မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဗာရွန်း၊ မာတီနက်ဇ်၊ ဒါလော့နဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဖရက်ဒ်၊ ဆာဘစ်ဇာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂါနာချို၊ ရက်ရှ်ဖို့ဒ်နဲ့ ဗက်ဂ်ဟော့စ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် လိဒ်စ်ယူနိုက်တက်တို့ကတော့ ဂိုးသမား မေလီယေး၊ ခံစစ်မှာ ကို့ချ်၊ ဗိုဘာ၊ အေးလင်းနဲ့ စထရိုက်ခ်တို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ တိုင်လာ အက်ဒမ်စ်၊ မက်ကင်နီနဲ့ ဟာရစ်ဆန်တို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ ဂနွန်တို၊ ဆီနီစတယ်ရာနဲ့ ဘမ်ဖို့ဒ်တို့ကို ယာယီ နည်းပြ မိုက်ကယ် စကူဘာလာက ကစားစေခဲ့တာပါ။
ပွဲချိန် ၁ မိနစ်မှာပဲ လိဒ်စ်တို့ အဖွင့်ဂိုး သွင်းယူသွားခဲ့သလို ဒီဂိုးကိုတော့ ဘရူနို ဖာနန်ဒက်စ် ဘောလုံးပျက်ရာကနေ ဘယ်ခြမ်းက ပြန်ရသွားခဲ့တဲ့ ဂနွန်တိုက ဘမ်ဖို့ဒ်နဲ့ ဝမ်းတူးရိုက်ပြီး ဧရိယာထိပ်ကနေ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဒဟေးယား ကာကွယ်ဖို့ မတတ်နိုင်ခဲ့လို့ ဧည့်သည်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။
ဘမ်ဖို့ဒ် လူကျွံမကျွံ VAR ကြည့်ပြီး အတည်ပြုခဲ့ရတဲ့ ဒီဂိုးကတော့ မန်ယူနဲ့ လိဒ်စ်တို့ရဲ့ ပြိုင်ဆိုင်မှုဟာ အရင်ကလို မပြင်းထန်တော့ဘူးလို့ ပွဲကြိုမှာ ပြောခဲ့တဲ့ ပြင်သစ်သား နောက်ခံလူဟောင်း ဆီလ်ဗက်စတာကို ဟားတိုက်စရာလည်းဖြစ်ခဲ့ရပြီး အထနှေးခဲ့တဲ့ သရဲနီတွေအတွက်တော့ ဝန်ဘစ်ဆာကာကို ချန်လှပ်ထားခဲ့ချိန်မှာ အဖျက်မပိုင်တဲ့ ဒါလော့ရဲ့ ညာခြမ်းက အားနည်းမှုတွေ ရှိလာခဲ့တာပါ။
ပွဲချိန် ၈ မိနစ်မှာကတည်းက ကိုလံဘီယာသား ဆီနီစတယ်ရာ နာသွားခဲ့လို့ လိဒ်စ်တို့ ဆမ်းမားဗီးလ်နဲ့ လူစားလဲခဲ့ရသလို ပွဲချိန် ၁၁ မိနစ်မှာ ထောင့်ကန်ဘောကနေ စထရိုက်ခ်က အနီးကပ် ခေါင်းတိုက်ခွင့် ရခဲ့ပေမယ့် အားပျော့နေခဲ့လို့ ဒဟေးယား ပုတ်ထုတ်သွားနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ သက်သာခဲ့ရပြီး ပွဲချိန် ၁၈ မိနစ်မှာတော့ အပိုင်အခွင့်အရေးကို ဂါနာချိုက မယုံနိုင်လောက်အောင် တိုင်ဘေးက လွဲချော်သွားခဲ့ပါတယ်။
မန်ယူကွင်းလယ်မှာ ဆာဘစ်ဇာကတော့ ကာစီမီရိုနဲ့ မနီးရိုးစွဲ လိုက်ကစားနိုင်တာကို တွေ့ရပြီး ပွဲချိန် ၂၁ မိနစ်မှာတော့ ရက်ရှ်ဖို့ဒ်ရဲ့ ညာခြမ်းက ဖြတ်တင်ဘော ခပ်ပြင်းပြင်းက လိဒ်စ်နောက်ခံလူ စထရိုက်ခ်ရဲ့ မျက်နှာကို မှန်ပြီး ဆက်မကစားနိုင်တော့တာကြောင့် ဂျူနီယာ ဖာပိုနဲ့ ထပ်လဲခဲ့ရသလို ပွဲချိန် ၂၇ မိနစ်မှာတော့ ဂိုးသမားကို လိမ်ခေါက်ဖြတ်ကျော်သွားတဲ့ ဂါနာချိုရဲ့ ကန်ချက်က ဂိုးပေါက်တည့်ခဲ့ပေမယ့် ရှင်းထုတ်ခံခဲ့ရလို့ ချေပဂိုးနဲ့ ဝေးခဲ့ရတာပါ။
တောက်လျှောက်ဆိုသလိုပဲ မန်ယူတို့ ဖိကစားနေခဲ့ပြီး အန်တိုနီ မပါနိုင်လို့ ညာခြမ်းထွက်ကစားရတဲ့ ရက်ရှ်ဖို့ဒ်က အရင်ပွဲတွေလောက် အကျိုးမပြုနိုင်ခဲ့ချိန်မှာ လိဒ်စ်တို့ကတော့ ဘယ်ခြမ်းက ဂါနာချိုကို ပိတ်ဆို့သွားနိုင်ခဲ့သလို နာကျင်အချိန်ပို ၈ မိနစ်အထိ ကစားခဲ့ရတဲ့ ပထမပိုင်းမှာ အိမ်ရှင်တွေရဲ့ အဝေးကန်ချက်တွေ အလုပ်မဖြစ်တာကြောင့် လိဒ်စ်တို့ကပဲ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ လိဒ်စ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြန်သလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောက ပြန်ထွက်လာတာကို ဂါနာချို ဆွဲယူရင်း ဘောလုံးပျက်ရာကနေ ဘယ်ခြမ်းက ထပ်မံတိုက်စစ်ဆင်ခဲ့တဲ့ ဂနွန်တိုက ဧရိယာထဲကို ခင်းပေးရာမှာ ပြေးဝင်ခဲ့တဲ့ ဆမ်းမားဗီးလ်က ဂိုးရှေ့ချိုးပေးတာကို တားဆီးရင်း ဗာရွန်းက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာပါ။
ပွဲချိန် ၅၉ မိနစ်မှာတော့ အလုပ်မဖြစ်တဲ့ မန်ယူတိုက်စစ်ကို တန်ဟတ်က အပြောင်းအလဲလုပ်လာခဲ့ပြီး ဗက်ဂ်ဟော့စ်နဲ့ ဂါနာချိုတို့အစား ဆန်ချိုနဲ့ ပယ်လစ္စထရီတို့ကို ထည့်သွင်းလာခဲ့သလို ရက်ရှ်ဖို့ဒ်က အထောင်မှာ Free Role လိုက်ကစားခဲ့တာကြောင့် တိုက်စစ်က ပိုတက်လာခဲ့ပြီး ခံစစ်ကစားနေတဲ့ လိဒ်စ်တို့ ဖရိုဖရဲဖြစ်လာခဲ့ပါတယ်။
ပွဲချိန် ၆၂ မိနစ်မှာတော့ ယူနိုက်တက်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ပယ်လစ္စထရီက ဖာပိုနဲ့ အပြိုင်လုယူပြီး နောက်ပြန်ချပေးတာကို ဒါလော့က ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့ရာမှာ တုံ့နှေးနေတဲ့ လိဒ်စ်နောက်ခံလူ ကို့ချ်ကြောင့် ရက်ရှ်ဖို့ဒ်က ခေါင်းခုန်တိုက်ပြီး ဂိုးသမား မေလီယေးကို အနိုင်ယူသွားခဲ့တာပါ။
ဂိုးပေးလိုက်ရအပြီးမှာတော့ လိဒ်စ်ဘက်က ဘမ်ဖို့ဒ်နဲ့ ဟာရစ်ဆန်တို့အစား ရပ်တာနဲ့ အာရွန်ဆန်တို့ကို ထည့်သွင်းကစားလာခဲ့သလို ပွဲချိန် ၆၅ မိနစ်မှာ ဖရီးကစ်ကနေ အာရွန်ဆန်ရဲ့ ကန်ချက်က လေးယောက်တန်းကာတဲ့ ခပ်ညံ့ညံ့ လူတိုင်းရဲ့ အလယ်တည့်တည့်ကနေ ဝင်လာပြီး တိုင်ထိသွားခဲ့လို့ ယူနိုက်တက်တို့ ရှုံးပွဲတွေ့ဖို့ကနေ ကံသီပြီး လွတ်သွားခဲ့ရပါတယ်။
ပွဲချိန် မိနစ် ၇၀ မှာတော့ ယူနိုက်တက်တို့ပဲ သရေကျစေမယ့် ဒုတိယ ချေပဂိုးကို ရယူသွားနိုင်ခဲ့ကြလို ဒီဂိုးကိုတော့ လိဒ်စ်ခံစစ်ကြားကနေ ထိုးဖောက်ပြီး ဂိုးရှေ့ချိုးပေးတဲ့ လုခ်ရှောရဲ့ ဖြတ်တင်ဘော ပြန်ထွက်လာတာကို ဆန်ချိုက ဘယ်ခြမ်းကနေ ဧရိယာထဲ ဆွဲဝင်ပြီး လူကြားထဲက ကန်သွင်းခဲ့ရာမှာ မြင်ကွင်းပိတ်နေတဲ့ ဂိုးသမား မေလီယေး လက်နားက ကပ်ဝင်သွားခဲ့လို့ နှစ်ဂိုးစီသရေ ပြန်ဖြစ်နေခဲ့တာပါ။
ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ဘက်က ဒါလော့နဲ့ ဆာဘစ်ဇာတို့အစား မာလာစီယာနဲ့ လင်ဒီလော့ဖ်တို့ကို လူစားလဲပြီး ကစားကွက် ပြောင်းလဲသွားခဲ့ပေမယ့် အိမ်ရှင်တွေအနေနဲ့ ကျဆင်းလာတဲ့ လိဒ်စ်ခံစစ်ကို ကျော်ဖြတ်ပြီး နောက်တစ်ဂိုး ထပ်ရဖို့ မတတ်နိုင်တော့တာကြောင့် နှစ်ဂိုးစီ သရေနဲ့ပဲ ပွဲပြီးဆုံးခဲ့ရပါတယ်။
ဒီပွဲရလဒ်ကြောင့် လိဒ်စ်ယူနိုက်တက်တို့အနေနဲ့ ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်သွားနိုင်ခဲ့ချိန်မှာ မန်ချက်စတာယူနိုက်တက်တို့ကတော့ ထိပ်ဆုံးက အာဆင်နယ်တို့ထက် နှစ်ပွဲပို ကစားထားတာတောင် ၇ မှတ် ဝေးကွာနေခဲ့သေးတာကြောင့် သူတို့ရဲ့ ချန်ပီယံ စိတ်ကူးနဲ့ ဆင်ဖမ်းကျားဖမ်း ပလန်က အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ပရွက်ဆိတ်လေးကို ခလုပ်တိုက်လဲပြီး စိတ်ပျက်စရာဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ ဗာ႐ြန္း၊ မာတီနက္ဇ္၊ ဒါေလာ့နဲ႔ လုခ္ေရွာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖရက္ဒ္၊ ဆာဘစ္ဇာနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဂါနာခ်ိဳ၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဗက္ဂ္ေဟာ့စ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။
ဧည့္သည္ လိဒ္စ္ယူႏိုက္တက္တို႔ကေတာ့ ဂိုးသမား ေမလီေယး၊ ခံစစ္မွာ ကို႔ခ်္၊ ဗိုဘာ၊ ေအးလင္းနဲ႔ စထ႐ိုက္ခ္တို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ တိုင္လာ အက္ဒမ္စ္၊ မက္ကင္နီနဲ႔ ဟာရစ္ဆန္တို႔ကို စုဖြဲ႕လာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂႏြန္တို၊ ဆီနီစတယ္ရာနဲ႔ ဘမ္ဖို႔ဒ္တို႔ကို ယာယီ နည္းျပ မိုက္ကယ္ စကူဘာလာက ကစားေစခဲ့တာပါ။
ပြဲခ်ိန္ ၁ မိနစ္မွာပဲ လိဒ္စ္တို႔ အဖြင့္ဂိုး သြင္းယူသြားခဲ့သလို ဒီဂိုးကိုေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ ေဘာလုံးပ်က္ရာကေန ဘယ္ျခမ္းက ျပန္ရသြားခဲ့တဲ့ ဂႏြန္တိုက ဘမ္ဖို႔ဒ္နဲ႔ ဝမ္းတူး႐ိုက္ၿပီး ဧရိယာထိပ္ကေန အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဒေဟးယား ကာကြယ္ဖို႔ မတတ္ႏိုင္ခဲ့လို႔ ဧည့္သည္ေတြ စတင္ဦးေဆာင္ခဲ့ပါတယ္။
ဘမ္ဖို႔ဒ္ လူကြၽံမကြၽံ VAR ၾကည့္ၿပီး အတည္ျပဳခဲ့ရတဲ့ ဒီဂိုးကေတာ့ မန္ယူနဲ႔ လိဒ္စ္တို႔ရဲ႕ ၿပိဳင္ဆိုင္မႈဟာ အရင္ကလို မျပင္းထန္ေတာ့ဘူးလို႔ ပြဲႀကိဳမွာ ေျပာခဲ့တဲ့ ျပင္သစ္သား ေနာက္ခံလူေဟာင္း ဆီလ္ဗက္စတာကို ဟားတိုက္စရာလည္းျဖစ္ခဲ့ရၿပီး အထေႏွးခဲ့တဲ့ သရဲနီေတြအတြက္ေတာ့ ဝန္ဘစ္ဆာကာကို ခ်န္လွပ္ထားခဲ့ခ်ိန္မွာ အဖ်က္မပိုင္တဲ့ ဒါေလာ့ရဲ႕ ညာျခမ္းက အားနည္းမႈေတြ ရွိလာခဲ့တာပါ။
ပြဲခ်ိန္ ၈ မိနစ္မွာကတည္းက ကိုလံဘီယာသား ဆီနီစတယ္ရာ နာသြားခဲ့လို႔ လိဒ္စ္တို႔ ဆမ္းမားဗီးလ္နဲ႔ လူစားလဲခဲ့ရသလို ပြဲခ်ိန္ ၁၁ မိနစ္မွာ ေထာင့္ကန္ေဘာကေန စထ႐ိုက္ခ္က အနီးကပ္ ေခါင္းတိုက္ခြင့္ ရခဲ့ေပမယ့္ အားေပ်ာ့ေနခဲ့လို႔ ဒေဟးယား ပုတ္ထုတ္သြားႏိုင္ခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ သက္သာခဲ့ရၿပီး ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ အပိုင္အခြင့္အေရးကို ဂါနာခ်ိဳက မယုံႏိုင္ေလာက္ေအာင္ တိုင္ေဘးက လြဲေခ်ာ္သြားခဲ့ပါတယ္။
မန္ယူကြင္းလယ္မွာ ဆာဘစ္ဇာကေတာ့ ကာစီမီ႐ိုနဲ႔ မနီး႐ိုးစြဲ လိုက္ကစားႏိုင္တာကို ေတြ႕ရၿပီး ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ ရက္ရွ္ဖို႔ဒ္ရဲ႕ ညာျခမ္းက ျဖတ္တင္ေဘာ ခပ္ျပင္းျပင္းက လိဒ္စ္ေနာက္ခံလူ စထ႐ိုက္ခ္ရဲ႕ မ်က္ႏွာကို မွန္ၿပီး ဆက္မကစားႏိုင္ေတာ့တာေၾကာင့္ ဂ်ဴနီယာ ဖာပိုနဲ႔ ထပ္လဲခဲ့ရသလို ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ဂိုးသမားကို လိမ္ေခါက္ျဖတ္ေက်ာ္သြားတဲ့ ဂါနာခ်ိဳရဲ႕ ကန္ခ်က္က ဂိုးေပါက္တည့္ခဲ့ေပမယ့္ ရွင္းထုတ္ခံခဲ့ရလို႔ ေခ်ပဂိုးနဲ႔ ေဝးခဲ့ရတာပါ။
ေတာက္ေလွ်ာက္ဆိုသလိုပဲ မန္ယူတို႔ ဖိကစားေနခဲ့ၿပီး အန္တိုနီ မပါႏိုင္လို႔ ညာျခမ္းထြက္ကစားရတဲ့ ရက္ရွ္ဖို႔ဒ္က အရင္ပြဲေတြေလာက္ အက်ိဳးမျပဳႏိုင္ခဲ့ခ်ိန္မွာ လိဒ္စ္တို႔ကေတာ့ ဘယ္ျခမ္းက ဂါနာခ်ိဳကို ပိတ္ဆို႔သြားႏိုင္ခဲ့သလို နာက်င္အခ်ိန္ပို ၈ မိနစ္အထိ ကစားခဲ့ရတဲ့ ပထမပိုင္းမွာ အိမ္ရွင္ေတြရဲ႕ အေဝးကန္ခ်က္ေတြ အလုပ္မျဖစ္တာေၾကာင့္ လိဒ္စ္တို႔ကပဲ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့တာျဖစ္ပါတယ္။
ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ လိဒ္စ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကျပန္သလို ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာက ျပန္ထြက္လာတာကို ဂါနာခ်ိဳ ဆြဲယူရင္း ေဘာလုံးပ်က္ရာကေန ဘယ္ျခမ္းက ထပ္မံတိုက္စစ္ဆင္ခဲ့တဲ့ ဂႏြန္တိုက ဧရိယာထဲကို ခင္းေပးရာမွာ ေျပးဝင္ခဲ့တဲ့ ဆမ္းမားဗီးလ္က ဂိုးေရွ႕ခ်ိဳးေပးတာကို တားဆီးရင္း ဗာ႐ြန္းက ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာပါ။
ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ အလုပ္မျဖစ္တဲ့ မန္ယူတိုက္စစ္ကို တန္ဟတ္က အေျပာင္းအလဲလုပ္လာခဲ့ၿပီး ဗက္ဂ္ေဟာ့စ္နဲ႔ ဂါနာခ်ိဳတို႔အစား ဆန္ခ်ိဳနဲ႔ ပယ္လစၥထရီတို႔ကို ထည့္သြင္းလာခဲ့သလို ရက္ရွ္ဖို႔ဒ္က အေထာင္မွာ Free Role လိုက္ကစားခဲ့တာေၾကာင့္ တိုက္စစ္က ပိုတက္လာခဲ့ၿပီး ခံစစ္ကစားေနတဲ့ လိဒ္စ္တို႔ ဖ႐ိုဖရဲျဖစ္လာခဲ့ပါတယ္။
ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ပယ္လစၥထရီက ဖာပိုနဲ႔ အၿပိဳင္လုယူၿပီး ေနာက္ျပန္ခ်ေပးတာကို ဒါေလာ့က ဂိုးေရွ႕ကို ျဖတ္တင္ေပးခဲ့ရာမွာ တုံ႔ေႏွးေနတဲ့ လိဒ္စ္ေနာက္ခံလူ ကို႔ခ်္ေၾကာင့္ ရက္ရွ္ဖို႔ဒ္က ေခါင္းခုန္တိုက္ၿပီး ဂိုးသမား ေမလီေယးကို အႏိုင္ယူသြားခဲ့တာပါ။
ဂိုးေပးလိုက္ရအၿပီးမွာေတာ့ လိဒ္စ္ဘက္က ဘမ္ဖို႔ဒ္နဲ႔ ဟာရစ္ဆန္တို႔အစား ရပ္တာနဲ႔ အာ႐ြန္ဆန္တို႔ကို ထည့္သြင္းကစားလာခဲ့သလို ပြဲခ်ိန္ ၆၅ မိနစ္မွာ ဖရီးကစ္ကေန အာ႐ြန္ဆန္ရဲ႕ ကန္ခ်က္က ေလးေယာက္တန္းကာတဲ့ ခပ္ညံ့ညံ့ လူတိုင္းရဲ႕ အလယ္တည့္တည့္ကေန ဝင္လာၿပီး တိုင္ထိသြားခဲ့လို႔ ယူႏိုက္တက္တို႔ ရႈံးပြဲေတြ႕ဖို႔ကေန ကံသီၿပီး လြတ္သြားခဲ့ရပါတယ္။
ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ယူႏိုက္တက္တို႔ပဲ သေရက်ေစမယ့္ ဒုတိယ ေခ်ပဂိုးကို ရယူသြားႏိုင္ခဲ့ၾကလို ဒီဂိုးကိုေတာ့ လိဒ္စ္ခံစစ္ၾကားကေန ထိုးေဖာက္ၿပီး ဂိုးေရွ႕ခ်ိဳးေပးတဲ့ လုခ္ေရွာရဲ႕ ျဖတ္တင္ေဘာ ျပန္ထြက္လာတာကို ဆန္ခ်ိဳက ဘယ္ျခမ္းကေန ဧရိယာထဲ ဆြဲဝင္ၿပီး လူၾကားထဲက ကန္သြင္းခဲ့ရာမွာ ျမင္ကြင္းပိတ္ေနတဲ့ ဂိုးသမား ေမလီေယး လက္နားက ကပ္ဝင္သြားခဲ့လို႔ ႏွစ္ဂိုးစီသေရ ျပန္ျဖစ္ေနခဲ့တာပါ။
ဒီေနာက္ပိုင္းမွာေတာ့ ယူႏိုက္တက္တို႔ဘက္က ဒါေလာ့နဲ႔ ဆာဘစ္ဇာတို႔အစား မာလာစီယာနဲ႔ လင္ဒီေလာ့ဖ္တို႔ကို လူစားလဲၿပီး ကစားကြက္ ေျပာင္းလဲသြားခဲ့ေပမယ့္ အိမ္ရွင္ေတြအေနနဲ႔ က်ဆင္းလာတဲ့ လိဒ္စ္ခံစစ္ကို ေက်ာ္ျဖတ္ၿပီး ေနာက္တစ္ဂိုး ထပ္ရဖို႔ မတတ္ႏိုင္ေတာ့တာေၾကာင့္ ႏွစ္ဂိုးစီ သေရနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ရပါတယ္။
ဒီပြဲရလဒ္ေၾကာင့္ လိဒ္စ္ယူႏိုက္တက္တို႔အေနနဲ႔ ရမွတ္ ၁၉ မွတ္နဲ႔ အဆင့္ ၁၆ မွာ ရပ္တည္သြားႏိုင္ခဲ့ခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ ထိပ္ဆုံးက အာဆင္နယ္တို႔ထက္ ႏွစ္ပြဲပို ကစားထားတာေတာင္ ၇ မွတ္ ေဝးကြာေနခဲ့ေသးတာေၾကာင့္ သူတို႔ရဲ႕ ခ်န္ပီယံ စိတ္ကူးနဲ႔ ဆင္ဖမ္းက်ားဖမ္း ပလန္က အိမ္ကြင္း အိုးလ္ထရက္ဖို႔ဒ္မွာ ပ႐ြက္ဆိတ္ေလးကို ခလုပ္တိုက္လဲၿပီး စိတ္ပ်က္စရာျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.