Premier League

ရက်ရှ်ဖို့ဒ် ဂိုးသွင်းဆက်ကြမ်းပေမယ့် လိဒ်စ်ဆီက ၁ မှတ်ပဲရခဲ့တဲ့ ပွဲစဉ်က မှတ်မှတ်ရရပြန်ပြောချင်စရာအချက်များ

၁။ နည်းပြသစ်ရဲ့ အစွမ်း

မိုက်ကယ် စကူဘားလားဆိုတဲ့နာမည်က ဒီပွဲမတိုင်ခင် ပရိသတ်အများစုနဲ့ မရင်းနှီးတဲ့နာမည်ဖြစ်ပေမယ့်လည်း လိဒ်စ်ယာယီနည်းပြဟာ ၎င်းရဲ့နာမည်ကို အားလုံးသိအောင် လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အင်္ဂလန်ဖူဆယ်နည်းပြဟောင်းဟာ ဂျက်ဆီ မာ့ရှ်ကို လိဒ်စ်ယူနိုက်တက်က ထုတ်ပယ်ခဲ့ပြီးနောက် အသင်းကို ယာယီကိုင်တွယ်ခဲ့ပြီး ပွဲစစချင်း တစ်မိနစ်အတွင်း လိဒ်စ်က ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့ချိန်မှာတော့ သမိုင်းတလျှောက် အလျင်မြန်ဆုံး ပြန်လာနိုင်ခဲ့တဲ့နည်းပြသစ်တွေထဲက တစ်ဦးဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီသွင်းဂိုးဟာ မာ့ရှ်နဲ့ ဘီအယ်လ်ဆာတို့ ကောင်းခဲ့တဲ့အချိန်တုန်းကပုံစံအတိုင်းသွင်းယူခဲ့တာဖြစ်ပြီး တန်ပြန်ဖိအားပေးမှုကနေတဆင့် ဂနွန်တိုက ဘမ်းဖို့ဒ်နဲ့ ဝမ်းတူးရိုက်ပြီး ပင်နယ်တီဧရိယာထိပ်ကနေ အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းအစမှာလည်း အလားတူအခြေအနေမျိုးဖြစ်ခဲ့ပြီး ဂါနာချိုဘောလုံးပိုင်ဆိုင်မှု ပျက်သွားခဲ့ပြီးနောက် ဆမ်းမားဗီးလ်က အလယ်ကို ချိုးပေးခဲ့ရာမှာ ဗာရွမ်းနဲ့ထိပြီး လမ်းကြောင်းပြောင်း ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။ နည်းပြ မာ့ရှ်လက်အောက်မှာ လိဒ်စ်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၇ ပွဲအထိ နိုင်ပွဲမရှိခဲ့ဘဲ နောက်ထပ်တစ်ပွဲအကြာ အိုးထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ပထမဆုံးနိုင်ပွဲရရှိဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့ အဲလန်းရုဒ်မှာ မန်ယူနိုက်တက်ကို ပြန်လည်ကြိုဆိုရတဲ့ပွဲမှာ ဒီပွဲစဉ်က အရှိန်အဟုန်မျိုးအတိုင်းပဲ ဆက်လက်ပြသသွားနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

၂။ ကာစီမီရို မပါဝင်နိုင်မှုကြောင့် တိုင်ပတ်နေတဲ့ ကွင်းလယ်

ပြီးခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့မှာ အရန်ခုံကနေ ၉ မိနစ်ဝင်ကစားခဲ့ပြီးနောက် ပထမဆုံး မန်ချက်စတာယူနိုက်တက်အတွက် ပွဲဦးထွက်ပွဲချိန်ပြည့်ကစားခဲ့တဲ့ ဆဘစ်ဇာအတွက်တော့ ပွဲကြီးပွဲကောင်းဖြစ်ခဲ့ပါတယ်။ ကာစီမီရိုဟာ ၃ ပွဲပယ်ပြစ်ဒဏ်စတင်ကျခံနေရပြီး အဲရစ်ဆင်လည်း ဒဏ်ရာကြောင့် မပါဝင်နိုင်တာကြောင့် ဆဘစ်ဇာဟာ ကွင်းလယ်မှာ တော်တော်လေး ဖြည့်ကစားခဲ့ရပြီး ပထမပိုင်းမှာ ဂိုးပေါက်ကန်သွင်းမှု ၃ ကြိမ်ပြုလုပ်ပေးပြီး အသင်းကို ဘာတွေ ယူဆောင်ပေးနိုင်လဲဆိုတာ ပြသခဲ့သလို ၎င်းရဲ့ အကန့်အသတ်ရှိမှုကိုလည်း ပြသခဲ့ပါတယ်။ ကာစီမီရို ကွင်းထဲမှာ ရှိနေတဲ့အချိန်မှာ မန်ချက်စတာယူနိုက်တက်ဟာ ဟန်ချက်ညီပြီး ထိန်းချုပ်နိုင်စွမ်းရှိတဲ့အသင်းဖြစ်နေခဲ့ပါတယ်။ ဆဘစ်ဇာဟာ ဘရာဇီးလ်ကြယ်ပွင့်အတွက် ဒါမှမဟုတ် ခရစ်ရှန် အဲရစ်ဆင်အတွက် အစားထိုးနိုင်တဲ့ကစားသမားမျိုးမဟုတ်ဘဲ အင်တိုက်အားတိုက်ကစားတတ်တဲ့ ကွင်းလယ်တိုက်စစ်ကစားသမားမျိုး ဖြစ်နေခဲ့တာဖြစ်ပါတယ်။ တန်ဟက်ရဲ့ ရှုထောင့်ကနေ ပွဲက အနည်းငယ် ဖွင့်ကစားခဲ့တာဆိုရင် ဒီလို အရည်အချင်းတွေက ဖျော်ဖြေမှုပေးစွမ်းနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဆဘစ်ဇာနဲ့ ဖရက်ဒ်တို့ဟာ ကွင်းလယ်မှာ ပထမဆုံးအကြိမ် တွဲကစားခဲ့တာကြောင့် လိဒ်စ်ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ ကြီးကြီးမားမား ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ပုံပေါ်နေခဲ့ပါတယ်။

၃။ တောင်ပံနေရာတွေက ဟန်ချက်ညီမှု

ယူနိုက်တက်ပရိသတ်တွေဟာ ၄-၂-၃-၁ ကစားကွက်မှာ ရက်ရှ်ဖို့ဒ်က ညာတောင်ပံ၊ ဂါနာချိုကို ၎င်းနှစ်သက်တဲ့နေရာဖြစ်တဲ့ ဘယ်တောင်ပံမှာ ပွဲထွက်စေခဲ့တာကို မြင်တွေ့ရတာ အံ့အားသင့်ခဲ့ကောင်း အံ့အားသင့်ခဲ့နိုင်ပါတယ်။ လူငယ်တောင်ပံကစားသမားဟာ ပထမပိုင်းမှာ အလွယ်တကူ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ရမှာဖြစ်ပေမယ့်လည်း ပထမတစ်လုံးမှာ ဂိုးတိုင်ဘေး ဝိုက်ထွက်သွားခဲ့ပြီး ဒုတိယတစ်လုံးမှာတော့ လိဒ်စ်နောက်ခံလူ ဝိုဘာရဲ့ ခေါင်းတိုက်ရှင်းထုတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်သာ အဲဒီပုံစံအတိုင်း အခွင့်အရေးရခဲ့မယ်ဆိုရင် ၂ ဂိုးစလုံး ဂိုးရရှိအောင် သွင်းယူနိုင်မယ်ဆိုတာ တွေးကြည့်လို့ရပါတယ်။ တန်ဟက်ဟာ ဂါနာချိုကို ဆန်ချို၊ အီလန်ဂါ၊ ပယ်လီစထရီတို့ကို ကျော်ပြီး ပွဲထွက်ခွင့်နေရာပေးခဲ့တာဖြစ်ပါတယ်။

၄။ သွင်းဂိုးတွေအတွက် တာဝန်ယူခဲ့တဲ့ ရက်ရှ်ဖို့ဒ်

ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပြန်လာပြီးကတည်းက ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်တွေထဲမှာ ၃ ပွဲသာ ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပြီး ဒီပွဲစဉ်ကို အလွန်ကောင်းမွန်တဲ့ဂိုးသွင်းခြေစွမ်းနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်နေပြီး ယူနိုက်တက်အတွက် နောက်ဆုံးပြိုင်ပွဲစုံ ၁၄ ပွဲမှာ ၁၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ သိပ်မကြိုက်တဲ့ ညာတောင်ပံမှာ ပထမတစ်ပိုင်းလုံး ကစားခဲ့ရပြီး အထီးကျန်ခဲ့ရပေမယ့်လည်း အထောင်တိုက်စစ်နေရာကို ပြန်ပြောင်းကစားပြီးနောက် ၃ မိနစ်အကြာမှာပဲ ခေါင်းတိုက်ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ ဇန်နဝါရီကစားသမားခေါ်ယူမှုဖြစ်တဲ့ ဗက်ဟော့စ်ဟာ ကွင်းထဲမှာ ရှိခဲ့တဲ့ ၅၉ မိနစ်စလုံး ပျောက်နေခဲ့တာ ဖြစ်ပါတယ်။

၅။ တန်ဟက်အတွက် ခံစားချက်တွေ ရောထွေးခဲ့တဲ့ည

ပွဲအပြီးမှာ တန်ဟက်အတွက် ခံစားချက်တွေ ရောထွေးခဲ့ပြီး ၎င်းရဲ့အသင်းဆီကနေ ကောင်းတာတွေရော ဆိုးတာတွေကိုပါ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ တစ်ဖက်မှာ ပရီးမီးယားလိဂ်မှာ ၇ ပွဲအထိ နိုင်ပွဲမရခဲ့တဲ့အသင်းကို ပထမပိုင်းမှာပဲ ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့ပေမယ့် တစ်ဖက်မှာတော့ ၂ ဂိုးအထိ အံ့အားသင့်ဖွယ် ပြန်လည် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်က ဂိုးသွင်းခြေစွမ်းကောင်းကို ဆက်လက်ပြသခဲ့ပြီး ဆန်ချိုကလည်း အရန်ခုံကနေ ဝင်လာပြီး ကွဲပြားခြားနားမှုတွေကို ပြုလုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ တန်ဟက်ဟာ ၅၉ မိနစ်မှာ ကစားသမား ၂ ဦးတပြိုင်နက် လူစားလဲလှယ်ခဲ့မှုအတွက် ချီးကျူးမှုနဲ့ ထိုက်တန်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအပြောင်းအလဲက ပွဲကို ပြောင်းလဲသွားစေခဲ့ပြီး ရက်ရှ်ဖို့ဒ်က အလယ်ပြန်ဝင်ကစားနိုင်ခဲ့သလို ကြံ့ခိုင်မှုပြန်ရနေတဲ့ ဆန်ချိုလည်း ဂိုးပြန်သွင်းယူနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒုတိယနေရာက မန်စီးတီးနဲ့ ရမှတ်တူသွားစေနိုင်မယ့် နောက်ထပ် ဦးဆောင်ဂိုးကို မသွင်းယူနိုင်ခဲ့တာကြောင့် တန်ဟက်အနေနဲ့ စိတ်ပျက်ခဲ့ရပါလိမ့်မယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

၁။ နည္းျပသစ္ရဲ႕ အစြမ္း

မိုက္ကယ္ စကူဘားလားဆိုတဲ့နာမည္က ဒီပြဲမတိုင္ခင္ ပရိသတ္အမ်ားစုနဲ႔ မရင္းႏွီးတဲ့နာမည္ျဖစ္ေပမယ့္လည္း လိဒ္စ္ယာယီနည္းျပဟာ ၎ရဲ႕နာမည္ကို အားလုံးသိေအာင္ လုပ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ အဂၤလန္ဖူဆယ္နည္းျပေဟာင္းဟာ ဂ်က္ဆီ မာ့ရွ္ကို လိဒ္စ္ယူႏိုက္တက္က ထုတ္ပယ္ခဲ့ၿပီးေနာက္ အသင္းကို ယာယီကိုင္တြယ္ခဲ့ၿပီး ပြဲစစခ်င္း တစ္မိနစ္အတြင္း လိဒ္စ္က ၁-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့ခ်ိန္မွာေတာ့ သမိုင္းတေလွ်ာက္ အလ်င္ျမန္ဆုံး ျပန္လာႏိုင္ခဲ့တဲ့နည္းျပသစ္ေတြထဲက တစ္ဦးျဖစ္ခဲ့တာျဖစ္ပါတယ္။ အဲဒီသြင္းဂိုးဟာ မာ့ရွ္နဲ႔ ဘီအယ္လ္ဆာတို႔ ေကာင္းခဲ့တဲ့အခ်ိန္တုန္းကပုံစံအတိုင္းသြင္းယူခဲ့တာျဖစ္ၿပီး တန္ျပန္ဖိအားေပးမႈကေနတဆင့္ ဂႏြန္တိုက ဘမ္းဖို႔ဒ္နဲ႔ ဝမ္းတူး႐ိုက္ၿပီး ပင္နယ္တီဧရိယာထိပ္ကေန အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းအစမွာလည္း အလားတူအေျခအေနမ်ိဳးျဖစ္ခဲ့ၿပီး ဂါနာခ်ိဳေဘာလုံးပိုင္ဆိုင္မႈ ပ်က္သြားခဲ့ၿပီးေနာက္ ဆမ္းမားဗီးလ္က အလယ္ကို ခ်ိဳးေပးခဲ့ရာမွာ ဗာ႐ြမ္းနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္း ဂိုးထဲဝင္သြားခဲ့တာျဖစ္ပါတယ္။ နည္းျပ မာ့ရွ္လက္ေအာက္မွာ လိဒ္စ္ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ ၇ ပြဲအထိ ႏိုင္ပြဲမရွိခဲ့ဘဲ ေနာက္ထပ္တစ္ပြဲအၾကာ အိုးထရက္ဖို႔ဒ္မွာ ပရီးမီးယားလိဂ္သမိုင္းတေလွ်ာက္ ပထမဆုံးႏိုင္ပြဲရရွိဖို႔ နီးစပ္ခဲ့တာျဖစ္ပါတယ္။ လာမယ့္ တနဂၤေႏြေန႔ အဲလန္း႐ုဒ္မွာ မန္ယူႏိုက္တက္ကို ျပန္လည္ႀကိဳဆိုရတဲ့ပြဲမွာ ဒီပြဲစဥ္က အရွိန္အဟုန္မ်ိဳးအတိုင္းပဲ ဆက္လက္ျပသသြားႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။

၂။ ကာစီမီ႐ို မပါဝင္ႏိုင္မႈေၾကာင့္ တိုင္ပတ္ေနတဲ့ ကြင္းလယ္

ၿပီးခဲ့တဲ့ ခရစၥတယ္ပဲေလ့စ္နဲ႔မွာ အရန္ခုံကေန ၉ မိနစ္ဝင္ကစားခဲ့ၿပီးေနာက္ ပထမဆုံး မန္ခ်က္စတာယူႏိုက္တက္အတြက္ ပြဲဦးထြက္ပြဲခ်ိန္ျပည့္ကစားခဲ့တဲ့ ဆဘစ္ဇာအတြက္ေတာ့ ပြဲႀကီးပြဲေကာင္းျဖစ္ခဲ့ပါတယ္။ ကာစီမီ႐ိုဟာ ၃ ပြဲပယ္ျပစ္ဒဏ္စတင္က်ခံေနရၿပီး အဲရစ္ဆင္လည္း ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္တာေၾကာင့္ ဆဘစ္ဇာဟာ ကြင္းလယ္မွာ ေတာ္ေတာ္ေလး ျဖည့္ကစားခဲ့ရၿပီး ပထမပိုင္းမွာ ဂိုးေပါက္ကန္သြင္းမႈ ၃ ႀကိမ္ျပဳလုပ္ေပးၿပီး အသင္းကို ဘာေတြ ယူေဆာင္ေပးႏိုင္လဲဆိုတာ ျပသခဲ့သလို ၎ရဲ႕ အကန႔္အသတ္ရွိမႈကိုလည္း ျပသခဲ့ပါတယ္။ ကာစီမီ႐ို ကြင္းထဲမွာ ရွိေနတဲ့အခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္ဟာ ဟန္ခ်က္ညီၿပီး ထိန္းခ်ဳပ္ႏိုင္စြမ္းရွိတဲ့အသင္းျဖစ္ေနခဲ့ပါတယ္။ ဆဘစ္ဇာဟာ ဘရာဇီးလ္ၾကယ္ပြင့္အတြက္ ဒါမွမဟုတ္ ခရစ္ရွန္ အဲရစ္ဆင္အတြက္ အစားထိုးႏိုင္တဲ့ကစားသမားမ်ိဳးမဟုတ္ဘဲ အင္တိုက္အားတိုက္ကစားတတ္တဲ့ ကြင္းလယ္တိုက္စစ္ကစားသမားမ်ိဳး ျဖစ္ေနခဲ့တာျဖစ္ပါတယ္။ တန္ဟက္ရဲ႕ ရႈေထာင့္ကေန ပြဲက အနည္းငယ္ ဖြင့္ကစားခဲ့တာဆိုရင္ ဒီလို အရည္အခ်င္းေတြက ေဖ်ာ္ေျဖမႈေပးစြမ္းႏိုင္ခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ ဆဘစ္ဇာနဲ႔ ဖရက္ဒ္တို႔ဟာ ကြင္းလယ္မွာ ပထမဆုံးအႀကိမ္ တြဲကစားခဲ့တာေၾကာင့္ လိဒ္စ္ယူႏိုက္တက္ဟာ ဒုတိယပိုင္းမွာ ႀကီးႀကီးမားမား ၿခိမ္းေျခာက္ႏိုင္စြမ္းရွိတဲ့ပုံေပၚေနခဲ့ပါတယ္။

၃။ ေတာင္ပံေနရာေတြက ဟန္ခ်က္ညီမႈ

ယူႏိုက္တက္ပရိသတ္ေတြဟာ ၄-၂-၃-၁ ကစားကြက္မွာ ရက္ရွ္ဖို႔ဒ္က ညာေတာင္ပံ၊ ဂါနာခ်ိဳကို ၎ႏွစ္သက္တဲ့ေနရာျဖစ္တဲ့ ဘယ္ေတာင္ပံမွာ ပြဲထြက္ေစခဲ့တာကို ျမင္ေတြ႕ရတာ အံ့အားသင့္ခဲ့ေကာင္း အံ့အားသင့္ခဲ့ႏိုင္ပါတယ္။ လူငယ္ေတာင္ပံကစားသမားဟာ ပထမပိုင္းမွာ အလြယ္တကူ ၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့ရမွာျဖစ္ေပမယ့္လည္း ပထမတစ္လုံးမွာ ဂိုးတိုင္ေဘး ဝိုက္ထြက္သြားခဲ့ၿပီး ဒုတိယတစ္လုံးမွာေတာ့ လိဒ္စ္ေနာက္ခံလူ ဝိုဘာရဲ႕ ေခါင္းတိုက္ရွင္းထုတ္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။ ရက္ရွ္ဖို႔ဒ္သာ အဲဒီပုံစံအတိုင္း အခြင့္အေရးရခဲ့မယ္ဆိုရင္ ၂ ဂိုးစလုံး ဂိုးရရွိေအာင္ သြင္းယူႏိုင္မယ္ဆိုတာ ေတြးၾကည့္လို႔ရပါတယ္။ တန္ဟက္ဟာ ဂါနာခ်ိဳကို ဆန္ခ်ိဳ၊ အီလန္ဂါ၊ ပယ္လီစထရီတို႔ကို ေက်ာ္ၿပီး ပြဲထြက္ခြင့္ေနရာေပးခဲ့တာျဖစ္ပါတယ္။

၄။ သြင္းဂိုးေတြအတြက္ တာဝန္ယူခဲ့တဲ့ ရက္ရွ္ဖို႔ဒ္

ရက္ရွ္ဖို႔ဒ္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲကေန ျပန္လာၿပီးကတည္းက ပါဝင္ကစားေပးခဲ့တဲ့ပြဲစဥ္ေတြထဲမွာ ၃ ပြဲသာ ဂိုးမသြင္းႏိုင္ခဲ့တာျဖစ္ၿပီး ဒီပြဲစဥ္ကို အလြန္ေကာင္းမြန္တဲ့ဂိုးသြင္းေျခစြမ္းနဲ႔ ယွဥ္ၿပိဳင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ အေကာင္းဆုံးေျခစြမ္းကို ပိုင္ဆိုင္ေနၿပီး ယူႏိုက္တက္အတြက္ ေနာက္ဆုံးၿပိဳင္ပြဲစုံ ၁၄ ပြဲမွာ ၁၂ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။ သိပ္မႀကိဳက္တဲ့ ညာေတာင္ပံမွာ ပထမတစ္ပိုင္းလုံး ကစားခဲ့ရၿပီး အထီးက်န္ခဲ့ရေပမယ့္လည္း အေထာင္တိုက္စစ္ေနရာကို ျပန္ေျပာင္းကစားၿပီးေနာက္ ၃ မိနစ္အၾကာမွာပဲ ေခါင္းတိုက္ဂိုးသြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဇန္နဝါရီကစားသမားေခၚယူမႈျဖစ္တဲ့ ဗက္ေဟာ့စ္ဟာ ကြင္းထဲမွာ ရွိခဲ့တဲ့ ၅၉ မိနစ္စလုံး ေပ်ာက္ေနခဲ့တာ ျဖစ္ပါတယ္။

၅။ တန္ဟက္အတြက္ ခံစားခ်က္ေတြ ေရာေထြးခဲ့တဲ့ည

ပြဲအၿပီးမွာ တန္ဟက္အတြက္ ခံစားခ်က္ေတြ ေရာေထြးခဲ့ၿပီး ၎ရဲ႕အသင္းဆီကေန ေကာင္းတာေတြေရာ ဆိုးတာေတြကိုပါ ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ တစ္ဖက္မွာ ပရီးမီးယားလိဂ္မွာ ၇ ပြဲအထိ ႏိုင္ပြဲမရခဲ့တဲ့အသင္းကို ပထမပိုင္းမွာပဲ ၂-၀ နဲ႔ ရႈံးနိမ့္ေနခဲ့ေပမယ့္ တစ္ဖက္မွာေတာ့ ၂ ဂိုးအထိ အံ့အားသင့္ဖြယ္ ျပန္လည္ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ရက္ရွ္ဖို႔ဒ္က ဂိုးသြင္းေျခစြမ္းေကာင္းကို ဆက္လက္ျပသခဲ့ၿပီး ဆန္ခ်ိဳကလည္း အရန္ခုံကေန ဝင္လာၿပီး ကြဲျပားျခားနားမႈေတြကို ျပဳလုပ္ျပႏိုင္ခဲ့တာျဖစ္ပါတယ္။ တန္ဟက္ဟာ ၅၉ မိနစ္မွာ ကစားသမား ၂ ဦးတၿပိဳင္နက္ လူစားလဲလွယ္ခဲ့မႈအတြက္ ခ်ီးက်ဴးမႈနဲ႔ ထိုက္တန္ခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီအေျပာင္းအလဲက ပြဲကို ေျပာင္းလဲသြားေစခဲ့ၿပီး ရက္ရွ္ဖို႔ဒ္က အလယ္ျပန္ဝင္ကစားႏိုင္ခဲ့သလို ႀကံ့ခိုင္မႈျပန္ရေနတဲ့ ဆန္ခ်ိဳလည္း ဂိုးျပန္သြင္းယူႏိုင္ခဲ့တာေၾကာင့္ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒုတိယေနရာက မန္စီးတီးနဲ႔ ရမွတ္တူသြားေစႏိုင္မယ့္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို မသြင္းယူႏိုင္ခဲ့တာေၾကာင့္ တန္ဟက္အေနနဲ႔ စိတ္ပ်က္ခဲ့ရပါလိမ့္မယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.