Ligue1

ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ထဲက အနှစ်သက်ဆုံးကစားသမားကို ရွေးချယ်ခဲ့တဲ့ ဘက်ဟမ်း

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဒေးဗစ် ဘက်ဟမ်းက လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ နှစ်ဦးထဲက ဘယ်သူ့ကို အနှစ်သက်ဆုံးလဲဆိုတာကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ဘက်ဟမ်းဟာ ကလပ်အသင်းအဆင့်မှာ အလွန်ကောင်းမွန်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ အယ်လ်အေ ဂလက်ဆီနဲ့ ပီအက်စ်ဂျီတို့မှာ ကစားခဲ့တဲ့ကာလအတွင်း အဓိကဆုဖလားအများအပြားကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၇ နှစ်အရွယ် အင်္ဂလန်ဂန္တဝင်ကွင်းလယ်ကစားသမားဟာ ၂၀၁၃ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပြီး ၎င်းရဲ့ တောက်ပတဲ့ ကစားသမားဘဝအဆုံးသတ်ပိုင်းမှာ ဘာစီလိုနာဂန္တဝင်နဲ့ မတူညီတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ ကလပ်အသင်းအဆင့်နဲ့ နိုင်ငံတကာအဆင့်မှာ တောက်ပတဲ့ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပြီးနောက် တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သမိုင်းမှတ်တမ်း ရေးထိုးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုကတော့ ဘက်ခမ်းရဲ့ ခြေရာအတိုင်း လိုက်နင်းခဲ့သူဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ရှိခဲ့တဲ့ကာလအတွင်း မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တဝင်ကျောနံပါတ် ၇ အဖြစ် သက်သေ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ အာဂျင်တီးနားဂန္တဝင် ဒီယေဂို မာရာဒိုနာနဲ့ ဘရာဇီးလ်ဂန္တဝင် ပီလီတို့နဲ့အတူ တသက်တာအကောင်းဆုံးကစားသမား အငြင်းအခုံမှာ ပါဝင်ခဲ့ကြသူတွေဖြစ်ပြီး ဒေးဗစ် ဘက်ဟမ်းဟာ နှစ်ဦးကို နှစ်သက်သဘောကျခဲ့တာဖြစ်ပါတယ်။ ESPN အာဂျင်တီးနားနဲ့ စကားပြောဆိုရာမှာ အသက် ၄၇ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟောင်းက ကွင်းထဲမှာ ကြည့်ရှုရတာ အနှစ်သက်ဆုံး ကစားသမားက ဘယ်သူလဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒေးဗစ် ဘက်ဟမ်းက မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒိုကို ငြင်းပယ်ပြီး အာဂျင်တီးနားကို ကာတာမှာ ကမ္ဘာ့ဖလားရရှိအောင် ဦးဆောင်ပေးခဲ့တဲ့ မက်ဆီကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

“ဘယ်သူ့ကို အနှစ်သက်ဆုံးလဲဆိုရင် မက်ဆီပဲ ပြောရမှာပါ။ ကျွန်တော် လီယိုကို မတူညီတဲ့အကြောင်းအရင်းအများအပြားကြောင့် နှစ်သက်တာပါ။ သူက အရမ်းတော်တဲ့ဖခင်တစ်ယောက်ဖြစ်တာကြောင့် သူ့ကို ချစ်မြတ်နိုးတယ်။ သူက အရမ်းကောင်းတဲ့ကိုယ်ရည်ကိုယ်သွေးရှိတာကြောင့် သူ့ကို ချစ်မြတ်နိုးတယ်။ သူက အရမ်းတော်တဲ့ပုဂ္ဂိုလ်ပါ။ ဒါပေမယ့် သူနဲ့ပတ်သက်ပြီး အားလုံးချစ်မြတ်နိုးတဲ့အရာက သူ ပွဲကစားတဲ့ပုံစံပါ။ သူက စိတ်ဆန္ဒပြင်းပြစွာနဲ့ ကစားတယ်။ သူက သူ ကစားနေကျပုံစံအတိုင်း လွတ်လွတ်လပ်လပ်ပဲ ပွဲကို ကစားတယ်။ အဲဒါကို ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ မြင်ခဲ့ရတယ်လို့ ကျွန်တော် ထင်တယ်။ သူ့အသင်းအတွက်၊ သူ့နိုင်ငံအတွက် သူ ကစားခဲ့တဲ့ပုံစံနဲ့ ကမ္ဘာ့ဖလားကို အနိုင်ရရှိခဲ့တာက သူ့အတွက် မယုံနိုင်စရာအခိုက်အတန့်လို့ ကျွန်တော် ထင်တယ်။ သူ့လိုမျိုး ကစားသမားတွေ ကစားတာကို ကြည့်ရှုရတာကို ကျွန်တော် နှစ်သက်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ေဒးဗစ္ ဘက္ဟမ္းက လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ ႏွစ္ဦးထဲက ဘယ္သူ႔ကို အႏွစ္သက္ဆုံးလဲဆိုတာကို ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

ဘက္ဟမ္းဟာ ကလပ္အသင္းအဆင့္မွာ အလြန္ေကာင္းမြန္တဲ့ ကစားသမားဘဝကို ပိုင္ဆိုင္ခဲ့တဲ့ ကစားသမားျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္၊ ရီးရဲလ္မက္ဒရစ္၊ အယ္လ္ေအ ဂလက္ဆီနဲ႔ ပီအက္စ္ဂ်ီတို႔မွာ ကစားခဲ့တဲ့ကာလအတြင္း အဓိကဆုဖလားအမ်ားအျပားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၄၇ ႏွစ္အ႐ြယ္ အဂၤလန္ဂႏၲဝင္ကြင္းလယ္ကစားသမားဟာ ၂၀၁၃ ခုႏွစ္မွာ ကစားသမားဘဝကေန အနားယူခဲ့တာျဖစ္ၿပီး ၎ရဲ႕ ေတာက္ပတဲ့ ကစားသမားဘဝအဆုံးသတ္ပိုင္းမွာ ဘာစီလိုနာဂႏၲဝင္နဲ႔ မတူညီတဲ့ လမ္းေၾကာင္းေပၚမွာ ရွိေနခဲ့တာ ျဖစ္ပါတယ္။

မက္ဆီဟာ ကလပ္အသင္းအဆင့္နဲ႔ ႏိုင္ငံတကာအဆင့္မွာ ေတာက္ပတဲ့ကစားသမားဘဝကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ တသက္တာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ သမိုင္းမွတ္တမ္း ေရးထိုးထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုကေတာ့ ဘက္ခမ္းရဲ႕ ေျခရာအတိုင္း လိုက္နင္းခဲ့သူျဖစ္ၿပီး အိုးထရက္ဖို႔ဒ္မွာ ရွိခဲ့တဲ့ကာလအတြင္း မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဂႏၲဝင္ေက်ာနံပါတ္ ၇ အျဖစ္ သက္ေသ ျပသႏိုင္ခဲ့တာ ျဖစ္ပါတယ္။

မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ဟာ အာဂ်င္တီးနားဂႏၲဝင္ ဒီေယဂို မာရာဒိုနာနဲ႔ ဘရာဇီးလ္ဂႏၲဝင္ ပီလီတို႔နဲ႔အတူ တသက္တာအေကာင္းဆုံးကစားသမား အျငင္းအခုံမွာ ပါဝင္ခဲ့ၾကသူေတြျဖစ္ၿပီး ေဒးဗစ္ ဘက္ဟမ္းဟာ ႏွစ္ဦးကို ႏွစ္သက္သေဘာက်ခဲ့တာျဖစ္ပါတယ္။ ESPN အာဂ်င္တီးနားနဲ႔ စကားေျပာဆိုရာမွာ အသက္ ၄၇ ႏွစ္အ႐ြယ္ အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ေဟာင္းက ကြင္းထဲမွာ ၾကည့္ရႈရတာ အႏွစ္သက္ဆုံး ကစားသမားက ဘယ္သူလဲဆိုတာကို ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေဒးဗစ္ ဘက္ဟမ္းက မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ေဟာင္း ေရာ္နယ္လ္ဒိုကို ျငင္းပယ္ၿပီး အာဂ်င္တီးနားကို ကာတာမွာ ကမာၻ႔ဖလားရရွိေအာင္ ဦးေဆာင္ေပးခဲ့တဲ့ မက္ဆီကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

“ဘယ္သူ႔ကို အႏွစ္သက္ဆုံးလဲဆိုရင္ မက္ဆီပဲ ေျပာရမွာပါ။ ကြၽန္ေတာ္ လီယိုကို မတူညီတဲ့အေၾကာင္းအရင္းအမ်ားအျပားေၾကာင့္ ႏွစ္သက္တာပါ။ သူက အရမ္းေတာ္တဲ့ဖခင္တစ္ေယာက္ျဖစ္တာေၾကာင့္ သူ႔ကို ခ်စ္ျမတ္ႏိုးတယ္။ သူက အရမ္းေကာင္းတဲ့ကိုယ္ရည္ကိုယ္ေသြးရွိတာေၾကာင့္ သူ႔ကို ခ်စ္ျမတ္ႏိုးတယ္။ သူက အရမ္းေတာ္တဲ့ပုဂၢိဳလ္ပါ။ ဒါေပမယ့္ သူနဲ႔ပတ္သက္ၿပီး အားလုံးခ်စ္ျမတ္ႏိုးတဲ့အရာက သူ ပြဲကစားတဲ့ပုံစံပါ။ သူက စိတ္ဆႏၵျပင္းျပစြာနဲ႔ ကစားတယ္။ သူက သူ ကစားေနက်ပုံစံအတိုင္း လြတ္လြတ္လပ္လပ္ပဲ ပြဲကို ကစားတယ္။ အဲဒါကို ၿပီးခဲ့တဲ့ကမာၻ႔ဖလားမွာ ျမင္ခဲ့ရတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူ႔အသင္းအတြက္၊ သူ႔ႏိုင္ငံအတြက္ သူ ကစားခဲ့တဲ့ပုံစံနဲ႔ ကမာၻ႔ဖလားကို အႏိုင္ရရွိခဲ့တာက သူ႔အတြက္ မယုံႏိုင္စရာအခိုက္အတန႔္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူ႔လိုမ်ိဳး ကစားသမားေတြ ကစားတာကို ၾကည့္ရႈရတာကို ကြၽန္ေတာ္ ႏွစ္သက္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.