Premier League Transfer News

နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု – ၂၃.၉.၂၀၂၀








REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– ချဲလ်ဆီးရဲ့ ဖရိုဖရဲ ခံစစ်နဲ့ သွင်းဂိုးတွေအတွက် တာဝန်ရှိသူဟာ ဂိုးသမား ကီပါ မဟုတ်ဘဲ အမှားတစ်ခုခုလုပ်တိုင်း ခံစစ်ကိုပဲ အမြဲတမ်း အပြစ်တင်တတ်တဲ့သူတွေရဲ့ အမြင်လွှဲမှားမှုကြောင့်ဖြစ်ကြောင်း၊ တကယ်တော့ တစ်သင်းလုံးမှာ တာဝန်ရှိကြောင်း ကစားသမားသစ် သီယာဂို ဆေးလ်ဗား ထောက်ပြ။

– ဒက်ကလန် ရိုက်စ်ကို ခေါ်ယူမယ့် ချဲလ်ဆီးရဲ့ အစီအစဉ်ဟာ ဝက်စ်ဟမ်းအသင်းရဲ့ မဖြစ်နိုင်တဲ့ ဈေးဖြစ်တဲ့ ပေါင်သန်း ၈၀ ကို တောင်းဆိုနေမှုကြောင့် ပျက်ပြားသွားနိုင်ကြောင်းနဲ့ တကယ်တမ်း သူဟာ ပေါင် ၄၅ သန်းဝန်းကျင်သာ တန်တယ်လို့ ကျွမ်းကျင်သူတစ်ဦး ဝေဖန်။

– ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတယ်လို့ ဆိုထားတဲ့ ကွင်းလယ်လူ တီမူး ဘာကာယိုကိုအတွက် ပီအက်စ်ဂျီအသင်းကလည်း စိတ်ဝင်စားမှု ပြသခဲ့ပြီး အငှားနဲ့ ခေါ်ယူပြီး ရာသီကုန်မှာ ယူရိုသန်း ၃၀ ပေးချေမယ်လို့ သတင်းလွှင့်ထားကြောင်းဆို။

– ကာရာာဘောင်းဖလား ဘန်စလေနဲ့ပွဲမှာ အရန်ခုံမှာတောင် ပါဝင်ခွင့်မရဘဲ နှစ်ပွဲဆက်တိုက် အသင်းလူစာရင်းက လွဲချော်ခဲ့တဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါအနေနဲ့ သူ့အနေအထားကို စိတ်ပျက်နေပြီဖြစ်ပြီး ချဲလ်ဆီးအသင်းက ထွက်ခွာဖို့ ပြင်ဆင်နေ။

– ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း သတ်မှတ်ထားတဲ့ နောက်ခံလူ အီမာဆန် ပယ်လ်မီယာရီအနေနဲ့ သူ့ရဲ့ တတိယဦးစားပေး အခြေအနေ အပေါ် စိုးရိမ်နေပြီး ချဲလ်ဆီးအသင်းက ထွက်ခွာဖို့ ကြိုးစားနေသလို ဂျူဗင်တပ်စ်က စိတ်ဝင်စားနေ။

– ဝက်စ်ဟမ်းအသင်းရဲ့ တွဲဖက်ဥက္ကဋ္ဌ ဒေးဗစ် ဆူလီဗန်ရဲ့ သူတို့အနေနဲ့ ဈေးကွက်ထဲမှာ ကစားသမားတွေ ခေါ်ယူဖို့ မတတ်နိုင်ဘူးလို့ ဆိုခဲ့တဲ့ စကားကြောင့် အသင်းရဲ့ဘတ်ဂျက်အတွက် ဒက်ကလန် ရိုက်စ်ကို ရောင်းချမယ်လို့ ခန့်မှန်းနေကြ။

– ဘိုင်ယန်မြူးနစ်က စိတ်ဝင်စားနေတဲ့ တောင်ပံကစားသမား ဟဒ်ဆန်-အိုဒွိုင်းအနေနဲ့ အသင်းမှာ ပွဲထွက်ခွင့် ရချင်တယ်ဆိုရင် ဒီထက်ပိုတဲ့ စိတ်ဓာတ်ပြင်းပြမှုနဲ့ ကောင်းမွန်တဲ့ ကစားဟန်ကို ပြသဖို့ ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်တိုက်တွန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.