ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ မားကင်ညို့စ်၊ ဒါနီလို ပါရဲရား၊ ဟာကီမီနဲ့ နူနို မန်ဒက်စ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရီနာတို ဆန်ချက်စ်၊ ကားလို့စ် ဆိုလာ၊ ဖာဘီယန် ရူးဝီးဇ်နဲ့ ဗီတင်ညာတို့ကို စိန်ပွင့်ပုံ ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မက်ဆီနဲ့ အီကီတီကီတို့ကို ၄-၄-၂ ဒိုင်းမွန်းကွက်နဲ့ ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် တူးလူးစ်အသင်းကတော့ ဂိုးသမား ဒူပေ၊ ခံစစ်မှာ ရူအော့လ်၊ နီကိုလိုင်ဆန်၊ ဒီယာရာနဲ့ ကာမန်ဇီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာ စပီးယားရင်းစ်၊ ဗန်ဒင်ဘွန်မင်၊ ဒီယယ်ဂယ်ရေးတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အဘူခါလာလ်၊ အိုနာအီဝူနဲ့ ရှာအိဘီတို့ကို ပွဲထွက်စေခဲ့တာပါ။
နေမာ၊ အမ်ဘာပေကို ဆုံးရှုံးထားခဲ့ရပြီး ဇီးယက်ရှ်ကို ခေါ်မရလိုက်တဲ့ ပီအက်စ်ဂျီတို့အနေနဲ့ ဒီနေ့ပွဲမှာ ကွင်းလယ်ကိုပဲ အားပြုခဲ့ရပြီး စပိန်နဲ့ ပေါ်တူဂီနှစ်ဦးစီကို ဒိုင်းမွန်းကွက်မှာ ဟန်ချက်ညီအောင် ကြိုးစားစေခဲ့သလို တောင်ပံတွေမှာတော့ ဟာကီမီနဲ့ နူနို မန်ဒက်စ်တို့ရဲ့ တိုက်စစ်သန်မှုတွေကို အကြောင်းပြုခဲ့တာဖြစ်ပါတယ်။
တကယ်ကစားချိန်မှာ ၄-၄-၁-၁ ဖြစ်သွားခဲ့တဲ့ ပီအက်စ်ဂျီတို့ရဲ့ ကစားကွက်မှာ မက်ဆီက အီကီတီကီနဲ့ ကွင်းလယ်ကြား Free Role ကစားဖို့ ကြိုးစားခဲ့ပြီး ဂယ်လ်တီယေးရဲ့ ရွေးချယ်မှုက မရှိတဲ့ ကြားက အကောင်းဆုံးဖြစ်ခဲ့ပေမယ့် ၄-၃-၃ နဲ့ အမြန်နှုန်းကို အသားကျနေတဲ့ ပါရီသားတွေအတွက် ကစားဖို့ အတိုင်းအတာတစ်ခုအထိတော့ ခက်ခဲစေခဲ့သလို အလကားနေ နာနေတဲ့ ရီနာတို ဆန်ချက်စ်အစား ဘစ်ရှီယာဘူးကို လဲကစားခဲ့ရသေးတာပါ။
ပွဲချိန် မိနစ် ၂၀ မှာ ဧည့်သည် တူးလူးစ်တို့ အဖွင့်ဂိုး စတင်ရှာဖွေသွားနိုင်ခဲ့ကြပြီး အဘူခါလာခ်ကို နောက်ကနေ ဘောလုံးမထိဘဲ ကန်ခဲ့တဲ့ ဘစ်ရှီယာဘူးကြောင့် အဝါကတ်ပါ အပြခံရပြီး ပေးခဲ့ရတဲ့ ဖရီးကစ်ကနေ ကွင်းလယ်လူ ဗန်ဒင်ဘွန်မင်က လူတံတိုင်းရဲ့ ဘယ်ဘက်ဘေးကနေ အနိမ့်ဘော ကန်သွင်းရာမှာ ဂိုးဘက်ဘယ်တိုင်ခြေကို ဝင်သွားခဲ့လို့ ဒွန်နာရမ်မာ လှုပ်တောင် မလှုပ်လိုက်ရဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။
မက်ဆီနဲ့ ကားလို့စ် ဆိုလာတို့က ဖန်တီးရှင်တွေအဖြစ် ကစားကွက်ကို ပုံဖော်ဖို့ ကြိုးစားခဲ့ပေမယ့် ဧရိယာထဲမှာ အတွေ့အကြုံ နုခဲ့သလို ကလန်ကလားနဲ့ ဟန်ချက်ပျက်နေတဲ့ အီကီတီကီက အားမကိုးလောက်တာကြောင့် ပီအက်စ်ဂျီတို့ ချေပဂိုးပြန်ရဖို့ ရုန်းကန်ခဲ့ရပြီး အဝေးကန်ချက်တွေနဲ့ပဲ စိတ်ပျက်စရာဖြစ်ခဲ့ပြီး မက်ဆီရဲ့ ဖရီးကစ်က လူတံတိုင်း မကျော်ခဲ့သလို သူ့ရဲ့ ထောင့်ကန်ဘောကတော့ တိုင်ထိထွက်ခဲ့တာပါ။
ပွဲချိန် ၃၅ မိနစ်မှာ မက်ဆီထက် ကြမ်းနေတဲ့ တူးလူးစ်ရဲ့ ဖရီးကစ်ဆရာ ဗန်ဒင်ဘွန်မင်က ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ အဘူခါလာလ်က အဝေးတိုင်ဘက်ကနေ ဂိုးသမား ဒွန်နာရမ်မာကို အနိုင်ယူသွားခဲ့လို့ ပီအက်စ်ဂျီတို့ ထိတ်လန့်ခဲ့ရပြီး ကြားထဲက ခေါင်းဖြတ်တိုက်တဲ့ အသင်းဖော်ကြောင့် လူကျွံသွားခဲ့လို့သာ အိမ်ရှင်တွေ သက်ပြင်းချနိုင်ခဲ့ကြတာဖြစ်ပါတယ်။
ပွဲချိန် ၃၈ မိနစ်မှာတော့ အိမ်ရှင်တွေ ပြန်လည်ချေပသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကားလို့စ် ဆိုလာ ပေးတဲ့ ဘောလုံးကို ညာခြမ်းကနေ ရပြီး အတွင်းကို ချိုးဝင်လာခဲ့တဲ့ ဟာကီမီက မကန်လောက်ပါဘူးလို့ ထင်ထားတဲ့ တူးလူးစ်ခံစစ်သမားတွေကို မျက်လှည့်ပြပြီး ဘယ်ခြေနဲ့ လှမ်းကန်ခဲ့ရာမှာ အဝေးတိုင်ဘက်ကို ဝင်သွားခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီသရေဖြစ်နေခဲ့တာပါ။
ဒုတိယပိုင်း ပြန်အစမှာ တူးလူးစ်တို့ ဖိကစားခဲ့ပေမယ့် ပီအက်စ်ဂျီခံစစ်က အမှားအယွင်းမရှိဘဲ တည်တည်ငြိမ်ငြိမ် ကာကွယ်သွားနိုင်ခဲ့ကြသလို တစ်ဂိုးရထားတဲ့ ဟာကီမီကတော့ ဖန်တီးပေးရမယ့်အစား ဧရိယာထဲမှာ အလွတ်ရသွားတဲ့ ဘောလုံးကို အလောတကြီးနဲ့ မိုးပေါ်ထောင်ကန်ခဲ့တာကြောင့် အိမ်ရှင်တွေ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။
ပွဲချိန် ၅၈ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဧရိယာအပြင်ကပဲ သွင်းယူနိုင်ခဲ့တာဖြစ်သလို ထောင့်ကန်ဘောကနေ အတိုပေးပြီး ထိုးဖောက်လာရာကနေ ဗီတင်ညာနဲ့ တွဲပြီး ထိုးဖောက်ဖို့ ကြိုးစားတဲ့ ဟာကီမီကို တူးလူးစ်ခံစစ်က ဖျက်ထုတ်လို့ ဆက်မဆွဲနိုင်ဘဲ ကျန်ခဲ့တဲ့ ဘောလုံးကို မက်ဆီက ဧရိယာထိပ်ကနေ လျှပ်တစ်ပြက်ကန်သွင်းခဲ့ရာမှာ ဘယ်ဘက်တိုင်ခြေကို ဝင်သွားခဲ့တာပါ။
လက်ကျန်ပွဲချိန်တွေမှာတော့ နှစ်ဖက်စလုံး လူစားလဲမှုတွေ ပြုလုပ်ပြီး ပြောင်းလဲသွားခဲ့ပေမယ့် အခွင့်အရေးတွေကိုတော့ အသုံးမချနိုင်ခဲ့ကြဘဲ ပီအက်စ်ဂျီဘက်က မက်ဆီရဲ့ အဆုံးသတ်မှုတွေက မတိကျခဲ့သလို တူးလူးစ်ရဲ့ ဖရီးကစ်ဆရာ ဗန်ဒင်ဘွန်မင်ရဲ့ ကန်ချက်တစ်ကြိမ်ကိုလည်း ဒွန်နာရမ်မာက ကာကွယ်သွားနိုင်ခဲ့လို့ ပွဲချိန်အပြည့်မှာတော့ နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။
အိမ်ကွင်းမှာ ဒဏ်ရာကစားသမားတွေ များပြားနေခဲ့ပေမယ့် နိုင်ပွဲဆက်ခဲ့တဲ့ ဒီပွဲရလဒ်ကြောင့် ပီအက်စ်ဂျီတို့အနေနဲ့ ပြင်သစ်လိဂန်ပြိုင်ပွဲမှာ ၂၂ ပွဲကစားပြီး ရမှတ် ၅၄ မှတ်နဲ့ ဒုတိယနေရာက မာဆေးလ်ကို ၈ မှတ်ဖြတ် ဦးဆောင်သွားနိုင်ခဲ့ကြသလို တူးလူးစ်တို့ကတော့ အဆင့် ၁၂ နေရာမှာ ရပ်တည်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ မားကင္ညိဳ႕စ္၊ ဒါနီလို ပါရဲရား၊ ဟာကီမီနဲ႔ ႏူႏို မန္ဒက္စ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရီနာတို ဆန္ခ်က္စ္၊ ကားလို႔စ္ ဆိုလာ၊ ဖာဘီယန္ ႐ူးဝီးဇ္နဲ႔ ဗီတင္ညာတို႔ကို စိန္ပြင့္ပုံ ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ မက္ဆီနဲ႔ အီကီတီကီတို႔ကို ၄-၄-၂ ဒိုင္းမြန္းကြက္နဲ႔ ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။
ဧည့္သည္ တူးလူးစ္အသင္းကေတာ့ ဂိုးသမား ဒူေပ၊ ခံစစ္မွာ ႐ူေအာ့လ္၊ နီကိုလိုင္ဆန္၊ ဒီယာရာနဲ႔ ကာမန္ဇီတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာ စပီးယားရင္းစ္၊ ဗန္ဒင္ဘြန္မင္၊ ဒီယယ္ဂယ္ေရးတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အဘူခါလာလ္၊ အိုနာအီဝူနဲ႔ ရွာအိဘီတို႔ကို ပြဲထြက္ေစခဲ့တာပါ။
ေနမာ၊ အမ္ဘာေပကို ဆုံးရႈံးထားခဲ့ရၿပီး ဇီးယက္ရွ္ကို ေခၚမရလိုက္တဲ့ ပီအက္စ္ဂ်ီတို႔အေနနဲ႔ ဒီေန႔ပြဲမွာ ကြင္းလယ္ကိုပဲ အားျပဳခဲ့ရၿပီး စပိန္နဲ႔ ေပၚတူဂီႏွစ္ဦးစီကို ဒိုင္းမြန္းကြက္မွာ ဟန္ခ်က္ညီေအာင္ ႀကိဳးစားေစခဲ့သလို ေတာင္ပံေတြမွာေတာ့ ဟာကီမီနဲ႔ ႏူႏို မန္ဒက္စ္တို႔ရဲ႕ တိုက္စစ္သန္မႈေတြကို အေၾကာင္းျပဳခဲ့တာျဖစ္ပါတယ္။
တကယ္ကစားခ်ိန္မွာ ၄-၄-၁-၁ ျဖစ္သြားခဲ့တဲ့ ပီအက္စ္ဂ်ီတို႔ရဲ႕ ကစားကြက္မွာ မက္ဆီက အီကီတီကီနဲ႔ ကြင္းလယ္ၾကား Free Role ကစားဖို႔ ႀကိဳးစားခဲ့ၿပီး ဂယ္လ္တီေယးရဲ႕ ေ႐ြးခ်ယ္မႈက မရွိတဲ့ ၾကားက အေကာင္းဆုံးျဖစ္ခဲ့ေပမယ့္ ၄-၃-၃ နဲ႔ အျမန္ႏႈန္းကို အသားက်ေနတဲ့ ပါရီသားေတြအတြက္ ကစားဖို႔ အတိုင္းအတာတစ္ခုအထိေတာ့ ခက္ခဲေစခဲ့သလို အလကားေန နာေနတဲ့ ရီနာတို ဆန္ခ်က္စ္အစား ဘစ္ရွီယာဘူးကို လဲကစားခဲ့ရေသးတာပါ။
ပြဲခ်ိန္ မိနစ္ ၂၀ မွာ ဧည့္သည္ တူးလူးစ္တို႔ အဖြင့္ဂိုး စတင္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး အဘူခါလာခ္ကို ေနာက္ကေန ေဘာလုံးမထိဘဲ ကန္ခဲ့တဲ့ ဘစ္ရွီယာဘူးေၾကာင့္ အဝါကတ္ပါ အျပခံရၿပီး ေပးခဲ့ရတဲ့ ဖရီးကစ္ကေန ကြင္းလယ္လူ ဗန္ဒင္ဘြန္မင္က လူတံတိုင္းရဲ႕ ဘယ္ဘက္ေဘးကေန အနိမ့္ေဘာ ကန္သြင္းရာမွာ ဂိုးဘက္ဘယ္တိုင္ေျခကို ဝင္သြားခဲ့လို႔ ဒြန္နာရမ္မာ လႈပ္ေတာင္ မလႈပ္လိုက္ရဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။
မက္ဆီနဲ႔ ကားလို႔စ္ ဆိုလာတို႔က ဖန္တီးရွင္ေတြအျဖစ္ ကစားကြက္ကို ပုံေဖာ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဧရိယာထဲမွာ အေတြ႕အႀကဳံ ႏုခဲ့သလို ကလန္ကလားနဲ႔ ဟန္ခ်က္ပ်က္ေနတဲ့ အီကီတီကီက အားမကိုးေလာက္တာေၾကာင့္ ပီအက္စ္ဂ်ီတို႔ ေခ်ပဂိုးျပန္ရဖို႔ ႐ုန္းကန္ခဲ့ရၿပီး အေဝးကန္ခ်က္ေတြနဲ႔ပဲ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး မက္ဆီရဲ႕ ဖရီးကစ္က လူတံတိုင္း မေက်ာ္ခဲ့သလို သူ႔ရဲ႕ ေထာင့္ကန္ေဘာကေတာ့ တိုင္ထိထြက္ခဲ့တာပါ။
ပြဲခ်ိန္ ၃၅ မိနစ္မွာ မက္ဆီထက္ ၾကမ္းေနတဲ့ တူးလူးစ္ရဲ႕ ဖရီးကစ္ဆရာ ဗန္ဒင္ဘြန္မင္က ဂိုးေရွ႕ကို ျဖတ္တင္ေပးရာမွာ အဘူခါလာလ္က အေဝးတိုင္ဘက္ကေန ဂိုးသမား ဒြန္နာရမ္မာကို အႏိုင္ယူသြားခဲ့လို႔ ပီအက္စ္ဂ်ီတို႔ ထိတ္လန႔္ခဲ့ရၿပီး ၾကားထဲက ေခါင္းျဖတ္တိုက္တဲ့ အသင္းေဖာ္ေၾကာင့္ လူကြၽံသြားခဲ့လို႔သာ အိမ္ရွင္ေတြ သက္ျပင္းခ်ႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။
ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ အိမ္ရွင္ေတြ ျပန္လည္ေခ်ပသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကားလို႔စ္ ဆိုလာ ေပးတဲ့ ေဘာလုံးကို ညာျခမ္းကေန ရၿပီး အတြင္းကို ခ်ိဳးဝင္လာခဲ့တဲ့ ဟာကီမီက မကန္ေလာက္ပါဘူးလို႔ ထင္ထားတဲ့ တူးလူးစ္ခံစစ္သမားေတြကို မ်က္လွည့္ျပၿပီး ဘယ္ေျခနဲ႔ လွမ္းကန္ခဲ့ရာမွာ အေဝးတိုင္ဘက္ကို ဝင္သြားခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုးစီသေရျဖစ္ေနခဲ့တာပါ။
ဒုတိယပိုင္း ျပန္အစမွာ တူးလူးစ္တို႔ ဖိကစားခဲ့ေပမယ့္ ပီအက္စ္ဂ်ီခံစစ္က အမွားအယြင္းမရွိဘဲ တည္တည္ၿငိမ္ၿငိမ္ ကာကြယ္သြားႏိုင္ခဲ့ၾကသလို တစ္ဂိုးရထားတဲ့ ဟာကီမီကေတာ့ ဖန္တီးေပးရမယ့္အစား ဧရိယာထဲမွာ အလြတ္ရသြားတဲ့ ေဘာလုံးကို အေလာတႀကီးနဲ႔ မိုးေပၚေထာင္ကန္ခဲ့တာေၾကာင့္ အိမ္ရွင္ေတြ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။
ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဧရိယာအျပင္ကပဲ သြင္းယူႏိုင္ခဲ့တာျဖစ္သလို ေထာင့္ကန္ေဘာကေန အတိုေပးၿပီး ထိုးေဖာက္လာရာကေန ဗီတင္ညာနဲ႔ တြဲၿပီး ထိုးေဖာက္ဖို႔ ႀကိဳးစားတဲ့ ဟာကီမီကို တူးလူးစ္ခံစစ္က ဖ်က္ထုတ္လို႔ ဆက္မဆြဲႏိုင္ဘဲ က်န္ခဲ့တဲ့ ေဘာလုံးကို မက္ဆီက ဧရိယာထိပ္ကေန လွ်ပ္တစ္ျပက္ကန္သြင္းခဲ့ရာမွာ ဘယ္ဘက္တိုင္ေျခကို ဝင္သြားခဲ့တာပါ။
လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ႏွစ္ဖက္စလုံး လူစားလဲမႈေတြ ျပဳလုပ္ၿပီး ေျပာင္းလဲသြားခဲ့ေပမယ့္ အခြင့္အေရးေတြကိုေတာ့ အသုံးမခ်ႏိုင္ခဲ့ၾကဘဲ ပီအက္စ္ဂ်ီဘက္က မက္ဆီရဲ႕ အဆုံးသတ္မႈေတြက မတိက်ခဲ့သလို တူးလူးစ္ရဲ႕ ဖရီးကစ္ဆရာ ဗန္ဒင္ဘြန္မင္ရဲ႕ ကန္ခ်က္တစ္ႀကိမ္ကိုလည္း ဒြန္နာရမ္မာက ကာကြယ္သြားႏိုင္ခဲ့လို႔ ပြဲခ်ိန္အျပည့္မွာေတာ့ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ပဲ ၿပီးဆုံးခဲ့တာျဖစ္ပါတယ္။
အိမ္ကြင္းမွာ ဒဏ္ရာကစားသမားေတြ မ်ားျပားေနခဲ့ေပမယ့္ ႏိုင္ပြဲဆက္ခဲ့တဲ့ ဒီပြဲရလဒ္ေၾကာင့္ ပီအက္စ္ဂ်ီတို႔အေနနဲ႔ ျပင္သစ္လိဂန္ၿပိဳင္ပြဲမွာ ၂၂ ပြဲကစားၿပီး ရမွတ္ ၅၄ မွတ္နဲ႔ ဒုတိယေနရာက မာေဆးလ္ကို ၈ မွတ္ျဖတ္ ဦးေဆာင္သြားႏိုင္ခဲ့ၾကသလို တူးလူးစ္တို႔ကေတာ့ အဆင့္ ၁၂ ေနရာမွာ ရပ္တည္သြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.