Premier League Serie A Transfer News

ပေါင် ၁၀၇ သန်းတန် တိုက်စစ်မှူးအတွက် ချဲလ်ဆီးကို ကျော်ပြီး ခေါ်နိုင်မယ့် မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဗောက် ဗက်ဂ်ဟော့စ်ကိုသာ အငှားနဲ့ ခေါ်ယူရရှိထားတဲ့ နံပါတ် ၉ တိုက်စစ်မှူးနေရာအတွက် လာမယ့် နွေရာသီမှာ နာမည်ကြီး ကစားသမားသစ် ခေါ်ယူဖို့ လုပ်ဆောင်နေပြီး ချဲလ်ဆီးအသင်းနဲ့အပြိုင် ပေါင် ၁၀၇ သန်းတန် တိုက်စစ်မှူးကို ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

သရဲနီတွေအနေနဲ့ အသက် ၃၀ အရွယ် နယ်သာလန်တိုက်စစ်မှူး ဗက်ဂ်ဟော့စ်ကို အပြီးသတ်‌ ခေါ်ယူဖို့ အစီအစဉ် မရှိဘဲ နွေရာသီကျရင် ပရီးမီးယားလိဂ်ကို ပြန်လည်တန်းတက်လာနိုင်တဲ့ ဘန်လေဆီပဲ ပြန်ပို့သွားဖို့ ရှိနေသလို နည်းပြ အဲရစ် တန်ဟတ်အနေနဲ့ စွယ်စုံရ တိုက်စစ်မှူးကို နာပိုလီဆီက ခေါ်ယူသွားဖို့ ပြင်ဆင်နေခဲ့တာပါ။

စီးရီးအေ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေခဲ့တဲ့ နာပိုလီအသင်းအတွက် ဒီရာသီ ပြိုင်ပွဲစုံမှာ ၁၇ ဂိုး သွင်းယူပေးထားသလို ဖန်တီးမှု ၄ ကြိမ် လုပ်ဆောင်ပေးထားတဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆီမင်ကို မန်ယူတို့အနေနဲ့ ချဲလ်ဆီးနဲ့အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းနေပြီး လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ကစားခွင့် သေချာသလောက် ရှိနေတဲ့အတွက် ဆွဲဆောင်စည်းရုံးနိုင်မယ်လို့ ယူဆနေတာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီက ပြင်သစ်လိဂန်ကလပ် လီလ်အသင်းကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ နဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး စစချင်းရာသီမှာ စီးရီးအေဂိုး ၁၀ ဂိုး၊ နောက်တစ်ရာသီမှာ ၁၄ ဂိုးနဲ့ ဒီရာသီမှာတော့ ရာသီဝက်မှာပဲ ၁၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာပါ။

သူ့ရဲ့ သတ်မှတ်တန်ကြေးကတော့ လက်ရှိမှာ ပေါင် ၁၀၇ သန်း ရှိနေတယ်လို့ သိရပြီး ယူနိုက်တက်တို့အနေနဲ့ ရအောင် ခေါ်ယူသွားဖို့ ရှိနေသလို နာပိုလီရဲ့ ကစားသမားတွေအနေနဲ့လည်း သူတို့ရှေ့မှာ နာမည်ကြီးပြီး အသင်းမပြောင်းရလို့ ထမင်းငတ်သွားတဲ့ ကွင်းလယ်လူ မာရက်ခ် ဟမ်ဆစ်ခ်နဲ့ အရွယ်လွန်မှ ချဲလ်ဆီးကို ရောက်လာတဲ့ ကာလီဒူး ကူလီဘေလီတို့လို မဖြစ်ရအောင် အရွယ်ရှိတုန်းမှာ ပြောင်းရွှေ့လိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

စီးရီးအေမှာ ၁၃ မှတ်ဖြတ်ပြီး ဦးဆောင်ထားခဲ့တဲ့ နာပိုလီအသင်းရဲ့ တိုက်စစ်ကို အိုဆီမင်အနေနဲ့ တွဲဖက် ဘယ်တောင်ပံသမား ကဗီချာ ကဗာရတ်စခီလီယာနဲ့အတူ အဓိက နေရာက အကျိုးပြုနေခဲ့ပြီး ပြည်တွင်း အမှတ်ပေးချန်ပီယံဆုအပြင် ချန်ပီယံလိဂ်ဖလားကိုပါ ရယူနိုင်မယ်လို့ တစ်ပေးခံထားရချိန်မှာ ကစားသမားတွေအနေနဲ့တော့ ရာသီကုန်မှ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားဖွယ်ရှိနေခဲ့တာပါ။

ချဲလ်ဆီးအသင်းကတော့ လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှု မကောင်းသလို ငွေရှိတာ တစ်ခုတည်းသာ အားသာချက်ရှိနေပြီး နည်းပြတွေရဲ့ မတည်ငြိမ်မှုနဲ့ လာမယ့်ရာသီမှာ ဘယ်ပြိုင်ပွဲ ကစားရမယ်ဆိုတာ မသေချာသေးမှုတွေကြောင့် အိုဆီမင်အတွက် ဒုတိယနေရာမှာသာ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်တို့အနေနဲ့ ရရှိနိုင်ခြေ များနေတယ်လို့လည်း ခန့်မှန်းထားကြကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ေဗာက္ ဗက္ဂ္ေဟာ့စ္ကိုသာ အငွားနဲ႔ ေခၚယူရရွိထားတဲ့ နံပါတ္ ၉ တိုက္စစ္မႉးေနရာအတြက္ လာမယ့္ ေႏြရာသီမွာ နာမည္ႀကီး ကစားသမားသစ္ ေခၚယူဖို႔ လုပ္ေဆာင္ေနၿပီး ခ်ဲလ္ဆီးအသင္းနဲ႔အၿပိဳင္ ေပါင္ ၁၀၇ သန္းတန္ တိုက္စစ္မႉးကို ေခၚယူသြားမွာ ျဖစ္ပါတယ္။

သရဲနီေတြအေနနဲ႔ အသက္ ၃၀ အ႐ြယ္ နယ္သာလန္တိုက္စစ္မႉး ဗက္ဂ္ေဟာ့စ္ကို အၿပီးသတ္‌ ေခၚယူဖို႔ အစီအစဥ္ မရွိဘဲ ေႏြရာသီက်ရင္ ပရီးမီးယားလိဂ္ကို ျပန္လည္တန္းတက္လာႏိုင္တဲ့ ဘန္ေလဆီပဲ ျပန္ပို႔သြားဖို႔ ရွိေနသလို နည္းျပ အဲရစ္ တန္ဟတ္အေနနဲ႔ စြယ္စုံရ တိုက္စစ္မႉးကို နာပိုလီဆီက ေခၚယူသြားဖို႔ ျပင္ဆင္ေနခဲ့တာပါ။

စီးရီးေအ အမွတ္ေပးဇယားထိပ္မွာ ဦးေဆာင္ေနခဲ့တဲ့ နာပိုလီအသင္းအတြက္ ဒီရာသီ ၿပိဳင္ပြဲစုံမွာ ၁၇ ဂိုး သြင္းယူေပးထားသလို ဖန္တီးမႈ ၄ ႀကိမ္ လုပ္ေဆာင္ေပးထားတဲ့ တိုက္စစ္မႉး ဗစ္တာ အိုဆီမင္ကို မန္ယူတို႔အေနနဲ႔ ခ်ဲလ္ဆီးနဲ႔အၿပိဳင္ ေခၚယူဖို႔ ႀကိဳးပမ္းေနၿပီး လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ ကစားခြင့္ ေသခ်ာသေလာက္ ရွိေနတဲ့အတြက္ ဆြဲေဆာင္စည္း႐ုံးႏိုင္မယ္လို႔ ယူဆေနတာျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီက ျပင္သစ္လိဂန္ကလပ္ လီလ္အသင္းကေန ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၇၀ နဲ႔ ေရာက္ရွိလာခဲ့သူျဖစ္ၿပီး စစခ်င္းရာသီမွာ စီးရီးေအဂိုး ၁၀ ဂိုး၊ ေနာက္တစ္ရာသီမွာ ၁၄ ဂိုးနဲ႔ ဒီရာသီမွာေတာ့ ရာသီဝက္မွာပဲ ၁၆ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တာပါ။

သူ႔ရဲ႕ သတ္မွတ္တန္ေၾကးကေတာ့ လက္ရွိမွာ ေပါင္ ၁၀၇ သန္း ရွိေနတယ္လို႔ သိရၿပီး ယူႏိုက္တက္တို႔အေနနဲ႔ ရေအာင္ ေခၚယူသြားဖို႔ ရွိေနသလို နာပိုလီရဲ႕ ကစားသမားေတြအေနနဲ႔လည္း သူတို႔ေရွ႕မွာ နာမည္ႀကီးၿပီး အသင္းမေျပာင္းရလို႔ ထမင္းငတ္သြားတဲ့ ကြင္းလယ္လူ မာရက္ခ္ ဟမ္ဆစ္ခ္နဲ႔ အ႐ြယ္လြန္မွ ခ်ဲလ္ဆီးကို ေရာက္လာတဲ့ ကာလီဒူး ကူလီေဘလီတို႔လို မျဖစ္ရေအာင္ အ႐ြယ္ရွိတုန္းမွာ ေျပာင္းေ႐ႊ႕လိမ့္မယ္လို႔ ခန႔္မွန္းေနၾကပါတယ္။

စီးရီးေအမွာ ၁၃ မွတ္ျဖတ္ၿပီး ဦးေဆာင္ထားခဲ့တဲ့ နာပိုလီအသင္းရဲ႕ တိုက္စစ္ကို အိုဆီမင္အေနနဲ႔ တြဲဖက္ ဘယ္ေတာင္ပံသမား ကဗီခ်ာ ကဗာရတ္စခီလီယာနဲ႔အတူ အဓိက ေနရာက အက်ိဳးျပဳေနခဲ့ၿပီး ျပည္တြင္း အမွတ္ေပးခ်န္ပီယံဆုအျပင္ ခ်န္ပီယံလိဂ္ဖလားကိုပါ ရယူႏိုင္မယ္လို႔ တစ္ေပးခံထားရခ်ိန္မွာ ကစားသမားေတြအေနနဲ႔ေတာ့ ရာသီကုန္မွ ကမ္းလွမ္းမႈေတြကို လက္ခံစဥ္းစားဖြယ္ရွိေနခဲ့တာပါ။

ခ်ဲလ္ဆီးအသင္းကေတာ့ လက္ရွိ အမွတ္ေပးဇယား ရပ္တည္မႈ မေကာင္းသလို ေငြရွိတာ တစ္ခုတည္းသာ အားသာခ်က္ရွိေနၿပီး နည္းျပေတြရဲ႕ မတည္ၿငိမ္မႈနဲ႔ လာမယ့္ရာသီမွာ ဘယ္ၿပိဳင္ပြဲ ကစားရမယ္ဆိုတာ မေသခ်ာေသးမႈေတြေၾကာင့္ အိုဆီမင္အတြက္ ဒုတိယေနရာမွာသာ ရွိေနၿပီး မန္ခ်က္စတာ ယူႏိုက္တက္တို႔အေနနဲ႔ ရရွိႏိုင္ေျခ မ်ားေနတယ္လို႔လည္း ခန႔္မွန္းထားၾကေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.