Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၂၃.၉.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ သူတုိ႔ရဲ႕ အားနည္းေနတဲ့ တုိက္စစ္ပုိင္းအတြက္ ဘာစီလိုနာအသင္းရဲ႕ ေတာင္ပံကစားသမား အူစမန္ ဒမ္ဘီလီကို လီဗာပူးလ္အသင္းနဲ႔အၿပဳိင္ တစ္ရာသီ အငွားနဲ႔ ေခၚယူသြားဖို႔ စိတ္ဝင္စားေန။

– ခံစစ္ပုိင္းမွာ အမွားအယြင္းမ်ားေနၿပီး ေလးလံတဲ့ ကစားပုံကို ျပသေနတဲ့ လင္ဒီေလာ့ဖ္ရဲ႕ ေနရာမွာ အစားထိုးဖို႔ အဲဗာတန္ရဲ႕ ေပါင္ ၃၁ သန္းတန္ ေနာက္ခံလူ မုိက္ကယ္ ကီးန္စ္ကို ယူႏုိက္တက္တုိ႔ ႀကဳိးစားသြားဖြယ္ရွိတယ္လုိ႔ အက္သလက္တစ္ေဖာ္ျပ။

– ေပၚတုိရဲ႕ ဘရာဇီးလ္ဘယ္ေနာက္ခံလူ အဲလက္စ္ တဲလက္စ္ကို ေခၚယူႏိုင္ဖို႔အတြက္ နီးစပ္တဲ့ အေနအထားကို ေရာက္ရွိလာၿပီျဖစ္ၿပီး မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ေပါင္ ၂၅ သန္း ေပးေခ်ရဖြယ္ရွိေန။

– ပဲေလ့စ္နဲ႔ ပြဲက ခံစစ္ေၾကာင့္ အားျဖည့္မွဳေတြကို လက္က်န္ အေျပာင္းအေရႊ႕ကာလအတြင္းမွာ ယူႏုိက္တက္တာဝန္ရွိသူေတြ လွဳပ္ရွားဖြယ္ရွိၿပီး မုိနာကို ေနာက္ခံလူ ဘီႏြား ဘာဒီယာရွီးလ္ကိုလည္း ယူ႐ုိ ၂၅ သန္းနဲ႔ ေခၚယူႏုိင္ဖို႔ လုပ္ေဆာင္လာ။

– လက္ရွိခံစစ္ပုိင္းအတြက္ အဲရစ္ ဘုိင္လီဟာ ေရတုိေျဖရွင္းမယ့္ အေျဖျဖစ္ႏုိင္တယ္လုိ႔ ပရိသတ္ေတြက ထင္ျမင္ေနၾကၿပီး လူတန္နဲ႔ပြဲမွာ ဂိုးစည္းေပၚက ဖ်က္ထုတ္ႏုိင္ခဲ့မွဳအျပင္ ခံစစ္မွာ အစြမ္းျပခဲ့တဲ့ မွတ္တမ္းကို တြစ္တာမွာ အေျပာမ်ားေနၾက။

– အသင္းရဲ႕ တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိေနခ်ိန္မွာ လူတန္ရဲ႕ အပုိင္ဂိုးသြင္းမွဳကို ကာကြယ္ႏုိင္ခဲ့တဲ့ ဂိုးသမား ဒင္းန္ ဟန္ဒါဆန္ကို ယူႏုိက္တက္နည္းျပ ဆိုးလ္ရွားက ခ်ီးက်ဴးခဲ့ၿပီး ဂိုးတုိင္ၾကားက ႀကီးမားတဲ့ ကစားသမားႀကီးလို႔ဆို။

– ေမဆန္ ဂရင္းဝုဒ္ရဲ႕ ဒီရာသီ ပထမဆုံးသြင္းဂိုးအတြက္ နည္းျပ ဆုိးလ္ရွားက ခ်ီးက်ဴးလုိက္ၿပီး လူငယ္တုိက္စစ္မွဴးအေနနဲ႔ ေခါင္းတုိက္ဂိုးသြင္းႏုိင္ဖို႔အတြက္ေတာ့ ေလ့က်င့္ရဦးမယ္လို႔ဆိုခဲ့သလို တစ္ဦးခ်င္း ေလ့က်င့္သင္ၾကားေပးဖို႔ စီစဥ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အနေနဲ့ သူတို့ရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်းအတွက် ဘာစီလိုနာအသင်းရဲ့ တောင်ပံကစားသမား အူစမန် ဒမ်ဘီလီကို လီဗာပူးလ်အသင်းနဲ့အပြိုင် တစ်ရာသီ အငှားနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေ။

– ခံစစ်ပိုင်းမှာ အမှားအယွင်းများနေပြီး လေးလံတဲ့ ကစားပုံကို ပြသနေတဲ့ လင်ဒီလော့ဖ်ရဲ့ နေရာမှာ အစားထိုးဖို့ အဲဗာတန်ရဲ့ ပေါင် ၃၁ သန်းတန် နောက်ခံလူ မိုက်ကယ် ကီးန်စ်ကို ယူနိုက်တက်တို့ ကြိုးစားသွားဖွယ်ရှိတယ်လို့ အက်သလက်တစ်ဖော်ပြ။

– ပေါ်တိုရဲ့ ဘရာဇီးလ်ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် နီးစပ်တဲ့ အနေအထားကို ရောက်ရှိလာပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အနေနဲ့ ပေါင် ၂၅ သန်း ပေးချေရဖွယ်ရှိနေ။

– ပဲလေ့စ်နဲ့ ပွဲက ခံစစ်ကြောင့် အားဖြည့်မှုတွေကို လက်ကျန် အပြောင်းအရွှေ့ကာလအတွင်းမှာ ယူနိုက်တက်တာဝန်ရှိသူတွေ လှုပ်ရှားဖွယ်ရှိပြီး မိုနာကို နောက်ခံလူ ဘီနွား ဘာဒီယာရှီးလ်ကိုလည်း ယူရို ၂၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ လုပ်ဆောင်လာ။

– လက်ရှိခံစစ်ပိုင်းအတွက် အဲရစ် ဘိုင်လီဟာ ရေတိုဖြေရှင်းမယ့် အဖြေဖြစ်နိုင်တယ်လို့ ပရိသတ်တွေက ထင်မြင်နေကြပြီး လူတန်နဲ့ပွဲမှာ ဂိုးစည်းပေါ်က ဖျက်ထုတ်နိုင်ခဲ့မှုအပြင် ခံစစ်မှာ အစွမ်းပြခဲ့တဲ့ မှတ်တမ်းကို တွစ်တာမှာ အပြောများနေကြ။

– အသင်းရဲ့ တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိနေချိန်မှာ လူတန်ရဲ့ အပိုင်ဂိုးသွင်းမှုကို ကာကွယ်နိုင်ခဲ့တဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်ကို ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ချီးကျူးခဲ့ပြီး ဂိုးတိုင်ကြားက ကြီးမားတဲ့ ကစားသမားကြီးလို့ဆို။

– မေဆန် ဂရင်းဝုဒ်ရဲ့ ဒီရာသီ ပထမဆုံးသွင်းဂိုးအတွက် နည်းပြ ဆိုးလ်ရှားက ချီးကျူးလိုက်ပြီး လူငယ်တိုက်စစ်မှူးအနေနဲ့ ခေါင်းတိုက်ဂိုးသွင်းနိုင်ဖို့အတွက်တော့ လေ့ကျင့်ရဦးမယ်လို့ဆိုခဲ့သလို တစ်ဦးချင်း လေ့ကျင့်သင်ကြားပေးဖို့ စီစဉ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.