ပီအက်စ်ဂျီအသင်းဥက္ကဌ နက်ဆာ အယ်လ်ခါလီဖီဟာ မန်ချက်စတာစီးတီး နည်းပြ ဂွါဒီယိုလာကို ပဲရစ်ကို ခေါ်ယူနိုင်ဖို့အတွက် စိတ်ကြိုက်ပမာဏရေးလို့ရတဲ့ ချက်စာရွက်အလွတ် ကမ်းလှမ်းသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ပရီးမီးယားလိဂ်က မန်ချက်စတာစီးတီးအသင်းကို ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု တစ်ရာကျော်နဲ့ စွဲချက်တင်ခဲ့ပြီးနောက် အစ်တီဟတ်က စပိန်လူမျိုးနည်းပြရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်လာနေတာဖြစ်ပြီး El Nacional ရဲ့သတင်းအရ ပီအက်စ်ဂျီဥက္ကဌဟာ လီယွန်နယ် မက်ဆီကို ခေါ်ယူမှုအပြီး အကြီးမားဆုံးခေါ်ယူမှုကို ပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။
နက်ဆာ အယ်လ်ခါလီဖီဟာ မန်ချက်စတာစီးတီးကို ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်လိမ့်မယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့ အစ်တီဟတ်ကို ခေါ်ယူခြင်းခံခဲ့ရတဲ့ ဂွါဒီယိုလာကို ပီအက်စ်ဂျီအသင်းကိုလည်း ချန်ပီယံလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်အောင် ခေါ်ယူသွားချင်နေတာဖြစ်တယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီအသင်းဥက္ကဌဟာ မန်ချက်စတာစီးတီးအသင်းကို ပရီးမီးယားလိဂ်က ကြောက်မက်ဖွယ် များပြားတဲ့ စွဲချက်တွေနဲ့ စွဲဆိုခဲ့တာကို အခွင့်ကောင်းယူပြီး ဂွါဒီယိုလာကို အစ်တီဟတ်ကနေ ခေါ်ထုတ်သွားချင်နေတာ ဖြစ်ပါတယ်။ စပိန်လူမျိုးနည်းပြကတော့ မန်ချက်စတာစီးတီးအသင်းက ဘဏ္ဍာရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အသင်းက ၎င်းကိုသာ လိမ်လည်ခဲ့တာဆိုရင် အစ်တီဟတ်ကို စွန့်ခွာမှာ ဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့နွေရာသီကမှ ခရစ္စတို့ဖ် ဂယ်လ်တီယေးကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပေမယ့်လည်း ဘာစီလိုနည်းပြဟောင်းကို ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိရင် လက်နှေးနေမှာ မဟုတ်တာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာက အသင်းကလူတွေကို ယုံကြည်မှု ရှိနေတာကြောင့် အစ်တီဟတ်ကနေ ထွက်ခွာသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ စွဲချက်တွေဟာ မှားယွင်းကြောင်းနဲ့ ၎င်းတို့အသင်းဟာ အပြစ်ကင်းစင်ကြောင်း သက်သေပြသနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“သူတို့တွေ ကျွန်တော့်ကို နည်းပြရာထူးကနေ ထုတ်ပယ်မယ့် အကြောင်းအရင်းက ရလဒ်တွေကြောင့်ပဲ ဖြစ်ဖို့ မျှော်လင့်မိပါတယ်။ အဲဒါက နည်းပြတွေက သူတို့ရဲ့ ရာထူးကို စွန့်ခွာဖို့ ဒါမှမဟုတ် ဆက်နေဖို့ အကြောင်းအရင်းပါ။ ဒီအခြေအနေမှာ ကျွန်တော်တို့ အတူတူ ဆုံးဖြတ်ရလိမ့်မယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်အပေါ် ယုံကြည်ချက်နဲ့ ယုံကြည်မှုရှိကြလို့ပါ”
“ဒါပေမယ့် ကျွန်တော် ဒီထိုင်ခုံကနေ ရွေ့မှာမဟုတ်ပါဘူး။ ခင်ဗျားကို အဲဒါ အာမခံနိုင်တယ်။ အရင်ကထက်တောင် ကျွန်တော် ဆက်နေချင်ပါသေးတယ်။ တစ်ခါတရံ ကျွန်တော် သံသယရှိတယ်။ ဘယ်လိုနိုင်ငံမျိုးမှာမဆို ၇ နှစ်ဆိုတာက တော်တော်လေးကြာရှည်တဲ့အချိန်ဖြစ်နေပြီးသားပါ။ အခု ကျွန်တော် မပြောင်းရွှေ့ချင်ပါဘူး။ ခင်ဗျားကို သူတို့ လိမ်ခဲ့တယ် ပက်လို့ ပြောခဲ့တဲ့ လူတွေကြောင့်မဟုတ်ပါဘူး။ သူတို့တွေ ကျွန်တော့်ကို မလိမ်ညာခဲ့ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ပီအက္စ္ဂ်ီအသင္းဥကၠဌ နက္ဆာ အယ္လ္ခါလီဖီဟာ မန္ခ်က္စတာစီးတီး နည္းျပ ဂြါဒီယိုလာကို ပဲရစ္ကို ေခၚယူႏိုင္ဖို႔အတြက္ စိတ္ႀကိဳက္ပမာဏေရးလို႔ရတဲ့ ခ်က္စာ႐ြက္အလြတ္ ကမ္းလွမ္းသြားဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
ပရီးမီးယားလိဂ္က မန္ခ်က္စတာစီးတီးအသင္းကို ဘ႑ာေရးစည္းမ်ဥ္းခ်ိဳးေဖာက္မႈ တစ္ရာေက်ာ္နဲ႔ စြဲခ်က္တင္ခဲ့ၿပီးေနာက္ အစ္တီဟတ္က စပိန္လူမ်ိဳးနည္းျပရဲ႕ အနာဂတ္ဟာ မေရမရာ ျဖစ္လာေနတာျဖစ္ၿပီး El Nacional ရဲ႕သတင္းအရ ပီအက္စ္ဂ်ီဥကၠဌဟာ လီယြန္နယ္ မက္ဆီကို ေခၚယူမႈအၿပီး အႀကီးမားဆုံးေခၚယူမႈကို ျပဳလုပ္ဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ သိရပါတယ္။
နက္ဆာ အယ္လ္ခါလီဖီဟာ မန္ခ်က္စတာစီးတီးကို ခ်န္ပီယံလိဂ္ဖလား ရယူေပးႏိုင္လိမ့္မယ္ဆိုတဲ့ ေမွ်ာ္မွန္းခ်က္နဲ႔ အစ္တီဟတ္ကို ေခၚယူျခင္းခံခဲ့ရတဲ့ ဂြါဒီယိုလာကို ပီအက္စ္ဂ်ီအသင္းကိုလည္း ခ်န္ပီယံလိဂ္ဖလား ရရွိေအာင္ ကူညီေပးႏိုင္ေအာင္ ေခၚယူသြားခ်င္ေနတာျဖစ္တယ္လို႔ သိရပါတယ္။
ပီအက္စ္ဂ်ီအသင္းဥကၠဌဟာ မန္ခ်က္စတာစီးတီးအသင္းကို ပရီးမီးယားလိဂ္က ေၾကာက္မက္ဖြယ္ မ်ားျပားတဲ့ စြဲခ်က္ေတြနဲ႔ စြဲဆိုခဲ့တာကို အခြင့္ေကာင္းယူၿပီး ဂြါဒီယိုလာကို အစ္တီဟတ္ကေန ေခၚထုတ္သြားခ်င္ေနတာ ျဖစ္ပါတယ္။ စပိန္လူမ်ိဳးနည္းျပကေတာ့ မန္ခ်က္စတာစီးတီးအသင္းက ဘ႑ာေရးခ်ိဳးေဖာက္မႈေတြနဲ႔ပတ္သက္ၿပီး အသင္းက ၎ကိုသာ လိမ္လည္ခဲ့တာဆိုရင္ အစ္တီဟတ္ကို စြန႔္ခြာမွာ ျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီကမွ ခရစၥတို႔ဖ္ ဂယ္လ္တီေယးကို နည္းျပသစ္အျဖစ္ ခန႔္အပ္ခဲ့ေပမယ့္လည္း ဘာစီလိုနည္းျပေဟာင္းကို ေခၚယူႏိုင္မယ့္ အခြင့္အေရးရွိရင္ လက္ေႏွးေနမွာ မဟုတ္တာ ျဖစ္ပါတယ္။
မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာက အသင္းကလူေတြကို ယုံၾကည္မႈ ရွိေနတာေၾကာင့္ အစ္တီဟတ္ကေန ထြက္ခြာသြားမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ၿပီး ပရီးမီးယားလိဂ္ရဲ႕ စြဲခ်က္ေတြဟာ မွားယြင္းေၾကာင္းနဲ႔ ၎တို႔အသင္းဟာ အျပစ္ကင္းစင္ေၾကာင္း သက္ေသျပသႏိုင္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။
“သူတို႔ေတြ ကြၽန္ေတာ့္ကို နည္းျပရာထူးကေန ထုတ္ပယ္မယ့္ အေၾကာင္းအရင္းက ရလဒ္ေတြေၾကာင့္ပဲ ျဖစ္ဖို႔ ေမွ်ာ္လင့္မိပါတယ္။ အဲဒါက နည္းျပေတြက သူတို႔ရဲ႕ ရာထူးကို စြန႔္ခြာဖို႔ ဒါမွမဟုတ္ ဆက္ေနဖို႔ အေၾကာင္းအရင္းပါ။ ဒီအေျခအေနမွာ ကြၽန္ေတာ္တို႔ အတူတူ ဆုံးျဖတ္ရလိမ့္မယ္လို႔ ထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္အေပၚ ယုံၾကည္ခ်က္နဲ႔ ယုံၾကည္မႈရွိၾကလို႔ပါ”
“ဒါေပမယ့္ ကြၽန္ေတာ္ ဒီထိုင္ခုံကေန ေ႐ြ႕မွာမဟုတ္ပါဘူး။ ခင္ဗ်ားကို အဲဒါ အာမခံႏိုင္တယ္။ အရင္ကထက္ေတာင္ ကြၽန္ေတာ္ ဆက္ေနခ်င္ပါေသးတယ္။ တစ္ခါတရံ ကြၽန္ေတာ္ သံသယရွိတယ္။ ဘယ္လိုႏိုင္ငံမ်ိဳးမွာမဆို ၇ ႏွစ္ဆိုတာက ေတာ္ေတာ္ေလးၾကာရွည္တဲ့အခ်ိန္ျဖစ္ေနၿပီးသားပါ။ အခု ကြၽန္ေတာ္ မေျပာင္းေ႐ႊ႕ခ်င္ပါဘူး။ ခင္ဗ်ားကို သူတို႔ လိမ္ခဲ့တယ္ ပက္လို႔ ေျပာခဲ့တဲ့ လူေတြေၾကာင့္မဟုတ္ပါဘူး။ သူတို႔ေတြ ကြၽန္ေတာ့္ကို မလိမ္ညာခဲ့ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
PHOTOS CREDIT TO OWNERS
SPORTS A2Z.