Premier League

၁၉.၂.၂၀၂၀ တစ္ေန႔တာ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ားစုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– မန္ခ်က္စတာယူႏိုက္တက္ဂႏၳ၀င္ေနာက္ခံလူ ဂယ္ရီ နဗီးလ္က ေနာက္ေနာင္ ေအးဂ်င့္ မီႏို ႐ိုင္ယိုလာနဲ႔ ဘယ္ေတာ့မွ အလုပ္တြဲမလုပ္သင့္ဘူးလို႔ ေ၀ဖန္လိုက္ပါတယ္။ ဒါ့အျပင္ ဒီေအးဂ်င့္နဲ႔ အျပန္အလွန္ စကားစစ္ထိုးေနၾကာေတြကို ရပ္တန္႔ခ်င္ရင္ လာမယ့္ေႏြရာသီမွာ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကိုပါ
အၿပီးသတ္ေရာင္းသင့္တယ္လို႔လည္း ဆိုခဲ့ပါတယ္။

– လိုအပ္ေနတဲ့ နည္းစနစ္ဒါရိုက္တာရာထူးကို ခန္႔အပ္ဖို႔အတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပီအက္စ္ဂ်ီအားကစားဒါရိုက္တာေဟာင္း အန္တီရို ဟင္းနရစ္နဲ႔ ရက္ဘူးလ္အုပ္စုရဲ႕ အားကစားဖြံ႔ၿဖဳိးတုိးတက္ေရးအႀကီးအကဲ ရက္ဖ္ရန္းနစ္တို႔ထဲက တစ္ဦးဦးကို ေခၚခ်င္ေနပါတယ္။ အန္တီရိုဟင္းနရစ္ကေတာ့ ေနမာနဲ႔ အမ္ဘာေပကို ပီအက္စ္ဂ်ီအသင္းဆီ ေခၚယူေပးခဲ့သူလည္းျဖစ္ပါတယ္။

– ကလပ္ဘရုဂ်္နဲ႔ ယူရိုပါလိဂ္ပြဲစဥ္မွာ အသင္းရဲ႕ ဒဏ္ရာက ျပန္လာတဲ့ ကစားသမားေတြျဖစ္ၾကတဲ့ ေပါ့ဘာ၊ ရက္ရွ္ဖို႔ဒ္၊ မက္ေတာ္မီေနး၊ တြန္ဇမ္ဘီနဲ႔ လင္ဒီေလာ့ဖ္တို႔ရဲ႕ ႀကံ့ခုိင္မွဳ အေနအထားအရ ပါဝင္ကစားႏုိင္ဖို႔ မလြယ္ကူေသးဘူးလို႔ သံုးသပ္ထားပါတယ္။

– မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ နီမန္ဂ်ာ မာတစ္ခ်္က ခ်ဲလ္ဆီးနဲ႔ ပြဲမတိုင္ခင္ သူတို႔အသင္းေလ့က်င့္ေရးအစီအစဥ္မွာ တည္ကန္ေဘာေတြကို စနစ္တက် ေလ့က်င့္ခဲ့တယ္လို႔ ဖြင့္ဟလိုက္ပါတယ္။

– ခ်ဲလ္ဆီးကို (၂)ဂိုးျပတ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္က အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ေျခစြမ္းျပသြားခဲ့တဲ့ ဗဟိုေနာက္ခံလူ အဲရစ္ ဘိုင္ယီကို နည္းျပ အုိေလဂန္နာ ဆိုးလ္ရွားက ခ်ီးက်ဴးလိုက္ပါတယ္။ ဘိုင္ယီဟာ ၂၀၁၉ခုႏွစ္၊ ဧၿပီလေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ ပထမဆံုးအႀကိမ္ ျပန္ကစားႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူ ဂယ်ရီ နဗီးလ်က နောက်နောင် အေးဂျင့် မီနို ရိုင်ယိုလာနဲ့ ဘယ်တော့မှ အလုပ်တွဲမလုပ်သင့်ဘူးလို့ ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် ဒီအေးဂျင့်နဲ့ အပြန်အလှန် စကားစစ်ထိုးနေကြာတွေကို ရပ်တန့်ချင်ရင် လာမယ့်နွေရာသီမှာ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကိုပါ
အပြီးသတ်ရောင်းသင့်တယ်လို့လည်း ဆိုခဲ့ပါတယ်။

– လိုအပ်နေတဲ့ နည်းစနစ်ဒါရိုက်တာရာထူးကို ခန့်အပ်ဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအားကစားဒါရိုက်တာဟောင်း အန်တီရို ဟင်းနရစ်နဲ့ ရက်ဘူးလ်အုပ်စုရဲ့ အားကစားဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲ ရက်ဖ်ရန်းနစ်တို့ထဲက တစ်ဦးဦးကို ခေါ်ချင်နေပါတယ်။ အန်တီရိုဟင်းနရစ်ကတော့ နေမာနဲ့ အမ်ဘာပေကို ပီအက်စ်ဂျီအသင်းဆီ ခေါ်ယူပေးခဲ့သူလည်းဖြစ်ပါတယ်။

– ကလပ်ဘရုဂျ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းရဲ့ ဒဏ်ရာက ပြန်လာတဲ့ ကစားသမားတွေဖြစ်ကြတဲ့ ပေါ့ဘာ၊ ရက်ရှ်ဖို့ဒ်၊ မက်တော်မီနေး၊ တွန်ဇမ်ဘီနဲ့ လင်ဒီလော့ဖ်တို့ရဲ့ ကြံ့ခိုင်မှု အနေအထားအရ ပါဝင်ကစားနိုင်ဖို့ မလွယ်ကူသေးဘူးလို့ သုံးသပ်ထားပါတယ်။

– မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ နီမန်ဂျာ မာတစ်ချ်က ချဲလ်ဆီးနဲ့ ပွဲမတိုင်ခင် သူတို့အသင်းလေ့ကျင့်ရေးအစီအစဉ်မှာ တည်ကန်ဘောတွေကို စနစ်တကျ လေ့ကျင့်ခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

– ချဲလ်ဆီးကို (၂)ဂိုးပြတ်နဲ့ မန်ချက်စတာယူနိုက်တက်က အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြသွားခဲ့တဲ့ ဗဟိုနောက်ခံလူ အဲရစ် ဘိုင်ယီကို နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားက ချီးကျူးလိုက်ပါတယ်။ ဘိုင်ယီဟာ ၂၀၁၉ခုနှစ်၊ ဧပြီလနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ် ပြန်ကစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.