Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၂၄.၉.၂၀၂၀

– ေဒါ့မြန္က ေဂ်ဒန္ ဆန္ခ်ဳိကို မရႏုိင္ေတာ့ခ်ိန္မွာ အသင္းကို လီရြဳိင္း ဆာေနးေရာက္လာခဲ့လို႔ ကစားခြင့္ ေလ်ာ့က်လာဖြယ္ရွိေနတဲ့ ဘုိင္ယန္ျမဴးနစ္ေတာင္ပံကစားသမား ကင္းစလီ ကိုမြန္ကို ယူႏုိက္တက္နည္းျပ ဆုိးလ္ရွား အလိုရွိေန။

– ဘာစီလိုနာအသင္းကေန ဘဏၰာေရးထိန္းညႇိမွဳ အစီအစဥ္ေတြအရ ထြက္ခြာဖို႔ ရွိေနတဲ့ ျပင္သစ္ေတာင္ပံကစားသမား အူစမန္ ဒမ္ဘီလီကို လီဗာပူးလ္အသင္းနဲ႔အၿပဳိင္ တစ္ရာသီအငွားနဲ႔ ေခၚယူသြားႏုိင္ဖို႔ မန္ခ်က္စတာယူႏုိက္တက္ စိတ္ဝင္စားေန။

– ေပါင္ ၃၆ သန္းတန္ ေလ်ာ္ေၾကးစာခ်ဳပ္ ထည့္သြင္းထားၿပီး လက္ရွိမွာ ေပၚတုိဘက္က ေပါင္ ၂၃ သန္းနဲ႔ ေရာင္းခ်ဖြယ္ရွိေနတဲ့ ေနာက္ခံလူ အဲလက္စ္ တဲလက္စ္အတြက္ ဒီထက္ ေဈးေလွ်ာ့ေပးဖို႔ အက္ဒ္ ဝုဒ္ဝဒ္က အလိုရွိေနတဲ့အတြက္ သေဘာတူညီမွဳ မရႏုိင္ေသး။

– ယူႏုိက္တက္အသင္းအေနနဲ႔ အဲလက္စ္ တဲလက္စ္ကို ေခၚယူဖို႔ အဆင္မေျပခဲ့ဘူးဆုိရင္ေတာ့ အသင္းနဲ႔ ဆက္ဆံေရးေကာင္းေတြ ရွိတဲ့ ဒတ္ခ်္ကလပ္ အုိင္းယက္စ္အသင္းရဲ႕ အာဂ်င္တီးနားေနာက္ခံလူ နီကုိလတ္စ္ တာဂလီယာဖီကို,ကုိ ႀကဳိးစားဖြယ္ရွိေန။

– ဒယ္လီ အယ္လီအတြက္ အစားထိုးမယ့္ စပါးစ္အသင္းက ေခၚယူဖို႔ မျဖစ္ႏုိင္ေတာ့တဲ့ေနာက္မွာ ဂ်က္ဆီ လင္ဂတ္ကို လက္စတာစီးတီး နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္ကလည္း စိတ္ဝင္စားမွဳ ျပသလာခဲ့တယ္လုိ႔ သတင္းေတြ ေဖာ္ျပခဲ့ၿပီး ဝက္စ္ဟမ္း၊ အဲဗာတန္တုိ႔နဲ႔လည္း အသံထြက္ေန။

– လိဒ္စ္ယူႏုိက္တက္ကို ေရာက္ဖို႔ ေဆးစစ္ခဲ့ၿပီး ဓာတ္ပုံေတြ ႐ိုက္တဲ့အထိ အနီးဆုံး အေျခအေနကို ေရာက္ခဲ့ဖူးတယ္လုိ႔ ေတာင္ပံကစားသမား ဒန္နီယယ္လ္ ဂ်ိမ္းစ္က ေျပာၾကားလုိက္ၿပီး ဆြမ္ဆီးနဲ႔ သေဘာတူညီမွဳ မရလို႔ မေျပာင္းျဖစ္ခဲ့တာျဖစ္ၿပီး မိသားစုေတြ ေနထိုင္တဲ့ ဟားလ္ၿမဳိ႕နဲ႔ နီးလို႔ ေျပာင္းခ်င္ခဲ့တာလုိ႔ဆုိ။

– ကာရာေဘာင္းဖလား စတုတၳအဆင့္အျဖစ္ မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ေအးမက္စ္ကြင္းမွာ ဘ႐ိုက္တန္နဲ႔ သြားေရာက္ ကစားရမွာျဖစ္ၿပီး လီဗာပူးလ္နဲ႔ အာဆင္နယ္တုိ႔ အန္းဖီးလ္မွာ ဆက္တုိက္ ေတြ႕ဆုံေနမွဳလိုပဲ ဒီကြင္းမွာ ႏွစ္ပြဲဆက္တုိက္ ကစားရဖို႔ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဒေါ့မွန်က ဂျေဒန် ဆန်ချိုကို မရနိုင်တော့ချိန်မှာ အသင်းကို လီရွိုင်း ဆာနေးရောက်လာခဲ့လို့ ကစားခွင့် လျော့ကျလာဖွယ်ရှိနေတဲ့ ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား ကင်းစလီ ကိုမွန်ကို ယူနိုက်တက်နည်းပြ ဆိုးလ်ရှား အလိုရှိနေ။

– ဘာစီလိုနာအသင်းကနေ ဘဏ္ဏာရေးထိန်းညှိမှု အစီအစဉ်တွေအရ ထွက်ခွာဖို့ ရှိနေတဲ့ ပြင်သစ်တောင်ပံကစားသမား အူစမန် ဒမ်ဘီလီကို လီဗာပူးလ်အသင်းနဲ့အပြိုင် တစ်ရာသီအငှားနဲ့ ခေါ်ယူသွားနိုင်ဖို့ မန်ချက်စတာယူနိုက်တက် စိတ်ဝင်စားနေ။

– ပေါင် ၃၆ သန်းတန် လျော်ကြေးစာချုပ် ထည့်သွင်းထားပြီး လက်ရှိမှာ ပေါ်တိုဘက်က ပေါင် ၂၃ သန်းနဲ့ ရောင်းချဖွယ်ရှိနေတဲ့ နောက်ခံလူ အဲလက်စ် တဲလက်စ်အတွက် ဒီထက် ဈေးလျှော့ပေးဖို့ အက်ဒ် ဝုဒ်ဝဒ်က အလိုရှိနေတဲ့အတွက် သဘောတူညီမှု မရနိုင်သေး။

– ယူနိုက်တက်အသင်းအနေနဲ့ အဲလက်စ် တဲလက်စ်ကို ခေါ်ယူဖို့ အဆင်မပြေခဲ့ဘူးဆိုရင်တော့ အသင်းနဲ့ ဆက်ဆံရေးကောင်းတွေ ရှိတဲ့ ဒတ်ချ်ကလပ် အိုင်းယက်စ်အသင်းရဲ့ အာဂျင်တီးနားနောက်ခံလူ နီကိုလတ်စ် တာဂလီယာဖီကို,ကို ကြိုးစားဖွယ်ရှိနေ။

– ဒယ်လီ အယ်လီအတွက် အစားထိုးမယ့် စပါးစ်အသင်းက ခေါ်ယူဖို့ မဖြစ်နိုင်တော့တဲ့နောက်မှာ ဂျက်ဆီ လင်ဂတ်ကို လက်စတာစီးတီး နည်းပြ ဘရန်ဒန် ရော့ဂျားစ်ကလည်း စိတ်ဝင်စားမှု ပြသလာခဲ့တယ်လို့ သတင်းတွေ ဖော်ပြခဲ့ပြီး ဝက်စ်ဟမ်း၊ အဲဗာတန်တို့နဲ့လည်း အသံထွက်နေ။

– လိဒ်စ်ယူနိုက်တက်ကို ရောက်ဖို့ ဆေးစစ်ခဲ့ပြီး ဓာတ်ပုံတွေ ရိုက်တဲ့အထိ အနီးဆုံး အခြေအနေကို ရောက်ခဲ့ဖူးတယ်လို့ တောင်ပံကစားသမား ဒန်နီယယ်လ် ဂျိမ်းစ်က ပြောကြားလိုက်ပြီး ဆွမ်ဆီးနဲ့ သဘောတူညီမှု မရလို့ မပြောင်းဖြစ်ခဲ့တာဖြစ်ပြီး မိသားစုတွေ နေထိုင်တဲ့ ဟားလ်မြို့နဲ့ နီးလို့ ပြောင်းချင်ခဲ့တာလို့ဆို။

– ကာရာဘောင်းဖလား စတုတ္ထအဆင့်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အေးမက်စ်ကွင်းမှာ ဘရိုက်တန်နဲ့ သွားရောက် ကစားရမှာဖြစ်ပြီး လီဗာပူးလ်နဲ့ အာဆင်နယ်တို့ အန်းဖီးလ်မှာ ဆက်တိုက် တွေ့ဆုံနေမှုလိုပဲ ဒီကွင်းမှာ နှစ်ပွဲဆက်တိုက် ကစားရဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.