Premier League

ပရီးမီးယားလိဂ်ဆုဖလားအတွက် ဟောကိန်းထုတ်လိုက်တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က ယခုရာသီမှာ ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ်အသင်းက အနိုင်ရရှိသွားလိမ့်မယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

အာတီတာရဲ့အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံတွေဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ ၅ မှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပြီး ရှုံးပွဲတစ်ပွဲသာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂန်းနားတွေဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ၎င်းတို့ရဲ့ ထိပ်တန်းပစ်မှတ် ၂ ဦးစလုံးကို ခေါ်ယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပြီး အာဆင်နယ်ဟာ မိုင်ခေလို မာဒရစ်ခ်ကို လပေါင်းများစွာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ယူကရိန်းတောင်ပံကစားသမားဟာ ပေါင် ၈၉ သန်းနဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အာဆင်နယ်အသင်းဟာ မွိုက်စ် ကိုင်ဆေဒိုအတွက် ပေါင်သန်း ၇၀ အထိ တန်ကြေးရှိတဲ့ ကမ်းလှမ်းမှု ၂ ကြိမ်အထိ ပြုလုပ်ခဲ့ပေမယ့်လည်း ဘရိုက်တန်အသင်းက ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားကို ရာသီလယ်မှာ ရောင်းချမှာမဟုတ်ဘူးလို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီအန်ဒရို ထရော့ဆာ့ဒ်၊ ကီဗီယော၊ ဂျော်ဂျင်ညိုတို့ကို အင်အားဖြည့်တင်းနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ လက်ကျန်ရာသီအတွက် ၎င်းတို့ရဲ့ အရှိန်အဟုန်ကို ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ၎င်းတို့ရဲ့ ထင်ပေါ်ကျော်ကြားတဲ့ မရှုံးနိမ့်နိုင်သောရာသီနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်ဖလားကို အနိုင်မရရှိခဲ့တာဖြစ်ပြီး မန်ချက်စတာစီးတီးက နောက်ဆုံး ၅ ရာသီမှာ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်အထိ ရရှိခဲ့တဲ့ ကြယ်ပွင့်ကစားသမားတွေပြည့်နှက်နေတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ ဂွါဒီယိုလာရဲ့အသင်းကို ပရီးမီးယားလိဂ်မှာ ၂ ကြိမ်အထိ တွေ့ဆုံယှဉ်ပြိုင်သွားရဦးမှာဖြစ်ပြီး အောက်တိုဘာလတုန်းက ၎င်းတို့ရဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့တာကြောင့် မြောက်လန်ဒန်ကလပ်အသင်းဟာ ဘုရင်မကြီး အဲလိဇဘက် နတ်ရွာစံမှုကြောင့် ကစားနိုင်ခြင်းမရှိခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က အာတီတာက ၂၀၀၄ ခုနှစ်နောက်ပိုင်း အာဆင်နယ်ကို ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ရယူပေးနိုင်လိမ့်မယ်လို့ အခိုင်အမာ ပြောကြားခဲ့တာဖြစ်ပါတယ်။ “အဲဒါက သိထားပြီးသားဇာတ်လမ်းလို့ ကျွန်တော် ထင်တယ်။ ကျွန်တော် သိနေတယ်လို့ ပွင့်ပွင့်လင်းလင်းပဲ ပြောရပါလိမ့်မယ်။ မန်စီးတီးနဲ့ပွဲမှာ အာဆင်နယ်က ဘာရလဒ်ပဲ ရရ အရေးမကြီးပါဘူး။ အာဆင်နယ်က ဆုဖလားကို ရယူဖို့ လုံလောက်တဲ့ ယုံကြည်ချက်၊ အရည်အသွေးနဲ့ တည်ငြိမ်မှုရှိတယ်လို့ ကျွန်တော် ထင်နေတုန်းပါပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပုံမှန်ခြေစွမ်း ပြန်လည် ရရှိလာခဲ့ပေမယ့်လည်း ဖာဒီနန်က ယူနိုက်တက်ကို ပရီးမီးယားလိဂ်ဖလား အနိုင်ရရှိသူတွေ ဖြစ်နိုင်ခြေမရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပြီး တန်ဟက်ရဲ့အသင်းဟာ ကမ္ဘာ့ဖလားအပြီးကတည်းက အထင်ကြီးဖွယ် ခြေစွမ်းကောင်း ပြသနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ အာတီတာရဲ့အသင်းနဲ့ ၁၁ မှတ်အထိ ကွာဟနေဆဲဖြစ်ပြီး မကြာသေးမီက အမ်းမရိတ်စ်မှာ တကျော့ပြန်တွေ့ဆုံမှုမှာလည်း အနိုင်မရရှိခဲ့တာ ဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ရီယို ဖာဒီနန္က ယခုရာသီမွာ ပရီးမီးယားလိဂ္ဖလားကို အာဆင္နယ္အသင္းက အႏိုင္ရရွိသြားလိမ့္မယ္လို႔ အခိုင္အမာ ေျပာၾကားခဲ့ပါတယ္။

အာတီတာရဲ႕အသင္းဟာ လက္ရွိမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံေတြျဖစ္တဲ့ မန္ခ်က္စတာစီးတီးနဲ႔ ၅ မွတ္အကြာမွာ ရပ္တည္ေနတာျဖစ္ၿပီး ရႈံးပြဲတစ္ပြဲသာ ရွိခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဂန္းနားေတြဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ၎တို႔ရဲ႕ ထိပ္တန္းပစ္မွတ္ ၂ ဦးစလုံးကို ေခၚယူႏိုင္ျခင္းမရွိခဲ့တာျဖစ္ၿပီး အာဆင္နယ္ဟာ မိုင္ေခလို မာဒရစ္ခ္ကို လေပါင္းမ်ားစြာ ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ယူကရိန္းေတာင္ပံကစားသမားဟာ ေပါင္ ၈၉ သန္းနဲ႔ ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ အာဆင္နယ္အသင္းဟာ မြိဳက္စ္ ကိုင္ေဆဒိုအတြက္ ေပါင္သန္း ၇၀ အထိ တန္ေၾကးရွိတဲ့ ကမ္းလွမ္းမႈ ၂ ႀကိမ္အထိ ျပဳလုပ္ခဲ့ေပမယ့္လည္း ဘ႐ိုက္တန္အသင္းက ၎တို႔ရဲ႕ ၾကယ္ပြင့္ကစားသမားကို ရာသီလယ္မွာ ေရာင္းခ်မွာမဟုတ္ဘူးလို႔ ျငင္းဆန္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း လီအန္ဒ႐ို ထေရာ့ဆာ့ဒ္၊ ကီဗီေယာ၊ ေဂ်ာ္ဂ်င္ညိဳတို႔ကို အင္အားျဖည့္တင္းႏိုင္ခဲ့တာေၾကာင့္ အာဆင္နယ္အသင္းဟာ လက္က်န္ရာသီအတြက္ ၎တို႔ရဲ႕ အရွိန္အဟုန္ကို ထိန္းသိမ္းႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။ အာဆင္နယ္ဟာ ၎တို႔ရဲ႕ ထင္ေပၚေက်ာ္ၾကားတဲ့ မရႈံးနိမ့္ႏိုင္ေသာရာသီေနာက္ပိုင္းကတည္းက ပရီးမီးယားလိဂ္ဖလားကို အႏိုင္မရရွိခဲ့တာျဖစ္ၿပီး မန္ခ်က္စတာစီးတီးက ေနာက္ဆုံး ၅ ရာသီမွာ ပရီးမီးယားလိဂ္ဖလား ၄ ႀကိမ္အထိ ရရွိခဲ့တဲ့ ၾကယ္ပြင့္ကစားသမားေတြျပည့္ႏွက္ေနတဲ့ လူစာရင္းကို ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။

ဂန္းနားေတြဟာ ဂြါဒီယိုလာရဲ႕အသင္းကို ပရီးမီးယားလိဂ္မွာ ၂ ႀကိမ္အထိ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရဦးမွာျဖစ္ၿပီး ေအာက္တိုဘာလတုန္းက ၎တို႔ရဲ႕ ပြဲစဥ္ကို ေ႐ႊ႕ဆိုင္းခဲ့တာေၾကာင့္ ေျမာက္လန္ဒန္ကလပ္အသင္းဟာ ဘုရင္မႀကီး အဲလိဇဘက္ နတ္႐ြာစံမႈေၾကာင့္ ကစားႏိုင္ျခင္းမရွိခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္ကို ကစားႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ရီယို ဖာဒီနန္က အာတီတာက ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း အာဆင္နယ္ကို ပထမဆုံး ပရီးမီးယားလိဂ္ဖလားကို ရယူေပးႏိုင္လိမ့္မယ္လို႔ အခိုင္အမာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “အဲဒါက သိထားၿပီးသားဇာတ္လမ္းလို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္ သိေနတယ္လို႔ ပြင့္ပြင့္လင္းလင္းပဲ ေျပာရပါလိမ့္မယ္။ မန္စီးတီးနဲ႔ပြဲမွာ အာဆင္နယ္က ဘာရလဒ္ပဲ ရရ အေရးမႀကီးပါဘူး။ အာဆင္နယ္က ဆုဖလားကို ရယူဖို႔ လုံေလာက္တဲ့ ယုံၾကည္ခ်က္၊ အရည္အေသြးနဲ႔ တည္ၿငိမ္မႈရွိတယ္လို႔ ကြၽန္ေတာ္ ထင္ေနတုန္းပါပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပုံမွန္ေျခစြမ္း ျပန္လည္ ရရွိလာခဲ့ေပမယ့္လည္း ဖာဒီနန္က ယူႏိုက္တက္ကို ပရီးမီးယားလိဂ္ဖလား အႏိုင္ရရွိသူေတြ ျဖစ္ႏိုင္ေျခမရွိဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး တန္ဟက္ရဲ႕အသင္းဟာ ကမာၻ႔ဖလားအၿပီးကတည္းက အထင္ႀကီးဖြယ္ ေျခစြမ္းေကာင္း ျပသေနခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အာတီတာရဲ႕အသင္းနဲ႔ ၁၁ မွတ္အထိ ကြာဟေနဆဲျဖစ္ၿပီး မၾကာေသးမီက အမ္းမရိတ္စ္မွာ တေက်ာ့ျပန္ေတြ႕ဆုံမႈမွာလည္း အႏိုင္မရရွိခဲ့တာ ျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.