Premier League

GOAT ၂ ဦးလုံးနဲ့ တိုက်ပွဲဝင်ခဲ့ဖူးတဲ့ လမ်းပတ်ပြောတဲ့ အကောင်းဆုံးကစားသမား

လီယွန်နယ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ထဲက ဘယ်သူက အကောင်းဆုံးကစားသမားလဲဆိုတဲ့ အငြင်းအခုံနဲ့ပတ်သက်ပြီး ချဲလ်ဆီးဂန္တဝင် ဖရန့်ခ် လမ်းပတ်ရဲ့မှတ်ချက်စကားဟောင်းက စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။

အင်္ဂလန်ဂန္တဝင်ကွင်းလယ်ကစားသမားဟာ ၂၀၂၁ ခုနှစ်တုန်းက ၎င်းရဲ့ အကောင်းဆုံးပြိုင်ဘက် ၂ ဦးကို သတ်မှတ်ပေးဖို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ Coral ကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

လမ်းပတ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းကို မပြောင်းရွှေ့ခင် ရော်နယ်လ်ဒို ဘလွန်ဒေါဆုရရှိခဲ့တဲ့အချိန်မှာ ရင်ဆိုင်ကစားခဲ့ရတာဖြစ်ပြီး ချဲလ်ဆီးဂန္တဝင်က ၎င်းရဲ့ အကောင်းဆုံးပြိုင်ဘက် ၂ ဦးထဲမှာ ပေါ်တူဂီကြယ်ပွင့်ကို မထည့်သွင်းခဲ့တာဖြစ်ပါတယ်။

ဖရန့်ခ် လမ်းပတ်က ရော်နယ်လ်ဒိုအစား ၎င်းရဲ့ အကောင်းဆုံးပြိုင်ဘက် ၂ ဦးနာမည်ကို လီယွန်နယ် မက်ဆီနဲ့ ရော်နယ်လ်ဒင်ညိုလို့ သတ်မှတ်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်းက အာဂျင်တီးနားကြယ်ပွင့်ကို ဘာကြောင့်ရွေးချယ်ရလဲဆိုတဲ့ အကြောင်းအရင်းကိုလည်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “နှစ်ယောက်ရှိတယ်လို့ ကျွန်တော် ပြောရပါလိမ့်မယ်။ တစ်ယောက်က မက်ဆီပါ။ ဘာလို့လဲဆိုတော့ သူက အကောင်းဆုံးပဲလို့ ကျွန်တော် ထင်လို့ပါ”

လမ်းပတ်က ပြီးတဲ့နောက်မှာ ရင်ဆိုင်ကစားခဲ့ဖူးသမျှထဲမှာ ဒုတိယအကောင်းဆုံးကစားသမားအဖြစ် ရော်နယ်လ်ဒင်ညိုကို သတ်မှတ်ခဲ့ပြီး ချဲလ်ဆီးနည်းပြဟောင်းက ၂၀၀၄-၂၀၀၅ ရာသီ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ဘာစီလိုနာနဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ ဘရာဇီးလ်ဂန္တဝင်ဟာ တခြားကမ္ဘာတစ်ခုကနေ ရောက်လာတဲ့ ကစားသမားဆိုတာ သိသွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“နောက်ထပ်တစ်ယောက်က ရော်နယ်လ်ဒင်ညိုပါ။ ဘာလို့လဲဆိုတာ့ ၂၀၀၅ ခုနှစ်မှာ ကျွန်တော်တို့ နူးကမ့်ကို သွားကစားခဲ့ရတယ်။ အဲဒီပွဲက တခြားကမ္ဘာပေါ်က ကစားသမားတစ်ဦးနဲ့ ကျွန်တော် ပထမဆုံးရင်ဆိုင်တွေ့ခဲ့တဲ့ပွဲဖြစ်ခဲ့လို့ပါ”

“အဲဒီနေ့တုန်းက သူရယ် အီတူးရယ်က ထူးခြားခဲ့ပေမယ့် အထူးသဖြင့် ရော်နယ်လ်ဒင်ညိုရဲ့ ရွေ့လျားမှုတွေကို ကြည့်ပြီး ကျွန်တော် ဝိုး ဒါက ကွဲပြားခြားနားတဲ့အရာပဲဆိုပြီး ဖြစ်သွားခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ထဲက ဘယ္သူက အေကာင္းဆုံးကစားသမားလဲဆိုတဲ့ အျငင္းအခုံနဲ႔ပတ္သက္ၿပီး ခ်ဲလ္ဆီးဂႏၲဝင္ ဖရန႔္ခ္ လမ္းပတ္ရဲ႕မွတ္ခ်က္စကားေဟာင္းက စိတ္ဝင္စားစရာေကာင္းခဲ့ပါတယ္။

အဂၤလန္ဂႏၲဝင္ကြင္းလယ္ကစားသမားဟာ ၂၀၂၁ ခုႏွစ္တုန္းက ၎ရဲ႕ အေကာင္းဆုံးၿပိဳင္ဘက္ ၂ ဦးကို သတ္မွတ္ေပးဖို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ Coral ကို ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လမ္းပတ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကေန ရီးရဲလ္မက္ဒရစ္အသင္းကို မေျပာင္းေ႐ႊ႕ခင္ ေရာ္နယ္လ္ဒို ဘလြန္ေဒါဆုရရွိခဲ့တဲ့အခ်ိန္မွာ ရင္ဆိုင္ကစားခဲ့ရတာျဖစ္ၿပီး ခ်ဲလ္ဆီးဂႏၲဝင္က ၎ရဲ႕ အေကာင္းဆုံးၿပိဳင္ဘက္ ၂ ဦးထဲမွာ ေပၚတူဂီၾကယ္ပြင့္ကို မထည့္သြင္းခဲ့တာျဖစ္ပါတယ္။

ဖရန႔္ခ္ လမ္းပတ္က ေရာ္နယ္လ္ဒိုအစား ၎ရဲ႕ အေကာင္းဆုံးၿပိဳင္ဘက္ ၂ ဦးနာမည္ကို လီယြန္နယ္ မက္ဆီနဲ႔ ေရာ္နယ္လ္ဒင္ညိဳလို႔ သတ္မွတ္ခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးကြင္းလယ္ကစားသမားေဟာင္းက အာဂ်င္တီးနားၾကယ္ပြင့္ကို ဘာေၾကာင့္ေ႐ြးခ်ယ္ရလဲဆိုတဲ့ အေၾကာင္းအရင္းကိုလည္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ “ႏွစ္ေယာက္ရွိတယ္လို႔ ကြၽန္ေတာ္ ေျပာရပါလိမ့္မယ္။ တစ္ေယာက္က မက္ဆီပါ။ ဘာလို႔လဲဆိုေတာ့ သူက အေကာင္းဆုံးပဲလို႔ ကြၽန္ေတာ္ ထင္လို႔ပါ”

လမ္းပတ္က ၿပီးတဲ့ေနာက္မွာ ရင္ဆိုင္ကစားခဲ့ဖူးသမွ်ထဲမွာ ဒုတိယအေကာင္းဆုံးကစားသမားအျဖစ္ ေရာ္နယ္လ္ဒင္ညိဳကို သတ္မွတ္ခဲ့ၿပီး ခ်ဲလ္ဆီးနည္းျပေဟာင္းက ၂၀၀၄-၂၀၀၅ ရာသီ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာ ဘာစီလိုနာနဲ႔ ရင္ဆိုင္ခဲ့ရခ်ိန္မွာ ဘရာဇီးလ္ဂႏၲဝင္ဟာ တျခားကမာၻတစ္ခုကေန ေရာက္လာတဲ့ ကစားသမားဆိုတာ သိသြားခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ေနာက္ထပ္တစ္ေယာက္က ေရာ္နယ္လ္ဒင္ညိဳပါ။ ဘာလို႔လဲဆိုတာ့ ၂၀၀၅ ခုႏွစ္မွာ ကြၽန္ေတာ္တို႔ ႏူးကမ့္ကို သြားကစားခဲ့ရတယ္။ အဲဒီပြဲက တျခားကမာၻေပၚက ကစားသမားတစ္ဦးနဲ႔ ကြၽန္ေတာ္ ပထမဆုံးရင္ဆိုင္ေတြ႕ခဲ့တဲ့ပြဲျဖစ္ခဲ့လို႔ပါ”

“အဲဒီေန႔တုန္းက သူရယ္ အီတူးရယ္က ထူးျခားခဲ့ေပမယ့္ အထူးသျဖင့္ ေရာ္နယ္လ္ဒင္ညိဳရဲ႕ ေ႐ြ႕လ်ားမႈေတြကို ၾကည့္ၿပီး ကြၽန္ေတာ္ ဝိုး ဒါက ကြဲျပားျခားနားတဲ့အရာပဲဆိုၿပီး ျဖစ္သြားခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.