Premier League

ဂျော်ဂျင်ညိုက အာဆင်နယ်အတွက် အဓိကကျလာလိမ့်မယ်လို့ ပြောလိုက်တဲ့ ရှီးရား

ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး စံချိန်တင်ထားတဲ့ တိုက်စစ်မှူးဟောင်း အလန် ရှီးရားက အာဆင်နယ်အသင်းရဲ့ ကစားပုံဟာ ဂျော်ဂျင်ညိုကြောင့် တိုးတက်လာလိမ့်ဦးမယ်လို့ ထင်မြင်နေပြီး ချဲလ်ဆီးကွင်းလယ်လူဟောင်းဟာ သူတို့ရဲ့ ချန်ပီယံ စိန်ခေါ်မှုမှာ အဓိကကျလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ မြို့ခံပြိုင်ဘက်ဆီကနေ ဘရာဇီးလ်နွယ်ဖွား အီတလီသားကို မ,ခဲ့တာဖြစ်ပြီး ဘရိုက်တန်ရဲ့ မွိုက်ဆက်စ် ကိုင်စီဒိုကို ခေါ်ယူဖို့ ကြိုးစားခဲ့မှုက မအောင်မြင်ခဲ့ချိန်မှာ ကွင်းလယ်မှာ နေရာစုံကို ဖြည့်ဆည်းပေးနိုင်မှုနဲ့ အတိုင်းအတာ တစ်ခုအားဖြင့် ကျေနပ်နိုင်ခဲ့တာပါ။

ဂျော်ဂျင်ညိုအနေနဲ့ ပြီးခဲ့တဲ့ အဲဗာတန်နဲ့ ပွဲစဉ်မှာ လူစားဝင်ကစားခွင့် ရခဲ့ပြီး ခြေစွမ်းမပြနိုင်ခဲ့လို့ သံသယ ဝင်ခဲ့ကြပေမယ့် အာဆင်နယ်တို့ရဲ့ အစီးခံထားရတဲ့ ကွင်းလယ်ကို လေးလံနှေးကွေးနေတဲ့ ဂရာနစ် ချာကာနဲ့ တွဲဖက်ချိန်မှာ အလုပ်မဖြစ်ခဲ့တာကိုတော့ ပရိသတ်တွေက ခွင့်လွှတ်ခဲ့ကြပြီး လာမယ့်ပွဲတွေမှာ အကျိုးပြုနိုင်ဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။

အလန် ရှီးရားကတော့ အာဆင်နယ်တို့အနေနဲ့ နည်းပြ မီခယ်လ် အာတီတာရဲ့ ဉာဏ်ရည်မြင့်မားမှုနဲ့အတူ အကောင်းဆုံးလုပ်ဆောင်နေတယ်လို့ သုံးသပ်ခဲ့သလို ဂျော်ဂျင်ညိုကို ခေါ်ယူခဲ့တာအတွက်လည်း အင်မတန် အကျိုးပြုနိုင်မယ့် အင်အားဖြည့်တင်းမှုတစ်ရပ်ဖြစ်လာလိမ့်မယ်လို့ ဆိုခဲ့တာပါ။

“ကျွန်တော်ကတော့ အာဆင်နယ်တို့ သူ့ကို ခေါ်ယူလိုက်တာ ကြိုက်တယ်။ သူက အတွေ့အကြုံ အများကြီးရှိသလို နိုင်ပွဲတွေအတွက် မောင်းနှင်နိုင်တဲ့ သူမျိုးပဲ။ လောလောဆယ်မှာ မေးခွန်းထုတ်စရာဖြစ်နေပေမယ့် လာမယ့် လပိုင်းအတွင်းမှာ အသင်းကို သူက ပဲ့ကိုင်ပေးနိုင်လိမ့်မယ်။ သူက အားလုံးကို တစ်ဆင့်မြင့်အောင် ပံ့ပိုးပေးနိုင်တဲ့သူမျိုးပဲ”လို့ ရှီးရားက ဆိုပါတယ်။

ဂျော်ဂျင်ညိုဟာ လက်ရှိမှာတော့ အာဆင်နယ်အသင်းဖော်တွေနဲ့ အသားကျဖို့ လေ့ကျင့်ရဦးမှာဖြစ်ပြီး ဂါဘရီယယ်လ် မာတီနယ်လီနဲ့ ဘူကာယို ဆာကာတို့လို တောင်ပံသမားတွေကို အကြိုက်ပေးပို့နိုင်ဖို့ လုပ်ရမှာဖြစ်သလို တောင်ပံသမားတွေနဲ့ တိုက်စစ်မှူးတွေဘက်ကလည်း သူ့ရဲ့ တိကျတဲ့ အဝေးဘောတွေနဲ့ တိုင်မင်ကိုက်နိုင်ဖို့ လုပ်ဆောင်ရမှာဖြစ်ပြီး ကွင်းလယ်ကလည်း လွတ်လွတ်လပ်လပ် ဘောလုံးပေးနိုင်အောင် ကူညီပေးရမှာပါ။

အာဆင်နယ်နည်းပြ အာတီတာကတော့ သူ့ရဲ့ လူသစ်ကို တော်တော်လေး မျှော်လင့်ထားပြီး ပွဲပန်းနေတဲ့ ဂရာနစ် ချာကာနဲ့ သောမတ်စ် ပါတေးတို့ နေရာမှာ အစားထိုးနိုင်ဖို့ စီစဉ်နေသလို လာမယ့်ပွဲတွေမှာ အသင်းကို ဦးဆောင်မှု ပေးနိုင်မယ့်သူအဖြစ် ရှုမြင်ထားချိန်မှာ သူ့ရဲ့ ထူးခြားတဲ့ ပေးပို့မှုနဲ့ ဂန်းနားတွေ ပိုကောင်းလာနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ရဲ႕ ဂိုးသြင္းအမ်ားဆုံး စံခ်ိန္တင္ထားတဲ့ တိုက္စစ္မႉးေဟာင္း အလန္ ရွီးရားက အာဆင္နယ္အသင္းရဲ႕ ကစားပုံဟာ ေဂ်ာ္ဂ်င္ညိဳေၾကာင့္ တိုးတက္လာလိမ့္ဦးမယ္လို႔ ထင္ျမင္ေနၿပီး ခ်ဲလ္ဆီးကြင္းလယ္လူေဟာင္းဟာ သူတို႔ရဲ႕ ခ်န္ပီယံ စိန္ေခၚမႈမွာ အဓိကက်လိမ့္မယ္လို႔ ေဟာကိန္းထုတ္လိုက္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးေန႔မွာ ၿမိဳ႕ခံၿပိဳင္ဘက္ဆီကေန ဘရာဇီးလ္ႏြယ္ဖြား အီတလီသားကို မ,ခဲ့တာျဖစ္ၿပီး ဘ႐ိုက္တန္ရဲ႕ မြိဳက္ဆက္စ္ ကိုင္စီဒိုကို ေခၚယူဖို႔ ႀကိဳးစားခဲ့မႈက မေအာင္ျမင္ခဲ့ခ်ိန္မွာ ကြင္းလယ္မွာ ေနရာစုံကို ျဖည့္ဆည္းေပးႏိုင္မႈနဲ႔ အတိုင္းအတာ တစ္ခုအားျဖင့္ ေက်နပ္ႏိုင္ခဲ့တာပါ။

ေဂ်ာ္ဂ်င္ညိဳအေနနဲ႔ ၿပီးခဲ့တဲ့ အဲဗာတန္နဲ႔ ပြဲစဥ္မွာ လူစားဝင္ကစားခြင့္ ရခဲ့ၿပီး ေျခစြမ္းမျပႏိုင္ခဲ့လို႔ သံသယ ဝင္ခဲ့ၾကေပမယ့္ အာဆင္နယ္တို႔ရဲ႕ အစီးခံထားရတဲ့ ကြင္းလယ္ကို ေလးလံေႏွးေကြးေနတဲ့ ဂရာနစ္ ခ်ာကာနဲ႔ တြဲဖက္ခ်ိန္မွာ အလုပ္မျဖစ္ခဲ့တာကိုေတာ့ ပရိသတ္ေတြက ခြင့္လႊတ္ခဲ့ၾကၿပီး လာမယ့္ပြဲေတြမွာ အက်ိဳးျပဳႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကတာျဖစ္ပါတယ္။

အလန္ ရွီးရားကေတာ့ အာဆင္နယ္တို႔အေနနဲ႔ နည္းျပ မီခယ္လ္ အာတီတာရဲ႕ ဉာဏ္ရည္ျမင့္မားမႈနဲ႔အတူ အေကာင္းဆုံးလုပ္ေဆာင္ေနတယ္လို႔ သုံးသပ္ခဲ့သလို ေဂ်ာ္ဂ်င္ညိဳကို ေခၚယူခဲ့တာအတြက္လည္း အင္မတန္ အက်ိဳးျပဳႏိုင္မယ့္ အင္အားျဖည့္တင္းမႈတစ္ရပ္ျဖစ္လာလိမ့္မယ္လို႔ ဆိုခဲ့တာပါ။

“ကြၽန္ေတာ္ကေတာ့ အာဆင္နယ္တို႔ သူ႔ကို ေခၚယူလိုက္တာ ႀကိဳက္တယ္။ သူက အေတြ႕အႀကဳံ အမ်ားႀကီးရွိသလို ႏိုင္ပြဲေတြအတြက္ ေမာင္းႏွင္ႏိုင္တဲ့ သူမ်ိဳးပဲ။ ေလာေလာဆယ္မွာ ေမးခြန္းထုတ္စရာျဖစ္ေနေပမယ့္ လာမယ့္ လပိုင္းအတြင္းမွာ အသင္းကို သူက ပဲ့ကိုင္ေပးႏိုင္လိမ့္မယ္။ သူက အားလုံးကို တစ္ဆင့္ျမင့္ေအာင္ ပံ့ပိုးေပးႏိုင္တဲ့သူမ်ိဳးပဲ”လို႔ ရွီးရားက ဆိုပါတယ္။

ေဂ်ာ္ဂ်င္ညိဳဟာ လက္ရွိမွာေတာ့ အာဆင္နယ္အသင္းေဖာ္ေတြနဲ႔ အသားက်ဖို႔ ေလ့က်င့္ရဦးမွာျဖစ္ၿပီး ဂါဘရီယယ္လ္ မာတီနယ္လီနဲ႔ ဘူကာယို ဆာကာတို႔လို ေတာင္ပံသမားေတြကို အႀကိဳက္ေပးပို႔ႏိုင္ဖို႔ လုပ္ရမွာျဖစ္သလို ေတာင္ပံသမားေတြနဲ႔ တိုက္စစ္မႉးေတြဘက္ကလည္း သူ႔ရဲ႕ တိက်တဲ့ အေဝးေဘာေတြနဲ႔ တိုင္မင္ကိုက္ႏိုင္ဖို႔ လုပ္ေဆာင္ရမွာျဖစ္ၿပီး ကြင္းလယ္ကလည္း လြတ္လြတ္လပ္လပ္ ေဘာလုံးေပးႏိုင္ေအာင္ ကူညီေပးရမွာပါ။

အာဆင္နယ္နည္းျပ အာတီတာကေတာ့ သူ႔ရဲ႕ လူသစ္ကို ေတာ္ေတာ္ေလး ေမွ်ာ္လင့္ထားၿပီး ပြဲပန္းေနတဲ့ ဂရာနစ္ ခ်ာကာနဲ႔ ေသာမတ္စ္ ပါေတးတို႔ ေနရာမွာ အစားထိုးႏိုင္ဖို႔ စီစဥ္ေနသလို လာမယ့္ပြဲေတြမွာ အသင္းကို ဦးေဆာင္မႈ ေပးႏိုင္မယ့္သူအျဖစ္ ရႈျမင္ထားခ်ိန္မွာ သူ႔ရဲ႕ ထူးျခားတဲ့ ေပးပို႔မႈနဲ႔ ဂန္းနားေတြ ပိုေကာင္းလာႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.