Premier League
တစ်နေ့တာ ကရိုဏ်း။
UNICODE: ၂၄.၉.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ကြာသပတေးနေ့၊ ရက်ရာဇာ၊ ဝါရမိတ္တုငယ်၊ ရက်ယုတ်မာ၊ ရက်ပုပ်။
တစ်နေ့တာ တိထီနှင့် ယုဂ်။
ည ၂၀:၀၁ အထိ တိထီ ၈ လုံး။ ကျော်လျှင် ၉ လုံး။ ၈ လုံးတွင် အမြိတ္တယုဂ်၊ လွှသွားယုဂ်၊ အဆိပ်ယုဂ်၊ ယုဂ်များ ရောထွေးနေသည်၊ ရည်မှန်းချက် ကြီးမားသော အလုပ်များထက်၊ ပေါ့ပါးသော အလုပ်များကို သေချာစွာ အာရုံစူးစိုက်၍ လုပ်ဆောင်ပါ။ ၉ လုံးတွင် မတယုဂ်နှင့် ယာဇ်မီးယုဂ်၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသော ကိစ္စများအတွက် ဓာတ်ရိုက်ဓာတ်ဆင်၊ ပူဇော်ဆုတောင်း၊ အဓိဋ္ဌာန်မှုများ ပြုလုပ်ရန်ကောင်း။
တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ည ၁၉:၀၈ အထိ မူလနက္ခတ်။ ကျော်လျှင် ပြုဗ္ဗာသဋ္ဌ်နက္ခတ်။ ည ၂၂:၅၂ အထိ သောဘဂျယုဂ်၊ ကံကောင်းမှု၊ ပျော်ရွှင်မှု၊ ကံစမ်းခြင်းနှင့် မိမိအတွက် အခွင့်အရေးရယူလိုသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် သောဘဏယုဂ်၊ လှပမှု၊ ကျက်သရေတင့်တယ်ခြင်း၊ စိတ်ပျော်မွေ့ခြင်း၊ သက်ဆိုင်ရာ နေရာများအား အလှဆင်ခြင်း၊ သန့်ရှင်းစင်ကြယ်အောင်လုပ်ခြင်းဖြင့် ကံဖွင့် လာဘ်ဖွင့်ပါ။
တစ်နေ့တာ ကရိုဏ်း။
နံနက် ၈:၂၃ အထိ ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။ ည ၂၀:၀၁ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
ည ၂၀:၀၁ အထိ အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။ ကျော်လျှင် အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။
ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။
ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)