Other Leagues Premier League

လက်ရှိ ကမ္ဘာပေါ်က အကောင်းဆုံး အာရှကစားသမား ၅ ဦး

အာရှဘောလုံးသမားတွေဟာ မွေးရပ်နိုင်ငံမှာရော ပြည်ပမှာပါ အားကစားအတွက် သိသာထင်ရှားတဲ့ အထောက်အကူတွေ ပြုလုပ်နိုင်ခဲ့ပြီး ဥရောပနဲ့ ကမ္ဘာတလွှားမှာ မကြာသေးမီ နှစ်တွေအတွင်း အာရှကစားသမားခေါ်ယူမှုတွေ ပိုပိုများပြားလာခဲ့တာဖြစ်ပါတယ်။

ဒီလို ခေါ်ယူမှုတွေက အာရှဘောလုံးသမားတွေရဲ့ ခြေစွမ်းအဆင့်အတန်းကို တိုးမြင့်လာစေဖို့ အကူအညီဖြစ်ခဲ့သလို အာရှတိုက်အတွင်းက ပြိုင်ပွဲတွေရဲ့ အဆင့်အတန်းကိုလည်း မြှင့်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အာရှနိုင်ငံတွေမှာ ဘောလုံးအားကစား ရေပန်းစားမှုက ဆက်လက်ကြီးထွားလာနေပြီး ဥရောပဘောလုံးလောကမှာ မြင်တွေ့နေကျမျက်နှာတွေဖြစ်လာတဲ့ အာရှတိုက်က ဘောလုံးသမားတွေလည်း အများအပြား ရှိလာနေပြီဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်နေတဲ့ အာရှ ဘောလုံးသမား ၅ ဦးက ဘယ်သူတွေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၅။ တိုမီယဆု(ဂျပန်၊ အာဆင်နယ်)

တိုမီယဆုရဲ့ အာဆင်နယ်က အသင်းဖော်တွေအများအပြားနဲ့ မတူညီတဲ့အချက်က အလွန်အထင်ကြီးဖွယ်ကောင်းတဲ့ ကစားသမားမဟုတ်ပေမယ့် ခံစစ်တာဝန်တွေကို ထမ်းဆောင်ရာမှာ အလွန်အကျိုးသက်ရောက်မှုရှိတဲ့ ကစားသမားဖြစ်ပါတယ်။ တိုမီယဆုဟာ ညာနောက်ခံအဖြစ်ရော ဘယ်နောက်ခံလူအဖြစ်ပါ ကစားနိုင်ပြီး နည်းစနစ်ပိုင်း ကောင်းမွန်သလို အလွန်ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှုတွေလည်း ပြုလုပ်ပေးနိုင်သူဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် နောက်ခံလူဟာ ယခုရာသီ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၂၅ ပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

၄။ ဟွမ်ဟီးချန်း(တောင်ကိုရီးယား၊ ဝုလ်ဗ်စ်)

ဟွမ်ဟီးချန်းဟာ ၎င်းရဲ့ အကြမ်းပတမ်းနိုင်တဲ့ ကစားဟန်ကြောင့် ‘hwangso'(ကျွဲ)လို့ တောင်ကိုရီးယားလို နာမည်ပြောင်ပေးခြင်းခံခဲ့ရပြီး ပြီးခဲ့တဲ့နှစ်တွေမှာ တောင်ကိုရီးယားက ထွက်တဲ့ကစားသမားတွေထဲမှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပါတ်ယ။ ဟွမ်ဟီးချန်းဟာ ကနဦးမှာ ဆာ့လ်ဇ်ဘာ့ဂ်မှာ ကစားခဲ့ပြီး လီဖေရင်းနဲ့ ဟမ်းဘတ်အသင်းတို့ကို အငှားနဲ့ ထွက်ကစားခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်မှာ လိုက်ပ်ဇစ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် နွေရာသီမှာတော့ ဝုလ်ဗ်စ်အသင်းကို အငှားချခြင်းခံခဲ့ရပြီး အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ အပြီးသတ်ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဟွမ်ဟီးချန်းဟာ ယခုရာသီ ပြိုင်ပွဲစုံ ၂၂ ပွဲမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားတဲ့ ကစားသမားဖြစ်ပါတယ်။

၃။ မက်ဒ်ဟီ တာရေမီ(အီရန်၊ ပေါ်တို)

အီရန်တိုက်စစ်မှူး တာရေမီဟာ ပေါ်တူဂီပရီးမီးယားလိဂ်မှာ ပုံမှန်ခြေစွမ်းအရှိဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အီရန်အတွက် ၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ တာရေမီဟာ ရုပ်ပိုင်းဆိုင်ရာအားကောင်းတဲ့ တိုက်စစ်မှူးဖြစ်ပြီး ကစားသမားဘဝနှောင်းပိုင်းမှ ခြေစွမ်းတဟုန်ထိုးကောင်းမွန်တဲ့ ကစားသမားမျိုးဖြစ်တာကြောင့် အသက် ၃၀ အရွယ်မှာ အကောင်းဆုံးခြေစွမ်းကို ရရှိနေတာဖြစ်ပါတယ်။ တာရေမီဟာ ပေါ်တိုအသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ ၃၁ ပွဲမှာ သွင်းဂိုး ၂၀ နဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ပြုလုပ်ထားသူဖြစ်ပါတယ်။

၂။ ခအိုရု မိတိုမာ(ဂျပန်၊ ဘရိုက်တန်)

မိတိုမာဟာ ၂၀၂၁ ခုနှစ်နွေရာသီမှာ ဘရိုက်တန်အသင်းကို မပြောင်းရွှေ့ခင်အထိ လူသိနည်းခဲ့တဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့လတွေကမှ နာမည်တဟုန်ထိုး ရလာခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ မိတိုမာဟာ ယခုရာသီမှာ ဘရိုက်တန်အသင်းအတွက် သွင်းဂိုး ၇ ဂိုး သွင်းယူခဲ့ပြီး အဲဒီသွင်းဂိုးတွေအားလုံးဟာ နောက်ဆုံးပါဝင်ကစားခဲ့တဲ့ ၁၁ ပွဲမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ မိတိုမာဟာ လျင်မြန်ပြီး ဂိုးပေါက်ကို တိုက်ရိုက်ထိုးဖောက်တတ်တဲ့ တိုက်စစ်မှူးဖြစ်တာကြောင့် ပြိုင်ဘက်တွေအတွက် အိပ်မက်ဆိုး ဖြစ်နေခဲ့တာဖြစ်ပါတယ်။ အရပ်အရှည်ဆုံးကစားသမားတွေထဲမှာ မပါဝင်ပေမယ့်လည်း မိတိုမာဟာ အမြင့်ဘောတွေမှာလည်း ခြိမ်းခြောက်နိုင်စွမ်းရှိသူဆိုတာကို သက်သေပြသထားပြီး ဂျပန်နိုင်ငံ ဆွတ်ခုဘတက္ကသိုလ်က ဘွဲ့ရခဲ့တဲ့ ဂျပန်တောင်ပံကစားသမားဟာ အလိမ်အခေါက်နဲ့ပတ်သက်ပြီး တက္ကသိုလ်မှာ စာတမ်းပြုစုခဲ့တဲ့ ကျောင်းသားတစ်ဦးဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း မိတိုမာဟာ ဘောလုံးနဲ့အတူ လိမ်ခေါက်ရာမှာ ဆရာတစ်ဆူဖြစ်နေပုံပေါ်ပါတယ်။

၁။ ဆွန်ဟောင်မင်(တောင်ကိုရီးယား၊ စပါးစ်)

ဆွန်ဟောင်မင်ဟာ ၂၀၂၁-၂၀၂၂ ပရီးမီးယားလိဂ်ရာသီကို လီဗာပူးလ်ကြယ်ပွင့် မိုဟာမက် ဆာလားနဲ့အတူ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။ အဲဒါကြောင့် ဆွန်ဟောင်မင်ဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုထဲမှာ ရွှေဖိနပ်ဆုကို ပထမဆုံးရရှိခဲ့တဲ့ အာရှကစားသမားဖြစ်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ၂၃ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီထက်ပိုပြီး အထင်ကြီးစရာကောင်းတဲ့အချက်က အဲဒီသွင်းဂိုးတွေအားလုံးဟာ ပင်နယ်တီကနေ သွင်းယူခဲ့တဲ့ဂိုးတစ်ဂိုးမှ မပါဝင်ခဲ့တာဖြစ်ပြီး စပါးစ်တိုက်စစ်မှူးဟာ တသက်တာအကောင်းဆုံးအာရှဘောလုံးသမားတွေထဲက တစ်ဦးဆိုတာ သံသယဖြစ်စရာမရှိတာဖြစ်ပါတယ်။ တောင်ကိုရီးယားကြယ်ပွင့်ဟာ လျင်မြန်ပြီး တက်ကြွလှုပ်ရှားမှုအပြည့်ရှိတဲ့ တိုက်စစ်မှူးဖြစ်ပြီး ခြေစွမ်းပိုင်းတည်ငြိမ်မှုရှိတာက ၎င်းကို ဥရောပမှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်စေခဲ့တာဖြစ်ပါတယ်။ ယခုရာသီမှာ ဆွန်ဟောင်မင်ဟာ စပါးစ်အတွက် ပြိုင်ပွဲစုံ ၂၈ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

အာရွေဘာလုံးသမားေတြဟာ ေမြးရပ္ႏိုင္ငံမွာေရာ ျပည္ပမွာပါ အားကစားအတြက္ သိသာထင္ရွားတဲ့ အေထာက္အကူေတြ ျပဳလုပ္ႏိုင္ခဲ့ၿပီး ဥေရာပနဲ႔ ကမာၻတလႊားမွာ မၾကာေသးမီ ႏွစ္ေတြအတြင္း အာရွကစားသမားေခၚယူမႈေတြ ပိုပိုမ်ားျပားလာခဲ့တာျဖစ္ပါတယ္။

ဒီလို ေခၚယူမႈေတြက အာရွေဘာလုံးသမားေတြရဲ႕ ေျခစြမ္းအဆင့္အတန္းကို တိုးျမင့္လာေစဖို႔ အကူအညီျဖစ္ခဲ့သလို အာရွတိုက္အတြင္းက ၿပိဳင္ပြဲေတြရဲ႕ အဆင့္အတန္းကိုလည္း ျမႇင့္တင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အာရွႏိုင္ငံေတြမွာ ေဘာလုံးအားကစား ေရပန္းစားမႈက ဆက္လက္ႀကီးထြားလာေနၿပီး ဥေရာပေဘာလုံးေလာကမွာ ျမင္ေတြ႕ေနက်မ်က္ႏွာေတြျဖစ္လာတဲ့ အာရွတိုက္က ေဘာလုံးသမားေတြလည္း အမ်ားအျပား ရွိလာေနၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ လက္ရွိ ကမာၻေပၚမွာ အေကာင္းဆုံးျဖစ္ေနတဲ့ အာရွ ေဘာလုံးသမား ၅ ဦးက ဘယ္သူေတြလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

၅။ တိုမီယဆု(ဂ်ပန္၊ အာဆင္နယ္)

တိုမီယဆုရဲ႕ အာဆင္နယ္က အသင္းေဖာ္ေတြအမ်ားအျပားနဲ႔ မတူညီတဲ့အခ်က္က အလြန္အထင္ႀကီးဖြယ္ေကာင္းတဲ့ ကစားသမားမဟုတ္ေပမယ့္ ခံစစ္တာဝန္ေတြကို ထမ္းေဆာင္ရာမွာ အလြန္အက်ိဳးသက္ေရာက္မႈရွိတဲ့ ကစားသမားျဖစ္ပါတယ္။ တိုမီယဆုဟာ ညာေနာက္ခံအျဖစ္ေရာ ဘယ္ေနာက္ခံလူအျဖစ္ပါ ကစားႏိုင္ၿပီး နည္းစနစ္ပိုင္း ေကာင္းမြန္သလို အလြန္ေကာင္းမြန္တဲ့ ျဖတ္တင္ေပးပို႔မႈေတြလည္း ျပဳလုပ္ေပးႏိုင္သူျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ ယခုရာသီ အာဆင္နယ္အတြက္ ၿပိဳင္ပြဲစုံ ၂၅ ပြဲမွာ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ေပးထားတဲ့ ကစားသမားျဖစ္ပါတယ္။

၄။ ဟြမ္ဟီးခ်န္း(ေတာင္ကိုရီးယား၊ ဝုလ္ဗ္စ္)

ဟြမ္ဟီးခ်န္းဟာ ၎ရဲ႕ အၾကမ္းပတမ္းႏိုင္တဲ့ ကစားဟန္ေၾကာင့္ ‘hwangso'(ကြၽဲ)လို႔ ေတာင္ကိုရီးယားလို နာမည္ေျပာင္ေပးျခင္းခံခဲ့ရၿပီး ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ေတာင္ကိုရီးယားက ထြက္တဲ့ကစားသမားေတြထဲမွာ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ပါတ္ယ။ ဟြမ္ဟီးခ်န္းဟာ ကနဦးမွာ ဆာ့လ္ဇ္ဘာ့ဂ္မွာ ကစားခဲ့ၿပီး လီေဖရင္းနဲ႔ ဟမ္းဘတ္အသင္းတို႔ကို အငွားနဲ႔ ထြက္ကစားခဲ့ၿပီးေနာက္ ၂၀၂၀ ခုႏွစ္မွာ လိုက္ပ္ဇစ္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။ ၂၀၂၁ ခုႏွစ္ ေႏြရာသီမွာေတာ့ ဝုလ္ဗ္စ္အသင္းကို အငွားခ်ျခင္းခံခဲ့ရၿပီး အထင္ႀကီးဖြယ္ေျခစြမ္းျပသႏိုင္ခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ေႏြရာသီမွာ အၿပီးသတ္ေခၚယူျခင္းခံခဲ့ရတာျဖစ္ပါတယ္။ ဟြမ္ဟီးခ်န္းဟာ ယခုရာသီ ၿပိဳင္ပြဲစုံ ၂၂ ပြဲမွာ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ထားတဲ့ ကစားသမားျဖစ္ပါတယ္။

၃။ မက္ဒ္ဟီ တာေရမီ(အီရန္၊ ေပၚတို)

အီရန္တိုက္စစ္မႉး တာေရမီဟာ ေပၚတူဂီပရီးမီးယားလိဂ္မွာ ပုံမွန္ေျခစြမ္းအရွိဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း အီရန္အတြက္ ၃ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့သူျဖစ္ပါတယ္။ တာေရမီဟာ ႐ုပ္ပိုင္းဆိုင္ရာအားေကာင္းတဲ့ တိုက္စစ္မႉးျဖစ္ၿပီး ကစားသမားဘဝေႏွာင္းပိုင္းမွ ေျခစြမ္းတဟုန္ထိုးေကာင္းမြန္တဲ့ ကစားသမားမ်ိဳးျဖစ္တာေၾကာင့္ အသက္ ၃၀ အ႐ြယ္မွာ အေကာင္းဆုံးေျခစြမ္းကို ရရွိေနတာျဖစ္ပါတယ္။ တာေရမီဟာ ေပၚတိုအသင္းအတြက္ ယခုရာသီၿပိဳင္ပြဲစုံ ၃၁ ပြဲမွာ သြင္းဂိုး ၂၀ နဲ႔ ဂိုးဖန္တီးမႈ ၁၁ ႀကိမ္အထိ ျပဳလုပ္ထားသူျဖစ္ပါတယ္။

၂။ ခအို႐ု မိတိုမာ(ဂ်ပန္၊ ဘ႐ိုက္တန္)

မိတိုမာဟာ ၂၀၂၁ ခုႏွစ္ေႏြရာသီမွာ ဘ႐ိုက္တန္အသင္းကို မေျပာင္းေ႐ႊ႕ခင္အထိ လူသိနည္းခဲ့တဲ့ ကစားသမားျဖစ္ၿပီး ၿပီးခဲ့တဲ့လေတြကမွ နာမည္တဟုန္ထိုး ရလာခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ မိတိုမာဟာ ယခုရာသီမွာ ဘ႐ိုက္တန္အသင္းအတြက္ သြင္းဂိုး ၇ ဂိုး သြင္းယူခဲ့ၿပီး အဲဒီသြင္းဂိုးေတြအားလုံးဟာ ေနာက္ဆုံးပါဝင္ကစားခဲ့တဲ့ ၁၁ ပြဲမွာ သြင္းယူခဲ့တာျဖစ္ပါတယ္။ မိတိုမာဟာ လ်င္ျမန္ၿပီး ဂိုးေပါက္ကို တိုက္႐ိုက္ထိုးေဖာက္တတ္တဲ့ တိုက္စစ္မႉးျဖစ္တာေၾကာင့္ ၿပိဳင္ဘက္ေတြအတြက္ အိပ္မက္ဆိုး ျဖစ္ေနခဲ့တာျဖစ္ပါတယ္။ အရပ္အရွည္ဆုံးကစားသမားေတြထဲမွာ မပါဝင္ေပမယ့္လည္း မိတိုမာဟာ အျမင့္ေဘာေတြမွာလည္း ၿခိမ္းေျခာက္ႏိုင္စြမ္းရွိသူဆိုတာကို သက္ေသျပသထားၿပီး ဂ်ပန္ႏိုင္ငံ ဆြတ္ခုဘတကၠသိုလ္က ဘြဲ႕ရခဲ့တဲ့ ဂ်ပန္ေတာင္ပံကစားသမားဟာ အလိမ္အေခါက္နဲ႔ပတ္သက္ၿပီး တကၠသိုလ္မွာ စာတမ္းျပဳစုခဲ့တဲ့ ေက်ာင္းသားတစ္ဦးျဖစ္ခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္လည္း မိတိုမာဟာ ေဘာလုံးနဲ႔အတူ လိမ္ေခါက္ရာမွာ ဆရာတစ္ဆူျဖစ္ေနပုံေပၚပါတယ္။

၁။ ဆြန္ေဟာင္မင္(ေတာင္ကိုရီးယား၊ စပါးစ္)

ဆြန္ေဟာင္မင္ဟာ ၂၀၂၁-၂၀၂၂ ပရီးမီးယားလိဂ္ရာသီကို လီဗာပူးလ္ၾကယ္ပြင့္ မိုဟာမက္ ဆာလားနဲ႔အတူ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ပူးတြဲရပ္တည္ႏိုင္ခဲ့သူျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဆြန္ေဟာင္မင္ဟာ ဥေရာပထိပ္တန္းလိဂ္ ၅ ခုထဲမွာ ေ႐ႊဖိနပ္ဆုကို ပထမဆုံးရရွိခဲ့တဲ့ အာရွကစားသမားျဖစ္လာခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္မွာ ၂၃ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ အဲဒီထက္ပိုၿပီး အထင္ႀကီးစရာေကာင္းတဲ့အခ်က္က အဲဒီသြင္းဂိုးေတြအားလုံးဟာ ပင္နယ္တီကေန သြင္းယူခဲ့တဲ့ဂိုးတစ္ဂိုးမွ မပါဝင္ခဲ့တာျဖစ္ၿပီး စပါးစ္တိုက္စစ္မႉးဟာ တသက္တာအေကာင္းဆုံးအာရွေဘာလုံးသမားေတြထဲက တစ္ဦးဆိုတာ သံသယျဖစ္စရာမရွိတာျဖစ္ပါတယ္။ ေတာင္ကိုရီးယားၾကယ္ပြင့္ဟာ လ်င္ျမန္ၿပီး တက္ႂကြလႈပ္ရွားမႈအျပည့္ရွိတဲ့ တိုက္စစ္မႉးျဖစ္ၿပီး ေျခစြမ္းပိုင္းတည္ၿငိမ္မႈရွိတာက ၎ကို ဥေရာပမွာ အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ေစခဲ့တာျဖစ္ပါတယ္။ ယခုရာသီမွာ ဆြန္ေဟာင္မင္ဟာ စပါးစ္အတြက္ ၿပိဳင္ပြဲစုံ ၂၈ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ျပဳလုပ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.