲ့အေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္က Sky Sports ရဲ႕ The Overlap အစီအစဥ္မွာ ဂန္းနားေတြအေပၚ ၎ရဲ႕အျမင္နဲ႔ပတ္သက္ၿပီး ေဝဖန္ခံခဲ့ရၿပီးေနာက္ ေသာၾကာေန႔နံနက္မွာ ၎ရဲ႕ထင္ျမင္ခ်က္ကို ထုတ္ေဖာ္ေျပာၾကားခဲ့တာေၾကာင့္ လူမႈကြန္ရက္ေပၚက အာဆင္နယ္ပရိသတ္ေတြအတြက္ ေဒါသထြက္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။

“ကာေရဂါကို ဘာသေဘာက်လဲဆိုင္ သူက သတင္းအခ်က္အလက္အသစ္ေတြနဲ႔ သူ႔ရဲ႕ ယူဆခ်က္ကို ေျပာင္းလဲတာပဲ။ လီဆန္ဒ႐ို မာတီကန္ဇ္ရဲ႕ ပြင့္ပြင့္လင္းလင္း ေျပာဆိုမႈေၾကာင့္ ငါတို႔ေတြအားလုံး အံ့အားသင့္ခဲ့ၿပီး သေဘာက်ခဲ့ၾကတယ္လို႔ ထင္တယ္။ တစ္ဖက္က ဂယ္ရီ နဗီးလား။ တိုက္ခိုက္ဖို႔ေလာက္ပဲသိၿပီး လက္ေတြ႕ထက္ စိတ္ခံစားခ်က္နဲ႔ပဲ ေျပာဆိုတတ္တယ္။ သူေျပာတာေတြက ေဘာင္မဝင္တာ ရွက္ဖို႔ေကာင္းတယ္”လို႔ အာဆင္နယ္ပရိသတ္တစ္ဦးက တြစ္တာေပၚမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ ဂယ္ရီ နဗီးက ရာသီက သြားဖို႔ အေဝးႀကီးက်န္ေသးတယ္ဆိုတဲ့ သတိေပးေျပာဆိုမႈ ျပဳလုပ္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္က အာဆင္နယ္ပရိသတ္ရဲ႕ ေျပာၾကားမႈကို “ခင္ဗ်ားတို႔ လိဂ္ဖလား မရေသးဘူးေနာ္ မိတ္ေဆြ။ ခင္ဗ်ားမွာ ၁၈ ပြဲ ကစားဖို႔ က်န္ေသးတယ္။ ဒီေလာက္ပြဲေတြအမ်ားႀကီး က်န္ေနေသးတဲ့လိဂ္ကို အႏိုင္ရရွိဖို႔က ဘယ္ေလာက္ခက္လဲဆိုတာ ခင္ဗ်ား သိလား။ ခင္ဗ်ား အဲဒါကို အႏိုင္ရရွိလိမ့္မယ္လို႔ ထင္တဲ့အခ်ိန္က်ရင္ ကြၽန္ေတာ့္ရဲ႕ စိတ္ကို ေပ်ာ္ေပ်ာ္ႀကီး ေျပာင္းလဲေပးမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဂယ္ရီ နဗီးက အခုလိုမ်ိဳး ေျပာၾကားခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့ရက္ပိုင္းကမွ ေနာက္ဆုံးမွာ ခ်န္ပီယံျဖစ္သြားမယ့္အသင္းကို ခန႔္မွန္းခဲ့ရာမွာ အာဆင္နယ္က အႏိုင္ရရွိသြားႏိုင္တယ္လို႔ ဝန္ခံ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “ကြၽန္ေတာ္တို႔ တနဂၤေႏြေန႔က မန္စီးတီးပြဲမွာ ရွိေနခဲ့ၿပီး အသင္းလူစာရင္းထြက္လာခဲ့တဲ့အခ်ိန္မွာ ကြၽန္ေတာ္ ‘ဟင္’ဆိုၿပီး ျဖစ္သြားခဲ့တယ္။ ပထမဆုံးအႀကိမ္ အာဆင္နယ္က လိဂ္ဖလားကို အႏိုင္ရသြားႏိုင္တယ္လို႔ ေတြးမိခဲ့တယ္။ စီးတီးရႈံးနိမ့္ခဲ့တဲ့ ပြဲအၿပီးမွာေတာ့ အဲဒါက ပါးနပ္တဲ့ပုံမေပၚပါဘူး။ ကြၽန္ေတာ္ ေတြးမိခဲ့တာက ‘သူ(ဂြါဒီယိုလာ)ေပါက္ကရေတြ ေလွ်ာက္လုပ္ေနတယ္။ အရမ္း အေျပာင္းအလဲေတြ လုပ္လြန္းအားႀကီးသြားၿပီ။ ဘာေၾကာင့္ ကီဗင္ မကစားရတာလဲ ကြၽန္ေတာ္ မသိဘူး”

“ဘာေၾကာင့္ ဂန္ဒိုဝမ္က မကစားခဲ့ရလဲဆိုတာ ကြၽန္ေတာ္ မသိဘူး။ ဘာေၾကာင့္ ဒီယက္စ္က ဗဟိုခံစစ္မွာ လာေပါ့တ္နဲ႔အတူ သူတို႔ကို ပိုၿပီး က်စ္လစ္ေအာင္ ပါဝင္ကစားခြင့္မရခဲ့လဲ ကြၽန္ေတာ္ မသိဘူး”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.