Premier League

အဆဲခံနေရတဲ့ ကန်ဆယ်လိုရဲ့အပြောင်းအရွှေ့အပေါ် ဖွင့်ဟပြောဆိုလိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်တာစီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ ဂျာအို ကန်ဆယ်လိုက ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက် လာမယ့်ရာသီမှာ ပေါ်တူဂီနောက်ခံလူနဲ့ပတ်သက်ပြီး ဘာဖြစ်မလဲဆိုတာကို မသိဘူးလို့ ပြောကြားခဲ့ပါတယ်။

ကန်ဆယ်လိုဟာ မန်ချက်စတာစီးတီးမှာ နည်းပြ ဂွါဒီယိုလာရဲ့ ပွဲထွက်ကစားခွင့်ပေးခြင်းကို မခံခဲ့ရတဲ့နောက် ယခုရာသီကုန်အထိ ဘိုင်ယန်မြူးနစ်အသင်းကို အငှားနဲ့ ထွက်ကစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ ကစားသမားရဲ့ ကိုယ်ဟန်အမူအရာဟာ ဂွါဒီယိုလာရဲ့ အဆင့်အတန်းနဲ့ မကိုက်ညီဘူးလို့ သိရပြီး စပိန်လူမျိုးနည်းပြဟာ ပေါ်တူနောက်ခံလူရဲ့ လာမယ့်ရာသီဟာ ဘာဖြစ်မလဲဆိုတာကို မသိဘူးလို့ ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ တော့တင်ဟမ်ဟော့စပါးနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင်စကားပြောဆိုရာမှာ ဂွါဒီယိုလာက “ပထမဆုံး ကျွန်တော် သူ့ရဲ့ ၄ လက အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ နောက်လာမယ့်ရာသီမှာ ဘာဖြစ်မလဲဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ နောက်ဆုံး လိဂ်ဖလား ၂ လုံးအနိုင်ရခဲ့တာဟာ မယုံနိုင်စရာ ကိန်းဂဏန်းပါ”

“ကမ္ဘာ့ဖလားပြီးမှာ ကျွန်တော်တို့ ရာသီကြိုလုပ်ပြီး မတူညီတဲ့ပုံစံအချို့ ကစားဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော် ကြည့်ရှုခဲ့ရတာကို နှစ်သက်တယ်။ ကျွန်တော် တခြားကစားသမားတွေကို အချိန်ပိုပေးခဲ့တယ်။ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးက ကျွန်တော့်လိုပဲ။ သူ ကစားရတာကို နှစ်သက်တယ်။ သူ အကောင်းဆုံးလေ့ကျင့်တယ်။ အခြေအနေက သူ များများစားစား မကစားခဲ့ရပါဘူး”

“ပြီးခဲ့တဲ့နှစ်တွေမှာ မိနစ်တွေပိုရခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးပါ။ သူ ပျော်ရွှင်နိုင်ဖို့ ကစားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ သူ့ကို မြူးနစ်သွားခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်က ဂျာအိုကို လိုချင်တာက သူက ထူးခြားတဲ့ကစားသမားမို့လို့ပါ။ သူ့ရဲ့ အလုပ်ကျင့်ဝတ်၊ ဆန္ဒပြင်းပြမှုနဲ့ အရည်အချင်းတွေကို ကျွန်တော် မကောင်းတဲ့စကားလုံးတွေ ပြောမှာမဟုတ်ပါဘူး။ အားလုံးက အဲဒါကို သိကြပါတယ်”

“အပြောင်းအရွှေ့ကာလမတိုင်ခင် တစ်ရက်၊ ၂ ရက်မှာ အဲဒါက ဖြစ်ပျက်ခဲ့ပါတယ်။ လူစာရင်းနဲ့ပတ်သက်ပြီး အမြဲတမ်း ကျွန်တော် စိတ်ကျေနပ်ခဲ့တယ်။ သေချာနေတာမဟုတ်ပေမယ့် ဘဏ်ထဲမှာ ပိုက်ဆံရှိနေတာက ပိုကောင်းပါတယ်။ ငွေပိုသုံးတာကို ပြစ်တင်မဝေဖန်ပါနဲ့”လို့ ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

မန္ခ်က္တာစီးတီးနည္းျပ ပက္ ဂြါဒီယိုလာဟာ ဂ်ာအို ကန္ဆယ္လိုက ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလအတြင္း ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕ႏိုင္ခဲ့ၿပီးေနာက္ လာမယ့္ရာသီမွာ ေပၚတူဂီေနာက္ခံလူနဲ႔ပတ္သက္ၿပီး ဘာျဖစ္မလဲဆိုတာကို မသိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ကန္ဆယ္လိုဟာ မန္ခ်က္စတာစီးတီးမွာ နည္းျပ ဂြါဒီယိုလာရဲ႕ ပြဲထြက္ကစားခြင့္ေပးျခင္းကို မခံခဲ့ရတဲ့ေနာက္ ယခုရာသီကုန္အထိ ဘိုင္ယန္ျမဴးနစ္အသင္းကို အငွားနဲ႔ ထြက္ကစားဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ကစားသမားရဲ႕ ကိုယ္ဟန္အမူအရာဟာ ဂြါဒီယိုလာရဲ႕ အဆင့္အတန္းနဲ႔ မကိုက္ညီဘူးလို႔ သိရၿပီး စပိန္လူမ်ိဳးနည္းျပဟာ ေပၚတူေနာက္ခံလူရဲ႕ လာမယ့္ရာသီဟာ ဘာျဖစ္မလဲဆိုတာကို မသိဘူးလို႔ ဝန္ခံ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

တနဂၤေႏြေန႔မွာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မတိုင္ခင္စကားေျပာဆိုရာမွာ ဂြါဒီယိုလာက “ပထမဆုံး ကြၽန္ေတာ္ သူ႔ရဲ႕ ၄ လက အေကာင္းဆုံးျဖစ္ပါေစလို႔ ဆုေတာင္းေပးပါတယ္။ ေနာက္လာမယ့္ရာသီမွာ ဘာျဖစ္မလဲဆိုတာ ကြၽန္ေတာ္ မသိဘူး။ ကြၽန္ေတာ္တို႔ ေနာက္ဆုံး လိဂ္ဖလား ၂ လုံးအႏိုင္ရခဲ့တာဟာ မယုံႏိုင္စရာ ကိန္းဂဏန္းပါ”

“ကမာၻ႔ဖလားၿပီးမွာ ကြၽန္ေတာ္တို႔ ရာသီႀကိဳလုပ္ၿပီး မတူညီတဲ့ပုံစံအခ်ိဳ႕ ကစားဖို႔ ဆုံးျဖတ္ခဲ့တယ္။ ကြၽန္ေတာ္ ၾကည့္ရႈခဲ့ရတာကို ႏွစ္သက္တယ္။ ကြၽန္ေတာ္ တျခားကစားသမားေတြကို အခ်ိန္ပိုေပးခဲ့တယ္။ သူ႔ရဲ႕ကိုယ္ရည္ကိုယ္ေသြးက ကြၽန္ေတာ့္လိုပဲ။ သူ ကစားရတာကို ႏွစ္သက္တယ္။ သူ အေကာင္းဆုံးေလ့က်င့္တယ္။ အေျခအေနက သူ မ်ားမ်ားစားစား မကစားခဲ့ရပါဘူး”

“ၿပီးခဲ့တဲ့ႏွစ္ေတြမွာ မိနစ္ေတြပိုရခဲ့တဲ့ ကစားသမားေတြထဲက တစ္ဦးပါ။ သူ ေပ်ာ္႐ႊင္ႏိုင္ဖို႔ ကစားဖို႔ လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔ သူ႔ကို ျမဴးနစ္သြားခြင့္ေပးဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဘိုင္ယန္ျမဴးနစ္က ဂ်ာအိုကို လိုခ်င္တာက သူက ထူးျခားတဲ့ကစားသမားမို႔လို႔ပါ။ သူ႔ရဲ႕ အလုပ္က်င့္ဝတ္၊ ဆႏၵျပင္းျပမႈနဲ႔ အရည္အခ်င္းေတြကို ကြၽန္ေတာ္ မေကာင္းတဲ့စကားလုံးေတြ ေျပာမွာမဟုတ္ပါဘူး။ အားလုံးက အဲဒါကို သိၾကပါတယ္”

“အေျပာင္းအေ႐ႊ႕ကာလမတိုင္ခင္ တစ္ရက္၊ ၂ ရက္မွာ အဲဒါက ျဖစ္ပ်က္ခဲ့ပါတယ္။ လူစာရင္းနဲ႔ပတ္သက္ၿပီး အၿမဲတမ္း ကြၽန္ေတာ္ စိတ္ေက်နပ္ခဲ့တယ္။ ေသခ်ာေနတာမဟုတ္ေပမယ့္ ဘဏ္ထဲမွာ ပိုက္ဆံရွိေနတာက ပိုေကာင္းပါတယ္။ ေငြပိုသုံးတာကို ျပစ္တင္မေဝဖန္ပါနဲ႔”လို႔ ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.