Ligue1

၂၀၂၆ ကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို သတင်းစကားပါးလိုက်တဲ့ မက်ဆီ

အာဂျင်တီးနားဂန္တဝင် လီယွန်နယ် မက်ဆီက ၎င်းရဲ့ အသက်အရွယ်ကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားဖို့ ခက်ခဲလိမ့်မယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အလွန်တောက်ပတဲ့ စွမ်းဆောင်ရည်ပြသပြီး ကာတာမှာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားရရှိအောင် ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် မက်ဆီက ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ၎င်းရဲ့ နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပေမယ့်လည်း အာဂျင်တီးနားအသင်းက အောင်မြင်မှု ရရှိခဲ့ပြီးနောက်မှာတော့ လာမယ့် ၃ နှစ်အတွင်း ၎င်းရဲ့ နိုင်ငံအသင်းကို ချန်ပီယံဘွဲ့ကာကွယ်ဖို့ ကူညီပေးမယ်ဆိုတဲ့သတင်းတွေကို လုံးဝ ငြင်းပယ်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ၎င်းရဲ့ အသက်အရွယ်ကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားပေးဖို့က ခက်ခဲလိမ့်မယ်လို့ ဝန်ခံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မကြာသေမီးက အာဂျင်တီးနားမီဒီယာ Diario Ole နဲ့ အင်တာဗျူးမှာ မက်ဆီက “အသက်အရွယ်ကြောင် ၂၀၂၆ ခုနှစ်မှာ ပါဝင်ကစားပေးဖို့ ခက်ခဲပါလိမ့်မယ်”

“ကျွန်တော် ဘောလုံးကစားရတာကို ချစ်မြတ်နိုးပြီး ကျွန်တော်က ကောင်းမွန်တဲ့ပုံစံမှာ ရှိနေတယ်လို့ ခံစားနေရပြီး ဒါကို ပျော်ရွှင်နေပါတယ်။ ကျွန်တော် အဲဒါကို ထိန်းသိမ်းထားဖို့ လုပ်သွားမှာပါ။ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အချိန်က အကြာကြီးလိုသေးတဲ့ပုံစံပါပဲ။ ဒါပေမယ့် အဲဒါက ကျွန်တော့်ရဲ့ ကစားသမားဘဝက ဘယ်လို ဖြစ်မလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လမှာ အာဂျင်တီးနားလက်ရွေးစင်နည်းပြ စကာလိုနီက လီယွန်နယ် မက်ဆီအနေနဲ့ ယူအက်စ်အေ၊ မက္ကဆီကို၊ ကနေဒါနိုင်ငံတွေမှာ ကျင်းပသွားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီ ပါဝင်ကစားပေးနိုင်ဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

“မက်ဆီက လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားပေးနိုင်မယ်လို့ ကျွန်တော် ထင်တယ်။ သူ ဘာလိုချင်လဲနဲ့ အဲဒီအချိန်မှာ သူ ကောင်းမွန်နေတယ်လို့ ခံစားရလားဆိုတဲ့အပေါ်မှာ အများကြီး မူတည်ပါလိမ့်မယ်။ တံခါးက အမြဲတမ်း ဖွင့်ထားမှာပါ။ သူက ကွင်းထဲမှာ ပျော်ရွှင်နေပြီး ကျွန်တော်တို့အတွက် အဲဒါက ကောင်းမွန်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားဂႏၲဝင္ လီယြန္နယ္ မက္ဆီက ၎ရဲ႕ အသက္အ႐ြယ္ေၾကာင့္ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ကစားဖို႔ ခက္ခဲလိမ့္မယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အလြန္ေတာက္ပတဲ့ စြမ္းေဆာင္ရည္ျပသၿပီး ကာတာမွာ အာဂ်င္တီးနားအသင္းကို ကမာၻ႔ဖလားရရွိေအာင္ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ မက္ဆီက ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲဟာ ၎ရဲ႕ ေနာက္ဆုံးကမာၻ႔ဖလားျဖစ္လိမ့္မယ္လို႔ ေျပာၾကားခဲ့ေပမယ့္လည္း အာဂ်င္တီးနားအသင္းက ေအာင္ျမင္မႈ ရရွိခဲ့ၿပီးေနာက္မွာေတာ့ လာမယ့္ ၃ ႏွစ္အတြင္း ၎ရဲ႕ ႏိုင္ငံအသင္းကို ခ်န္ပီယံဘြဲ႕ကာကြယ္ဖို႔ ကူညီေပးမယ္ဆိုတဲ့သတင္းေတြကို လုံးဝ ျငင္းပယ္ခဲ့ျခင္းမရွိတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးဟာ ၎ရဲ႕ အသက္အ႐ြယ္ေၾကာင့္ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ကစားေပးဖို႔က ခက္ခဲလိမ့္မယ္လို႔ ဝန္ခံ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ မၾကာေသမီးက အာဂ်င္တီးနားမီဒီယာ Diario Ole နဲ႔ အင္တာဗ်ဴးမွာ မက္ဆီက “အသက္အ႐ြယ္ေၾကာင္ ၂၀၂၆ ခုႏွစ္မွာ ပါဝင္ကစားေပးဖို႔ ခက္ခဲပါလိမ့္မယ္”

“ကြၽန္ေတာ္ ေဘာလုံးကစားရတာကို ခ်စ္ျမတ္ႏိုးၿပီး ကြၽန္ေတာ္က ေကာင္းမြန္တဲ့ပုံစံမွာ ရွိေနတယ္လို႔ ခံစားေနရၿပီး ဒါကို ေပ်ာ္႐ႊင္ေနပါတယ္။ ကြၽန္ေတာ္ အဲဒါကို ထိန္းသိမ္းထားဖို႔ လုပ္သြားမွာပါ။ လာမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ အခ်ိန္က အၾကာႀကီးလိုေသးတဲ့ပုံစံပါပဲ။ ဒါေပမယ့္ အဲဒါက ကြၽန္ေတာ့္ရဲ႕ ကစားသမားဘဝက ဘယ္လို ျဖစ္မလဲဆိုတဲ့အေပၚမွာ မူတည္ေနပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လမွာ အာဂ်င္တီးနားလက္ေ႐ြးစင္နည္းျပ စကာလိုနီက လီယြန္နယ္ မက္ဆီအေနနဲ႔ ယူအက္စ္ေအ၊ မကၠဆီကို၊ ကေနဒါႏိုင္ငံေတြမွာ က်င္းပသြားမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ မက္ဆီ ပါဝင္ကစားေပးႏိုင္ဖြယ္ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“မက္ဆီက လာမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ကစားေပးႏိုင္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူ ဘာလိုခ်င္လဲနဲ႔ အဲဒီအခ်ိန္မွာ သူ ေကာင္းမြန္ေနတယ္လို႔ ခံစားရလားဆိုတဲ့အေပၚမွာ အမ်ားႀကီး မူတည္ပါလိမ့္မယ္။ တံခါးက အၿမဲတမ္း ဖြင့္ထားမွာပါ။ သူက ကြင္းထဲမွာ ေပ်ာ္႐ႊင္ေနၿပီး ကြၽန္ေတာ္တို႔အတြက္ အဲဒါက ေကာင္းမြန္ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.