Match Report Premier League

အရန္ခ်င္းယွဥ္ရာမွာ နည္းျပရဲ႕ သာလြန္မွဳနဲ႔ ေနာက္တစ္ဆင့္တက္တဲ့ အာဆင္နယ္

အာဆင္နယ္အသင္းဟာေတာ့ ဒီေန႔မွာ လက္စတာစီးတီးအသင္းကို အေဝးကြင္းမွာ ႏုိင္ပြဲရယူခဲ့ၿပီး သူတုိ႔ရဲ႕ ဒီရာသီ ေလးပြဲဆက္ႏိုင္ပြဲကို ရွာေဖြႏုိင္ခဲ့သလို နည္းျပ မီခယ္လ္ အာတီတာရဲ႕ တည္ၿငိမ္တဲ့ ကစားကြက္နဲ႔ ကာရာေဘာင္းဖလားရဲ႕ ေနာက္တစ္ဆင့္ကို တက္ေရာက္သြားႏုိင္ခဲ့ၿပီျဖစ္ပါတယ္။

ဝက္စ္ဟမ္းနဲ႔ပြဲက လူစာရင္းကို ၇ ေနရာအထိ အေျပာင္းအလဲလုပ္ခဲ့တဲ့ အာဆင္နယ္အသင္းမွာ အမ်ားထင္သလို ဂိုးသမားသစ္ ႐ူနာဆန္ကို ပြဲထုတ္လာျခင္းေတာ့ မရွိဘဲ ေလ့က်င့္ရက္နည္းလို႔ အရန္ခုံမွာပဲ ထားခဲ့တာကို ေတြ႕ရၿပီး ေနာက္ခံလူ ေဒးဗစ္ လူးဝစ္ဇ္က ဒီပြဲမွာ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့ပါတယ္။

အာဆင္နယ္ဘက္က နယ္လ္ဆန္နဲ႔ ဆာကာတုိ႔ရဲ႕ ဘယ္ေတာင္ပံတုိက္စစ္ အလုပ္ျဖစ္ခဲ့ၿပီး အဆင့္ဆင့္ ပိတ္ဆုိ႔ကစားတဲ့ ကစားဟန္ကလည္း လက္စတာရဲ႕ ထိုးေဖာက္မွဳေတြကို ဟန္႔တားႏုိင္ခဲ့တာေၾကာင့္ လန္ဒန္သားေတြက ထိေရာက္တဲ့ ကစားဟန္ကို ပုိင္ဆုိင္ခဲ့ၿပီး အဆုံးသတ္ပုိင္း အားနည္းခဲ့လုိ႔သာ ပထမပုိင္းမွာ သေရက်ေနခဲ့သလို အိမ္ရွင္ကြင္းလယ္လူ မက္ဒီဆန္ရဲ႕ ကန္ခ်က္ တုိင္ထိထြက္လာခဲ့တာကလည္း ဒီရလဒ္ကို ျဖစ္ေပၚေစခဲ့တာပါ။

ဒုတိယပုိင္းမွာေတာ့ အာဆင္နယ္တုိ႔ရဲ႕ Pressing ေတြက ပုိအလုပ္ျဖစ္ခဲ့တာေၾကာင့္ ခပ္က်ဲက်ဲ ကစားရမွ ေက်နပ္တဲ့ ဘရန္ဒန္ ေရာ့ဂ်ားစ္ရဲ႕ လက္စတာတုိ႔ ကစားရ ပုိက်ပ္လာခဲ့သလို ခံစစ္ပုိင္းမွာလည္း မၾကာခဏဆုိသလုိ ဖိအားေပးခံခဲ့ရၿပီး ေဘာလုံးပ်က္တာေတြလည္း ပုိမ်ားလာခဲ့ပါတယ္။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ နကီးတီးယားက ေဘာလုံး လုယူၿပီး ေပေပကို ေပးခဲ့ရာမွာ ေပေပက ညာျခမ္းက တစ္ကိုယ္ေတာ္တုိးဝင္ၿပီး ႏွစ္ဆင့္ကန္သြင္းခဲ့ရာမွာ တုိင္မွန္ၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးက ေနာက္ခံလူ ဖုခ်္နဲ႔ထိၿပီး ဂိုးဝင္သြားခဲ့လို႔ အာဆင္နယ္တုိ႔ အဖြင့္ဂိုး ရခဲ့ပါတယ္။

လက္စတာတုိ႔ ျပန္လည္တုိက္စစ္ဆင္ဖို႔ ႀကဳိးစားခဲ့ေပမယ့္လည္း အာဆင္နယ္ဘက္က လိုအပ္တဲ့ ေနရာေတြမွာ ဝါရင့္ကစားသမားေတြျဖစ္တဲ့ စီဘာေယာ့စ္၊ ဝီလီယန္နဲ႔ ဘယ္လာရင္တုိ႔ကို ထည့္ၿပီး ထိန္းခ်ဳပ္သြားခဲ့လို႔ အရာမထင္ခဲ့ဘဲ ပြဲၿပီးခါနီးမွာေတာ့ ဘယ္လာရင္ရဲ႕ ထိုးေဖာက္ဖန္တီးမွဳကို နကီးတီးယားက အဆုံးသတ္ႏုိင္ခဲ့လုိ႔ ႏွစ္ဂိုး-ဂိုးမရွိရလဒ္နဲ႔ ပြဲၿပီးဆုံးသြားခဲ့ပါတယ္။

ဒီေန႔ပြဲမွာ အႏုိင္ရခဲ့တဲ့ အာဆင္နယ္ကေတာ့ ဒီတစ္ပတ္မွာ ပရီးမီးယားလိဂ္ပြဲ ရင္ဆုိင္ရဖို႔ ရွိေနတဲ့ လီဗာပူးလ္နဲ႔ပဲ ေနာက္တစ္ဆင့္မွာေတာ့ အန္းဖီးလ္ကြင္းမွာ ယွဥ္ၿပဳိင္ကစားရဖို႔ ရွိေနၿပီး ဒီဖလားကို အာ႐ုံစိုက္ထားတယ္လုိ႔ ေျပာထားခဲ့တဲ့ အာတီတာတုိ႔ အသင္းကို ဘယ္အဆင့္အထိ ပုိ႔ေဆာင္ႏိုင္မလဲဆုိတာ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းဟာတော့ ဒီနေ့မှာ လက်စတာစီးတီးအသင်းကို အဝေးကွင်းမှာ နိုင်ပွဲရယူခဲ့ပြီး သူတို့ရဲ့ ဒီရာသီ လေးပွဲဆက်နိုင်ပွဲကို ရှာဖွေနိုင်ခဲ့သလို နည်းပြ မီခယ်လ် အာတီတာရဲ့ တည်ငြိမ်တဲ့ ကစားကွက်နဲ့ ကာရာဘောင်းဖလားရဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲက လူစာရင်းကို ၇ နေရာအထိ အပြောင်းအလဲလုပ်ခဲ့တဲ့ အာဆင်နယ်အသင်းမှာ အများထင်သလို ဂိုးသမားသစ် ရူနာဆန်ကို ပွဲထုတ်လာခြင်းတော့ မရှိဘဲ လေ့ကျင့်ရက်နည်းလို့ အရန်ခုံမှာပဲ ထားခဲ့တာကို တွေ့ရပြီး နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ်က ဒီပွဲမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။

အာဆင်နယ်ဘက်က နယ်လ်ဆန်နဲ့ ဆာကာတို့ရဲ့ ဘယ်တောင်ပံတိုက်စစ် အလုပ်ဖြစ်ခဲ့ပြီး အဆင့်ဆင့် ပိတ်ဆို့ကစားတဲ့ ကစားဟန်ကလည်း လက်စတာရဲ့ ထိုးဖောက်မှုတွေကို ဟန့်တားနိုင်ခဲ့တာကြောင့် လန်ဒန်သားတွေက ထိရောက်တဲ့ ကစားဟန်ကို ပိုင်ဆိုင်ခဲ့ပြီး အဆုံးသတ်ပိုင်း အားနည်းခဲ့လို့သာ ပထမပိုင်းမှာ သရေကျနေခဲ့သလို အိမ်ရှင်ကွင်းလယ်လူ မက်ဒီဆန်ရဲ့ ကန်ချက် တိုင်ထိထွက်လာခဲ့တာကလည်း ဒီရလဒ်ကို ဖြစ်ပေါ်စေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်တို့ရဲ့ Pressing တွေက ပိုအလုပ်ဖြစ်ခဲ့တာကြောင့် ခပ်ကျဲကျဲ ကစားရမှ ကျေနပ်တဲ့ ဘရန်ဒန် ရော့ဂျားစ်ရဲ့ လက်စတာတို့ ကစားရ ပိုကျပ်လာခဲ့သလို ခံစစ်ပိုင်းမှာလည်း မကြာခဏဆိုသလို ဖိအားပေးခံခဲ့ရပြီး ဘောလုံးပျက်တာတွေလည်း ပိုများလာခဲ့ပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ နကီးတီးယားက ဘောလုံး လုယူပြီး ပေပေကို ပေးခဲ့ရာမှာ ပေပေက ညာခြမ်းက တစ်ကိုယ်တော်တိုးဝင်ပြီး နှစ်ဆင့်ကန်သွင်းခဲ့ရာမှာ တိုင်မှန်ပြီး ပြန်ထွက်လာတဲ့ ဘောလုံးက နောက်ခံလူ ဖုချ်နဲ့ထိပြီး ဂိုးဝင်သွားခဲ့လို့ အာဆင်နယ်တို့ အဖွင့်ဂိုး ရခဲ့ပါတယ်။

လက်စတာတို့ ပြန်လည်တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း အာဆင်နယ်ဘက်က လိုအပ်တဲ့ နေရာတွေမှာ ဝါရင့်ကစားသမားတွေဖြစ်တဲ့ စီဘာယော့စ်၊ ဝီလီယန်နဲ့ ဘယ်လာရင်တို့ကို ထည့်ပြီး ထိန်းချုပ်သွားခဲ့လို့ အရာမထင်ခဲ့ဘဲ ပွဲပြီးခါနီးမှာတော့ ဘယ်လာရင်ရဲ့ ထိုးဖောက်ဖန်တီးမှုကို နကီးတီးယားက အဆုံးသတ်နိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အနိုင်ရခဲ့တဲ့ အာဆင်နယ်ကတော့ ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ်ပွဲ ရင်ဆိုင်ရဖို့ ရှိနေတဲ့ လီဗာပူးလ်နဲ့ပဲ နောက်တစ်ဆင့်မှာတော့ အန်းဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး ဒီဖလားကို အာရုံစိုက်ထားတယ်လို့ ပြောထားခဲ့တဲ့ အာတီတာတို့ အသင်းကို ဘယ်အဆင့်အထိ ပို့ဆောင်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.