Premier League Transfer News

နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု – ၂၄.၉.၂၀၂၀



isamaila sarr






REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– စပိန်အားကစားသတင်းဌာန Sport က ဖော်ပြခဲ့တဲ့ ဘာစီလိုနာတောင်ပံကစားသမား အူစမန် ဒမ်ဘီလီကို အငှားနဲ့ ခေါ်ယူဖို့ လီဗာပူးလ် အသင်းက ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းကို ပြင်သစ်အခြေစိုက် French Football ကလည်း အတည်ပြုသွားခဲ့ပြီး ချန်ပီယံ ကာကွယ်နိုင်ဖို့ အားဖြည့်မှုတွေလို့ သုံးသပ်နေကြ။

– နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ပိတ်ဖို့ ၁၃ ရက်သာ လိုတော့ချိန်မှာ မန်ချက်စတာစီးတီးက ခေါ်ယူဖို့ အဆင်မပြေတဲ့ နာပိုလီ နောက်ခံလူ ခါလီဒူး ကူလီဘေလီကို သူတို့လုပ်နေကျ ပုံစံအတိုင်းပဲ မိုက်ကယ် အက်ဒဝပ်ရဲ့ လက်သွက်သွက်နဲ့ လှုပ်ရှားမှုတွေကို တွေ့ရဖို့ ရှိနေလို့ ပရိသတ်တွေ ရင်ခုန်နေကြ။

isamaila sarr

– အစ္စမိုင်လာ ဆားရ်ကို ဝတ်ဖို့ဒ်ကနေ ခေါ်ယူနိုင်ဖို့ ပေါင် ၃၂ သန်းနဲ့ သဘောတူညီနိုင်ခဲ့ပြီလို့ ဖော်ပြနေတာကြတာကတော့ ပရိသတ်တွေ မျက်စိလည်စရာဖြစ်နေပြီး ဂျိုတာရှိနေချိန်မှာ စဉ်းစားစရာဖြစ်နေပေမယ့် မထင်မှတ်တာတွေ လုပ်တတ်တဲ့ အသင်းကိုတော့ လျှော့တွက်လို့ မရဘူးလို့ ဆိုနေ။

– လီဗာပူးလ်အသင်းအနေနဲ့ လင်ကွန်းစီးတီးကို အဝေးကွင်းမှာ အားလုံးမျှော်လင့်ထားကြတဲ့အတိုင်း အနိုင်ယူပြီးတာနဲ့ အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်မှာရော ကာရာဘောင်းဖလား စတုတ္ထအဆင့်မှာပါ နှစ်ပွဲဆက်တိုက် အန်းဖီးလ်ဒ်မှာ လက်ခံကစားရဖို့ရှိလာ။

– နည်းပြကြီး ယာဂန် ကလော့ပ်ရဲ့ လက်ထောက်တစ်ဦးဖြစ်တဲ့ ပက်ပ် လိန်ဒါစ်က ကွင်းလယ်လူသစ် သီယာဂို အယ်လ်ကန်တာရာဟာ အသင်းဖော်တွေကိုပါ အဆင့်တစ်ဆင့်ကို ထပ်မံတိုးတက်အောင် စွမ်းဆောင်ပေးမယ့်သူလို့ ချီးကျူး။

– တောင်ပံတိုက်စစ်မှူးသစ် ဒီယိုဂို ဂျိုတာဟာ လီဗာပူးလ်အသင်းရဲ့ ကစားပုံနဲ့ အတိအကျ အံဝင်မယ့်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ ထူးချွန်တဲ့ Pressing ကစားပုံဟာ စိတ်ကျေနပ်စရာဖြစ်တယ်လို့ ပရိသတ်တွေကို လက်ထောက်နည်းပြ လိန်ဒါစ် အသိပေးသွားခဲ့။

– ပရီးမီးယားလိဂ်ကလပ် ဘန်လေအသင်းအနေနဲ့ လီဗာပူးလ်ရဲ့ အရောင်းစာရင်းထဲက တောင်ပံကစားသမား ဟာရီ ဝီလ်ဆန်ကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူဖို့ ချိတ်ဆက်နေပြီး သီယာဂိုအတွက် အသုံးစရိတ်ကို ကာမိစေဖို့ ရောင်းသွားမှာဖြစ်တယ်လို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.