Match Report Premier League

ဟာဗတ္ဇ္ရဲ႕ ဟက္ထရစ္နဲ႔ အိမ္ကြင္းမွာ ဂိုးသြင္းအားျပသၿပီး ေနာက္တစ္ဆင့္တက္တဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းအတြက္ေတာ့ ကာရာေဘာင္းဖလား အိမ္ကြင္းႏုိင္ပြဲဟာ ေျခာက္ဂိုး-ဂိုးမရွိဆုိတဲ့ ကိန္းဂဏန္းနဲ႔ ခ်ဳိၿမိန္ခဲ့သလို ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ေတြမွာ ေျခစြမ္းမျပႏုိင္ခဲ့လို႔ ေဝဖန္ခံေနခဲ့ရတဲ့ ခုိင္ ဟာဗတ္ဇ္ရဲ႕ ဟက္ထရစ္နဲ႔ လွပခဲ့ၿပီး အေပါင္းလကၡဏာဆန္တဲ့ အခ်က္ေတြကိုလည္း ေတြ႕ခဲ့ရပါတယ္။

ဒီေန႔ပြဲမွာ လမ္းပတ္ဟာ အသင္းကို ၄-၄-၁-၁ ဆန္ဆန္ ခင္းက်င္းခဲ့သလို တုိက္စစ္မွာ ေအဘရာဟမ္ေနာက္က ဟာဗတ္ဇ္က လုိက္ကစားၿပီး ေတာင္ပံေတြကေန ေမဆန္ေမာင့္နဲ႔ ဟဒ္ဆန္-အိုဒြဳိင္းတုိ႔က ခ်ဲထုတ္တဲ့ ပုံစံကို အသုံးျပဳခဲ့ၿပီး ကစားသမားသစ္ သီယာဂို ေဆးလ္ဗားကေတာ့ အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာနဲ႔အတူ ပါဝင္ကစားခဲ့ပါတယ္။

ဘန္စေလကေတာ့ ပရီးမီးယားလိဂ္အသင္းႀကီးတစ္သင္းနဲ႔ အေဝးကြင္းမွာ လာကစားခဲ့ရေပမယ့္ ရွိန္မေနခဲ့ဘဲ သူတင္ကိုယ္တင္ ကစားႏုိင္ခဲ့ၿပီး သီယာဂို ေဆးလ္ဗားေၾကာင့္ ေနာက္တန္းနဲ႔ ဂိုးသမားက တည္ၿငိမ္လာေပမယ့္ ခ်ဲလ္ဆီးရဲ႕ ခံစစ္နဲ႔ ကြင္းလယ္ၾကားက ကြက္လပ္ေၾကာင့္ ထုိးေဖာက္ကန္သြင္းမွဳေတြကို ျပဳလုပ္ႏုိင္ခဲ့ပါတယ္။

ဘန္စေလရဲ႕ ထိုးေဖာက္မွဳေတြ မ်ားခဲ့ေပမယ့္ ကြာလတီကေတာ့ စကားေျပာခဲ့ၿပီး ပြဲခ်ိန္ ၁၉ မိနစ္မွာ ဘန္စေလေနာက္တန္းက လူေပးမွားမွဳကို ေအဘရာဟမ္က လုယူၿပီး အဖြင့္ဂိုးသြင္းယူႏုိင္ခဲ့သလို ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ ဟာဗတ္ဇ္က ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ေအာက္ကို အသာအယာ ကန္သြင္းယူၿပီး သူ႕ရဲ႕ ခ်ဲလ္ဆီးကစားသမားဘဝ အဖြင့္ဂိုးကို ရယူႏုိင္ခဲ့လုိ႔ ပထမပုိင္းမွာ ခ်ဲလ္ဆီးတုိ႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ၿပီးခဲ့တဲ့ပြဲေတြက ေတာင္ပံတုိက္စစ္မွဴးေနရာမွာ ကစားခဲ့တဲ့ ဟာဗတ္ဇ္ဟာ လမ္းပတ္ရဲ႕ ဗ်ဴဟာေျပာင္းလဲမွဳမွာ Advanced Forward ကစားတဲ့ ေအဘရာဟမ္နဲ႔အတူ Defensive Forward ပုံစံမ်ဳိး တာဝန္ယူခဲ့ၿပီး တစ္ဖက္ေနာက္တန္းကို Pressing လုပ္ကစားႏုိင္ခဲ့သလို ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ သူ႕ရဲ႕ ဖ်က္ထုတ္မွဳကေန ဘာကလီက တတိယဂိုးကို သြင္းယူႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ေအဘရာဟမ္က ေနာက္ေပါက္နဲ႔ လွလွပပ ခ်ိတ္ေပးခဲ့တာကို ဟာဗတ္ဇ္ကပဲ ဘယ္ေျခနဲ႔ အပုိင္ကန္သြင္းႏုိင္ခဲ့သလို ၆၅ မိနစ္မွာေတာ့ သူ႕ရဲ႕ ဟက္ထရစ္ျပည့္ေစမယ့္ ဂိုးအျဖစ္ လူကၽြံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး ဂိုးသမားကို ေက်ာ္ျဖတ္ရင္း သြင္းယူႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ဟာဗတ္ဇ္အစား ေခ်းလ္ဝဲလ္၊ ၇၂ မိနစ္မွာ ေအဘရာဟမ္အစား ဂ်ီ႐ူးတို႔ လူစားဝင္ကစားခဲ့ၿပီး ၈၃ မိနစ္မွာေတာ့ ေခ်းလ္ဝဲလ္ရဲ႕ ေကာင္းမြန္ေသသပ္တဲ့ ျဖတ္တင္ေဘာကို ဂ်ီ႐ူးက ဒိုင္ဗင္ထိုးၿပီး ေခါင္းတုိက္သြင္းႏုိင္ခဲ့လုိ႔ ပြဲအၿပီးမွာ ခ်ဲလ္ဆီးတုိ႔ ေျခာက္ဂိုး-ဂိုးမရွိနဲ႔ အႏုိင္ရရွိသြားခဲ့ၿပီး ေနာက္တစ္ဆင့္မွာေတာ့ စပါးစ္အသင္းနဲ႔ အေဝးကြင္းမွာ ကစားရဖြယ္ရွိေၾကာင္းလည္း ေဖာ္ျပလုိက္ရပါတယ္။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအတွက်တော့ ကာရာဘောင်းဖလား အိမ်ကွင်းနိုင်ပွဲဟာ ခြောက်ဂိုး-ဂိုးမရှိဆိုတဲ့ ကိန်းဂဏန်းနဲ့ ချိုမြိန်ခဲ့သလို ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွေမှာ ခြေစွမ်းမပြနိုင်ခဲ့လို့ ဝေဖန်ခံနေခဲ့ရတဲ့ ခိုင် ဟာဗတ်ဇ်ရဲ့ ဟက်ထရစ်နဲ့ လှပခဲ့ပြီး အပေါင်းလက္ခဏာဆန်တဲ့ အချက်တွေကိုလည်း တွေ့ခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ လမ်းပတ်ဟာ အသင်းကို ၄-၄-၁-၁ ဆန်ဆန် ခင်းကျင်းခဲ့သလို တိုက်စစ်မှာ အေဘရာဟမ်နောက်က ဟာဗတ်ဇ်က လိုက်ကစားပြီး တောင်ပံတွေကနေ မေဆန်မောင့်နဲ့ ဟဒ်ဆန်-အိုဒွိုင်းတို့က ချဲထုတ်တဲ့ ပုံစံကို အသုံးပြုခဲ့ပြီး ကစားသမားသစ် သီယာဂို ဆေးလ်ဗားကတော့ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာနဲ့အတူ ပါဝင်ကစားခဲ့ပါတယ်။

ဘန်စလေကတော့ ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းနဲ့ အဝေးကွင်းမှာ လာကစားခဲ့ရပေမယ့် ရှိန်မနေခဲ့ဘဲ သူတင်ကိုယ်တင် ကစားနိုင်ခဲ့ပြီး သီယာဂို ဆေးလ်ဗားကြောင့် နောက်တန်းနဲ့ ဂိုးသမားက တည်ငြိမ်လာပေမယ့် ချဲလ်ဆီးရဲ့ ခံစစ်နဲ့ ကွင်းလယ်ကြားက ကွက်လပ်ကြောင့် ထိုးဖောက်ကန်သွင်းမှုတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။

ဘန်စလေရဲ့ ထိုးဖောက်မှုတွေ များခဲ့ပေမယ့် ကွာလတီကတော့ စကားပြောခဲ့ပြီး ပွဲချိန် ၁၉ မိနစ်မှာ ဘန်စလေနောက်တန်းက လူပေးမှားမှုကို အေဘရာဟမ်က လုယူပြီး အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သလို ပွဲချိန် ၂၈ မိနစ်မှာတော့ ဟာဗတ်ဇ်က ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အောက်ကို အသာအယာ ကန်သွင်းယူပြီး သူ့ရဲ့ ချဲလ်ဆီးကစားသမားဘဝ အဖွင့်ဂိုးကို ရယူနိုင်ခဲ့လို့ ပထမပိုင်းမှာ ချဲလ်ဆီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲတွေက တောင်ပံတိုက်စစ်မှူးနေရာမှာ ကစားခဲ့တဲ့ ဟာဗတ်ဇ်ဟာ လမ်းပတ်ရဲ့ ဗျူဟာပြောင်းလဲမှုမှာ Advanced Forward ကစားတဲ့ အေဘရာဟမ်နဲ့အတူ Defensive Forward ပုံစံမျိုး တာဝန်ယူခဲ့ပြီး တစ်ဖက်နောက်တန်းကို Pressing လုပ်ကစားနိုင်ခဲ့သလို ပွဲချိန် ၄၉ မိနစ်မှာတော့ သူ့ရဲ့ ဖျက်ထုတ်မှုကနေ ဘာကလီက တတိယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ အေဘရာဟမ်က နောက်ပေါက်နဲ့ လှလှပပ ချိတ်ပေးခဲ့တာကို ဟာဗတ်ဇ်ကပဲ ဘယ်ခြေနဲ့ အပိုင်ကန်သွင်းနိုင်ခဲ့သလို ၆၅ မိနစ်မှာတော့ သူ့ရဲ့ ဟက်ထရစ်ပြည့်စေမယ့် ဂိုးအဖြစ် လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဂိုးသမားကို ကျော်ဖြတ်ရင်း သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ ဟာဗတ်ဇ်အစား ချေးလ်ဝဲလ်၊ ၇၂ မိနစ်မှာ အေဘရာဟမ်အစား ဂျီရူးတို့ လူစားဝင်ကစားခဲ့ပြီး ၈၃ မိနစ်မှာတော့ ချေးလ်ဝဲလ်ရဲ့ ကောင်းမွန်သေသပ်တဲ့ ဖြတ်တင်ဘောကို ဂျီရူးက ဒိုင်ဗင်ထိုးပြီး ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ ပွဲအပြီးမှာ ချဲလ်ဆီးတို့ ခြောက်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပြီး နောက်တစ်ဆင့်မှာတော့ စပါးစ်အသင်းနဲ့ အဝေးကွင်းမှာ ကစားရဖွယ်ရှိကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.