လူသစ်တွေနဲ့ တိုင်ပတ်တဲ့ ချဲလ်ဆီး
ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ လူသစ် အန်ဇို ဖာနန်ဒက်ဇ်ကို ကွင်းလယ်ဗဟိုမှာ ကစားစေခဲ့သလို ဘယ်တောင်ပံမှာတော့ မူဒရစ်ခ်က ပွဲထွက်လာခဲ့ပြီး ပရိသတ်တွေကတော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ နိုင်ပွဲကို မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။ ကွင်းလယ်က ဖာနန်ဒက်ဇ်အနေနဲ့ ဘောလုံးနိုင်နိုင်နဲ့ ထိုင်ဖြန့်နိုင်ခဲ့ပြီး ကျေနပ်စရာဖြစ်ခဲ့ပေမယ့် မူဒရစ်ခ်ကတော့ ဖူလ်ဟမ်နောက်ခံလူ တီတီရဲ့ အိတ်ကပ်ထဲက မထွက်နိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာပဲ မာဒူးကီနဲ့ လူစားလဲပစ်ခဲ့ရတာပါ။ ဒုတိယပိုင်းမှာတော့ မာဒူကီ ဘာမှ မလုပ်နိုင်ပေမယ့် လူစားဝင်လာတဲ့ ဒေးဗစ် ဖိုဖာနာကတော့ ရုန်းအားကောင်းခဲ့လို့ ဖူလ်ဟမ်တို့ သည်းထိတ်ရင်ဖိုဖြစ်ခဲ့ရပေမယ့် ချဲလ်ဆီးတို့ အနိုင်နဲ့တော့ မထိုက်တန်ခဲ့ဘူးလို့ပဲ ဆိုရပါလိမ့်မယ်။
ဖူလ်ဟမ်မနိုင် ပေါ့တာနဲ့ ပလန်ဘီမရှိတဲ့ ရုပ်ပေါက်မှု
နည်းပြ ဂရေဟမ် ပေါ့တာကတော့ အင်္ဂလိပ်တွေ ကိုင်ခိုင်းလို့ ဘာဖြစ်မလဲဆိုပြီး ပရီးမီးယားလိဂ်ကို နာမည်ဖျက်နေသလိုဖြစ်နေခဲ့တာပါ။ သူ့ရဲ့ မှတ်တမ်းမှာ ဖူလ်ဟမ်နဲ့ နောက်ဆုံးကစားထားသမျှ ပရီးမီးယားလိဂ် ၅ ပွဲစလုံးကို အနိုင်တစ်ပွဲမှ ၃ ပွဲသရေ၊ ၂ ပွဲရှုံးခဲ့တာဖြစ်ပြီး ဒီနေ့မှာလည်း လူကောင်း တစ်အုပ်တစ်မကြီးနဲ့ ဂိုးပေါက် ၂ ကြိမ်သာတည့်ပြီး သရေကျခဲ့ရတာဖြစ်ပါတယ်။ ဖူလ်ဟမ်တို့ကတောင် ဒီပွဲမှာ ဂိုးပေါက် ၄ ကြိမ်တည့်ခဲ့လို့ အိမ်ရှင်တွေထက် ပိုများခဲ့ချိန်မှာ ပေါ့တာကတော့ ကိုယ့်ဘာသာကိုယ် ၄-၃-၃ နဲ့ ၃-၄-၃ မကွဲဘဲ နည်းပြနေခဲ့တာကြောင့် အဆုံးသတ်မှာ ပုံးငတ်ခဲ့တာလို့ပဲ လှောင်ပြောင်စရာ ဖြစ်လာခဲ့တာပါ။
အသင်းဟောင်းကို ခြောက်လှန့်ခဲ့တဲ့ ဝီလီယန်
စတမ်းဖို့ဒ်ဘရစ်ချ်ကို သူပြန်လာတော့မယ်လို့ ဆိုထားခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဝီလီယန်အနေနဲ့ သူ့ရဲ့ အပြာရောင် နေ့ရက်တွေလောက် မကောင်းတော့ပေမယ့် ပိုမိုများပြားလာတဲ့ အတွေ့အကြုံနဲ့ တိုက်စစ်မှာရော ခံစစ်မှာပါ ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ တွဲဖက်တိုက်စစ်သမားတွေ ညံ့ခဲ့လို့ ဂိုးမရခဲ့ချိန်မှာ ချဲလ်ဆီးဘက်က ဖိအားပေးသမျှကိုတော့ ခံစစ်ဇုန်နဲ့ ထောင့်ကန်အလံတိုင်နားအထိ လိုက်ပါပိတ်ဆို့သွားခဲ့ပြီး အသင်းဟောင်းဘက်ကို အသန့်ရှင်းဆုံး ယှဉ်ပြိုင်သွားနိုင်ခဲ့တာကြောင့် ပရိသတ်တွေ ဝမ်းသာဝမ်းနည်းဖြစ်ခဲ့ရတာပါ။
တီတီ့အိတ်ကပ်ထဲက မူဒရစ်ခ်နဲ့ တောင်ပံသမားတွေ
ဖူလ်ဟမ်ရဲ့ ညာနောက်ခံလူ ကင်နီ တီတီကတော့ ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားလို့လည်း ဆိုရမှာဖြစ်ပြီး ပထမပိုင်းတစ်ပိုင်းလုံးမှာ ယူရို သန်း ၁၀၀ တန် ကစားသမား မူဒရစ်ခ်ကို လှုပ်မရအောင် အိတ်ထဲ ကောက်ထည့်ထားခဲ့လို့ ယူကရိန်းသားအနေနဲ့ ဒုတိယပိုင်းမှာ ပြန်ကစားခွင့်တောင် မရခဲ့တော့တာပါ။ ဒတ်ချ်နောက်ခံလူအနေနဲ့ ဒုတိယပိုင်းမှာလည်း မူဒရစ်ခ်အစား ဝင်လာတဲ့ မာဒူးကီကို ထိန်းချုပ်ခဲ့ရပြီး စတာလင် ဝင်လာချိန်မှာလည်း သူ့ဘက်က ကစားလာခဲ့တာကို အကောင်းဆုံး ကြိုးစားပိတ်ဆို့သွားခဲ့လို့ ပထမအကျော့တုန်းက ဂျာအို ဖဲလစ္စ အနီထိအောင် တတ်နိုင်ခဲ့တဲ့သူ့ကို ချဲလ်ဆီးပရိသတ်တွေ စိတ်နာလို့ မဆုံးအောင်ဖြစ်နေပြီလားလို့ မေးရတော့မှာဖြစ်ပါတယ်။
စောင်တလွဲ ဟာဗတ်ဇ်ရဲ့ ဂိုးသွင်းစကေးလ်
သူ့ကိုယ်သူလည်း တိုက်စစ်မှူးလို့ ဘယ်တုန်းကမှ မဆိုဖူးခဲ့တဲ့ ကွင်းလယ်တိုက်စစ်သမားကို ပြောရတာ နည်းနည်းတော့ အားနာရမှာဖြစ်ပါတယ်။ တိုက်စစ်မှာ နေရာစုံ ကစားနိုင်တယ်ဆိုတာက သူ့အတွက် အပြောအဆိုခံရဖို့ ဖြစ်လာခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့ နံပါတ် ၉ နေရာကို တာဝန်ယူခဲ့ရချိန်မှာ Natural Striker တစ်ဦးမဟုတ်တဲ့ အဖြစ်က အဆုံးသတ်ပိုင်းတွေမှာ သိသာနေခဲ့တာပါ။ ဒီနေ့ပွဲမှာ အပိုင်ရနိုင်တဲ့ သွင်းဂိုးနှစ်ဂိုးလောက်ကို ဖြုန်းတီးပစ်ခဲ့ပြီး ချဲလ်ဆီးတို့ကို နိုင်ပွဲပျောက်စေခဲ့သလို လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်မှဖြစ်မယ့် အသင်းအတွက်တော့ စိတ်ပျက်စရာပဲဖြစ်ခဲ့ရပါတယ်။
အိုင်ဗရီကို့စ်ရဲ့ မျှော်လင့်ချက် ရောင်ခြည်
ချဲလ်ဆီးအသင်းမှာ အိုင်ဗရီကို့စ်သားဆိုတာနဲ့ ဂန္ထဝင် ဒီဒီယေး ဒရော့ဘာကို ပြေးမြင်တတ်ကြသလို ဘာမဟုတ် ညာမဟုတ် ဆော်လမွန် ကာလူးကတောင် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဒီနိုင်ငံနဲ့ ကံစပ်တယ်လို့ အမြဲတမ်း ကောက်ချက်ချခဲ့ကြတာပါ။ ဒီနေ့မှာလည်း လူငယ်တိုက်စစ်မှူး ဒေးဗစ် ဒါထရို ဖိုဖာနာနဲ့ ပွဲချိန် ၇၅ မိနစ်မှာ လူစားဝင်လာခဲ့မှုက ဖူလ်ဟမ်ခံစစ်ကို ဖရိုဖရဲဖြစ်စေခဲ့ပြီး တကယ်လို့သာ အသင်းမှာ နံပါတ် ၁၀ ဆန်ဆန် ဖန်တီးရှင်မျိုး၊ တောင်ပံကနေ အဆင့်သင့် ချကျွေးနိုင်တဲ့ ကစားသမားမျိုးရှိရင် သူ့ရဲ့ တိုးအားမှာ ဂိုးတွေ ရနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၃-၄-၃ အသားကျ လူစာရင်းကို မပြောင်းနိုင်သေးတဲ့ ချဲလ်ဆီးတို့အနေနဲ့ ဖန်တီးမှုကောင်းကောင်းနဲ့ ကစားနိုင်ဖို့ လိုအပ်နေဆဲဖြစ်ချိန်မှာ အိုင်ဗရီကို့စ်သားက မျှော်လင့်ချက် ရောင်ခြည်ကို ပေးစွမ်းနိုင်ခဲ့တာပါ။
ငွေပုံကြီးပေါ်က အန်ဇိုရဲ့ မလှပတဲ့ ပွဲဦးထွက်
ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးရှင် အန်ဇို ဖာနန်ဒက်ဇ်အနေနဲ့ အသင်းသစ်နဲ့ ပထမဆုံး ကြုံတဲ့ ပွဲမှာပဲ ကစားခွင့်ရခဲ့ပြီး နိုင်ပွဲရရှိဖို့ မျှော်လင့်ခဲ့ပေမယ့် သူ့ရဲ့ ပွဲဦးထွက်ကတော့ သရေတစ်မှတ်နဲ့ မလှပခဲ့တာပါ။ ကမ္ဘာ့ချန်ပီယံနဲ့ အကောင်းဆုံးလူငယ်ဆုရှင် အာဂျင်တီးနားသားဟာ ဂျော်ဂျင်ညိုထက် ပိုမိုသာလွန်တဲ့ Upgrade ဖြစ်လာခဲ့ပေမယ့် သူ့ကို ကူပြီး ကွင်းလယ်မှာ တွဲဖက်ကစားမယ့် ကစားသမားကောင်း မရှိချိန်မှာ ဂါလာဂါနဲ့ မေဆန်မောင်တို့ကြား ရုန်းကန်ခဲ့ရသလို တောင်ပံတွေကလည်း သူ့ရဲ့ ပေးပို့မှုတွေကို အသုံးမချနိုင်ခဲ့တဲ့နောက် သူ့ရဲ့ ချဲလ်ဆီးကစားသမားဘဝမှာ ပထမဆုံး နိုင်ပွဲရဖို့တော့ စောင့်ဆိုင်းခဲ့ရပြီဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
လူသစ္ေတြနဲ႔ တိုင္ပတ္တဲ့ ခ်ဲလ္ဆီး
ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ လူသစ္ အန္ဇို ဖာနန္ဒက္ဇ္ကို ကြင္းလယ္ဗဟိုမွာ ကစားေစခဲ့သလို ဘယ္ေတာင္ပံမွာေတာ့ မူဒရစ္ခ္က ပြဲထြက္လာခဲ့ၿပီး ပရိသတ္ေတြကေတာ့ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ႏိုင္ပြဲကို ေမွ်ာ္လင့္ခဲ့ၾကတာျဖစ္ပါတယ္။ ကြင္းလယ္က ဖာနန္ဒက္ဇ္အေနနဲ႔ ေဘာလုံးႏိုင္ႏိုင္နဲ႔ ထိုင္ျဖန႔္ႏိုင္ခဲ့ၿပီး ေက်နပ္စရာျဖစ္ခဲ့ေပမယ့္ မူဒရစ္ခ္ကေတာ့ ဖူလ္ဟမ္ေနာက္ခံလူ တီတီရဲ႕ အိတ္ကပ္ထဲက မထြက္ႏိုင္ခဲ့လို႔ ပထမပိုင္းအၿပီးမွာပဲ မာဒူးကီနဲ႔ လူစားလဲပစ္ခဲ့ရတာပါ။ ဒုတိယပိုင္းမွာေတာ့ မာဒူကီ ဘာမွ မလုပ္ႏိုင္ေပမယ့္ လူစားဝင္လာတဲ့ ေဒးဗစ္ ဖိုဖာနာကေတာ့ ႐ုန္းအားေကာင္းခဲ့လို႔ ဖူလ္ဟမ္တို႔ သည္းထိတ္ရင္ဖိုျဖစ္ခဲ့ရေပမယ့္ ခ်ဲလ္ဆီးတို႔ အႏိုင္နဲ႔ေတာ့ မထိုက္တန္ခဲ့ဘူးလို႔ပဲ ဆိုရပါလိမ့္မယ္။
ဖူလ္ဟမ္မႏိုင္ ေပါ့တာနဲ႔ ပလန္ဘီမရွိတဲ့ ႐ုပ္ေပါက္မႈ
နည္းျပ ဂေရဟမ္ ေပါ့တာကေတာ့ အဂၤလိပ္ေတြ ကိုင္ခိုင္းလို႔ ဘာျဖစ္မလဲဆိုၿပီး ပရီးမီးယားလိဂ္ကို နာမည္ဖ်က္ေနသလိုျဖစ္ေနခဲ့တာပါ။ သူ႔ရဲ႕ မွတ္တမ္းမွာ ဖူလ္ဟမ္နဲ႔ ေနာက္ဆုံးကစားထားသမွ် ပရီးမီးယားလိဂ္ ၅ ပြဲစလုံးကို အႏိုင္တစ္ပြဲမွ ၃ ပြဲသေရ၊ ၂ ပြဲရႈံးခဲ့တာျဖစ္ၿပီး ဒီေန႔မွာလည္း လူေကာင္း တစ္အုပ္တစ္မႀကီးနဲ႔ ဂိုးေပါက္ ၂ ႀကိမ္သာတည့္ၿပီး သေရက်ခဲ့ရတာျဖစ္ပါတယ္။ ဖူလ္ဟမ္တို႔ကေတာင္ ဒီပြဲမွာ ဂိုးေပါက္ ၄ ႀကိမ္တည့္ခဲ့လို႔ အိမ္ရွင္ေတြထက္ ပိုမ်ားခဲ့ခ်ိန္မွာ ေပါ့တာကေတာ့ ကိုယ့္ဘာသာကိုယ္ ၄-၃-၃ နဲ႔ ၃-၄-၃ မကြဲဘဲ နည္းျပေနခဲ့တာေၾကာင့္ အဆုံးသတ္မွာ ပုံးငတ္ခဲ့တာလို႔ပဲ ေလွာင္ေျပာင္စရာ ျဖစ္လာခဲ့တာပါ။
အသင္းေဟာင္းကို ေျခာက္လွန႔္ခဲ့တဲ့ ဝီလီယန္
စတမ္းဖို႔ဒ္ဘရစ္ခ်္ကို သူျပန္လာေတာ့မယ္လို႔ ဆိုထားခဲ့တဲ့ ဘရာဇီးလ္ကြင္းလယ္လူ ဝီလီယန္အေနနဲ႔ သူ႔ရဲ႕ အျပာေရာင္ ေန႔ရက္ေတြေလာက္ မေကာင္းေတာ့ေပမယ့္ ပိုမိုမ်ားျပားလာတဲ့ အေတြ႕အႀကဳံနဲ႔ တိုက္စစ္မွာေရာ ခံစစ္မွာပါ ေျခစြမ္းျပႏိုင္ခဲ့တာျဖစ္ပါတယ္။ တြဲဖက္တိုက္စစ္သမားေတြ ညံ့ခဲ့လို႔ ဂိုးမရခဲ့ခ်ိန္မွာ ခ်ဲလ္ဆီးဘက္က ဖိအားေပးသမွ်ကိုေတာ့ ခံစစ္ဇုန္နဲ႔ ေထာင့္ကန္အလံတိုင္နားအထိ လိုက္ပါပိတ္ဆို႔သြားခဲ့ၿပီး အသင္းေဟာင္းဘက္ကို အသန႔္ရွင္းဆုံး ယွဥ္ၿပိဳင္သြားႏိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြ ဝမ္းသာဝမ္းနည္းျဖစ္ခဲ့ရတာပါ။
တီတီ့အိတ္ကပ္ထဲက မူဒရစ္ခ္နဲ႔ ေတာင္ပံသမားေတြ
ဖူလ္ဟမ္ရဲ႕ ညာေနာက္ခံလူ ကင္နီ တီတီကေတာ့ ဒီေန႔ပြဲရဲ႕ အေကာင္းဆုံး ကစားသမားလို႔လည္း ဆိုရမွာျဖစ္ၿပီး ပထမပိုင္းတစ္ပိုင္းလုံးမွာ ယူ႐ို သန္း ၁၀၀ တန္ ကစားသမား မူဒရစ္ခ္ကို လႈပ္မရေအာင္ အိတ္ထဲ ေကာက္ထည့္ထားခဲ့လို႔ ယူကရိန္းသားအေနနဲ႔ ဒုတိယပိုင္းမွာ ျပန္ကစားခြင့္ေတာင္ မရခဲ့ေတာ့တာပါ။ ဒတ္ခ်္ေနာက္ခံလူအေနနဲ႔ ဒုတိယပိုင္းမွာလည္း မူဒရစ္ခ္အစား ဝင္လာတဲ့ မာဒူးကီကို ထိန္းခ်ဳပ္ခဲ့ရၿပီး စတာလင္ ဝင္လာခ်ိန္မွာလည္း သူ႔ဘက္က ကစားလာခဲ့တာကို အေကာင္းဆုံး ႀကိဳးစားပိတ္ဆို႔သြားခဲ့လို႔ ပထမအေက်ာ့တုန္းက ဂ်ာအို ဖဲလစၥ အနီထိေအာင္ တတ္ႏိုင္ခဲ့တဲ့သူ႔ကို ခ်ဲလ္ဆီးပရိသတ္ေတြ စိတ္နာလို႔ မဆုံးေအာင္ျဖစ္ေနၿပီလားလို႔ ေမးရေတာ့မွာျဖစ္ပါတယ္။
ေစာင္တလြဲ ဟာဗတ္ဇ္ရဲ႕ ဂိုးသြင္းစေကးလ္
သူ႔ကိုယ္သူလည္း တိုက္စစ္မႉးလို႔ ဘယ္တုန္းကမွ မဆိုဖူးခဲ့တဲ့ ကြင္းလယ္တိုက္စစ္သမားကို ေျပာရတာ နည္းနည္းေတာ့ အားနာရမွာျဖစ္ပါတယ္။ တိုက္စစ္မွာ ေနရာစုံ ကစားႏိုင္တယ္ဆိုတာက သူ႔အတြက္ အေျပာအဆိုခံရဖို႔ ျဖစ္လာခဲ့ၿပီး ခ်ဲလ္ဆီးအသင္းရဲ႕ နံပါတ္ ၉ ေနရာကို တာဝန္ယူခဲ့ရခ်ိန္မွာ Natural Striker တစ္ဦးမဟုတ္တဲ့ အျဖစ္က အဆုံးသတ္ပိုင္းေတြမွာ သိသာေနခဲ့တာပါ။ ဒီေန႔ပြဲမွာ အပိုင္ရႏိုင္တဲ့ သြင္းဂိုးႏွစ္ဂိုးေလာက္ကို ျဖဳန္းတီးပစ္ခဲ့ၿပီး ခ်ဲလ္ဆီးတို႔ကို ႏိုင္ပြဲေပ်ာက္ေစခဲ့သလို လာမယ့္ရာသီ ခ်န္ပီယံလိဂ္ ဝင္မွျဖစ္မယ့္ အသင္းအတြက္ေတာ့ စိတ္ပ်က္စရာပဲျဖစ္ခဲ့ရပါတယ္။
အိုင္ဗရီကို႔စ္ရဲ႕ ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္
ခ်ဲလ္ဆီးအသင္းမွာ အိုင္ဗရီကို႔စ္သားဆိုတာနဲ႔ ဂႏၴဝင္ ဒီဒီေယး ဒေရာ့ဘာကို ေျပးျမင္တတ္ၾကသလို ဘာမဟုတ္ ညာမဟုတ္ ေဆာ္လမြန္ ကာလူးကေတာင္ ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ ဒီႏိုင္ငံနဲ႔ ကံစပ္တယ္လို႔ အၿမဲတမ္း ေကာက္ခ်က္ခ်ခဲ့ၾကတာပါ။ ဒီေန႔မွာလည္း လူငယ္တိုက္စစ္မႉး ေဒးဗစ္ ဒါထ႐ို ဖိုဖာနာနဲ႔ ပြဲခ်ိန္ ၇၅ မိနစ္မွာ လူစားဝင္လာခဲ့မႈက ဖူလ္ဟမ္ခံစစ္ကို ဖ႐ိုဖရဲျဖစ္ေစခဲ့ၿပီး တကယ္လို႔သာ အသင္းမွာ နံပါတ္ ၁၀ ဆန္ဆန္ ဖန္တီးရွင္မ်ိဳး၊ ေတာင္ပံကေန အဆင့္သင့္ ခ်ေကြၽးႏိုင္တဲ့ ကစားသမားမ်ိဳးရွိရင္ သူ႔ရဲ႕ တိုးအားမွာ ဂိုးေတြ ရႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ၃-၄-၃ အသားက် လူစာရင္းကို မေျပာင္းႏိုင္ေသးတဲ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ ဖန္တီးမႈေကာင္းေကာင္းနဲ႔ ကစားႏိုင္ဖို႔ လိုအပ္ေနဆဲျဖစ္ခ်ိန္မွာ အိုင္ဗရီကို႔စ္သားက ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္ကို ေပးစြမ္းႏိုင္ခဲ့တာပါ။
ေငြပုံႀကီးေပၚက အန္ဇိုရဲ႕ မလွပတဲ့ ပြဲဦးထြက္
ၿဗိတိန္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးရွင္ အန္ဇို ဖာနန္ဒက္ဇ္အေနနဲ႔ အသင္းသစ္နဲ႔ ပထမဆုံး ႀကဳံတဲ့ ပြဲမွာပဲ ကစားခြင့္ရခဲ့ၿပီး ႏိုင္ပြဲရရွိဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ သူ႔ရဲ႕ ပြဲဦးထြက္ကေတာ့ သေရတစ္မွတ္နဲ႔ မလွပခဲ့တာပါ။ ကမာၻ႔ခ်န္ပီယံနဲ႔ အေကာင္းဆုံးလူငယ္ဆုရွင္ အာဂ်င္တီးနားသားဟာ ေဂ်ာ္ဂ်င္ညိဳထက္ ပိုမိုသာလြန္တဲ့ Upgrade ျဖစ္လာခဲ့ေပမယ့္ သူ႔ကို ကူၿပီး ကြင္းလယ္မွာ တြဲဖက္ကစားမယ့္ ကစားသမားေကာင္း မရွိခ်ိန္မွာ ဂါလာဂါနဲ႔ ေမဆန္ေမာင္တို႔ၾကား ႐ုန္းကန္ခဲ့ရသလို ေတာင္ပံေတြကလည္း သူ႔ရဲ႕ ေပးပို႔မႈေတြကို အသုံးမခ်ႏိုင္ခဲ့တဲ့ေနာက္ သူ႔ရဲ႕ ခ်ဲလ္ဆီးကစားသမားဘဝမွာ ပထမဆုံး ႏိုင္ပြဲရဖို႔ေတာ့ ေစာင့္ဆိုင္းခဲ့ရၿပီျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.