ပြီးခဲ့တဲ့ တနင်္လာနေ့က တူရကီနိုင်ငံမှာ လှုပ်ခတ်သွားခဲ့တဲ့ ရစ်ချ်တာစကေး ၇.၈ ရှိတဲ့ အကြီးစားငလျင်ကြောင့် နိုင်ငံရဲ့ မြေထဲပင်လယ်ကမ်းခြေနဲ့ ထိစပ်နေတဲ့ ကာဟာရာ မန်မာရာဒေသမှာ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ပြီး ဆီးရီးယားမြောက်ပိုင်းဒေသ အပါအဝင် သေဆုံးသူ ၄၀၀၀ ကျော်အထိ ရှိလာခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
တူရကီနိုင်ငံတွင်း သေဆုံးသူ ဦးရေကတော့ ၂၉၀၀ ကျော် ရှိခဲ့ပြီး တစ်သောင်းခွဲကျော် ဒဏ်ရာရရှိခဲ့ကြသလို တိုက်အိုတိုက်ဟောင်းနဲ့ အခြေမခိုင်တဲ့ အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ကြချိန်မှာ ငလျင်ရဲ့ ဗဟိုချက်နဲ့ နီးကပ်တဲ့ ဟာတေးမြို့ကတော့ တော်တော်လေးကို ထိခိုက်ခံစားခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဒီထဲမှာ ဟာတေးမြို့အခြေစိုက် တူရကီဆူပါလိဂ်ကလပ် ဟာတေးစပေါရဲ့ ကစားသမားတွေလည်း ပါဝင်နေခဲ့ပြီး ဂါနာ တောင်ပံကစားသမား ခရစ္စတီယန် အက်ဆူးကတော့ ကနဦးသတင်းတွေအရ ပျောက်ဆုံးနေခဲ့သလို နောက်ဆုံး သိရှိရတဲ့ အခြေအနေအရတော့ သူ့ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ကြတာပါ။
နယူးကာဆယ်လ်ကို ပရီးမီးယားလိဂ်ကို တန်းတက်အောင် ကူညီပေးနိုင်ခဲ့တဲ့သူတစ်ဦးဖြစ်တဲ့ ၃၁ နှစ်သားဟာ ဟာတေးစပေါအသင်းမှာ ကစားနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အသင်းကို အနိုင်ရစေမယ့် တစ်လုံးတည်းသော ဂိုးကို ကာဆင်ပါဆာအသင်းဘက်ကို သွင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဟာတေးစပေါရဲ့ ပွဲအပြီးမှာ အက်ဆူးအနေနဲ့ အသင်းရဲ့ တည်းခိုတဲ့ ဟိုတယ်မှာ ပိတ်မိနေခဲ့ပြီး ပြိုကျတဲ့ အဆောက်အအုံထဲမှာ အသင်းရဲ့ အားကစားဒါရိုက်တာ တာနာ ဆာဗုနဲ့အတူ ပိတ်မိနေခဲ့သလို ဒီနောက်ပိုင်းမှာတော့ ကယ်ဆယ်ရေးတွေက သူတို့ကို ရှာဖွေကယ်တင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
Important win for the team
Happy to be on the scoresheet 🙏 @hatayspor pic.twitter.com/eMhlS0JGWr— Christian Atsu (@ChristianAtsu20) February 5, 2023
အက်ဆူးဟာ ချဲလ်ဆီးအသင်းရဲ့ ကစားသမားတစ်ဦးအဖြစ် ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ မှတ်တမ်းဝင်ခဲ့သူဖြစ်ပြီး အပြာရောင်တွေ အတွက်တော့ တစ်ပွဲမှ ကစားခွင့် မရဘဲ အငှားကစားသမားအဖြစ် အချိန်ကုန်နေခဲ့ရသူဖြစ်သလို ၂၀၁၆-၁၇ ရာသီမှာ နယူးကာဆယ်လ်ဆီကို ရောက်ရှိသွားခဲ့တာလည်းဖြစ်ပါတယ်။
Praying for some positive news, @ChristianAtsu20. 🙏🖤🤍 pic.twitter.com/HQT6yZOmRB
— Newcastle United FC (@NUFC) February 6, 2023
လက်ရှိမှာတော့ သူ့ရဲ့ အသင်းဟောင်း နယူးကာဆယ်လ်ရဲ့ အက်ဆူးအတွက် သတင်းကောင်းကြားရပါစေလို့ ဆုတောင်းမှုကတော့ ပြည့်ဝသွားခဲ့ပြီဖြစ်ပြီး တူရကီငလျင်မှာ ကံဆိုးကြသူတွေ ရှိခဲ့ကြပေမယ့် ဂါနာသားကတော့ ကံကောင်းလို့ မသေ၊ သံချောင်းတို့ အဖေ ဖြစ်ခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ၿပီးခဲ့တဲ့ တနလၤာေန႔က တူရကီႏိုင္ငံမွာ လႈပ္ခတ္သြားခဲ့တဲ့ ရစ္ခ်္တာစေကး ၇.၈ ရွိတဲ့ အႀကီးစားငလ်င္ေၾကာင့္ ႏိုင္ငံရဲ႕ ေျမထဲပင္လယ္ကမ္းေျခနဲ႔ ထိစပ္ေနတဲ့ ကာဟာရာ မန္မာရာေဒသမွာ အႀကီးအက်ယ္ ထိခိုက္ပ်က္စီးခဲ့ၿပီး ဆီးရီးယားေျမာက္ပိုင္းေဒသ အပါအဝင္ ေသဆုံးသူ ၄၀၀၀ ေက်ာ္အထိ ရွိလာခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။
တူရကီႏိုင္ငံတြင္း ေသဆုံးသူ ဦးေရကေတာ့ ၂၉၀၀ ေက်ာ္ ရွိခဲ့ၿပီး တစ္ေသာင္းခြဲေက်ာ္ ဒဏ္ရာရရွိခဲ့ၾကသလို တိုက္အိုတိုက္ေဟာင္းနဲ႔ အေျခမခိုင္တဲ့ အေဆာက္အအုံေတြ ၿပိဳက်ပ်က္စီးခဲ့ၾကခ်ိန္မွာ ငလ်င္ရဲ႕ ဗဟိုခ်က္နဲ႔ နီးကပ္တဲ့ ဟာေတးၿမိဳ႕ကေတာ့ ေတာ္ေတာ္ေလးကို ထိခိုက္ခံစားခဲ့ရတယ္လို႔လည္း ဆိုပါတယ္။
ဒီထဲမွာ ဟာေတးၿမိဳ႕အေျခစိုက္ တူရကီဆူပါလိဂ္ကလပ္ ဟာေတးစေပါရဲ႕ ကစားသမားေတြလည္း ပါဝင္ေနခဲ့ၿပီး ဂါနာ ေတာင္ပံကစားသမား ခရစၥတီယန္ အက္ဆူးကေတာ့ ကနဦးသတင္းေတြအရ ေပ်ာက္ဆုံးေနခဲ့သလို ေနာက္ဆုံး သိရွိရတဲ့ အေျခအေနအရေတာ့ သူ႔ကို ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ ေဖာ္ျပခဲ့ၾကတာပါ။
နယူးကာဆယ္လ္ကို ပရီးမီးယားလိဂ္ကို တန္းတက္ေအာင္ ကူညီေပးႏိုင္ခဲ့တဲ့သူတစ္ဦးျဖစ္တဲ့ ၃၁ ႏွစ္သားဟာ ဟာေတးစေပါအသင္းမွာ ကစားေနခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က အသင္းကို အႏိုင္ရေစမယ့္ တစ္လုံးတည္းေသာ ဂိုးကို ကာဆင္ပါဆာအသင္းဘက္ကို သြင္းေပးခဲ့သူလည္း ျဖစ္ပါတယ္။
ဟာေတးစေပါရဲ႕ ပြဲအၿပီးမွာ အက္ဆူးအေနနဲ႔ အသင္းရဲ႕ တည္းခိုတဲ့ ဟိုတယ္မွာ ပိတ္မိေနခဲ့ၿပီး ၿပိဳက်တဲ့ အေဆာက္အအုံထဲမွာ အသင္းရဲ႕ အားကစားဒါ႐ိုက္တာ တာနာ ဆာဗုနဲ႔အတူ ပိတ္မိေနခဲ့သလို ဒီေနာက္ပိုင္းမွာေတာ့ ကယ္ဆယ္ေရးေတြက သူတို႔ကို ရွာေဖြကယ္တင္ႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။
Important win for the team
Happy to be on the scoresheet 🙏 @hatayspor pic.twitter.com/eMhlS0JGWr— Christian Atsu (@ChristianAtsu20) February 5, 2023
အက္ဆူးဟာ ခ်ဲလ္ဆီးအသင္းရဲ႕ ကစားသမားတစ္ဦးအျဖစ္ ၂၀၁၃ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိ မွတ္တမ္းဝင္ခဲ့သူျဖစ္ၿပီး အျပာေရာင္ေတြ အတြက္ေတာ့ တစ္ပြဲမွ ကစားခြင့္ မရဘဲ အငွားကစားသမားအျဖစ္ အခ်ိန္ကုန္ေနခဲ့ရသူျဖစ္သလို ၂၀၁၆-၁၇ ရာသီမွာ နယူးကာဆယ္လ္ဆီကို ေရာက္ရွိသြားခဲ့တာလည္းျဖစ္ပါတယ္။
Praying for some positive news, @ChristianAtsu20. 🙏🖤🤍 pic.twitter.com/HQT6yZOmRB
— Newcastle United FC (@NUFC) February 6, 2023
လက္ရွိမွာေတာ့ သူ႔ရဲ႕ အသင္းေဟာင္း နယူးကာဆယ္လ္ရဲ႕ အက္ဆူးအတြက္ သတင္းေကာင္းၾကားရပါေစလို႔ ဆုေတာင္းမႈကေတာ့ ျပည့္ဝသြားခဲ့ၿပီျဖစ္ၿပီး တူရကီငလ်င္မွာ ကံဆိုးၾကသူေတြ ရွိခဲ့ၾကေပမယ့္ ဂါနာသားကေတာ့ ကံေကာင္းလို႔ မေသ၊ သံေခ်ာင္းတို႔ အေဖ ျဖစ္ခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.