Premier League

ဂွါဒီယိုလာ ဘယ်တုန်းကမှ မလိုချင်ခဲ့တဲ့ ကစားသမားလို့ အပြောခံခဲ့ရတဲ့ ဟာလန်း

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ အာလင်း ဟာလန်းက ၎င်းရဲ့ ကစားပုံမှာ ကောင်းကောင်း အံဝင်မယ့်သူမဟုတ်တာကြောင့် အစ်တီဟတ်မှာ ဘယ်တုန်းကမှ မလိုချင်ခဲ့ဘူးလို့ သိရပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ နော်ဝေဂိုးသွင်းစက်ကို ခေါ်ယူပြီး အခြားဥရောပအသင်းတွေကို အသာစီး ရယူနိုင်ခဲ့တာဖြစ်ပြီး ဒေါ့မွန်ကြယ်ပွင့်ကို ပေါင် ၅၂ သန်းနဲ့ ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။ ဟာလန်းဟာ မန်ချက်စတာစီးတီးအသင်းအတွက် ပထမဆုံး ပရီးမီးယားလိဂ်ပွဲ ၂၀ မှာ သွင်းယူခဲ့တဲ့ ၂၅ ဂိုးအပါအဝင် ၂၈ ပွဲမှာ ၃၁ ဂိုးအထိ အံ့အားသင့်ဖွယ် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာလင်း ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီအနည်းငယ်က ရွှေဖိနပ်ဆုရရှိခဲ့တဲ့ ဂိုးအရေအတွက်ကို ကျော်လွန်ခဲ့ပြီးဖြစ်ပြီး လက်ကျန်ရာသီပွဲ ၁၇ ပွဲ ကစားဖို့ ရှိနေသေးတာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းက ပြီးခဲ့တဲ့ပွဲတွေမှာ ရုန်းကန်နေခဲ့ရတာကြောင့် အများစုက ဟာလန်းဟာ မန်စီးတီးကို ပိုမိုဆိုးရွားတဲ့အသင်းဖြစ်အောင် လုပ်ဆောင်ခဲ့တယ်လို့တောင် စွပ်စွဲပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီပြောဆိုမှုတွေကို ဂျေမီ ကာရေဂါက တော့တင်ဟမ်ဟော့စပါးအသင်းကို မန်ချက်စတာစီးတီးအသင်းက ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပိုမို မြင့်တက်စေခဲ့တာဖြစ်ပြီး နော်ဝေတိုက်စစ်မှူးဟာ စပါးစ်ဂိုးပေါက်ကို ဂိုးကန်သွင်းမှုတစ်ကြိမ်တောင် ပြုလုပ်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ကာရေဂါက ဟာလန်းအနေနဲ့ အသင်းရွေးချယ်တာ မှားယွင်းခဲ့တာဖြစ်နိုင်တယ်လို့ ယုံကြည်နေပြီး နော်ဝေတိုက်စစ်မှူးနဲ့ ဂွါဒီယိုလာရဲ့ ခပ်နှေးနှေးနဲ့ တိုက်စစ်စတင်မှုကို စိတ်ရှည်ရှည်ပြုလုပ်တတ်တဲ့အသင်းနဲ့ အံမဝင်ဘူးလို့ ခံစားနေရတာဖြစ်ပါတယ်။

ကာရေဂါရဲ့အသင်းဖော်ဟောင်း ဟာမန်းကလည်း အဲဒီပြောဆိုမှုကို ထောက်ခံခဲ့ပြီး ဟာလန်းဟာ ဘောလုံးထိတွေ့မှု ကင်းမဲ့နေမှုကြောင့် မန်စီးတီးဟာ ၁၀ ယောက်တည်းနဲ့ ကစားနေရသလို ဖြစ်နေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဟာလန်းရဲ့အားသာချက်က မန်စီးတီးရဲ့ အားသာချက်နဲ့ ဆန့်ကျင်ဘက်ပါ။ စီးတီးက ဘောလုံးကို ထိန်းသိမ်းထားနိုင်တာကြောင့် အောင်မြင်ခဲ့တာပါ။ သူတို့မှာ စည်းချက်ရှိတယ်။ သူတို့မှာ ပွဲစဉ်အတွင်း ရေလို အလိုက်သင့်စီးမျောနိုင်စွမ်းရှိခဲ့ပြီး ဂိုးတွေ မျှဝေခဲ့ကြတယ်။ အခု သူတို့ရဲ့ပွဲစဉ်တွေမှာ အချိန်အများအပြားမှာ ပါဝင်ဖို့ ခက်ခဲနေတဲ့ ကစားသမားရှိနေတယ်”

“သူတို့က ဆယ်ယောက်တည်းနဲ့ ကစားနေရသလောက်နီးပါးဖြစ်နေခဲ့တယ်။ ခင်ဗျား ဘယ်နှဂိုးသွင်းသွင်း၊ ဟက်ထရစ် ဘယ်နှကြိမ်ရရ ကျွန်တော် ဂရုမစိုက်ဘူး။ အသင်းက ဘယ်နှဂိုးသွင်းလဲဆိုတာကို ခင်ဗျား မြင်ဖို့လိုတာပါ။ သူတို့တွေ ပြီးခဲ့တဲ့ရာသီ ဒီလိုအချိန်မှာ သွင်းယူခဲ့တဲ့ဂိုးထက် ပိုမိုနည်းပါးတဲ့ဂိုးကို သွင်းယူထားပြီး ရမှတ်လည်း ပိုနည်းပါးနေတယ်လို့ ကျွန်တော် ထင်တယ်။ ဟာလန်းက အသင်းနဲ့ အံဝင်တဲ့ကစားသမားလို့ ကျွန်တော် မထင်ဘူး။ ဘာလို့လဲဆိုတော့ အသင်းမှာမရှိတဲ့အရာအားလုံးရှိလို့ပါ။ သူက ခင်ဗျား မြန်မြန်ကစားနိုင်တဲ့အခါကျရင် ကောင်းပါတယ်။ ဒေါ့မွန်တုန်းက သူ့ဂိုးတွေကို ပြန်ကြည့်ရင် ဘောလုံး ၃၊ ၄ ကြိမလောက်ပေးပြီးတဲ့နောက်မှာ ဂိုးပိုက်ထဲ ရောက်နေပါပြီ”

“စီးတီးက ဘောလုံးကို ပြိုင်ဘက်ခံစစ်ကို မဖြိုခွဲခင် အကြိမ် ၃၀၊ ၄၀ ပေးပို့တတ်ပြီး အဲဒါက သူ ကစားတဲ့ပုံစံမျိုးမဟုတ်ပါဘူး။ ရေရှည်မှာ စီးတီးကို သူက တိုးတက်စေမှာမဟုတ်ဘူးလို့ ကျွန်တော် ထင်ပြီး အဲဒါက အကြီးမားဆုံးပြဿနာပါ။ သူ စီးတီးကို သွားခဲ့မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူက ဂွါဒီယိုလာဘယ်တုန်းကမှ မလိုချင်ခဲ့တဲ့ကစားသမားမို့လို့ပါ။ ဘာစီလိုနာက အထောင်တိုက်စစ်မှူးတိုင်းကလည်း တခြားနေရာအပို့ခံခဲ့ရတယ်။ သူ ဘိုင်ယန်မှာတုန်းက လီဗန်ဒေါ့ဗ်စကီးကို ဘယ်ခြမ်းပို့ပြီး ကစားစေခဲ့တယ်။ ဂါဘရီယဲလ် ဂျေဆူးစ်ကလည်း အချိန်အများစုမှာ တောင်ပံထွက်ကစားခဲ့ရတယ်။ သူတို့တွေက ပေါင်သန်း ၅၀-၆၀ နဲ့ ရနိုင်တဲ့ကစားသမားရှိပြီး သူက ဂိုးတွေ ၂ ဆ၊ ၃ ဆလောက်ဖြစ်အောင် လုပ်ပေးနိုင်တယ်။ သူ့ကို ငါတို့ ဝယ်ရမယ်’လို့ တွေးခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

“သူက ချဲလ်ဆီး ဒါမှမဟုတ် မန်ယူနိုက်တက်မှာဆို အကျိုးရှိမလားဆိုရင် ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်တယ်။ သူတို့အတွက် သူက တူညီတဲ့သွင်းဂိုးအရေအတွက် သွင်းပေးနိုင်မလားဆိုရင်တော့ ကျွန်တော် မသိပါဘူး။ မသွင်းနိုင်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ စီးတီးမှာဆိုရင် ဒီအသင်းတွေထက် သူ ပိုပြီး အခွင့်အရေးရလို့ပါ။ ဒါပေမယ့် သူက မန်စီးတီးအတွက်တော့ သင့်တော်တဲ့ ကစားသမားလို့ ကျွန်တော် မထင်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးနည္းျပ ပက္ ဂြါဒီယိုလာဟာ အာလင္း ဟာလန္းက ၎ရဲ႕ ကစားပုံမွာ ေကာင္းေကာင္း အံဝင္မယ့္သူမဟုတ္တာေၾကာင့္ အစ္တီဟတ္မွာ ဘယ္တုန္းကမွ မလိုခ်င္ခဲ့ဘူးလို႔ သိရပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ ေနာ္ေဝဂိုးသြင္းစက္ကို ေခၚယူၿပီး အျခားဥေရာပအသင္းေတြကို အသာစီး ရယူႏိုင္ခဲ့တာျဖစ္ၿပီး ေဒါ့မြန္ၾကယ္ပြင့္ကို ေပါင္ ၅၂ သန္းနဲ႔ ေခၚယူခဲ့ရတာ ျဖစ္ပါတယ္။ ဟာလန္းဟာ မန္ခ်က္စတာစီးတီးအသင္းအတြက္ ပထမဆုံး ပရီးမီးယားလိဂ္ပြဲ ၂၀ မွာ သြင္းယူခဲ့တဲ့ ၂၅ ဂိုးအပါအဝင္ ၂၈ ပြဲမွာ ၃၁ ဂိုးအထိ အံ့အားသင့္ဖြယ္ သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အာလင္း ဟာလန္းဟာ ၿပီးခဲ့တဲ့ရာသီအနည္းငယ္က ေ႐ႊဖိနပ္ဆုရရွိခဲ့တဲ့ ဂိုးအေရအတြက္ကို ေက်ာ္လြန္ခဲ့ၿပီးျဖစ္ၿပီး လက္က်န္ရာသီပြဲ ၁၇ ပြဲ ကစားဖို႔ ရွိေနေသးတာ ျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးအသင္းက ၿပီးခဲ့တဲ့ပြဲေတြမွာ ႐ုန္းကန္ေနခဲ့ရတာေၾကာင့္ အမ်ားစုက ဟာလန္းဟာ မန္စီးတီးကို ပိုမိုဆိုး႐ြားတဲ့အသင္းျဖစ္ေအာင္ လုပ္ေဆာင္ခဲ့တယ္လို႔ေတာင္ စြပ္စြဲေျပာဆိုခဲ့ၾကတာ ျဖစ္ပါတယ္။

အဲဒီေျပာဆိုမႈေတြကို ေဂ်မီ ကာေရဂါက ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကို မန္ခ်က္စတာစီးတီးအသင္းက ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ပိုမို ျမင့္တက္ေစခဲ့တာျဖစ္ၿပီး ေနာ္ေဝတိုက္စစ္မႉးဟာ စပါးစ္ဂိုးေပါက္ကို ဂိုးကန္သြင္းမႈတစ္ႀကိမ္ေတာင္ ျပဳလုပ္ႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။ ကာေရဂါက ဟာလန္းအေနနဲ႔ အသင္းေ႐ြးခ်ယ္တာ မွားယြင္းခဲ့တာျဖစ္ႏိုင္တယ္လို႔ ယုံၾကည္ေနၿပီး ေနာ္ေဝတိုက္စစ္မႉးနဲ႔ ဂြါဒီယိုလာရဲ႕ ခပ္ေႏွးေႏွးနဲ႔ တိုက္စစ္စတင္မႈကို စိတ္ရွည္ရွည္ျပဳလုပ္တတ္တဲ့အသင္းနဲ႔ အံမဝင္ဘူးလို႔ ခံစားေနရတာျဖစ္ပါတယ္။

ကာေရဂါရဲ႕အသင္းေဖာ္ေဟာင္း ဟာမန္းကလည္း အဲဒီေျပာဆိုမႈကို ေထာက္ခံခဲ့ၿပီး ဟာလန္းဟာ ေဘာလုံးထိေတြ႕မႈ ကင္းမဲ့ေနမႈေၾကာင့္ မန္စီးတီးဟာ ၁၀ ေယာက္တည္းနဲ႔ ကစားေနရသလို ျဖစ္ေနခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ဟာလန္းရဲ႕အားသာခ်က္က မန္စီးတီးရဲ႕ အားသာခ်က္နဲ႔ ဆန႔္က်င္ဘက္ပါ။ စီးတီးက ေဘာလုံးကို ထိန္းသိမ္းထားႏိုင္တာေၾကာင့္ ေအာင္ျမင္ခဲ့တာပါ။ သူတို႔မွာ စည္းခ်က္ရွိတယ္။ သူတို႔မွာ ပြဲစဥ္အတြင္း ေရလို အလိုက္သင့္စီးေမ်ာႏိုင္စြမ္းရွိခဲ့ၿပီး ဂိုးေတြ မွ်ေဝခဲ့ၾကတယ္။ အခု သူတို႔ရဲ႕ပြဲစဥ္ေတြမွာ အခ်ိန္အမ်ားအျပားမွာ ပါဝင္ဖို႔ ခက္ခဲေနတဲ့ ကစားသမားရွိေနတယ္”

“သူတို႔က ဆယ္ေယာက္တည္းနဲ႔ ကစားေနရသေလာက္နီးပါးျဖစ္ေနခဲ့တယ္။ ခင္ဗ်ား ဘယ္ႏွဂိုးသြင္းသြင္း၊ ဟက္ထရစ္ ဘယ္ႏွႀကိမ္ရရ ကြၽန္ေတာ္ ဂ႐ုမစိုက္ဘူး။ အသင္းက ဘယ္ႏွဂိုးသြင္းလဲဆိုတာကို ခင္ဗ်ား ျမင္ဖို႔လိုတာပါ။ သူတို႔ေတြ ၿပီးခဲ့တဲ့ရာသီ ဒီလိုအခ်ိန္မွာ သြင္းယူခဲ့တဲ့ဂိုးထက္ ပိုမိုနည္းပါးတဲ့ဂိုးကို သြင္းယူထားၿပီး ရမွတ္လည္း ပိုနည္းပါးေနတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဟာလန္းက အသင္းနဲ႔ အံဝင္တဲ့ကစားသမားလို႔ ကြၽန္ေတာ္ မထင္ဘူး။ ဘာလို႔လဲဆိုေတာ့ အသင္းမွာမရွိတဲ့အရာအားလုံးရွိလို႔ပါ။ သူက ခင္ဗ်ား ျမန္ျမန္ကစားႏိုင္တဲ့အခါက်ရင္ ေကာင္းပါတယ္။ ေဒါ့မြန္တုန္းက သူ႔ဂိုးေတြကို ျပန္ၾကည့္ရင္ ေဘာလုံး ၃၊ ၄ ႀကိမေလာက္ေပးၿပီးတဲ့ေနာက္မွာ ဂိုးပိုက္ထဲ ေရာက္ေနပါၿပီ”

“စီးတီးက ေဘာလုံးကို ၿပိဳင္ဘက္ခံစစ္ကို မၿဖိဳခြဲခင္ အႀကိမ္ ၃၀၊ ၄၀ ေပးပို႔တတ္ၿပီး အဲဒါက သူ ကစားတဲ့ပုံစံမ်ိဳးမဟုတ္ပါဘူး။ ေရရွည္မွာ စီးတီးကို သူက တိုးတက္ေစမွာမဟုတ္ဘူးလို႔ ကြၽန္ေတာ္ ထင္ၿပီး အဲဒါက အႀကီးမားဆုံးျပႆနာပါ။ သူ စီးတီးကို သြားခဲ့မယ္လို႔ ကြၽန္ေတာ္ ဘယ္တုန္းကမွ မထင္ခဲ့ဘူး။ ဘာလို႔လဲဆိုေတာ့ သူက ဂြါဒီယိုလာဘယ္တုန္းကမွ မလိုခ်င္ခဲ့တဲ့ကစားသမားမို႔လို႔ပါ။ ဘာစီလိုနာက အေထာင္တိုက္စစ္မႉးတိုင္းကလည္း တျခားေနရာအပို႔ခံခဲ့ရတယ္။ သူ ဘိုင္ယန္မွာတုန္းက လီဗန္ေဒါ့ဗ္စကီးကို ဘယ္ျခမ္းပို႔ၿပီး ကစားေစခဲ့တယ္။ ဂါဘရီယဲလ္ ေဂ်ဆူးစ္ကလည္း အခ်ိန္အမ်ားစုမွာ ေတာင္ပံထြက္ကစားခဲ့ရတယ္။ သူတို႔ေတြက ေပါင္သန္း ၅၀-၆၀ နဲ႔ ရႏိုင္တဲ့ကစားသမားရွိၿပီး သူက ဂိုးေတြ ၂ ဆ၊ ၃ ဆေလာက္ျဖစ္ေအာင္ လုပ္ေပးႏိုင္တယ္။ သူ႔ကို ငါတို႔ ဝယ္ရမယ္’လို႔ ေတြးခဲ့တာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္”

“သူက ခ်ဲလ္ဆီး ဒါမွမဟုတ္ မန္ယူႏိုက္တက္မွာဆို အက်ိဳးရွိမလားဆိုရင္ ျဖစ္ႏိုင္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔အတြက္ သူက တူညီတဲ့သြင္းဂိုးအေရအတြက္ သြင္းေပးႏိုင္မလားဆိုရင္ေတာ့ ကြၽန္ေတာ္ မသိပါဘူး။ မသြင္းႏိုင္တာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ စီးတီးမွာဆိုရင္ ဒီအသင္းေတြထက္ သူ ပိုၿပီး အခြင့္အေရးရလို႔ပါ။ ဒါေပမယ့္ သူက မန္စီးတီးအတြက္ေတာ့ သင့္ေတာ္တဲ့ ကစားသမားလို႔ ကြၽန္ေတာ္ မထင္ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.