Premier League

ဘမ်းဖို့ဒ်ကို သမခဲ့တဲ့ သားသတ်သမားကြီး အနီကတ်ပြခံရသင့်တယ်လို့ ထင်မြင်နေတဲ့ ပရိသတ်များ

ပရိသတ်တွေဟာ လီဆန်ဒရို မာတီနက်ဇ်က မန်ချက်စတာယူနိုက်တက်နဲ့ လိဒ်စ်ယူနိုက်တက်တို့ကစားခဲ့တဲ့ပွဲစဉ်အတွင်း ပက်ထရစ် ဘမ်းဖိုဒ်ရဲ့မျက်နှာကို ကန်ခဲ့ပြီးနောက် ဘာအပြစ်ပေးအရေးယူမှုမှ မခံခဲ့ရတဲ့အတွက် ဒေါသထွက်ခဲ့ကြပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ နှစ်ဂိုးလိုက်သွင်းခဲ့ရတာဖြစ်ပြီး အဲရစ် တန်ဟက်ရဲ့အသင်းဟာ အမှတ်ပေးဇယား ဒုတိယနေရာက မန်ချက်စတာစီးတီးနဲ့ ရမှတ်တူညီနိုင်မယ့် အခွင့်အရေးကို လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

ဧည့်သည်တွေဟာ ပထမပိုင်း ၁ မိနစ်မှာပဲ ဂနွန်တိုရဲ့ အလွန်ကောင်းမွန်တဲ့ မြှေလှိမ့်ဘောကန်ချက်ကြောင့် ဦးဆောင်ဂိုး ရရှိခဲ့တာဖြစ်ပြီး ဗာရွမ်းရဲ့ ဒုတိယပိုင်းမှာ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့သွင်းဂိုးအပြီးမှာ မန်ချက်စတာယူနိုက်တက်က ၈ မိနစ်အတွင်းမှာ ၂-၂ သရေရလဒ်ထွက်ပေါ်စေမယ့် ချေပဂိုး ၂ ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်က ခေါင်းတိုက်ချေပဂိုး သွင်းယူပြီးနောက်မှာ လူစားဝင်ကစားသမား ဂျေဒန် ဆန်ချိုက စက်တင်ဘာလနောက်ပိုင်း ၎င်းရဲ့ ပထမဆုံးသွင်းဂိုးကို ပင်နယ်တီဧရိယာထဲမှာ နောက်ခံလူတွေ ပိတ်ဆို့ထားတဲ့ကြားကနေ ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက်အသင်းဟာ အိုးထရက်ဖို့ဒ်မှာ သရေ ၁ မှတ်ရယူနိုင်ခဲ့ပေမယ့်လည်း လိဒ်စ်ပရိသတ်တွေနဲ့ တခြားပရိသတ်တွေက အိမ်ရှင်တွေဟာ မာတီနက်ဇ်က ဘမ်းဖို့ဒ်ကို ကန်ခဲ့တဲ့အချိန်မှာ တစ်ယောက်လျော့နဲ့ ကစားခဲ့ရသင့်တယ်လို့ ယုံကြည်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားနောက်ခံကစားသမားဟာ ပထမပိုင်း နာကျင်အချိန်ပိုမှာ လိဒ်စ်ယူနိုက်တက် တိုက်စစ်မှူးနဲ့ ဘောလုံးယှဉ်လုခဲ့ရာမှာ မန်ယူနိုက်တက်နောက်ခံကစားသမားက ဘမ်းဖို့ဒ်နဲ့ လုံးထွေးနေချိန်မှာ ပြိုင်ဘက်ရဲ့မျက်နှာကို ဖိနပ်နဲ့ ကန်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီဆန်ဒရို မာတီနက်ဇ်ဟာ VAR က ဖြစ်စဉ်ကို ပြန်လည်သုံးသပ်ခဲ့ခြင်းမရှိတာကြောင့် အဝါကတ်ပြားကို ရှောင်လွှဲနိုင်ခဲ့တာဖြစ်ပေမယ့် လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကတော့ ဒီဖြစ်စဉ်ကို သတိမပြုမိဘဲ မနေနိုင်ခဲ့တာဖြစ်ပြီး မန်ယူနိုက်တက်နောက်ခံလူအနေနဲ့ အနီကတ်နဲ့ ထုတ်ပယ်ခံရသင့်တယ်လို့ ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။

“ဘယ်လိုဖြစ်ပြီး ဒါက အနီကတ်မဖြစ်တာလဲဆိုတာကို ငါ နားမလည်နိုင်ဘူး။ ဘမ်းဖို့ဒ်သာ မာတီနက်ဇ်ကို လုပ်တာဆိုရင် သူ အနီကတ်နဲ့ ထုတ်ခံရမှာ။ စိတ်ပျက်စရာကောင်းလိုက်တာ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “လီဆန်ဒရို မာတီနက်ဇ်က ဘမ်းဖို့ဒ်ရဲ့ မျက်နှာကို သူ့ဖိနပ်အောက်ခြေနဲ့ ကန်ခဲ့တယ်။ VAR က မန်ချက်စတာယူနိုက်တက်ကို ဆန့်ကျင်ရမယ့် ဆုံးဖြတ်ချက် ချမှတ်ရမယ့်အချိန်ဆိုရင် ရှိတောင် ရှိမနေသလိုပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ပရိသတ္ေတြဟာ လီဆန္ဒ႐ို မာတီနက္ဇ္က မန္ခ်က္စတာယူႏိုက္တက္နဲ႔ လိဒ္စ္ယူႏိုက္တက္တို႔ကစားခဲ့တဲ့ပြဲစဥ္အတြင္း ပက္ထရစ္ ဘမ္းဖိုဒ္ရဲ႕မ်က္ႏွာကို ကန္ခဲ့ၿပီးေနာက္ ဘာအျပစ္ေပးအေရးယူမႈမွ မခံခဲ့ရတဲ့အတြက္ ေဒါသထြက္ခဲ့ၾကပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ အိုးထရက္ဖို႔ဒ္မွာ ၂-၀ နဲ႔ ရႈံးနိမ့္ေနရာကေန ႏွစ္ဂိုးလိုက္သြင္းခဲ့ရတာျဖစ္ၿပီး အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ အမွတ္ေပးဇယား ဒုတိယေနရာက မန္ခ်က္စတာစီးတီးနဲ႔ ရမွတ္တူညီႏိုင္မယ့္ အခြင့္အေရးကို လြဲေခ်ာ္ခဲ့ရတာ ျဖစ္ပါတယ္။

ဧည့္သည္ေတြဟာ ပထမပိုင္း ၁ မိနစ္မွာပဲ ဂႏြန္တိုရဲ႕ အလြန္ေကာင္းမြန္တဲ့ ေျမႇလွိမ့္ေဘာကန္ခ်က္ေၾကာင့္ ဦးေဆာင္ဂိုး ရရွိခဲ့တာျဖစ္ၿပီး ဗာ႐ြမ္းရဲ႕ ဒုတိယပိုင္းမွာ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့သြင္းဂိုးအၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္က ၈ မိနစ္အတြင္းမွာ ၂-၂ သေရရလဒ္ထြက္ေပၚေစမယ့္ ေခ်ပဂိုး ၂ ဂိုးကို သြင္းယူခဲ့တာျဖစ္ပါတယ္။

မားကပ္စ္ ရက္ရွ္ဖို႔ဒ္က ေခါင္းတိုက္ေခ်ပဂိုး သြင္းယူၿပီးေနာက္မွာ လူစားဝင္ကစားသမား ေဂ်ဒန္ ဆန္ခ်ိဳက စက္တင္ဘာလေနာက္ပိုင္း ၎ရဲ႕ ပထမဆုံးသြင္းဂိုးကို ပင္နယ္တီဧရိယာထဲမွာ ေနာက္ခံလူေတြ ပိတ္ဆို႔ထားတဲ့ၾကားကေန ကန္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။ လိဒ္စ္ယူႏိုက္တက္အသင္းဟာ အိုးထရက္ဖို႔ဒ္မွာ သေရ ၁ မွတ္ရယူႏိုင္ခဲ့ေပမယ့္လည္း လိဒ္စ္ပရိသတ္ေတြနဲ႔ တျခားပရိသတ္ေတြက အိမ္ရွင္ေတြဟာ မာတီနက္ဇ္က ဘမ္းဖို႔ဒ္ကို ကန္ခဲ့တဲ့အခ်ိန္မွာ တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရသင့္တယ္လို႔ ယုံၾကည္ခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားေနာက္ခံကစားသမားဟာ ပထမပိုင္း နာက်င္အခ်ိန္ပိုမွာ လိဒ္စ္ယူႏိုက္တက္ တိုက္စစ္မႉးနဲ႔ ေဘာလုံးယွဥ္လုခဲ့ရာမွာ မန္ယူႏိုက္တက္ေနာက္ခံကစားသမားက ဘမ္းဖို႔ဒ္နဲ႔ လုံးေထြးေနခ်ိန္မွာ ၿပိဳင္ဘက္ရဲ႕မ်က္ႏွာကို ဖိနပ္နဲ႔ ကန္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း လီဆန္ဒ႐ို မာတီနက္ဇ္ဟာ VAR က ျဖစ္စဥ္ကို ျပန္လည္သုံးသပ္ခဲ့ျခင္းမရွိတာေၾကာင့္ အဝါကတ္ျပားကို ေရွာင္လႊဲႏိုင္ခဲ့တာျဖစ္ေပမယ့္ လူမႈကြန္ရက္ေပၚက ပရိသတ္ေတြကေတာ့ ဒီျဖစ္စဥ္ကို သတိမျပဳမိဘဲ မေနႏိုင္ခဲ့တာျဖစ္ၿပီး မန္ယူႏိုက္တက္ေနာက္ခံလူအေနနဲ႔ အနီကတ္နဲ႔ ထုတ္ပယ္ခံရသင့္တယ္လို႔ ယုံၾကည္ခဲ့ၾကတာျဖစ္ပါတယ္။

“ဘယ္လိုျဖစ္ၿပီး ဒါက အနီကတ္မျဖစ္တာလဲဆိုတာကို ငါ နားမလည္ႏိုင္ဘူး။ ဘမ္းဖို႔ဒ္သာ မာတီနက္ဇ္ကို လုပ္တာဆိုရင္ သူ အနီကတ္နဲ႔ ထုတ္ခံရမွာ။ စိတ္ပ်က္စရာေကာင္းလိုက္တာ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “လီဆန္ဒ႐ို မာတီနက္ဇ္က ဘမ္းဖို႔ဒ္ရဲ႕ မ်က္ႏွာကို သူ႔ဖိနပ္ေအာက္ေျခနဲ႔ ကန္ခဲ့တယ္။ VAR က မန္ခ်က္စတာယူႏိုက္တက္ကို ဆန႔္က်င္ရမယ့္ ဆုံးျဖတ္ခ်က္ ခ်မွတ္ရမယ့္အခ်ိန္ဆိုရင္ ရွိေတာင္ ရွိမေနသလိုပဲ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.