Match Report Premier League

ဖူလ်ဟမ်ကို သရေကျပြီး တစ်မှတ်ရလို့ လီဗာပူးလ်ကို ကျော်တက်နိုင်ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကီပါ၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ဘာဒီယာရှီးလ်၊ ရီးစ်ဂျိမ်းစ်နဲ့ ကူကူရဲလားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ လူသစ် အန်ဇို ဖာနန်ဒက်ဇ်၊ ဂါလာဂါနဲ့ မေဆန်မောင့်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဇီးယက်ရှ်၊ မူဒရစ်ခ်နဲ့ ဟာဗတ်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဖူလ်ဟမ်အသင်းကတော့ ဂိုးသမား လီနို၊ ခံစစ်မှာ တင်မ် ရင်းမ်၊ ဒီယော့ပ်၊ ကင်နီ တီတီနဲ့ ရော်ဘင်ဆန်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဟာရစ်ဆန် ရိဒ်၊ ပယ်လင်ညာ၊ အန်ဒရီးယက်စ် ပါရဲရား၊ ဒီကော်ဒိုဗာ-ရိဒ်နဲ့ ဝီလီယန်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ မီထရိုဗစ်ချ်တစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။

ပွဲစကတည်းက ချဲလ်ဆီးတို့ ဘောလုံးကိုင်ကစားခဲ့ပြီး ပွဲကို စိုးမိုးထားခဲ့သလို လူသစ် ဖာနန်ဒက်စ်ရဲ့ ကွင်းလယ်က ဖြန့်ဝေမှုတွေက သူတို့ကို အတိုင်းအတာတစ်ခုအထိ အကျိုးပြုခဲ့ပေမယ့် ညာခြမ်းမှာ အလုပ်မဖြစ်တဲ့ ဇီးယက်ရှ်နဲ့ ဘယ်ခြမ်းမှာ ပိတ်မိနေခဲ့လို့ ဘာမှ မလုပ်တတ်ခဲ့တဲ့ မူဒရစ်ခ်တို့ကြောင့် တိုက်စစ်မှာ ဟာဗတ်ဇ်တစ်ဦးတည်းကို အားကိုးနေခဲ့ရတာဖြစ်ပါတယ်။

ဖူလ်ဟမ်တို့ရဲ့ တန်ပြန်တိုက်စစ်တွေက ခြိမ်းခြောက်မှုတွေက ကီပါအတွက်တော့ စိုးရိမ်စရာ သိပ်မရှိခဲ့ဘဲ နောက်ချန်လွန်းနေပြီး ကောင်တာ ဝင်ချိန်မှာ အဆုံးသတ်ဖို့ အဆင်သင့် မရှိတဲ့ မီထရိုဗစ်ချ်ကြောင့်လည်း ချဲလ်ဆီးခံစစ်က သိပ်မရုန်းခဲ့ရသလို ဒိုင်လူကြီး စတူးဝပ် အက်ထ်ဝဲလ်ကတော့ အိမ်ရှင်ကစားသမားတွေအတွက်ဆိုရင် အဝါကတ်ကို တော်တော်လေး ချွေချွေတာတာ သုံးစွဲသွားခဲ့တာကိုလည်း မြင်ခဲ့ရတာပါ။

ပါရဲရားရဲ့ ကန်ချက်တစ်ကြိမ်ကို ကီပါ ကာကွယ်ခဲ့ရသလို ဟာဗတ်ဇ်ရဲ့ ထိုးဖောက်မှုတွေကတော့ ဂိုးနဲ့ လွဲချော်သွားခဲ့တာကြောင့် ပထမပိုင်းမှာ ချဲလ်ဆီးတို့ ဂိုးပေါက်တောင် တစ်ကြိမ်မှ မတည့်ဘဲ ဖူလ်ဟမ်တို့နဲ့ ဂိုးမရှိ သရေကျနေခဲ့ရပြီး ဒုတိယပိုင်း ပြန်အစမှာတော့ နည်းပြ ပေါ့တာက ယူရိုသန်း ၁၀၀ တန်ကြီး မူဒရစ်ခ်အစား နောက်ထပ် လူသစ်တစ်ဦးဖြစ်တဲ့ မာဒူးကီကို ထည့်သွင်းပြောင်းလဲလာခဲ့ပါတယ်။

ဖူလ်ဟမ်ခံစစ်ပိုင်းမှာ ရော်ဘင်ဆန်က လျင်လျင်မြန်မြန်နဲ့ အတက်အဆင်း ကစားနိုင်ခဲ့သလို ကင်နီ တီတီကလည်း သူ့ရဲ့ ညာခြမ်းကို အကောင်းဆုံး ထိန်းချုပ်ထားခဲ့တာကြောင့် ချဲလ်ဆီးတို့ အလုပ်မဖြစ်ခဲ့ဘဲ ပွဲချိန် မိနစ် ၆၀ မှာတော့ ဇီးယက်ရှ်နဲ့ ရီးစ် ဂျိမ်းစ်တို့အစား စတာလင်နဲ့ အက်ဇ်ပီလီကွေတာတို့ကို ပြောင်းလဲပြီး တိုက်စစ်ကို လူများများ ပိုလိုက်နိုင်ဖို့ ကြိုးစားလာခဲ့ရတာပါ။

အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်တဲ့ ဝီလီယန်က ဟာကွက်အတော်များများကို ဖြည့်ဆည်းသွားခဲ့သလို တိုက်စစ်မှာရော ခံစစ်မှာပါ တာဝန်ကျေနိုင်ခဲ့လို့ ချဲလ်ဆီးတို့ ပိုမိုစိတ်ပျက်ခဲ့ရပြီး ဖာနန်ဒက်ဇ်ရဲ့ ကန်ချက်တစ်ကြိမ် တိုင်ဘေးက ထွက်သွားခဲ့အပြီးမှာတော့ မေဆန်မောင့်အစား ဒေးဗစ် ဒါထရို ဖိုဖာနာ ဝင်လာခဲ့ချိန်မှာ ဖူလ်ဟမ်တို့ကတော့ ဝီလီယန်နဲ့ ဒီကော်ဒိုဗာ-ရိဒ်တို့အစား ဆော်လမွန်နဲ့ ဝီလ်ဆန်တို့ကို ထည့်သွင်းလာခဲ့ပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာ စောင့်ဖမ်းရမယ့် ဘောလုံးကို ရူးကြောင်ကြောင်နဲ့ ရှေ့ထွက်ယားတဲ့ လီနိုကြောင့် ဖိုဖာနာက ကျော်ဖြတ်ရယူပြီး ကန်သွင်းဖို့ ကြိုးစားရာမှာ ဖူလ်ဟမ်အသင်းခေါင်းဆောင် ရင်းမ်က ဂိုးစည်းပေါ်က ရှင်းထုတ်သွားနိုင်ခဲ့တာကြောင့် ချဲလ်ဆီးတို့ နစ်နာခဲ့ရပြီး ပေါ့တာအနေနဲ့ နောက်ဆုံး လက်နက်အဖြစ် ကူကူရဲယားအစား ချေးလ်ဝဲလ်ကို အပြောင်းအလဲလုပ်သွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ဖူလ်ဟမ်တို့က ခံစစ်မှာပဲ ပိတ်ဆို့သွားခဲ့သလို ချဲလ်ဆီးတို့ကတော့ နာကျင်အချိန်ပို ၆ မိနစ်ရတာတောင် ဂိုးသွင်းဖို့ မလုံလောက်ခဲ့လို့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဘုတ်အဖွဲ့ဝင်၊ ဒါရိုက်တာတွေနဲ့ ပိုင်ရှင်တွေ လူစုံတက်စုံ အားပေးခဲ့တဲ့ပွဲမှာ စတာလင်ရဲ့ အမြော်အမြင်ရှိတဲ့ အပေါ်ထောင့်ကန်ချက်ကိုလည်း လီနို ကာကွယ်သွားနိုင်ခဲ့အပြီးမှာ ဘဲဥမကွဲဘဲ သရေကျခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ဧည့်သည် ဖူလ်ဟမ်တို့အနေနဲ့ အဝေးကွင်းမှာ အမှတ်ခွဲယူနိုင်ခဲ့ပြီး အဆင့် ၆ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပေမယ့် နောက်က ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်တို့ရဲ့ ကျော်တက်နိုင်မှုကိုတော့ စိုးရိမ်နေခဲ့ရချိန်မှာ ချဲလ်ဆီးတို့ကတော့ အိမ်ကွင်းမှာ တစ်မှတ်ကြီးများတောင် ရရှိမှုကြောင့် လီဗာပူးလ်ကို ကျော်တက်ပြီး အဆင့် ၉ နေရာကို ထိုက်ထိုက်တန်တန် ဆုပ်ကိုင်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကီပါ၊ ခံစစ္မွာ သီယာဂို ေဆးလ္ဗား၊ ဘာဒီယာရွီးလ္၊ ရီးစ္ဂ်ိမ္းစ္နဲ႔ ကူကူရဲလားတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ လူသစ္ အန္ဇို ဖာနန္ဒက္ဇ္၊ ဂါလာဂါနဲ႔ ေမဆန္ေမာင့္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဇီးယက္ရွ္၊ မူဒရစ္ခ္နဲ႔ ဟာဗတ္ဇ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဖူလ္ဟမ္အသင္းကေတာ့ ဂိုးသမား လီႏို၊ ခံစစ္မွာ တင္မ္ ရင္းမ္၊ ဒီေယာ့ပ္၊ ကင္နီ တီတီနဲ႔ ေရာ္ဘင္ဆန္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဟာရစ္ဆန္ ရိဒ္၊ ပယ္လင္ညာ၊ အန္ဒရီးယက္စ္ ပါရဲရား၊ ဒီေကာ္ဒိုဗာ-ရိဒ္နဲ႔ ဝီလီယန္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ မီထ႐ိုဗစ္ခ်္တစ္ဦးတည္းကို အေထာင္ထားလာခဲ့တာပါ။

ပြဲစကတည္းက ခ်ဲလ္ဆီးတို႔ ေဘာလုံးကိုင္ကစားခဲ့ၿပီး ပြဲကို စိုးမိုးထားခဲ့သလို လူသစ္ ဖာနန္ဒက္စ္ရဲ႕ ကြင္းလယ္က ျဖန႔္ေဝမႈေတြက သူတို႔ကို အတိုင္းအတာတစ္ခုအထိ အက်ိဳးျပဳခဲ့ေပမယ့္ ညာျခမ္းမွာ အလုပ္မျဖစ္တဲ့ ဇီးယက္ရွ္နဲ႔ ဘယ္ျခမ္းမွာ ပိတ္မိေနခဲ့လို႔ ဘာမွ မလုပ္တတ္ခဲ့တဲ့ မူဒရစ္ခ္တို႔ေၾကာင့္ တိုက္စစ္မွာ ဟာဗတ္ဇ္တစ္ဦးတည္းကို အားကိုးေနခဲ့ရတာျဖစ္ပါတယ္။

ဖူလ္ဟမ္တို႔ရဲ႕ တန္ျပန္တိုက္စစ္ေတြက ၿခိမ္းေျခာက္မႈေတြက ကီပါအတြက္ေတာ့ စိုးရိမ္စရာ သိပ္မရွိခဲ့ဘဲ ေနာက္ခ်န္လြန္းေနၿပီး ေကာင္တာ ဝင္ခ်ိန္မွာ အဆုံးသတ္ဖို႔ အဆင္သင့္ မရွိတဲ့ မီထ႐ိုဗစ္ခ်္ေၾကာင့္လည္း ခ်ဲလ္ဆီးခံစစ္က သိပ္မ႐ုန္းခဲ့ရသလို ဒိုင္လူႀကီး စတူးဝပ္ အက္ထ္ဝဲလ္ကေတာ့ အိမ္ရွင္ကစားသမားေတြအတြက္ဆိုရင္ အဝါကတ္ကို ေတာ္ေတာ္ေလး ေခြၽေခြၽတာတာ သုံးစြဲသြားခဲ့တာကိုလည္း ျမင္ခဲ့ရတာပါ။

ပါရဲရားရဲ႕ ကန္ခ်က္တစ္ႀကိမ္ကို ကီပါ ကာကြယ္ခဲ့ရသလို ဟာဗတ္ဇ္ရဲ႕ ထိုးေဖာက္မႈေတြကေတာ့ ဂိုးနဲ႔ လြဲေခ်ာ္သြားခဲ့တာေၾကာင့္ ပထမပိုင္းမွာ ခ်ဲလ္ဆီးတို႔ ဂိုးေပါက္ေတာင္ တစ္ႀကိမ္မွ မတည့္ဘဲ ဖူလ္ဟမ္တို႔နဲ႔ ဂိုးမရွိ သေရက်ေနခဲ့ရၿပီး ဒုတိယပိုင္း ျပန္အစမွာေတာ့ နည္းျပ ေပါ့တာက ယူ႐ိုသန္း ၁၀၀ တန္ႀကီး မူဒရစ္ခ္အစား ေနာက္ထပ္ လူသစ္တစ္ဦးျဖစ္တဲ့ မာဒူးကီကို ထည့္သြင္းေျပာင္းလဲလာခဲ့ပါတယ္။

ဖူလ္ဟမ္ခံစစ္ပိုင္းမွာ ေရာ္ဘင္ဆန္က လ်င္လ်င္ျမန္ျမန္နဲ႔ အတက္အဆင္း ကစားႏိုင္ခဲ့သလို ကင္နီ တီတီကလည္း သူ႔ရဲ႕ ညာျခမ္းကို အေကာင္းဆုံး ထိန္းခ်ဳပ္ထားခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတို႔ အလုပ္မျဖစ္ခဲ့ဘဲ ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ဇီးယက္ရွ္နဲ႔ ရီးစ္ ဂ်ိမ္းစ္တို႔အစား စတာလင္နဲ႔ အက္ဇ္ပီလီေကြတာတို႔ကို ေျပာင္းလဲၿပီး တိုက္စစ္ကို လူမ်ားမ်ား ပိုလိုက္ႏိုင္ဖို႔ ႀကိဳးစားလာခဲ့ရတာပါ။

အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္တဲ့ ဝီလီယန္က ဟာကြက္အေတာ္မ်ားမ်ားကို ျဖည့္ဆည္းသြားခဲ့သလို တိုက္စစ္မွာေရာ ခံစစ္မွာပါ တာဝန္ေက်ႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးတို႔ ပိုမိုစိတ္ပ်က္ခဲ့ရၿပီး ဖာနန္ဒက္ဇ္ရဲ႕ ကန္ခ်က္တစ္ႀကိမ္ တိုင္ေဘးက ထြက္သြားခဲ့အၿပီးမွာေတာ့ ေမဆန္ေမာင့္အစား ေဒးဗစ္ ဒါထ႐ို ဖိုဖာနာ ဝင္လာခဲ့ခ်ိန္မွာ ဖူလ္ဟမ္တို႔ကေတာ့ ဝီလီယန္နဲ႔ ဒီေကာ္ဒိုဗာ-ရိဒ္တို႔အစား ေဆာ္လမြန္နဲ႔ ဝီလ္ဆန္တို႔ကို ထည့္သြင္းလာခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၈၀ မွာ ေစာင့္ဖမ္းရမယ့္ ေဘာလုံးကို ႐ူးေၾကာင္ေၾကာင္နဲ႔ ေရွ႕ထြက္ယားတဲ့ လီႏိုေၾကာင့္ ဖိုဖာနာက ေက်ာ္ျဖတ္ရယူၿပီး ကန္သြင္းဖို႔ ႀကိဳးစားရာမွာ ဖူလ္ဟမ္အသင္းေခါင္းေဆာင္ ရင္းမ္က ဂိုးစည္းေပၚက ရွင္းထုတ္သြားႏိုင္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတို႔ နစ္နာခဲ့ရၿပီး ေပါ့တာအေနနဲ႔ ေနာက္ဆုံး လက္နက္အျဖစ္ ကူကူရဲယားအစား ေခ်းလ္ဝဲလ္ကို အေျပာင္းအလဲလုပ္သြားခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဖူလ္ဟမ္တို႔က ခံစစ္မွာပဲ ပိတ္ဆို႔သြားခဲ့သလို ခ်ဲလ္ဆီးတို႔ကေတာ့ နာက်င္အခ်ိန္ပို ၆ မိနစ္ရတာေတာင္ ဂိုးသြင္းဖို႔ မလုံေလာက္ခဲ့လို႔ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ဘုတ္အဖြဲ႕ဝင္၊ ဒါ႐ိုက္တာေတြနဲ႔ ပိုင္ရွင္ေတြ လူစုံတက္စုံ အားေပးခဲ့တဲ့ပြဲမွာ စတာလင္ရဲ႕ အေျမာ္အျမင္ရွိတဲ့ အေပၚေထာင့္ကန္ခ်က္ကိုလည္း လီႏို ကာကြယ္သြားႏိုင္ခဲ့အၿပီးမွာ ဘဲဥမကြဲဘဲ သေရက်ခဲ့ရတာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ဧည့္သည္ ဖူလ္ဟမ္တို႔အေနနဲ႔ အေဝးကြင္းမွာ အမွတ္ခြဲယူႏိုင္ခဲ့ၿပီး အဆင့္ ၆ ေနရာမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ေပမယ့္ ေနာက္က ဘ႐ိုက္တန္နဲ႔ ဘရန႔္ဖို႔ဒ္တို႔ရဲ႕ ေက်ာ္တက္ႏိုင္မႈကိုေတာ့ စိုးရိမ္ေနခဲ့ရခ်ိန္မွာ ခ်ဲလ္ဆီးတို႔ကေတာ့ အိမ္ကြင္းမွာ တစ္မွတ္ႀကီးမ်ားေတာင္ ရရွိမႈေၾကာင့္ လီဗာပူးလ္ကို ေက်ာ္တက္ၿပီး အဆင့္ ၉ ေနရာကို ထိုက္ထိုက္တန္တန္ ဆုပ္ကိုင္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.