Bundesliga Premier League

ဥရောပထိပ်သီးအသင်းကြီး ၂ သင်းကို ငြင်းပယ်ခဲ့ပြီးဖြစ်တဲ့ လီဗာပူးလ်ပစ်မှတ်

လီဗာပူးလ်ပစ်မှတ် ဂျုဒ် ဘယ်လင်ဟမ်ဟာ ဥရောပရဲ့ထိပ်တန်းကလပ်အသင်းတွေထဲက ၂ သင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးဖြစ်တယ်လို့ ဂျာမနီက သတင်းတွေအရ သိရပါတယ်။

အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ ကမ္ဘာ့ဘောလုံးလောကမှာ အသင်းတိုင်းက အလိုချင်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ယခုရာသီဒေါ့မွန်အသင်းအတွက် ပြသခဲ့တဲ့စွမ်းဆောင်ရည်နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အတွက် ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ကမ္ဘာ့အကြီးမားဆုံးကလပ်အသင်းတွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကစားသမားကို ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ ၂ သင်းစလုံးက စိတ်ဝင်စားကြောင်း ပြသခဲ့ကြတာဖြစ်ပြီး ဘယ်လင်ဟမ်ကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ မန်ချက်စတာစီးတီး၊ လီဗာပူးလ်၊ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ကလည်း ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒေါ့မွန်အသင်းဟာ ၂၀၂၀ ခုနှစ်မှာ ဘာမင်ဟမ်ကနေ ဂျာမနီကို ပြောင်းရွှေ့လာပြီးကတည်းက ကမ္ဘာ့ထိပ်တန်းကစားသမားတွေထဲက တစ်ဦးဖြစ်လာတဲ့ ဘယ်လင်ဟမ်ကို ယခုနွေရာသီထက် ကျော်လွန်ပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်နေတယ်လို့ သိရပါတယ်။

Sport1 ဂျာနယ်လစ် ပက်ထရစ် ဘာဂါက ဘယ်လင်ဟမ်ဟာ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီတို့ ၂ သင်းစလုံးဆီကနေ ချဉ်းကပ်မှုကို ပယ်ချခဲ့ပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အင်္ဂလန်ကြယ်ပွင့်ရဲ့အနာဂတ်က မရေမရာဖြစ်နတာကြောင့် ဒေါ့မွန်အသင်းက ၎င်းကို တစ်နှစ်လုပ်ခလစာ ယူရို ၁၅ သန်းနီးပါးနဲ့ အသင်းရဲ့ လစာအမြင့်မားဆုံးကစားသမားဖြစ်လာစေမယ့် စာချုပ်သစ် ချုပ်ဆိုသွားချင်နေတယ်လို့ ယင်းသတင်းကပဲ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘွန်ဒက်စ်လီဂါကလပ်အသင်းဟာ ဘယ်လင်ဟမ်ကို ကြီးမားတဲ့ စာချုပ်သစ် မကမ်းလှမ်းမီ အင်္ဂလန်ကွင်းလယ်ကစားသမား ဆုံးဖြတ်ချက် ချမှတ်တာကို စောင့်ဆိုင်းသွားမယ်လို့ သိရပြီး လီဗာပူးလ်ဟာ ဘာမင်ဟမ်ကြယ်ပွင့်ဟောင်း ပြောင်းရွှေ့နိုင်ခြေအရှိဆုံးနေရာအဖြစ် ကာလရှည် တစ်ကြိုပေးခြင်းခံခဲ့ရပေမယ့်လည်း လက်ရှိ ပရီးမီးယားလိဂ်ကလပ်အသင်းရဲ့ ခြေစွမ်းဆိုးရွားနေမှုကြောင့် မာဆေးဆိုဒ်ကို ပြောင်းရွှေ့ဖို့ တွန့်ဆုတ်နေတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာက နယူးကာဆယ်လ်ယူနိုက်တက်နဲ့ ၁၁ မှတ်အကွာ အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး မာဆေးဆိုဒ်မှာ ဝရုန်းသုန်းကားအခြေအနေတွေ ကြီးထွားလာနေချိန်မှာ ဘယ်လင်ဟမ်က အပြောင်းအရွှေ့မလုပ်ခင် အသင်းရဲ့ ဦးတည်ချက်ကို သိချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

လီဗာပူးလ္ပစ္မွတ္ ဂ်ဳဒ္ ဘယ္လင္ဟမ္ဟာ ဥေရာပရဲ႕ထိပ္တန္းကလပ္အသင္းေတြထဲက ၂ သင္းရဲ႕ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ၿပီးျဖစ္တယ္လို႔ ဂ်ာမနီက သတင္းေတြအရ သိရပါတယ္။

အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ဟာ ကမာၻ႔ေဘာလုံးေလာကမွာ အသင္းတိုင္းက အလိုခ်င္ဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ယခုရာသီေဒါ့မြန္အသင္းအတြက္ ျပသခဲ့တဲ့စြမ္းေဆာင္ရည္နဲ႔ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အဂၤလန္အတြက္ ျပသခဲ့တဲ့ စြမ္းေဆာင္ရည္ေတြေၾကာင့္ ကမာၻ႔အႀကီးမားဆုံးကလပ္အသင္းေတြရဲ႕ အာ႐ုံကို ဖမ္းစားႏိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၁၉ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားကို ရီးရဲလ္မက္ဒရစ္နဲ႔ ပီအက္စ္ဂ်ီတို႔ ၂ သင္းစလုံးက စိတ္ဝင္စားေၾကာင္း ျပသခဲ့ၾကတာျဖစ္ၿပီး ဘယ္လင္ဟမ္ကို ပရီးမီးယားလိဂ္ထိပ္သီးအသင္းႀကီးေတြျဖစ္တဲ့ မန္ခ်က္စတာစီးတီး၊ လီဗာပူးလ္၊ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ကလည္း ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေဒါ့မြန္အသင္းဟာ ၂၀၂၀ ခုႏွစ္မွာ ဘာမင္ဟမ္ကေန ဂ်ာမနီကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ကမာၻ႔ထိပ္တန္းကစားသမားေတြထဲက တစ္ဦးျဖစ္လာတဲ့ ဘယ္လင္ဟမ္ကို ယခုေႏြရာသီထက္ ေက်ာ္လြန္ၿပီး အသင္းမွာ ဆက္လက္ထိန္းသိမ္းထားခ်င္ေနတယ္လို႔ သိရပါတယ္။

Sport1 ဂ်ာနယ္လစ္ ပက္ထရစ္ ဘာဂါက ဘယ္လင္ဟမ္ဟာ ခ်ဲလ္ဆီးနဲ႔ ပီအက္စ္ဂ်ီတို႔ ၂ သင္းစလုံးဆီကေန ခ်ဥ္းကပ္မႈကို ပယ္ခ်ခဲ့ၿပီးျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး အဂၤလန္ၾကယ္ပြင့္ရဲ႕အနာဂတ္က မေရမရာျဖစ္နတာေၾကာင့္ ေဒါ့မြန္အသင္းက ၎ကို တစ္ႏွစ္လုပ္ခလစာ ယူ႐ို ၁၅ သန္းနီးပါးနဲ႔ အသင္းရဲ႕ လစာအျမင့္မားဆုံးကစားသမားျဖစ္လာေစမယ့္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားခ်င္ေနတယ္လို႔ ယင္းသတင္းကပဲ ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း ဘြန္ဒက္စ္လီဂါကလပ္အသင္းဟာ ဘယ္လင္ဟမ္ကို ႀကီးမားတဲ့ စာခ်ဳပ္သစ္ မကမ္းလွမ္းမီ အဂၤလန္ကြင္းလယ္ကစားသမား ဆုံးျဖတ္ခ်က္ ခ်မွတ္တာကို ေစာင့္ဆိုင္းသြားမယ္လို႔ သိရၿပီး လီဗာပူးလ္ဟာ ဘာမင္ဟမ္ၾကယ္ပြင့္ေဟာင္း ေျပာင္းေ႐ႊ႕ႏိုင္ေျခအရွိဆုံးေနရာအျဖစ္ ကာလရွည္ တစ္ႀကိဳေပးျခင္းခံခဲ့ရေပမယ့္လည္း လက္ရွိ ပရီးမီးယားလိဂ္ကလပ္အသင္းရဲ႕ ေျခစြမ္းဆိုး႐ြားေနမႈေၾကာင့္ မာေဆးဆိုဒ္ကို ေျပာင္းေ႐ႊ႕ဖို႔ တြန႔္ဆုတ္ေနတယ္လို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ႕အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာက နယူးကာဆယ္လ္ယူႏိုက္တက္နဲ႔ ၁၁ မွတ္အကြာ အဆင့္ ၁၀ ေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး မာေဆးဆိုဒ္မွာ ဝ႐ုန္းသုန္းကားအေျခအေနေတြ ႀကီးထြားလာေနခ်ိန္မွာ ဘယ္လင္ဟမ္က အေျပာင္းအေ႐ႊ႕မလုပ္ခင္ အသင္းရဲ႕ ဦးတည္ခ်က္ကို သိခ်င္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.