Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၂၃.၉.၂၀၂၀

– ယူအီးအက္ဖ္ေအရဲ႕ ၂၀၁၉-၂၀ ရာသီအတြက္ အေကာင္းဆုံးေဘာလုံးသမားဆု ဆန္ကာတင္စာရင္း ေနာက္ဆုံးသုံးဦးမွာ ဘိုင္ယန္ျမဴးနစ္ကစားသမားေတြျဖစ္ၾကတဲ့ မန္ညဴယယ္ ႏြဳိင္ယာ၊ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးတို႔နဲ႔အတူ မန္ခ်က္စတာစီးတီးရဲ႕ ကီဗင္ ဒီဘ႐ိုင္းနား ပါဝင္ေန။

– ဗဟိုေနာက္ခံလူတစ္ေယာက္ တကယ္လို႔ မေခၚယူႏုိင္ခဲ့ဘူးဆုိရင္ ေနာက္ဆုံး ဝုလ္ဗ္စ္နဲ႔ပြဲက ကစားသမားခဲ့တဲ့ ပုံစံအတုိင္း Defensive Midfielder ႏွစ္ဦးျဖစ္တဲ့ ဖာနန္ဒင္ညဳိနဲ႔ ႐ိုဒရီတုိ႔ကို Double Pivot သုံးစြဲၿပီး ခံစစ္ကို ပုိမုိတုိးတက္ေအာင္လုပ္ႏုိင္တယ္လို႔ ကၽြမ္းက်င္သူေတြ သုံးသပ္။

– ဂ်ဴးလ္ ကြန္ဒီကုိ အသင္းမွာ ဆက္လက္ထိန္းသိမ္းဖို႔ မျဖစ္ႏုိင္ေတာ့ဘူးလို႔ ဆီဗီလာနည္းျပ လိုပီတီဂီက ယုံၾကည္ေနၿပီး စီးတီးတုိ႔ဆီကေန ေနာက္ခံလူတစ္ဦး အစားေပးမယ့္ ယူ႐ိုသန္း ၇၀ + ေအာ့တာမန္ဒီနဲ႔ ကမ္းလွမ္းမွဳကိုေတာ့ ပုိမုိအလိုရွိေန။

– မန္ခ်က္စတာစီးတီးေနာက္ခံလူေဟာင္း ဂ်ဳိလီယြန္ လက္စေကာ့က ဖီးလ္ ဖိုဒန္ဟာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ၿပီး အေကာင္းဆုံး ေနရာယူတတ္သူျဖစ္ၿပီး သူ႕ရဲ႕ ေဘာလုံးဦးေႏွာက္ကို ခ်ီးက်ဴးရမွာျဖစ္တယ္လုိ႔ဆုိ။

– အင္တာမီလန္ေနာက္ခံလူ ရွကရီညာကို ယူ႐ို ၅၅ သန္းနဲ႔ ေခၚယူရရွိႏုိင္မယ္လို႔ အသံထြက္လာၿပီး ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းက စိတ္ဝင္စားေနသလို မန္စီးတီးတုိ႔အတြက္လည္း အခ်က္ေပးေခါင္းေလာင္းသံျဖစ္လာ။

– လူငယ္ကစားသမားနဲ႔ အရန္ကစားသမားအမ်ားစုနဲ႔ ပြဲထြက္လာႏုိင္တဲ့ ဘုန္းေမာက္နဲ႔ ကာရာေဘာင္းဖလားပြဲစဥ္အတြက္ စီနီယာ ကစားသမားေတြျဖစ္ၾကတဲ့ ရီယက္ မာရက္ဇ္နဲ႔ နီကိုလတ္စ္ ေအာ့တာမန္ဒီတုိ႔နဲ႔အတူ ကစားသမားသစ္ ေတာရက္စ္လည္း ပြဲထြက္ဖြယ္ရွိ။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဗဟိုေနာက္ခံလူပစ္မွတ္တစ္ခုျဖစ္တဲ့ အက္သလက္တီကို မက္ဒရစ္ေနာက္ခံလူ ဟိုေဆး ဟီမီနက္ဇ္မွာ ကိုဗစ္-၁၉ ဗုိင္းရပ္စ္ ေတြ႕ရွိထားရၿပီး ခြဲျခားကုသရမယ့္ ကာလကိုပါ ထည့္တြက္ရင္ ေခၚယူႏိုင္ဖို႔ ျဖစ္ႏုိင္ေျခနည္းလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ယူအီးအက်ဖ်အေရဲ့ ၂၀၁၉-၂၀ ရာသီအတွက် အကောင်းဆုံးဘောလုံးသမားဆု ဆန်ကာတင်စာရင်း နောက်ဆုံးသုံးဦးမှာ ဘိုင်ယန်မြူးနစ်ကစားသမားတွေဖြစ်ကြတဲ့ မန်ညူယယ် နွိုင်ယာ၊ ရောဘတ် လီဗန်ဒေါ့ဗ်စကီးတို့နဲ့အတူ မန်ချက်စတာစီးတီးရဲ့ ကီဗင် ဒီဘရိုင်းနား ပါဝင်နေ။

– ဗဟိုနောက်ခံလူတစ်ယောက် တကယ်လို့ မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် နောက်ဆုံး ဝုလ်ဗ်စ်နဲ့ပွဲက ကစားသမားခဲ့တဲ့ ပုံစံအတိုင်း Defensive Midfielder နှစ်ဦးဖြစ်တဲ့ ဖာနန်ဒင်ညိုနဲ့ ရိုဒရီတို့ကို Double Pivot သုံးစွဲပြီး ခံစစ်ကို ပိုမိုတိုးတက်အောင်လုပ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်။

– ဂျူးလ် ကွန်ဒီကို အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆီဗီလာနည်းပြ လိုပီတီဂီက ယုံကြည်နေပြီး စီးတီးတို့ဆီကနေ နောက်ခံလူတစ်ဦး အစားပေးမယ့် ယူရိုသန်း ၇၀ + အော့တာမန်ဒီနဲ့ ကမ်းလှမ်းမှုကိုတော့ ပိုမိုအလိုရှိနေ။

– မန်ချက်စတာစီးတီးနောက်ခံလူဟောင်း ဂျိုလီယွန် လက်စကော့က ဖီးလ် ဖိုဒန်ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပြီး အကောင်းဆုံး နေရာယူတတ်သူဖြစ်ပြီး သူ့ရဲ့ ဘောလုံးဦးနှောက်ကို ချီးကျူးရမှာဖြစ်တယ်လို့ဆို။

– အင်တာမီလန်နောက်ခံလူ ရှကရီညာကို ယူရို ၅၅ သန်းနဲ့ ခေါ်ယူရရှိနိုင်မယ်လို့ အသံထွက်လာပြီး တော့တင်ဟမ် ဟော့စပါးစ်အသင်းက စိတ်ဝင်စားနေသလို မန်စီးတီးတို့အတွက်လည်း အချက်ပေးခေါင်းလောင်းသံဖြစ်လာ။

– လူငယ်ကစားသမားနဲ့ အရန်ကစားသမားအများစုနဲ့ ပွဲထွက်လာနိုင်တဲ့ ဘုန်းမောက်နဲ့ ကာရာဘောင်းဖလားပွဲစဉ်အတွက် စီနီယာ ကစားသမားတွေဖြစ်ကြတဲ့ ရီယက် မာရက်ဇ်နဲ့ နီကိုလတ်စ် အော့တာမန်ဒီတို့နဲ့အတူ ကစားသမားသစ် တောရက်စ်လည်း ပွဲထွက်ဖွယ်ရှိ။

– မန်ချက်စတာစီးတီးအသင်းရဲ့ ဗဟိုနောက်ခံလူပစ်မှတ်တစ်ခုဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်နောက်ခံလူ ဟိုဆေး ဟီမီနက်ဇ်မှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် တွေ့ရှိထားရပြီး ခွဲခြားကုသရမယ့် ကာလကိုပါ ထည့်တွက်ရင် ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ခြေနည်းလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.