Ligue1

မက်ဆီကို စာချုပ်သစ် မချုပ်နိုင်ရင် ရော်နယ်လ်ဒိုရဲ့အသင်းဖော်ဟောင်းကို ခေါ်မယ့် ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ လီယွန်နယ် မက်ဆီသာ လက်ရှိစာချုပ်ကို အသစ်ပြန်လည်မချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ယူရို ၇၅ သန်းနဲ့ ခေါ်ယူသွားဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ ယခုရာသီ နည်းပြသစ် အဲရစ် တန်ဟက်လက်အောက်မှာ ဘဝသစ် ပြန်လည်စတင်နိုင်ခဲ့သူဖြစ်ပြီး အသင်းကို ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ နေရာပြိုင်ပွဲထဲမှာရှိနေအောင် ကူညီပေးနေတာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၃၁ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအစောပိုင်းမှာ မန်ယူနိုက်တက်ဟာ ပီအက်စ်ဂျီအသင်းရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ အင်္ဂလန်တိုက်စစ်မှူးရဲ့ စာချုပ်ကို တစ်နှစ်သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရက်ရှိဖို့ဒ်ဟာ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခြင်းမရှိသေးတာကြောင့် အပြောင်းအရွှေ့ပြုလုပ်နိုင်တဲ့ အလားအလာရှိနေပြီး El Nacional ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ မန်ယူနိုက်တက်တိုက်စစ်မှူးဟာ မက်ဆီသာ စာချုပ်သစ် မချုပ်ဆိုခဲ့ဘူးဆိုရင် အစားထိုးဖို့အတွက် ပြီးပြည့်စုံတဲ့ အစားထိုးခေါ်ယူမှုဖြစ်တယ်လို့ သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ဦးစားပေးတာဝန်ဟာ ဘလွန်ဒေါ ၇ ဆုရှင်ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ ဖြစ်ပေမယ့်ည်း ၂၀၂၃-၂၀၂၄ ရာသီမတိုင်ခင် ထိပ်တန်းတိုက်စစ်ပစ်မှတ်အတွက် ယူရို ၇၅ သန်း သုံးစွဲသွားချင်တဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ လိဂန်းထိပ်သီးအသင်းကြီးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၆ လသာ ကျန်ရှိတော့တာဖြစ်ပြီး ကမ္ဘာ့ဖလားအပြီးမှာ စာချုပ်သစ်ချုပ်ဆိုဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပြီးဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း အာဂျင်တီးနားတိုက်စစ်မှူးက ၎င်းရဲ့အနာဂတ်အတွက် ကတိကဝတ်ပြုခြင်းမရှိသေးတာဖြစ်ပါတယ်။

ဂယ်လ်တီယေးရဲ့အသင်းဟာ ယခုလမှာ လီယွန်နယ် မက်ဆီရဲ့အေးဂျင့်နဲ့ တွေ့ဆုံဆွေးနွေးသွားချင်နေတယ်လို့ အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ သိရပြီး အာဂျင်တီးနားတိုက်စစ်မှူးဟာ ယခုရာသီမှာ ပီအက်စ်ဂျီအတွက် ၂၃ ပွဲသာ ပါဝင်ကစားပေးထားချိန်မှာ သွင်းဂိုး ၁၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းဟာ လီယြန္နယ္ မက္ဆီသာ လက္ရွိစာခ်ဳပ္ကို အသစ္ျပန္လည္မခ်ဳပ္ဆိုဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို ယူ႐ို ၇၅ သန္းနဲ႔ ေခၚယူသြားဖို႔ ႀကိဳတင္ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္ဟာ ယခုရာသီ နည္းျပသစ္ အဲရစ္ တန္ဟက္လက္ေအာက္မွာ ဘဝသစ္ ျပန္လည္စတင္ႏိုင္ခဲ့သူျဖစ္ၿပီး အသင္းကို ပရီးမီးယားလိဂ္ ထိပ္ဆုံး ၄ ေနရာၿပိဳင္ပြဲထဲမွာရွိေနေအာင္ ကူညီေပးေနတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိ ရက္ရွ္ဖို႔ဒ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၃၁ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၁၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၈ ႀကိမ္အထိ ျပဳလုပ္ထားတာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလအေစာပိုင္းမွာ မန္ယူႏိုက္တက္ဟာ ပီအက္စ္ဂ်ီအသင္းရဲ႕ စိတ္ဝင္စားမႈကို ခံေနရတဲ့ အဂၤလန္တိုက္စစ္မႉးရဲ႕ စာခ်ဳပ္ကို တစ္ႏွစ္သက္တမ္းတိုးခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ရက္ရွိဖို႔ဒ္ဟာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ျခင္းမရွိေသးတာေၾကာင့္ အေျပာင္းအေ႐ႊ႕ျပဳလုပ္ႏိုင္တဲ့ အလားအလာရွိေနၿပီး El Nacional ရဲ႕ ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီဟာ မန္ယူႏိုက္တက္တိုက္စစ္မႉးဟာ မက္ဆီသာ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုခဲ့ဘူးဆိုရင္ အစားထိုးဖို႔အတြက္ ၿပီးျပည့္စုံတဲ့ အစားထိုးေခၚယူမႈျဖစ္တယ္လို႔ သတ္မွတ္ခဲ့ေၾကာင္း သိရပါတယ္။

ပီအက္စ္ဂ်ီအသင္းရဲ႕ ဦးစားေပးတာဝန္ဟာ ဘလြန္ေဒါ ၇ ဆုရွင္ကို အသင္းမွာ ဆက္လက္ ထိန္းသိမ္းထားႏိုင္ဖို႔ ျဖစ္ေပမယ့္ည္း ၂၀၂၃-၂၀၂၄ ရာသီမတိုင္ခင္ ထိပ္တန္းတိုက္စစ္ပစ္မွတ္အတြက္ ယူ႐ို ၇၅ သန္း သုံးစြဲသြားခ်င္တဲ့ဆႏၵရွိေနတယ္လို႔ သိရပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ လိဂန္းထိပ္သီးအသင္းႀကီးနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ၆ လသာ က်န္ရွိေတာ့တာျဖစ္ၿပီး ကမာၻ႔ဖလားအၿပီးမွာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ႏႈတ္အားျဖင့္ သေဘာတူညီမႈ ရရွိထားၿပီးျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ေပမယ့္လည္း အာဂ်င္တီးနားတိုက္စစ္မႉးက ၎ရဲ႕အနာဂတ္အတြက္ ကတိကဝတ္ျပဳျခင္းမရွိေသးတာျဖစ္ပါတယ္။

ဂယ္လ္တီေယးရဲ႕အသင္းဟာ ယခုလမွာ လီယြန္နယ္ မက္ဆီရဲ႕ေအးဂ်င့္နဲ႔ ေတြ႕ဆုံေဆြးေႏြးသြားခ်င္ေနတယ္လို႔ အေျပာင္းအေ႐ႊ႕အထူးကြၽမ္းက်င္သူ ဖက္ဘရီဇီယို ႐ိုမာႏိုရဲ႕ ေျပာၾကားခ်က္အရ သိရၿပီး အာဂ်င္တီးနားတိုက္စစ္မႉးဟာ ယခုရာသီမွာ ပီအက္စ္ဂ်ီအတြက္ ၂၃ ပြဲသာ ပါဝင္ကစားေပးထားခ်ိန္မွာ သြင္းဂိုး ၁၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၄ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.