Premier League

အိုးထရက်ဖို့ဒ်ကို ပြောင်းချင်တဲ့အကြောင်းအရင်း ၃ ခုကို ပြောပြခဲ့တဲ့ အာဆင်နယ်နဲ့ချဲလ်ဆီးပစ်မှတ်

ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့် ဒီကလန် ရိုက်စ်ရဲ့အနာဂတ်ဟာ လာမယ့်လတွေမှာ ပြင်းထန်တဲ့ အကဲဖြတ်မှုတွေအောက် ရောက်ရှိလာဖွယ်ရှိနေပြီး အင်္ဂလန်ကွင်းလယ်ကစားသမားက မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ချင်တဲ့ဆန္ဒကို အရိပ်အမြွက် ပြောကြားထားခဲ့ပြီး ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဝက်စ်ဟမ်းယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဒီကလန် ရိုက်စ်ကို ကာလရှည် သဘောကျနေခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းကလည်း ၎င်းတို့ရဲ့ အကယ်ဒမီထွက်ကစားသမားကို စိတ်ဝင်စားမှုပြသခဲ့သလို အာဆင်နယ်ကလည်း အသက် ၂၄ နှစ်အရွယ်ကြယ်ပွင့်ကို လာမယ့်နွေရာသီ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။

ဒီကလန် ရိုက်စ်ဟာ ဝက်စ်ဟမ်းနဲ့ ၂၀၂၄ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အရိပ်အယောင်တွေအားလုံးက အရှေ့လန်ဒန်ကလပ်အသင်းနဲ့ စာချုပ်သစ် မချုပ်ချင်တော့ဘူးဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီကလန် ရိုက်စ်ကို ရောင်းချမှာမဟုတ်ဘူးလို့ လူသိရှင်ကြား ငြင်းပယ်ထားတဲ့ ဝက်စ်ဟမ်းအသင်းဟာ ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားကို ယခုနွေရာသီမှာ ရောင်းထုတ်ဖို့ စဉ်းစားရတော့မှာဖြစ်ပြီး ယခုရာသီအစောပိုင်း အောက်တိုဘာလက အိုးထရက်ဖို့ဒ်မှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ မန်ယူနိုက်တက်နဲ့ အိုးထရက်ဖို့ဒ်ကွင်းအပေါ် လေးစားချစ်ခင်တဲ့အကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီကလန် ရိုက်စ်ဟာ ချန်ပီယံလိဂ်ကစားခွင့်ရတဲ့အသင်းကို ပြောင်းရွှေ့ချင်တဲ့ဆန္ဒကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

“စိတ်လှုပ်ရှားစရာကောင်းတာ သေချာပါတယ်။ အဲဒါက အိုးထရက်ဖို့ဒ်ပါ။ ဒီနေရာမှာ ရှိခဲ့တဲ့ ပွဲကြီးပွဲကောင်းတွေ၊ အမွေအနှစ်တွေ၊ ထိပ်တန်းကစားသမားတွေအကြောင်း ခင်ဗျား တွေးမိမှာပါ။ ခင်ဗျား ဒီနေရာကို ကစားသမားတစ်ယောက်အနေနဲ့ လာချင်မှာဖြစ်ပြီး ခင်ဗျားရဲ့ အမှတ်အသားနဲ့ ခင်ဗျားရဲ့ လွှမ်းမိုးနိုင်စွမ်းကို ချန်ထားခဲ့ချင်မှာပါ။ တစ်က အနိုင်ရဖို့ဖြစ်ပြီး နှစ်က ခင်ဗျားဘာသာ ကောင်းကောင်း ကစားနိုင်ဖို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

ဒီကလန် ရိုက်စ်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းဖော် ထရစ်ပီယာက ဝက်စ်ဟမ်းကြယ်ပွင့်ရဲ့ အရည်အသွေးကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ကာစီမီရိုနဲ့ အာဆင်နယ်ကြယ်ပွင့် သောမတ်စ် ပါတေးတို့ထက် ပိုမိုကောင်းမွန်တဲ့ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ဝက္စ္ဟမ္းကြင္းလယ္ၾကယ္ပြင့္ ဒီကလန္ ႐ိုက္စ္ရဲ႕အနာဂတ္ဟာ လာမယ့္လေတြမွာ ျပင္းထန္တဲ့ အကဲျဖတ္မႈေတြေအာက္ ေရာက္ရွိလာဖြယ္ရွိေနၿပီး အဂၤလန္ကြင္းလယ္ကစားသမားက မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ခ်င္တဲ့ဆႏၵကို အရိပ္အႁမြက္ ေျပာၾကားထားခဲ့ၿပီး ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဝက္စ္ဟမ္းယူႏိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ဒီကလန္ ႐ိုက္စ္ကို ကာလရွည္ သေဘာက်ေနခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းကလည္း ၎တို႔ရဲ႕ အကယ္ဒမီထြက္ကစားသမားကို စိတ္ဝင္စားမႈျပသခဲ့သလို အာဆင္နယ္ကလည္း အသက္ ၂၄ ႏွစ္အ႐ြယ္ၾကယ္ပြင့္ကို လာမယ့္ေႏြရာသီ ထိပ္တန္းပစ္မွတ္အျဖစ္ သတ္မွတ္ထားခဲ့တာျဖစ္ပါတယ္။

ဒီကလန္ ႐ိုက္စ္ဟာ ဝက္စ္ဟမ္းနဲ႔ ၂၀၂၄ ခုႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး အရိပ္အေယာင္ေတြအားလုံးက အေရွ႕လန္ဒန္ကလပ္အသင္းနဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ခ်င္ေတာ့ဘူးဆိုတာကို ျပသေနတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီကလန္ ႐ိုက္စ္ကို ေရာင္းခ်မွာမဟုတ္ဘူးလို႔ လူသိရွင္ၾကား ျငင္းပယ္ထားတဲ့ ဝက္စ္ဟမ္းအသင္းဟာ ၎တို႔ရဲ႕ ၾကယ္ပြင့္ကစားသမားကို ယခုေႏြရာသီမွာ ေရာင္းထုတ္ဖို႔ စဥ္းစားရေတာ့မွာျဖစ္ၿပီး ယခုရာသီအေစာပိုင္း ေအာက္တိုဘာလက အိုးထရက္ဖို႔ဒ္မွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ မန္ယူႏိုက္တက္နဲ႔ အိုးထရက္ဖို႔ဒ္ကြင္းအေပၚ ေလးစားခ်စ္ခင္တဲ့အေၾကာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒီကလန္ ႐ိုက္စ္ဟာ ခ်န္ပီယံလိဂ္ကစားခြင့္ရတဲ့အသင္းကို ေျပာင္းေ႐ႊ႕ခ်င္တဲ့ဆႏၵကို ရွင္းရွင္းလင္းလင္း ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လက္ရွိမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္ ၃ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

“စိတ္လႈပ္ရွားစရာေကာင္းတာ ေသခ်ာပါတယ္။ အဲဒါက အိုးထရက္ဖို႔ဒ္ပါ။ ဒီေနရာမွာ ရွိခဲ့တဲ့ ပြဲႀကီးပြဲေကာင္းေတြ၊ အေမြအႏွစ္ေတြ၊ ထိပ္တန္းကစားသမားေတြအေၾကာင္း ခင္ဗ်ား ေတြးမိမွာပါ။ ခင္ဗ်ား ဒီေနရာကို ကစားသမားတစ္ေယာက္အေနနဲ႔ လာခ်င္မွာျဖစ္ၿပီး ခင္ဗ်ားရဲ႕ အမွတ္အသားနဲ႔ ခင္ဗ်ားရဲ႕ လႊမ္းမိုးႏိုင္စြမ္းကို ခ်န္ထားခဲ့ခ်င္မွာပါ။ တစ္က အႏိုင္ရဖို႔ျဖစ္ၿပီး ႏွစ္က ခင္ဗ်ားဘာသာ ေကာင္းေကာင္း ကစားႏိုင္ဖို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒီကလန္ ႐ိုက္စ္ရဲ႕ အဂၤလန္လက္ေ႐ြးစင္အသင္းေဖာ္ ထရစ္ပီယာက ဝက္စ္ဟမ္းၾကယ္ပြင့္ရဲ႕ အရည္အေသြးကို ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ ကာစီမီ႐ိုနဲ႔ အာဆင္နယ္ၾကယ္ပြင့္ ေသာမတ္စ္ ပါေတးတို႔ထက္ ပိုမိုေကာင္းမြန္တဲ့ကစားသမားျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.