မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်က စည်းမျဉ်းချိုးဖောက်မှု ၁၀၀ ကျော်ရှိခဲ့တယ်ဆိုပြီး ပရီးမီးယားလိဂ်လက်ရှိချန်ပီယံတွေကို စွဲချက်တင်ခဲ့ပြီးနောက် ပြိုင်ဘက်အသင်းတွေကိုလည်း သတိထားဖို့ သတိပေးခဲ့ပါတယ်။
မန်စီးတီးဟာ ပရီးမီးယားလိဂ်က ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲခြင်းခံခဲ့ရတာဖြစ်ပြီး ၁၄ နှစ်တာ ကာလအတွင်းမှာ စည်းကမ်းချိုးဖောက်မှု ၁၁၅ ခုနဲ့ စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ ၂၀၂၀ ခုနှစ်တုန်းက ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး FFP စည်းမျဉ်းတွေ ချိုးဖောက်မှုအတွက် ပေါင် ၂၅ သန်း ဒဏ်ကြေးပေးဆောင်ခဲ့ရတာဖြစ်ပေမယ့်လည်း အယူခံကြောင့် ပြစ်ဒဏ်ချမှတ်ခံရမှုတွေ ဖယ်ရှားခံခဲ့ရပြီး ဒဏ်ငွေကို ပေါင် ၁၀ သန်းအထိ လျှော့ချပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ စွဲချက်တွေဟာ အဲဒီတုန်းကထက်တောင် ပြင်းထန်နေပြီး မန်ချက်စတာစီးတီးအသင်းသာ အပြစ်ရှိကြောင်း သက်သေပြသခြင်းခံရမယ်ဆိုရင် တန်းဆင်းသွားနိုင်တဲ့အခြေအနေအထိ ရှိနေတာ ဖြစ်ပါတယ်။ ယနေ့ညနေ သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက မန်စီးတီးဟာ အပြစ်ကင်းစင်တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပြီး ဒီစွဲချက်တွေဟာ ကျန်တဲ့ ပရီးမီးယားလိဂ် ၁၉ သင်းစလုံးဆီကနေ လွှမ်းမိုးမှုကြောင့် ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
“သူတို့တွေ(ကျန် ၁၉ သင်း)က စံနမူနာ လုပ်လိုက်တာပါ။ သူတို့တွေက အခုအချိန်မှာ ကျွန်တော်တို့ကို လုပ်ခဲ့တာကြောင့် စံနမူနာတစ်ခုကို လုပ်လိုက်တာပါ။ သတိထားကြပါ။ ရှေ့လျှောက် ဒီလိုမျိုး ကျွန်တော်တို့မှာ အပြစ်မရှိဘဲ စွပ်စွဲခံရတဲ့အသင်းတွေ ရှိလာနိုင်လို့ သတိထားကြပါ။ ဘယ်သူက အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ သိနိုင်မလဲ။ သူတို့တွေက ကျွန်တော်တို့ လျော်ကန်စွာ ပြုမူခဲ့ခြင်းမရှိဘူးလို့ ယုံကြည်ကြတယ်။ ကျွန်တော်တို့ အဲဒါကို လက်ခံပေးနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ မှန်မှန်ကန်ကန် လုပ်ခဲ့တယ်လို့ ယုံကြည်တဲ့အချိန်မှာ ကာကွယ်ခွင့်ပေးပါ”
“ယူအီးအက်ဖ်အေနဲ့လည်း အဲဒီလို ဖြစ်ခဲ့ပါတယ်။ အဲဒါက အခု ဒီနေ့မှာလည်း ဖြစ်လာပြန်ပြီ။ ကျွန်တော်တို့ အဲဒီကနေ မသင်ယူရသေးပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ စွဲချက်တွေက တခြားကလပ်အသင်းတွေကြောင့်လားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ “ခင်ဗျား ဥက္ကဌတွေဆီ၊ စီအီးအိုတွေဆီ သွားမေးသင့်တယ်။ ဒန်နီရယ် လီဗိုင်းကို သွားမေးသင့်တယ်။ သူတို့ကိုပဲ သွားမေးလိုက်ပါ”လို့ တုံ့ပြန်ခဲ့ပါတယ်။ ဂွါဒီယိုလာက မန်ချက်စတာစီးတီးအပေါ် စုံစမ်းစစ်ဆေးမှုတွေ ခံနေရချိန်မှာ အသင်းကို စွန့်ခွာမယ့်သတင်းတွေကို တုံ့ပြန်ခဲ့ပြီး “ကျွန်တော် ဒီထိုင်ခုံကနေ နေရာရွေ့မှာမဟုတ်ပါဘူး။ ကျွန်တော် မန်စီးတီးမှာ အရင်ကထက်တောင် နေချင်နေတယ်ဆိုတာ သေချာပါတယ်”
“မန်စီးတီးက ကျွန်တော့်ကို မလိမ်ညာခဲ့ဘူး။ ယူအီးအက်ဖ်အေနဲ့တုန်းကပဲ ကြည့်လိုက်။ ကျွန်တော်တို့ ဘာအမှားမှ မလုပ်ခဲ့ဘူး။ ကျွန်တော့်လူတွေကို ကျွန်တော် ဘာလို့ မယုံရမှာလဲ”လို့ ပြောကြားခဲ့ပါတယ်။
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာက ပရီးမီးယားလိဂ္က စည္းမ်ဥ္းခ်ိဳးေဖာက္မႈ ၁၀၀ ေက်ာ္ရွိခဲ့တယ္ဆိုၿပီး ပရီးမီးယားလိဂ္လက္ရွိခ်န္ပီယံေတြကို စြဲခ်က္တင္ခဲ့ၿပီးေနာက္ ၿပိဳင္ဘက္အသင္းေတြကိုလည္း သတိထားဖို႔ သတိေပးခဲ့ပါတယ္။
မန္စီးတီးဟာ ပရီးမီးယားလိဂ္က ဘ႑ာေရးစည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ခဲ့တယ္ဆိုတဲ့ စြပ္စြဲျခင္းခံခဲ့ရတာျဖစ္ၿပီး ၁၄ ႏွစ္တာ ကာလအတြင္းမွာ စည္းကမ္းခ်ိဳးေဖာက္မႈ ၁၁၅ ခုနဲ႔ စြဲခ်က္တင္ခဲ့တာ ျဖစ္ပါတယ္။
မန္ခ်က္စတာစီးတီးဟာ ၂၀၂၀ ခုႏွစ္တုန္းက ဥေရာပၿပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ ပိတ္ပင္ခံခဲ့ရၿပီး FFP စည္းမ်ဥ္းေတြ ခ်ိဳးေဖာက္မႈအတြက္ ေပါင္ ၂၅ သန္း ဒဏ္ေၾကးေပးေဆာင္ခဲ့ရတာျဖစ္ေပမယ့္လည္း အယူခံေၾကာင့္ ျပစ္ဒဏ္ခ်မွတ္ခံရမႈေတြ ဖယ္ရွားခံခဲ့ရၿပီး ဒဏ္ေငြကို ေပါင္ ၁၀ သန္းအထိ ေလွ်ာ့ခ်ေပးျခင္းခံခဲ့ရတာျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ရဲ႕ စြဲခ်က္ေတြဟာ အဲဒီတုန္းကထက္ေတာင္ ျပင္းထန္ေနၿပီး မန္ခ်က္စတာစီးတီးအသင္းသာ အျပစ္ရွိေၾကာင္း သက္ေသျပသျခင္းခံရမယ္ဆိုရင္ တန္းဆင္းသြားႏိုင္တဲ့အေျခအေနအထိ ရွိေနတာ ျဖစ္ပါတယ္။ ယေန႔ညေန သတင္းစာရွင္းလင္းပြဲမွာ ဂြါဒီယိုလာက မန္စီးတီးဟာ အျပစ္ကင္းစင္တယ္လို႔ အခိုင္အမာ ေျပာၾကားခဲ့ၿပီး ဒီစြဲခ်က္ေတြဟာ က်န္တဲ့ ပရီးမီးယားလိဂ္ ၁၉ သင္းစလုံးဆီကေန လႊမ္းမိုးမႈေၾကာင့္ ျဖစ္တယ္လို႔ ယုံၾကည္ေနပါတယ္။
“သူတို႔ေတြ(က်န္ ၁၉ သင္း)က စံနမူနာ လုပ္လိုက္တာပါ။ သူတို႔ေတြက အခုအခ်ိန္မွာ ကြၽန္ေတာ္တို႔ကို လုပ္ခဲ့တာေၾကာင့္ စံနမူနာတစ္ခုကို လုပ္လိုက္တာပါ။ သတိထားၾကပါ။ ေရွ႕ေလွ်ာက္ ဒီလိုမ်ိဳး ကြၽန္ေတာ္တို႔မွာ အျပစ္မရွိဘဲ စြပ္စြဲခံရတဲ့အသင္းေတြ ရွိလာႏိုင္လို႔ သတိထားၾကပါ။ ဘယ္သူက အနာဂတ္မွာ ဘာျဖစ္မလဲဆိုတာ သိႏိုင္မလဲ။ သူတို႔ေတြက ကြၽန္ေတာ္တို႔ ေလ်ာ္ကန္စြာ ျပဳမူခဲ့ျခင္းမရွိဘူးလို႔ ယုံၾကည္ၾကတယ္။ ကြၽန္ေတာ္တို႔ အဲဒါကို လက္ခံေပးႏိုင္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ မွန္မွန္ကန္ကန္ လုပ္ခဲ့တယ္လို႔ ယုံၾကည္တဲ့အခ်ိန္မွာ ကာကြယ္ခြင့္ေပးပါ”
“ယူအီးအက္ဖ္ေအနဲ႔လည္း အဲဒီလို ျဖစ္ခဲ့ပါတယ္။ အဲဒါက အခု ဒီေန႔မွာလည္း ျဖစ္လာျပန္ၿပီ။ ကြၽန္ေတာ္တို႔ အဲဒီကေန မသင္ယူရေသးပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ စြဲခ်က္ေတြက တျခားကလပ္အသင္းေတြေၾကာင့္လားလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ “ခင္ဗ်ား ဥကၠဌေတြဆီ၊ စီအီးအိုေတြဆီ သြားေမးသင့္တယ္။ ဒန္နီရယ္ လီဗိုင္းကို သြားေမးသင့္တယ္။ သူတို႔ကိုပဲ သြားေမးလိုက္ပါ”လို႔ တုံ႔ျပန္ခဲ့ပါတယ္။ ဂြါဒီယိုလာက မန္ခ်က္စတာစီးတီးအေပၚ စုံစမ္းစစ္ေဆးမႈေတြ ခံေနရခ်ိန္မွာ အသင္းကို စြန႔္ခြာမယ့္သတင္းေတြကို တုံ႔ျပန္ခဲ့ၿပီး “ကြၽန္ေတာ္ ဒီထိုင္ခုံကေန ေနရာေ႐ြ႕မွာမဟုတ္ပါဘူး။ ကြၽန္ေတာ္ မန္စီးတီးမွာ အရင္ကထက္ေတာင္ ေနခ်င္ေနတယ္ဆိုတာ ေသခ်ာပါတယ္”
“မန္စီးတီးက ကြၽန္ေတာ့္ကို မလိမ္ညာခဲ့ဘူး။ ယူအီးအက္ဖ္ေအနဲ႔တုန္းကပဲ ၾကည့္လိုက္။ ကြၽန္ေတာ္တို႔ ဘာအမွားမွ မလုပ္ခဲ့ဘူး။ ကြၽန္ေတာ့္လူေတြကို ကြၽန္ေတာ္ ဘာလို႔ မယုံရမွာလဲ”လို႔ ေျပာၾကားခဲ့ပါတယ္။
PHOTOS CREDIT TO OWNERS
SPORTS A2Z.